ရင်တွင်းစကား

မိမိ သိသမျှသော Economics နှင့် ပတ်သက်သည့် သင်ခန်းစာ ဆောင်းပါးများ၊ Accounting, Finance နှင့်ပတ်သက်သည့် သင်ခန်းစာ ဆောင်းပါးများကို စေတနာသန့်သန့်ဖြင့် ဝေမျှထားပါသည်။ စာရေးသူသည် သိပ်တော်၊ သိပ်တတ်နေတဲ့ ပညာရှင် တစ်ယောက် လုံးဝ မဟုတ်ပါ။ ဒါကြောင့် အမှားများပါလျှင် ခွင့်လွှတ်ကြပါလို့ ….

ဖြူ ဖြူ

Thanks so much for every comment. Actually, I am not an expert on web or blog. I just made Google search of HTML codes that gives the design I want.

22 July 2012

ဈေးကွက် ပျက်ယွင်းမှု အခြေအနေ Market Failure အပိုင်း ၁



          အပြိုင်အဆိုင် ဖြစ်နေတဲ့ ဈေးကွက်စံနစ်မှာ Market Failure ဖြစ်တာ အကြောင်းရင်း (၂) ရပ် ရှိပါတယ်။ (၁) ဈေးကွက် က တချို့ သော ကုန်စည်နဲ့ ဆောင်ရွက်မှုများ ထုတ်လုပ်၊ ဖြည့်ဆည်းရာမှာ  မှားယွင်းတဲ့ ပမာဏ ထုတ်လုပ်ခြင်း (၂) စီးပွားရေးအရ လက်ခံနိုင်တဲ့၊ သင့်တော်တဲ့ အချို့ သော ကုန်စည်နဲ့ ဆောင်ရွက်မှုများ ထုတ်လုပ်ဖို့ရန် သယံဇာတသွင်းအားစုများ ခွဲဝေပေးမှု လုံးဝ မရှိခြင်း တို့ဘဲ ဖြစ်ပါတယ်။ ပထမ အမျိုးအစား ပျက်ယွင်းမှု ဖြစ်ရခြင်းကတော့ ကုန်စည်တစ်ခုကို ထုတ်လုပ်တဲ့ အခါမှာ အဲဒီကုန်ပစ္စည်းရဲ့ ကောင်းကျိုးနဲ့  ဆိုးကျိုးတွေဟာ တကယ် ဝယ်ယူသူတွေနဲ့ ရောင်းချသူတွေကို မသက်ရောက်ဘဲနဲ့  အခြားအပြင် လူတွေကို သက်ရောက်ခြင်းကြောင့် ဖြစ်လာတာပါ။ ဘောဂဗေဒ ပညာရှင်များက externalities သို့မဟုတ် spillovers လို့ခေါ်ပါတယ်။ ဒုတိယ အမျိုးအစားပျက်ယွင်းခြင်းကတော့ public goods လို့ခေါ်တဲ့ ပြည်သူပိုင် ကုန်ပစ္စည်း တွေကြောင့်   ဖြစ်ပါတယ်။ အစိုးရက ဈေးကွက် ပျက်ယွင်းမှု ၂ မျိုးစလုံးကို ဖြေရှင်းဖို့ အရေးယူ   ဆောင်ရွက်မှုတွေ ပြုလုပ်ရပါမယ်….

