ရင်တွင်းစကား

မိမိ သိသမျှသော Economics နှင့် ပတ်သက်သည့် သင်ခန်းစာ ဆောင်းပါးများ၊ Accounting, Finance နှင့်ပတ်သက်သည့် သင်ခန်းစာ ဆောင်းပါးများကို စေတနာသန့်သန့်ဖြင့် ဝေမျှထားပါသည်။ စာရေးသူသည် သိပ်တော်၊ သိပ်တတ်နေတဲ့ ပညာရှင် တစ်ယောက် လုံးဝ မဟုတ်ပါ။ ဒါကြောင့် အမှားများပါလျှင် ခွင့်လွှတ်ကြပါလို့ ….

ဖြူ ဖြူ

Thanks so much for every comment. Actually, I am not an expert on web or blog. I just made Google search of HTML codes that gives the design I want.

28 July 2012

ကာလရှည်ငွေချေးစာချုပ် ကို တက်ဈေး (Premium) ဖြင့်ရောင်းခြင်း




ယခု ဆောင်းပါးမှာ စာချုပ်ပါ အတိုးနှုန်းက ဈေးကွက် အတိုးနှုန်းထက် မြင့်နေရင် Bonds ကို face value ထက်မြင့်တဲ့ premium နဲ့ ရောင်းတဲ့ အခါ ဘယ်လို စာရင်းသွင်းသလဲ ဆိုတာ ဖော်ပြပါမယ်။ 






ဥပမာအားဖြင့် ကုမ္ပဏီတစ်ခုက Bonds ကို ထုတ်တဲ့အခါမှာ face value ကျပ် ၁၀,၀၀၀ နဲ့ စာချုပ်ပါ အတိုးနှုန်း ၁၀% နဲ့ ထုတ်တယ်ဆိုပါတော့။ အဲဒီအချိန်မှာ ဈေးကွက်အတိုးနှုန်းက ၈% ဖြစ်နေရင် အဲဒီ ကုမ္ပဏီက ထုတ်တဲ့ Bonds တွေရဲ့ တန်ဖိုးက face value ထက် များသွားပါတယ်။ face value နဲ့ ပိုရောင်းတဲ့ဈေး ကြားက ခြားနားချက်ကို premium လို့ ခေါ်ပါ တယ်။ ၂၀၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှာ ၅ နှစ်၊ ကျပ် ၁၀,၀၀၀ တန် Bonds အရွက် ၁၀၀၊ အတိုးနှုန်း ၁၀%ကို quoted price ၁၀၂ နဲ့ထုတ်တယ်။ (face value ရဲ့ ၁၀၂ % ပေါ့) Bonds ရဲ့ face value က ကျပ် ၁,၀၀၀,၀၀၀ (ကျပ် ၁၀,၀၀၀ × ရွက်ရေ ၁၀၀) ဖြစ်တယ်။ Bonds ကို ရောင်းတဲ့ဈေးက ကျပ် ၁,၀၂၀,၀၀၀ (ကျပ် ၁,၀၀၀,၀၀၀× ၁၀၂%) ဖြစ်တယ်။ ဒီတော့ premium  က ကျပ် ၂၀,၀၀၀ (၁,၀၂၀,၀၀၀ - ၁,၀၀၀,၀၀၀) ဖြစ်ပါတယ်။

