ရင်တွင်းစကား

မိမိ သိသမျှသော Economics နှင့် ပတ်သက်သည့် သင်ခန်းစာ ဆောင်းပါးများ၊ Accounting, Finance နှင့်ပတ်သက်သည့် သင်ခန်းစာ ဆောင်းပါးများကို စေတနာသန့်သန့်ဖြင့် ဝေမျှထားပါသည်။ စာရေးသူသည် သိပ်တော်၊ သိပ်တတ်နေတဲ့ ပညာရှင် တစ်ယောက် လုံးဝ မဟုတ်ပါ။ ဒါကြောင့် အမှားများပါလျှင် ခွင့်လွှတ်ကြပါလို့ ….

ဖြူ ဖြူ

Thanks so much for every comment. Actually, I am not an expert on web or blog. I just made Google search of HTML codes that gives the design I want.

28 July 2012

ကာလရှည်ငွေချေးစာချုပ် ကို တက်ဈေး (Premium) ဖြင့်ရောင်းခြင်း




ယခု ဆောင်းပါးမှာ စာချုပ်ပါ အတိုးနှုန်းက ဈေးကွက် အတိုးနှုန်းထက် မြင့်နေရင် Bonds ကို face value ထက်မြင့်တဲ့ premium နဲ့ ရောင်းတဲ့ အခါ ဘယ်လို စာရင်းသွင်းသလဲ ဆိုတာ ဖော်ပြပါမယ်။ 





Share this PostPin ThisEmail This

27 July 2012

ကာလရှည်ငွေချေးစာချုပ် ကို လျှော့ဈေး (Discount) ဖြင့်ရောင်းခြင်း



ပထမ ဆောင်းပါးမှာ Bonds ကို ထုတ်ဝေတဲ့ အခါ Bonds စာမျက်နှာပေါ်က face value အတိုင်း ထုတ်တာ၊ face value ထက် လျှော့ထုတ်တာ (discount)၊ face value ထက် ပိုထုတ်တာ (premium) ဆိုပြီး ၃ မျိုးရှိကြောင်း၊ စာချုပ်ပါအတိုးနှုန်း contractural interest rate က ဈေးကွက် အတိုးနှုန်းနဲ့ တူရင် face value နဲ့ ရောင်းကြောင်း၊ စာချုပ်ပါ အတိုးနှုန်းက  ဈေးကွက်အတိုးနှုန်းထက် နိမ့်နေရင် face value ထက်နိမ့်တဲ့ discount နဲ့ရောင်းကြောင်း၊ စာချုပ်ပါ အတိုးနှုန်းက ဈေးကွက် အတိုးနှုန်းထက် မြင့်နေရင် face value ထက်မြင့်တဲ့ premium နဲ့ ရောင်းကြောင်း ဖော်ပြခဲ့ပါတယ်။ 
Share this PostPin ThisEmail This

24 July 2012

ကာလရှည် ငွေချေးစာချုပ် Bonds: Long-Term Liabilities



      ပြည်ထောင်စု မြန်မာနိုင်ငံကြီးမှာ အပြောင်းအလဲ တွေကလဲ ဖြစ်နေပြီ ဆိုတော့  ငွေကြေးဈေးကွက် ပေါ်ထွန်းလာဖို့ ကို မျှော်လင့်ရင်း Bonds နဲ့ ပတ်သက်ပြီး သိတာလေးတွေ ရေးချင်ပါတယ်။ သိပြီး တော်ပြီး တတ်ပြီး သူများအတွက် အသုံးမဝင်ပေမဲ့ မသိသေး မတတ်သေးသူများ အတွက် တော့ ကောင်းကောင်း အသုံးဝင်မယ်လို့   မျှော်လင့်ပါတယ်။








Share this PostPin ThisEmail This

ဈေးကွက် ပျက်ယွင်းမှု အခြေအနေ Market Failure အပိုင်း ၂


ဒုတိယအကြောင်းရင်း
       
          ဈေးကွက် ပျက်ယွင်းမှုကို ဖြစ်စေတဲ့ ဒုတိယ အကြောင်းရင်းကတော့ ပြည်သူပိုင် ကုန်စည်နဲ့ ဆောင်ရွက်မှု များဘဲ   ဖြစ်ပါတယ်။ စီးပွားရေးအရ သင့်မြတ် ဆီလျော်တဲ့ ကုန်စည်တွေ ဖြစ်ပေမဲ့လဲ သူတို့ကို ပုဂ္ဂလိက ကဏ္ဍက မထုတ်လုပ်ပါဘူး။ အဲဒီ ကုန်စည် တွေ ထုတ်လုပ်ဖို့ အတွက် သယံဇာတ သွင်းအားစုတွေကို မသုံးစွဲပါဘူး။ ဒါကို ရှင်းပြဖို့အတွက် ဦးစွာ ပုဂ္ဂလိက ကုန်စည်အကြောင်း ရှင်းပြပါမယ်....။ 