ပထမ အကြောင်းရင်း 

အပြိုင်အဆိုင်ရှိတဲ့ ဈေးကွက်တွေဟာ သယံဇာတ သွင်းအားစု တွေကို သူ့အလိုလို အပိုအလို မရှိ ထိထိရောက်ရောက် အသုံးပြုတယ်လို့ ဆိုကြတဲ့ အခါမှာ ကျွန်မတို့က ဘယ်လို ယူဆထားသလဲ ဆိုရင် ကုန်စည်တစ်ခုစီ အတွက် ကောင်းကျိုးနဲ့ ဆိုးကျိုးတွေ အားလုံးကို ဈေးကွက် ဝယ်လိုအား နဲ့ ရောင်းလိုအား မျဉ်းကွေးတွေက ပြည့်ပြည့်ဝဝ ပြဌာန်းထားတယ်လို့ ကျွန်မတို့က ယူဆထား ပါတယ်။ ဈေးကွက်စနစ်မှာ ဝယ်လိုအားနဲ့ ရောင်းလိုအားတွေက သူ့အလိုလို ဆုံးဖြတ်ပါတယ်။ ဒါပေမဲ့ အဲဒါဟာ အမြဲ မဖြစ်ပါဘူး။ တချို  ဈေးကွက်တွေမှာ အဲဒီ ကောင်းကျိုး သို့မဟုတ် ဆိုးကျိုးတွေဟာ တိုက်ရိုက်ဝယ်သူ သို့မဟုတ် ရောင်းသူတွေ နဲ့ လွတ်ထွက် သွားကြတယ်။  ကုန်စည်တစ်ခုရဲ့ ကောင်းကျိုး သို့မဟုတ် ဆိုးကျိုး တွေဟာ လက်ငင်း ဝယ်ယူ ရောင်းချသူတွေနဲ့ မဆိုင်ဘဲ အခြားသူအပေါ် ပျံ့ နှံ့  ကျရောက် သွားတဲ့အခါ ပြင်ပ အကျိုးဆက် externality ဖြစ်လာပါတယ်။ ဘာလို့ externality လို့   ခေါ်ရသလဲဆိုရင် ဈေးကွက် အရောင်းအဝယ် လုပ်ဆောင် ချက်ရဲ့  ပြင်ပမှာရှိနေတဲ့ တတိယအုပ်စု third party ဟာ အဲဒီ အကျိုး သို့ မဟုတ် အပြစ်တွေကို ဆင့်ကဲ ရရှိသွား လို့ဖြစ်ပါတယ်။ ပြင်ပကို ဖိတ်စင်ပျံ နှံ့ မှု မှာ အနုတ် လက္ခဏာ အကျိုးဆက်နဲ့ အပေါင်းလက္ခဏာ အကျိုးဆက် နှစ်မျိုး ရှိပါတယ်။ 

            (က) အနုတ်လက္ခဏာ ပြင်ပ အကျိုးဆက် Negative Externalities

ပြင်ပအုပ်စု third party ပေါ်မှာ ထိခိုက်သော်လည်း လျော်ကြေးမရှိတဲ့ ထုတ်လုပ်မှု သို့မဟုတ် စားသုံးမှုရဲ့ ဆိုးကျိုး တွေကို အနုတ်လက္ခဏာ ပြင်ပ အကျိုးဆက် Negative Externalities လို့ခေါ်ပါတယ်။ ထုတ်လုပ်သူက ဆိုးကျိုးရဲ့  စရိတ်ကို တာဝန်မယူတာပေါ့။ ဥပမာအားဖြင့် သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှုပါ။ ဓာတုပစ္စည်း ထုတ်လုပ်တဲ့စက်ရုံ သို့မဟုတ် အသား ထုတ်ပိုးတဲ့စက်ရုံက အညစ်အကြေးတွေကို ရေကန် သို့မဟုတ် မြစ်ထဲ စွန့်ပစ်လိုက်တဲ့အခါ ရေကူးတဲ့သူတွေ၊ ငါးလုပ်ငန်း လုပ်တဲ့ သူတွေ၊ ငါးမျှားတဲ့သူတွေ၊ အဲဒီရေကို သောက်သုံးတဲ့သူတွေဟာ ရေထု ညစ်ညမ်းမှု ပြင်ပဆိုးကျိုးကို ခံစားကြရ ပါတယ်။ ရေနံချက် စက်ရုံတစ်ခုဟာ လေထုကို ညစ်ညမ်းစေတဲ့အခါမှာ၊ စက္ကူစက်ရုံတစ်ခုဟာ အလွန် ဆိုးဝါး ပြင်းထန်တဲ့ အနံ့အသက်ကို ဖန်တီးလိုက်တဲ့အခါမှာ လူ့အဖွဲ့အစည်းဟာ   လျော်ကြေး မရှိတဲ့ ပြင်ပ ဆိုးကျိုးကို ခံစားကြရပါတယ်။ 
 စီးပွားရေးအရ အကျိုး သက်ရောက်မှု ကတော့ အဲဒီလုပ်ငန်းရဲ့ ရောင်းလိုအားမျဉ်းကွေး အနေ အထားပါဘဲ။ လုပ်ငန်းရဲ့ ရောင်းလိုအား မျဉ်းကွေး အနေအထားကို လုပ်ငန်းရဲ့စရိတ်က ဆုံးဖြတ်ပါတယ်။ ရှင်းအောင် ပြောရရင် ကုန်ပစ္စည်းရဲ့ ရောင်းဈေးကို ကုန်ကျစရိတ်က ဆုံးဖြတ်တယ်။ စီးပွားရေးလုပ်ငန်း တစ်ခုက ညစ်ညမ်းမှုကြောင့် ဖြစ်လာတဲ့ စရိတ်စကတွေကို မပေးတဲ့ အခါမှာရှိတဲ့ သူ့ရဲ့ ရောင်းလိုအား မျဉ်းကွေးဟာ ထုတ်လုပ်မှုရဲ့ စရိတ်ကို အပြည့်အဝ ကျခံတဲ့အခါမှာ တည်ရှိတဲ့ ပုံမှန် ရောင်းလိုအား မျဉ်းကွေးထက် ပိုပြီးဝေးတဲ့ ညာဘက်ကို ရောက်သွားပါတယ်။ လုပ်ငန်းက စရိတ်နိမ့်နိမ့်နဲ့ ထုတ်လုပ်နိုင်တော့ ကုန်စည်ရဲ့ ဈေးနှုန်းက သိပ်နိမ့်ပြီး ကုန်ထွက်တွေက အများကြီး ဖြစ်သွားပါတယ်။ ဖြစ်သင့်တဲ့ စံအားမျှခြေထက် အများကြီး နိမ့်နေတယ်။ ဈေးကွက် ပျက်ယွင်းမှုရဲ့ ပုံစံက ဒီကုန်စည်ကို ထုတ်လုပ်ဖို့အတွက် သယံဇာတ သွင်းအားစုတွေကို အများကြီး ပိုပြီး ခွဲဝေထားတဲ့ (overallocation)  ပုံစံနဲ့   ဖြစ်ပေါ်လာ ပါတယ်။ 
အောက်ဖော်ပြပါပုံမှာ negative externalities ကို ကြည့်နိုင်ပါတယ်။