အဲဒီတော့ Bonds ကို ရောင်းသူက ငွေသားရလိုက်တာ ကျပ် ၁,၀၂၀,၀၀၀ ဖြစ်ပါတယ်။ ပိုရလိုက်တာက ကျပ် ၂၀,၀၀၀၊ Bonds သက်တမ်း ၅ နှစ် ပြည့်ချိန်မှာ ပြန်ပေးရမှာက ကျပ် ၁,၀၀၀,၀၀၀ ဖြစ်ပါတယ်။ ဂျာနယ်စာရင်းသွင်းချက်က ဒီလိုပါ။
 ဒီနေရာမှာ Premium on Bonds Payable သည် မြီရှင် စာရင်းသွင်းချက်ဘဲ ဖြစ်ပါတယ်။ လက်ကျန်ရှင်းတမ်းပေါ်က ကာလရှည် ပေးရန်တာဝန်အောက်မှာ သူ့ကို Bonds ပေးရန်တာဝန်  (Bonds Payable) တန်ဘိုးထဲကို ထည့်ပေါင်း ပေးရပါ တယ်။  ဘာဖြစ်လို့လဲ ဆိုတော့ ကျပ် ၂၀,၀၀၀ ဟာ ကုမ္ပဏီက face value ထက် ပို ရလိုက်တဲ့အတွက် ဖြစ်ပါတယ်။ တကယ့် due date ရောက်ရင် ကုမ္ပဏီက face value ကျပ် ၁,၀၀၀,၀၀၀ ကိုသာ ပြန်ပေးရမှာပါ။ အောက်မှာ လက်ကျန်ရှင်းတမ်းမှာ ပေါ်တဲ့ ပုံစံကို နမူနာ ပြထားပါတယ်။ ဒါက amortization မလုပ်ခင် ပုံစံပေါ့။
 အခု ဒီမှာလဲ ကျပ် ၁,၀၂၀,၀၀၀ ဟာ carrying value သို့မဟုတ် book value ဖြစ်ပါတယ်။ Bonds ကို ထုတ်လိုက်တဲ့နေ့မှာ ဒီ ကျပ် ၁,၀၂၀,၀၀၀ ဟာ ဈေးကွက်ပေါက်ဈေးဘဲ ဖြစ်ပါတယ်။ အခုလို face value ထက် ပိုပြီး ရောင်းတာဟာ စုစုပေါင်း ငွေချေးဌား စရိတ် (Total cost of borrowing) နဲ့ တကယ်ပေးလိုက်ရတဲ့ အတိုး မတူဘဲ ခြားနားခြင်းကို ဖြစ်စေပါတယ်။ စုစုပေါင်း ငွေချေးဌား စရိတ် ဆိုတာဟာ ငွေချေးလို့ ပေးရတဲ့ အတိုးကို ပြောတာပါ။ ဘာကြောင့် မတူလဲ ဆိုတော့ Bonds ကို premium နဲ့ ရောင်းလို့ဘဲ ဖြစ်ပါတယ်။ အဲဒီ ပိုရလိုက်တဲ့ ကျပ် ၂၀,၀၀၀ ကို တကယ်ပေးရတဲ့ အတိုးထဲက နုတ်လိုက် ရပါတယ်။ အဲဒီတော့မှသာ စုစုပေါင်း ငွေချေးဌားစရိတ် အမှန်ကို ရပါတယ်။ ဥပမာကို ကြည့်ပါ။ ပိုရှင်း အောင် အတိုးကို တစ်နှစ်စာ တွက်ထားပါတယ်။

နှစ်စဉ် အတိုးပေးရငွေက ကျပ်၁,၀၀၀,၀၀၀×၁၀% = ကျပ် ၁၀၀,၀၀၀
၅ နှစ်စာ အတိုး = ကျပ်၁၀၀,၀၀၀×၅ = ကျပ် ၅၀၀,၀၀၀
ပိုရလိုက်တဲ့ငွေ= ကျပ် ၂၀,၀၀၀
စုစုပေါင်း ငွေချေးဌားစရိတ်က ကျပ်၅၀၀,၀၀၀ကျပ်၂၀,၀၀၀= ကျပ် ၄၈၀,၀၀၀ ဖြစ်ပါတယ်။
ကျပ် ၂၀,၀၀၀ ပိုရလိုက်တဲ့ အတွက် ပေးရတဲ့ အတိုးက လျော့သွားတဲ့ သဘော ဖြစ်ပါတယ်။

