ရင်တွင်းစကား

မိမိ သိသမျှသော Economics နှင့် ပတ်သက်သည့် သင်ခန်းစာ ဆောင်းပါးများ၊ Accounting, Finance နှင့်ပတ်သက်သည့် သင်ခန်းစာ ဆောင်းပါးများကို စေတနာသန့်သန့်ဖြင့် ဝေမျှထားပါသည်။ စာရေးသူသည် သိပ်တော်၊ သိပ်တတ်နေတဲ့ ပညာရှင် တစ်ယောက် လုံးဝ မဟုတ်ပါ။ ဒါကြောင့် အမှားများပါလျှင် ခွင့်လွှတ်ကြပါလို့ ….

ဖြူ ဖြူ

Thanks so much for every comment. Actually, I am not an expert on web or blog. I just made Google search of HTML codes that gives the design I want.

20 June 2013

ဘဏ္ဍာရေးမူဝါဒကို သုံးသပ်ခြင်း

expansionary fiscal policy ဆိုတာဟာ စီးပွားရေးကို တိုးချဲ့ပေးတယ်၊  contrationary fiscal policy က စီးပွားရေးကို ချုံ့ပစ်တယ်၊ ဆိုတာကို အရှေ့ဆောင်းပါးများမှာ ရှင်းပြခဲ့ပြီး ဖြစ်ပါတယ်။ တစ်ခါ fiscal policy neutrality ဖြစ်တယ် ဆိုတာလဲ ရှိပါတယ်။ fiscal neutrality ဆိုတာကတော့ အစိုးရရဲ့ အခွန်ရငွေ သည် ဝယ်လိုအားကို မတိုးစေသလို၊ အသုံးစရိတ်ဟာလဲ ဝယ်လိုအားကို မလျော့နည်းစေပါဘူး။ တနည်းပြောရ ရင် အစိုးရရဲ့ အရနဲ့ အသုံးဟာ ညီမျှနေတဲ့သဘောပါ။

အခု အစိုးရရဲ့ discretionary fiscal policy ဟာ စီးပွားရေးကို တိုးချဲ့တာလား (expansionary) ၊ အရ အသုံးညီနေတဲ့၊ ဝယ်လိုအား အတိုး အလျှော့ကို အကျိုးသက်ရောက်မှုမရှိတဲ့ ပေါ်လစီလား (neutral)၊ စီးပွားရေးကို ချုံ့ပစ်တာလား (contrationary) စသည်ကို ဘယ်လိုဆုံးဖြတ်မလဲ ကြည့်ကြပါမယ်။ လက်ရှိ ဆောင်ရွက်နေတဲ့ ဘဏ္ဍာရေးမူဝါဒမှာ ဘတ်ဂျက်ဟာ ပိုငွေလား၊ လိုငွေလားဆိုတာကို မစစ်ဆေးနိုင်ဘူး ဖြစ်နေတယ်။ ဘာလို့လဲဆိုတော့ GDP ပြောင်းလဲမှုတိုင်းမှာ အခွန်ရငွေ အလိုအလျှောက်   ပြောင်းလဲမှုတွေ တွဲပါနေလို့ပါဘဲ။ ဒါ့အပြင် discretionary fiscal policy ရဲ့ တိုးချဲ့ပြောင်းလဲတဲ့ အင်အား သို့မဟုတ် ချုံ့ပြီးပြောင်းလဲတဲ့ အင်အားဟာ ပြောင်းလဲမှုရဲ့ စုစုပေါင်း အရွယ်အစားပေါ် မူမတည်ဘဲ တိုင်းပြည်ရဲ့ အရွယ်အစားနဲ့ ယှဉ်ရင် ဘယ်လောက်ကြီးမားသလဲပေါ် မူတည်ပါတယ်။ ဒါကြောင့် ဘဏ္ဍာရေး မူဝါဒရဲ့ အနေအထားကို သုံးသပ်တဲ့အခါမှာ အခွန်ရငွေရဲ့ အလိုအလျှောက် ပြောင်းလဲမှုကို ဖယ်ထုတ်ဖို့ လိုငွေနဲ့ ပိုငွေကို ညှိနှိုင်းရပါမယ်။ နောက်ပြီး ညှိနှိုင်းထားတဲ့ ဘတ်ဂျက်ရဲ့ လိုငွေ ပိုငွေ အရွယ်အစားနဲ့ လျာထား-ထားတဲ့ GDP ရဲ့ အဆင့်ကို နှိုင်းယှဉ်ရပါမယ်။

Share this PostPin ThisEmail This