 ပုံမှာ ဖြစ်သင့်တဲ့ ဈေးနှုန်းက Ps နဲ့ ထုတ်လုပ်သင့်တဲ့ ပမာဏက Qs ဖြစ်ပါတယ်။ ဒါပေမဲ့ စရိတ်နိမ့်နိမ့်နဲ့ ထုတ်လုပ် နိုင်   တော့ ဈေးနှုန်းက Pp နဲ့ ထုတ်လုပ်တဲ့ ပမာဏက Qp ဖြစ်နေတာကို တွေ့ရပါတယ်။ Social Cost နဲ့ Private Cost ကြားက ခြားနားချက်ဟာ လူ့အဖွဲ့အစည်းရဲ့  ဆုံးရှုံးမှု ဖြစ်ပါတယ်..။
အနုတ်လက္ခဏာ ပြင်ပ ဆိုးကျိုး Negative Externalities ကို ဖန်တီးသူတွေနဲ့ ဆိုးကျိုးခံစား ရသူ အုပ်စုများကြားမှာ ညှိနှိုင်းမှုတွေ ပြုလုပ်ပြီး ဖြေရှင်းနိုင်ပါတယ်။ သို့သော်လဲ Negative Externalities ဟာ ကျယ်ပြန့်သွားရင်တော့ ညှိနှိုင်းမှု   တွေဟာ အလကားဖြစ်ပြီး အစိုးရရဲ့ အခန်းကဏ္ဍက အရေးပါလာပါတယ်။  Negative Externalities ကြောင့်ဖြစ်လာတဲ့ သယံ ဇာတ တွေကို ပိုလျှံခွဲဝေမှုကို ပြင်ဆင်ဖို့ နည်းလမ်းနှစ်ခု ရှိပါတယ်။ နည်းလမ်း ၂ ခုစလုံးက ညစ်ညမ်းမှုကို ဖန်တီးတဲ့ လုပ်ငန်းကို စရိတ်ကျ ခံစေတာ ဘဲ ဖြစ်ပါတယ်။ 
ရေထု၊ လေထု ညစ်ညမ်းမှု ကိစ္စရပ်တွေမှာ တိုက်ရိုက်အကျဆုံး နည်းလမ်းကတော့ ညစ်ညမ်းမှုကို တားမြစ်ကန့်သတ်တဲ့ ဥပဒေ ထုတ်ပြန်ပြဌာန်းနိုင်ပါတယ်။ အဲဒီ ဥပဒေက ညစ်ညမ်းမှုကို ထုတ်လုပ်သူများကို စက်မှုဆိုင်ရာ စွန့်ပစ်ပစ္စည်း တွေအတွက် စရိတ်ကို ပေးချေစေ ပါတယ်။ ဥပမာ အခိုးအငွေ့  လျော့စေတဲ့ ကိရိယာတွေ၊ ရေသန့်စင်ပေးတဲ့ ကိရိယာတွေ တပ်ဆင်ပေးတာ မျိုးပေါ့။ ဒီလို ဥပဒေကြောင်းအရ ထိန်းချုပ်မှု အောက်မှာ ညစ်ညမ်းမှုကို ထုတ်လုပ်တဲ့ လုပ်ငန်းများဟာ ထုတ်လုပ်မှု နဲ့ ဆက်နွယ်တဲ့ စရိတ်စက တွေ အားလုံးကို မဖြစ်မနေ ကျခံ ရပါတယ်။ 
နောက်တစ်ခါ သိပ်ပြီး တိုက်ရိုက် မကျတဲ့ နည်းလမ်းကတော့ အခွန်အတုပ် ကောက်ခံတာပါဘဲ။ အခွန်ကလဲ လုပ်ငန်းရဲ့ စရိတ်ထဲ ဝင်သွားတော့ ရောင်းဈေးကို ဆုံးဖြတ်တဲ့ အချက်ဘဲ ဖြစ်ပါတယ်။ အစိုးရက ညစ်ညမ်းမှုကို ဖြစ်စေတဲ့ လုပ်ငန်းရဲ့ ထွက်ကုန် တစ်ယူနစ်စီ အပေါ်မှာ သီးသန့် အခွန် စည်းကြပ် ရပါမယ်။ အခွန်ရဲ့ ပမာဏသည် ထွက်ကုန် တစ်ယူနစ်စီကို ထုတ်လုပ်လို့  ဖြစ်ပေါ်လာမဲ့ ပြင်ပ ဆိုးကျိုးရဲ့ ခန့်မှန်း ငွေတန်ဘိုးနဲ့ အကြမ်းဖျင်းအားဖြင့် တူညီ ရပါမယ်။ ဒီလို ပြုလုပ်တာဟာ သယံဇာတတွေကို ပိုလျှံပြီး ခွဲဝေတာကို ဖယ်ထုတ် ပစ်လိုက်ပြီး လုပ်ငန်းရဲ ရောင်းလိုအား မျဉ်းကွေးက ဘယ်ဘက်ကို ပြန်ရွှေ့ သွား  ပါတယ်။ ဒါကြောင့် အဲဒီ ကုန်စည် ပမာဏကို အများကြီး မထုတ်လုပ် နိုင်တော့ပါဘူး။