ပိုရှင်းအောင် နောက်တစ်နည်းနဲ့ တွက်ပြပါမယ်။
 Bond discount နဲ့ အလားတူစွာဘဲ ကုမ္ပဏီက ပိုရလိုက်တဲ့ ကျပ် ၂၀,၀၀၀ ကို အတိုးစရိတ်ငွေ (Interest Expense) အဖြစ်နဲ့ Bonds သက်တမ်း တစ်လျှောက်လုံး ဖြန့်ပြီး ခွဲဝေလိုက်ပါတယ်။ ဒီကျပ် ၂၀,၀၀၀ ကို ၅ နှစ်စာအတွက် ဖြန့်ပြီး အတိုးစရိတ်အဖြစ် မှတ်တမ်း တင်ရပါတယ်။ ဒီလိုလုပ်တာကို Amortizing the premium လို့ခေါ်ပါတယ်။ ပိုရငွေကို Amortize လုပ်လိုက်တာဟာ နှစ်စဉ် Interest Expense ပမာဏကို လျော့သွား စေပါတယ်။ ထပ်ရှင်းအောင် ပြောရရင် ကျပ် ၂၀,၀၀၀ ကို ၅နှစ်နဲ့စားလိုက်တော့ တစ်နှစ်စာ ကျပ် ၄,၀၀၀ ရပါတယ်။ အဲဒါကို နှစ်စဉ် Interest Expense ထဲက နုတ်ပေးရတာပေါ့။ အဲဒီ တော့ မှတ်တမ်းတင်တဲ့ Bond Interest Expense ဟာ စာချုပ်ပါ အတိုးထက် လျော့နည်းပါတယ်။
ပုံမှန်အတိုင်းရှိတဲ့ ဘဏ္ဍာနှစ် အကုန် စာရင်းညှိနှိုင်း စာရင်းသွင်းတာနဲ့ ယှဉ်ကြည့်ပါ။
 ဘဏ္ဍာနှစ် အကုန်မှာ Amortizing လုပ်ပြီးနောက် စာရင်းညှိနှိုင်း စာရင်းသွင်းတာကို အောက်မှာ ပြထားပါတယ်။
 တကယ်ပေးရတဲ့ အတိုးကတော့ ၁ နှစ်စာအတွက် ကျပ် ၁၀၀,၀၀၀ ပါ။ ဒါပေမဲ့ ကုမ္ပဏီက face value ထက် ပိုရလိုက် ရတဲ့ တစ်နှစ်စာ ကျပ် ၄,၀၀၀ ကိုပါ အတိုး ကျပ် ၁၀၀,၀၀၀ ထဲက နုတ်ပြီး နှစ်ချုပ်မပိတ်ခင် စာရင်းညှိမှာ amortization အဖြစ် စာရင်းမှတ်တမ်း တင်ဖြစ်အောင် တင်ရပါတယ်။ Bond Interest Payable ကို လက်ကျန်ရှင်းတမ်းက လက်ငင်း ပေးရန်တာဝန် အောက်မှာ ပြရပါတယ်။ Premium on Bonds payable ကတော့ လက်ကျန်ရှင်းတမ်း၊ ကာလရှည် ပေးရန်တာဝန်အောက်က Bonds Payable တန်ဘိုး ကျပ် ၁,၀၀၀,၀၀၀ ထဲမှာ ထည့်ပေါင်းရပါတယ်။ အဲလို ပေါင်းတဲ့ အခါမှာလဲ တစ်နှစ် ကာလ အတွက် amortize လုပ်ပြီး ပမာဏ ကျပ် ၄,၀၀၀ ကို စုစုပေါင်း Premium on bonds payable ပမာဏ ကျပ် ၂၀,၀၀၀ ထဲက နုတ်ပြီး ကျန်တဲ့ ကျပ် ၁၆,၀၀၀ ကိုမှသာ Bonds Payable ကျပ် ၁,၀၀၀,၀၀၀ မှာ ထည့်ပေါင်းရ ပါမယ်။ သဘောကတော့ တစ်နှစ်စာ amortize လုပ်ပြီးတာကို ဖယ်လိုက်ပြီးမှ Bonds ရဲ့ book value ရအောင် တွက်ရတာပါ။ နှစ်စဉ် amortize လုပ်ပြီးတာကို ဖယ်ပြီး လျော့သွားတဲ့ တန်ဘိုးကို ပေါင်းတဲ့အတွက် carrying value သို့မဟုတ် book value က နှစ်စဉ် လျော့လာပါတယ်။ ကျပ်၂၀,၀၀၀ မှ ကျပ်၎,၀၀၀ နုတ်ပြီး ကျန်ငွေ ကျပ် ၁၆,၀၀၀ ကို  ကျန်သည့် ၄ နှစ်မှာ amortize လုပ်ရန် ရှိပါတယ်။ Amortize လုပ်ရင်းနဲ့ Bonds ရဲ့ book value ကလျော့လာလိုက်တာ သက်တမ်း ၅ နှစ်လဲ စေ့ရော နဂို face value တန်ဘိုး ကျပ် ၁,၀၀၀,၀၀၀ နဲ့ ညီသွားပါတော့တယ်။ ၂၀၁၃ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ လက်ကျန်ရှင်းတမ်းမှာ ဘယ်လို ပေါ်သလဲ ကြည့်ကြရအောင်။ 
 လက်ကျန်ရှင်းတမ်းမှာ ကျပ် ၁,၀၁၆,၀၀၀ သည် Bonds ရဲ့ carrying value သို့မဟုတ် book value ဘဲ ဖြစ်ပါတယ်။ နောက်နှစ် ၂၀၁၄ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှာ ဆိုရင် ထည့်ပေါင်းမဲ့ ပမာဏက ကျပ် ၁၂,၀၀၀ ဖြစ်ပြီး Bonds ရဲ့ book value က ကျပ် ၁,၀၁၂,၀၀၀ (၁,၀၀၀,၀၀၀ + ၁၂,၀၀၀) ဖြစ်မှာပါ။
  အခု ၂၀၁၃ ဧပြီလ ၁ ရက်နေ့ကို ရောက်ပါပြီ။ အတိုးတကယ်ပေးပါပြီ။ ဂျာနယ်စာရင်းသွင်းတာကို ကြည့်ပါ။ Bond အတိုးပေးရန်ရှိက လျော့သွားပါတယ်။ အတိုးကို ငွေသားနဲ့ ပေးလိုက်ရလို့ ငွေသားလဲ လျော့သွားပါတယ်။
  Bonds သက်တမ်းစေ့လို့ ဂျာနယ် စာရင်းသွင်းတာကတော့ ရှင်းပါတယ်။ Bonds ပေးရန်ရှိ လျော့တယ်။   ငွေသားလဲ လျော့သွားတယ်။