Share this PostPin ThisEmail This

22 July 2012

ဈေးကွက် ပျက်ယွင်းမှု အခြေအနေ Market Failure အပိုင်း ၁



          အပြိုင်အဆိုင် ဖြစ်နေတဲ့ ဈေးကွက်စံနစ်မှာ Market Failure ဖြစ်တာ အကြောင်းရင်း (၂) ရပ် ရှိပါတယ်။ (၁) ဈေးကွက် က တချို့ သော ကုန်စည်နဲ့ ဆောင်ရွက်မှုများ ထုတ်လုပ်၊ ဖြည့်ဆည်းရာမှာ  မှားယွင်းတဲ့ ပမာဏ ထုတ်လုပ်ခြင်း (၂) စီးပွားရေးအရ လက်ခံနိုင်တဲ့၊ သင့်တော်တဲ့ အချို့ သော ကုန်စည်နဲ့ ဆောင်ရွက်မှုများ ထုတ်လုပ်ဖို့ရန် သယံဇာတသွင်းအားစုများ ခွဲဝေပေးမှု လုံးဝ မရှိခြင်း တို့ဘဲ ဖြစ်ပါတယ်။ ပထမ အမျိုးအစား ပျက်ယွင်းမှု ဖြစ်ရခြင်းကတော့ ကုန်စည်တစ်ခုကို ထုတ်လုပ်တဲ့ အခါမှာ အဲဒီကုန်ပစ္စည်းရဲ့ ကောင်းကျိုးနဲ့  ဆိုးကျိုးတွေဟာ တကယ် ဝယ်ယူသူတွေနဲ့ ရောင်းချသူတွေကို မသက်ရောက်ဘဲနဲ့  အခြားအပြင် လူတွေကို သက်ရောက်ခြင်းကြောင့် ဖြစ်လာတာပါ။ ဘောဂဗေဒ ပညာရှင်များက externalities သို့မဟုတ် spillovers လို့ခေါ်ပါတယ်။ ဒုတိယ အမျိုးအစားပျက်ယွင်းခြင်းကတော့ public goods လို့ခေါ်တဲ့ ပြည်သူပိုင် ကုန်ပစ္စည်း တွေကြောင့်   ဖြစ်ပါတယ်။ အစိုးရက ဈေးကွက် ပျက်ယွင်းမှု ၂ မျိုးစလုံးကို ဖြေရှင်းဖို့ အရေးယူ   ဆောင်ရွက်မှုတွေ ပြုလုပ်ရပါမယ်….

Share this PostPin ThisEmail This

19 July 2012

ငွေကြေးပမာဏရဲ့ နောက်ခံကဘာလဲ?


ငွေကြေးပမာဏရဲဓိကအစိတ်အပိုင်းဖြစ်တဲ့ ငွေစက္ကူ၊ ငွေအကြွေများနဲ့ စာရင်းရှင် အပ်ငွေ checkable deposits များသည်   ပေးချေဖို့ ကြွေးမြီတွေဘဲ   ဖြစ်ပါ တယ်။ ဘယ်လို ကြွေးမြီတွေလဲ ဆိုတော့ ငွေစက္ကူတွေက ဗဟိုဘဏ်ရဲ့ လည်ပတ်နေ တဲ့ ကြွေးမြီတွေ၊ စာရင်းရှင် အပ်ငွေ တွေကတော့ ကူးသန်းရောင်းဝယ်ရေးဘဏ်တွေ နဲ့ ငွေစုငွေချေး အသင်းတွေရဲ  ကြွေးမြီတွေဘဲ ဖြစ်ပါတယ်..။ ငွေစက္ကူနဲ့ စာရင်းရှင် အပ်ငွေ (စာရင်းရှင် အပ်ငွေဆိုတာ တနည်းပြောရရင် ချက်လက်မှတ်ရေးပြီး ထုတ်ယူ   နိုင်တဲ့ငွေ) တွေမှာ သူတို့ကို ပြုလုပ်တဲ့ ကုန်ကျ စရိတ် (intrinsic value) မရှိဘူးလို့ ယူဆထားပါတယ်..။ 