(ခ) အပေါင်းလက္ခဏာ ပြင်ပ အကျိုးဆက် Positive Externalities

တစ်ခါတစ်ရံမှာ ပြင်ပ အကျိုးဆက်တွေဟာ အခြားသော ထုတ်လုပ်သူများ သို့မဟုတ် စားသုံးသူများ အတွက် အကျိုး အမြတ်ကဲ့သို့ ထင်ရတတ်ပါတယ်။ ဒီလို တတိယအုပ်စု  လူ့အဖွဲ့အစည်း ထံသို့ ကျရောက် လာတဲ့ အလျော်အစား မရှိတဲ့ လွင့်စင်ဖိတ်ကျမှု ကို အပေါင်းလက္ခဏာ ပြင်ပအကျိုးဆက်လို့ ခေါ်ပါတယ်။ အပေါင်း လက္ခဏာ ပြင်ပ အကျိုးဆက် ဖြစ်လာတဲ့ အခါ ကုန်စည် သို့မဟုတ်   ဆောင်ရွက်မှုကို စားသုံးမှုကြောင့် ဖြစ်တဲ့ လူ့အဖွဲ့အစည်းက ရတဲ့ အကျိုးအမြတ်သည် တစ်ဦးချင်း ရတဲ့ အကျိုးအမြတ်ထက် သာနေတယ်။ 
ဥပမာ ဝက်သက်ရောဂါ၊ ပိုလီယိုရောဂါ ကာကွယ်ဆေး ထိုးတာဟာ အဲဒီ ဆေးထိုးခံတဲ့သူ (စားသုံးသူ) ကို တိုက်ရိုက် အကျိုးကျေးဇူး ဖြစ်စေတယ်။ သို့သော် လူ့အဖွဲ့အစည်း တစ်ခုလုံး အတွက်လဲ ကြီးမား ကျယ်ပြန့်တဲ့  ပြင်ပ အကျိုးကျေးဇူးကို ရရှိစေတယ်။ တခြားသူတွေကို ရောဂါ မကူးစက်စေတဲ့ အပေါင်းလက္ခဏာ အကျိုးဆက် ရရှိစေတယ်။ ကျန်းမာရေး ဝန်ဆောင်မှုနဲ့  စောင့်ရှောက်မှုကြောင့် ပိုမို အရည်အသွေး ကောင်းမွန်တဲ့ ဘဝနဲ့ မြင့်မားတဲ့ လူနေမှု အဆင့်အတန်းကို ဖန်တီး   ပေးတယ်။ နောက်ထပ် အပေါင်း လက္ခဏာ ပြင်ပ အကျိုးဆက် ဥပမာ တစ်ခုကတော့ ပညာရေးဘဲ ဖြစ်ပါတယ်။ ပညာရေးက တစ်ဦးချင်း တစ်ယောက်ချင်း ကို အကျိုး ဖြစ်စေတယ်။ ယေဘူယျ အားဖြင့် ပညာ ကောင်းကောင်း တတ်တဲ့သူ တွေဟာ ပညာ သိပ်မတတ်တဲ့ သူတွေထက် ဝင်ငွေ ကောင်းကောင်း ရကြတယ်။ ဒါပေမဲ့ ပညာတတ်သူများက ပိုပြီး ကျွမ်းကျင်တဲ့ တော်တဲ့၊ ပိုပြီး ထုတ်လုပ်မှု အားကောင်းတဲ့ လုပ်သား အင်အား ပုံစံမျိုးနဲ့ လူ့အဖွဲ့ အစည်းကို အကျိုးအမြတ် အဖြစ် ထောက်ပံ့ပေးပါတယ်။ 