 ဖတ်ရှု အကျိုးများပါစေ။

(Kimmel, Weygandt, Kieso တို့ရေးသားသော Accounting, Tools for Business Decision Making ၊ 4th Edition မှ ထုတ်နှုတ်၍ ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။)

ဖြူ ဖြူ

Share this PostPin ThisEmail This

16 comments:

  1. လာလည်ပြီးလေ့လာသွားပါတယ် Moe Myanmar ရေ

    ခင်မင်စွာနဲ့
    မာမာ

    ReplyDelete
    Replies
    1. အရမ်းကိုဘဲ ကျေးဇူးတင်ပါတယ်.. အစ်မတို့ blog တွေလို စိတ်ဝင်စားဖို့ မကောင်းလို့ အားနာပါတယ်..။

      Delete
  2. စုလာလာလည်ပါတယ် မရေ cbox မတွေ့လို့မရေးဖြစ်တာပါ :)

    ReplyDelete
    Replies
    1. အစ်မလဲ cbox ကို ဘယ်လို တပ်ရမယ်မှန်းမသိလို့ပါ.. လာလည်တာ တကယ်ကို ကျေးဇူးတင်ပါတယ်.. အစ်မမှာ အားပေးသူ တစ်ယောက်မှ မရှိ ဖြစ်နေတာ.. ဗဟိုဘဏ်က လူတွေလဲ မအားတာနဲ့.. လိုင်းမကောင်းတာနဲ့ မဝင်နိုင်ကြဘူး။ ဝင်ဖြစ်လဲ comment မပေးဖြစ်ကြဘူးပေါ့လေ.. Thanks again ပါနော် ^-^

      Delete
  3. So all I have left to perform around home is unload the dishwasher and wipe off of the stove,
    and probably put some clean laundry away super real but if they've prepared upfront by finding
    a simple payday loan company using the lowest rates, they
    will know which one to affect after they need some money fast.

    ReplyDelete
  4. This is the right blog for nyone who wishes to understand this topic.
    You realize so much its almost hard to argue with youu (not that I personally
    will need to…HaHa). You definitely put a brand new spin on a subject that has been discussed for
    many years. Excellent stuff, jst wonderful!

    My page :: TOEIC Online course

    ReplyDelete
  5. Excellent article. Keep posting such kind of info on your site.

    Im really impressed by your blog.
    Hi there, You've done an incredible job. I'll definitely digg it and individually
    recommend to my friends. I'm confident they will
    be benefited from this web site.

    Here is my blog post; best dating sites

    ReplyDelete
  6. Does your site have a contact page? I'm having a tough time locating
    it but, I'd like to shoot you an e-mail. I've got some ideas
    for your blog you might be interested in hearing.
    Either way, great site and I look forward to seeing it
    expand over time.

    Here is my weblog: minecraft.net

    ReplyDelete
  7. I don't even know how I ended up here, but I believed this publish was good.
    I don't recognise who you are but definitely you are going to a famous blogger if you aren't already.
    Cheers!

    Also visit my web page ... minecraft.net

    ReplyDelete
  8. Fantastic beat ! I wish to apprentice while you
    amend your site, how can i subscribe for a blog web
    site? The account helped me a acceptable deal. I had been a little bit acquainted of this your broadcast
    offered bright clear concept

    my web blog; minecraft.net

    ReplyDelete
  9. Hmm is anyone else encountering problems with the pictures on this
    blog loading? I'm trying to determine if its a problem on my end
    or if it's the blog. Any responses would be greatly appreciated.



    my site - minecraft.net

    ReplyDelete
  10. Thank you for any other magnificent post. The place else may just
    anyone get that type of information in such a perfect method of writing?
    I've a presentation subsequent week, and I am at the search for such information.

    my page - minecraft.net

    ReplyDelete
  11. I am actually glad to glance at this web site posts which carries plenty of useful information, thanks for providing such information.

    Here is my web blog :: minecraft.net

    ReplyDelete
  12. Nice blog here! Also your website loads up very fast!
    What web host are you using? Can I get your affiliate link to your host?
    I wish my web site loaded up as fast as yours lol

    Have a look at my weblog ... minecraft.net

    ReplyDelete
  13. Hello mates, how is the whole thing, and what you desire to say regarding this article, in my view
    its in fact remarkable designed for me.

    Feel free to surf to my blog post: LeonilaAStmarie

    ReplyDelete
  14. I'm really loving the theme/design of your weblog. Do you ever
    run into any web browser compatibility issues? A number of
    my blog visitors have complained about my site not operating correctly in Explorer but looks great in Chrome.

    Do you have any ideas to help fix this problem?

    My blog post :: AliseGSub

    ReplyDelete