သို့သော်လည်း ပညာရေးတို့၊ ကျန်းမာရေးတို့လို ကောင်းကျိုးကုန်စည် merit goods တွေရဲ့ အကျိုးကို ခံစားရတဲ့ လူ့အဖွဲ့အစည်းက အဲဒါတွေကို စားသုံးမှုကြောင့် ဘယ်လောက်ထိ ပုဂ္ဂလိကဆိုင်ရာ အကျိုးအမြတ် ရတယ်ဆိုတာ ပြည့်ပြည့်ဝဝ တိတိကျကျ နားမလည် တန်ဘိုး မထားတတ်ကြဘူး။ အဆင့်မြင့် ပညာရေးရဲ့  ကောင်းကျိုးကို မခန့်မှန်းတတ် တဲ့အတွက် (သတင်းအချက်အလက် မရနိုင်မှုကြောင့် ) အဆင့်မြင့် ပညာရဖို့ အားထုတ်မှု မပြုလုပ်ကြဘူး။  ပညာဆက် မသင်ကြဘူး။ အဲဒီတော့ ကောင်းကျိုး ကုန်စည်နဲ့ ဆောင်ရွက်မှုတွေကို စားသုံးမှုက နိမ့်ကျနေတယ်။ ဝယ်လိုအား နိမ့်နေတယ်။ 
အပေါင်းလက္ခဏာ ပြင်ပ အကျိုးဆက်ကြောင့် ဖြစ်လာတဲ့  ဈေးကွက် ဝယ်လိုအား မျဉ်းကွေးဟာ လူ့အဖွဲ့အစည်းရဲ့  စုစုပေါင်း အကျိုးအမြတ်ကို လျှော့ပြပါတယ်။ ပြင်ပ အကျိုးဆက် ကို ဖြစ်စေတဲ့ ကုန်စည် (ဥပမာ ပညာရေး)ရဲ့ ဝယ်လိုအား မျဉ်းကွေးဟာ တကယ်လို့ ဈေးကွက်ကသာ အကျိုးအမြတ် အားလုံးကို ထည့်တွက် မယ်ဆိုရင် ရှိမဲ့ ပုံမှန် ဝယ်လိုအား မျဉ်းကွေး ထက် ပိုပြီး ဝေးတဲ့ ဘယ်ဘက် မှာ တည်ရှိနေပါတယ်။ စံရှိသင့်တဲ့ ဝယ်လိုအားထက် နိမ့်နေတာပေါ့။ အဲဒီတော့ အဲဒီကုန်စည် (ပညာရေး) ကို ပမာဏ နည်းနည်းဘဲ စားသုံးတဲ့ သဘောပေါ့။ တနည်းအားဖြင့် အဲဒီ ကုန်စည် အတွက် သယံဇာတ သွင်းအားစု  ခွဲဝေမှုက နိမ့်နေ၊ နည်းနေတယ် (underallocation) ဒါကြောင့် ဈေးကွက် ပျက်ယွင်းမှု ဖြစ်ရပြန်တယ်။ 
အောက်ဖော်ပြပါပုံမှာ positive externalities ကို ကြည့်နိုင်ပါတယ်။
 ပုံမှာ ဖြစ်သင့်တဲ့ ဈေးနှုန်းက Ps နဲ့ ထုတ်လုပ်သင့်တဲ့ ပမာဏက Qs ဖြစ်ပါတယ်။ ဒါပေမဲ့ စားသုံးမှုက နိမ့်ကျနေတော့   ဈေးနှုန်းက Pp နဲ့ ထုတ်လုပ်တဲ့ ပမာဏက Qp ဖြစ်နေတာကို တွေ့ရပါတယ်။ Social Demand နဲ့ Private Demand ကြားက ခြားနားချက်ဟာ လူ့အဖွဲ့အစည်းရဲ့ ဆုံးရှုံးမှု ဖြစ်ပါတယ်..။
အစိုးရက အပေါင်းလက္ခဏာ အကျိုးဆက်ကြောင့် ဖြစ်လာတဲ့ သယံဇာတသွင်းအားစု ခွဲဝေမှု နိမ့်ကျခြင်းကို ဘယ်လို ဖြေရှင်းမလဲ။ ဝယ်လိုအားကို တက်လာ စေဖို့အတွက် စားသုံးသူကို အစိုးရက တစိတ်တပိုင်း ပံ့ပိုးမလား၊ သို့မဟုတ် ရောင်းလိုအား တက်လာစေဖို့ ထုတ်လုပ်သူကို အစိုးရက ထောက်ပံ့မလား၊ နောက်ဆုံး အစိုးရကိုယ်တိုင်က အဲဒီ ကုန်စည်ကို ထုတ်လုပ်မလား အဖြေတွေ အများကြီး ရှိတယ်။ 
စားသုံးသူတွေကို ပံ့ပိုးပေးခြင်း။ အဆင့်မြင့် ပညာရေးအတွက် သွင်းအားစုတွေကို လျှော့ပြီး ခွဲဝေတာ ကို ပြင်ဆင်ရန် အစိုးရက ကျောင်းသားတွေ (စားသုံးသူ) ကို အတိုးနှုန်းနိမ့် ချေးငွေတွေ ပံ့ပိုးပေးခြင်းဖြင့် ကျောင်းသားတွေ အနေနဲ့ ပညာရေးကို ပိုပြီး သင်နိုင်လာတယ်။ အဲဒီ ချေးငွေတွေက အဆင့်မြင့် ပညာရေး အတွက် ဝယ်လိုအားကို တက်လာစေပါတယ်။
ထုတ်လုပ်သူတွေကို ပံ့ပိုးပေးခြင်း။ တချို့ ကိစ္စတွေမှာ အစိုးရ အနေနဲ့ ရောင်းချ ထုတ်လုပ်သူ တွေကို ပံ့ပိုးပေးခြင်း ဖြင့် သယံဇာတတွေကို နိမ့်ကျစွာ ခွဲဝေထားတာကို ပြင်ဆင်ဖို့ ပိုပြီး အဆင်ပြေ လွယ်ကူတာကို တွေ့ရပါတယ်။ ဥပမာအားဖြင့် အဆင့်မြင့် ပညာရေးအတွက် အစိုးရက ပြည်သူပိုင် ကောလိပ် တက္ကသိုလ်တွေရဲ့ ဘတ်ဂျက်ငွေကို အများကြီး ပံ့ပိုးပေးတာမျိုးပါ။ အဲလို ထောက်ပံ့မှုမျိုးဟာ အဆင့်မြင့် ပညာရေး ထုတ်လုပ်ခြင်း အတွက် ကုန်ကျစရိတ်ကို နိမ့်သွားစေပြီး ရောင်းလိုအား တက်သွားစေပါတယ်။ အဲဒီတော့ သက်သက်သာသာနဲ့ အဆင့်မြင့် ပညာ သင်နိုင်တာပေါ့။ နောက်တစ်ခါ ကာကွယ်ဆေး ထိုးတဲ့ အစီအစဉ် တွေ ပံ့ပိုးပေးတာ၊ ဆေးရုံတို့၊ ဆေးဝါး သုတေသနလိုမျိုးတွေ ထောက်ပံ့ ပေးတာ မျိုးတွေ ဖြစ်ပါ တယ်။ 
အစိုးရက ကုန်စည်များ ထုတ်လုပ်ခြင်း။ အပေါင်းလက္ခဏာ ပြင်ပ အကျိုးဆက် သိပ်ကြီးတဲ့ နေရာ မျိုးမှာ ဒီ မူဝါဒက သိပ် သင့်တော်ပါတယ်။ အစိုးရက ငွေကြေး ဖြည့်ဆည်းပေးတာ ဒါမှမဟုတ် အစိုးရ ကိုယ်တိုင် လုပ်ငန်းကို ပိုင်ဆိုင်ပြီး လည်ပတ် ထုတ်လုပ် တာမျိုးဖြစ်ပါတယ်။ ဥပမာအားဖြင့် စာတိုက်နဲ့ ကြေးနန်း လုပ်ငန်း၊ လေကြောင်း ပျံသန်းရေးဆိုင်ရာ ထိန်းချုပ်မှု စံနစ် လိုမျိုး ဖြစ်ပါတယ်။

ဒုတိယ အကြောင်းရင်းကို ဆက်ပါမည်..။

ကိုးကားစာရင်း
B. Taylor. “Negative Externality.” economics.fundamentalfinance.com. N.p, 2006. Web. 22 July 2012.
B. Taylor. “Positive Externality.” economics.fundamentalfinance.com. N.p, 2006. Web. 22 July 2012.
“Externality.” Wikipedia. The free encyclopedia, 2012. Web. 22 July 2012.
McConnell, Brue, Flynn. Economics: Principles, Problems, and Policies. New York: McGraw_Hill, 2009. Print.
Tejvan Pettinger. “Market Failure.” Economicshelp.org. Tejvan Pettinger, 2012. Web. 22 July 2012.

ဖြူ ဖြူ

Share this PostPin ThisEmail This

6 comments:

  1. My family members always say that I am wasting my time here at net, except I know I am getting experience
    every day by reading thes nice content.

    My weblog: free minecraft games

    ReplyDelete
  2. It's not my first time to pay a quick visit this web page, i am browsing this web site dailly and obtain fastidious data from here everyday.



    Here is my web page; AleenGGlawson

    ReplyDelete
  3. I've been surfing online more than 3 hours today, yet I never found any interesting article
    like yours. It's pretty worth enough for me. In my opinion, if all site owners
    and bloggers made good content as you did, the internet will
    be a lot more useful than ever before.

    Here is my web page - AlishiaWHullings

    ReplyDelete
  4. I used to be suggested this website through my cousin. I'm
    now not sure whether or not this post is written by
    him as nobody else recognise such distinct about my difficulty.

    You are wonderful! Thank you!

    Feel free to visit my page ClaudVCubit

    ReplyDelete
  5. This is a very good tip especially to those fresh to the blogosphere.
    Simple but very precise information… Appreciate your sharing this one.
    A must read article!

    Feel free to visit my weblog :: AngelinaOYoes

    ReplyDelete
  6. It's very simple to find out any matter on web as compared to textbooks, as I found this post at this web site.



    Also visit my web blog: AntioneRRallison

    ReplyDelete