Share this PostPin ThisEmail This

18 July 2012

ငွေကြေးလုပ်ဆောင်ချက်များနှင့် ငွေကြေးအဓိပ္ပါယ်

 တိုင်းပြည်တစ်ခုမှာ ငွေကြေးစံနစ် ကောင်းမွန်စွာ လည်ပတ်မှသာ ဝင်ငွေနဲ့ အသုံးစရိတ်တွေရဲ လည်ပတ်စီးဆင်းမှုကို အထောက်အပံ့   ဖြစ်ပါတယ်။ တိုင်းပြည်အနေနဲ့လဲ resources တွကို   ကောင်းမွန် ထိရောက်စွာ အသုံးပြုနိုင်ပြီး full employment ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။   ငွေကြေးစံနစ်  ကောင်းကောင်း မလည်ပတ်တော့တာနဲ့ သယံဇာတ ခွဲဝေ အသုံးချမှုတွေ ပျက်စီးကုန်ပြီး စီးပွားရေးအဆောက်အအုံရဲ့ ထွက်ကုန်၊ အလုပ်အကိုင် ရရှိမှုနှင့်   ဈေးနှုန်းစတာတွေမှာ မတည်ငြိမ်မှုတွေ   ဖြစ်စေပါ တယ်။ အခု ဗဟိုဘဏ်ကလူများ သိပြီးဖြစ်တဲ့   ငွေကြေး လုပ်ဆောင် ချက်တို့၊   ငွေကြေး အဓိပ္ပါယ်တို့ စတာတွေ   ရေးသားမှာ   ဖြစ်ပါတယ်.. သိပြီးသား   တွေဖြစ်ပေမဲ့ သည်းခံပြီး ဖတ်ပေး ကြဖို့   မေတ္တာရပ်ခံ ပါတယ်..။ 

Share this PostPin ThisEmail This

17 July 2012

အလုပ်လက်မဲ့၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်နှုန်းနှင့် အနာဂတ်ကာလအခြေအနေ


အခုအလုပ်လက်မဲ့အခြေအနေနဲ့ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်တဲ့ အခြေအနေတွေမှာရှိတဲ့ production possibilities model နဲ့ လက်ရှိကာလ ရွေးချယ်မှုကြောင့် ဖြစ်လာမဲ့ အနာဂတ် production possibilities curve များ အကြောင်း ရေးသားမှာဘဲ ဖြစ်ပါတယ်....။

Share this PostPin ThisEmail This

စီးပွားရေးစံနစ်များ


လူ့အဖွဲ့အစည်းတိုင်းမှာ စီးပွားရေးစံနစ်တစ်ခုစီ ရှိကြပါတယ်..။ စီးပွားရေး စံနစ်တစ်ခုဟာ (၁) ဘာကုန်စည်တွေကို ထုတ်လုပ်မလဲ။ (၂) ဘယ်လိုထုတ်လုပ်မလဲ။ (၃) အဲဒီကုန်စည်တွေကို ဘယ်သူတွေ က ရမှာလဲ။ (၄) ပြောင်းလဲမှုကို ဘယ်လို လက်ခံယူမလဲ။ (၅) နည်းပညာ တိုးတက်မှု ကို ဘယ်လို မြှင့်တင်ပေးမလဲ .. စတာတွေ ကို စဉ်းစား ဆုံးဖြတ်ရပါတယ်..။ စီးပွားရေး စံနစ်တွေ ဆိုတာကလဲ သွင်းအားစုတွေကို ဘယ်သူတွေက ပိုင်သလဲ အရသော်လည်းကောင်း၊  စီးပွားရေးဆိုင်ရာ လုပ်ဆောင် ချက်တွေကို တွန်းအားပေးတဲ့၊ ပူးပေါင်း ညှိနှိုင်း   ဆောင်ရွက်တဲ့၊ ညွှန်ကြားတဲ့ နည်း စနစ်တွေ အရ သော် လည်းကောင်း ကွဲပြားသွားကြပါတယ်..။ စီးပွားရေး စံနစ်တွေ မှာ အစွန်းရောက် စံနစ် ၂ ခု ရှိပါတယ်..။ ဗဟို ချုပ်ကိုင်စနစ်ဖြစ်တဲ့ ဆိုရှယ်လစ် သို့မဟုတ် ကွန်မြူနစ်စံနစ် နဲ့ ဈေကွက် စီးပွားရေးစံနစ် သို့မဟုတ် အရင်းရှင်စံနစ်ဘဲ ဖြစ်ပါတယ်..။ အခု   ဈေးကွက် စီးပွားရေးစံနစ်ကို အလေးပေးပြီး   ရေးသားချင် ပါတယ်..။

Share this PostPin ThisEmail This

16 July 2012

Production Possibilities Model


            Society က ရှားပါးတဲ့ သယံဇာတ အရင်းအမြစ်တွေကို ကုန်စည်နဲ့ ဆောင်ရွက်မှုတွေ ထုတ်လုပ်ဖို့ အကောင်းဆုံးရွေးချယ် အသုံးပြုတာကို Production Possibilities နဲ့ ရှင်းပြပါမယ်။ ပထမ လွယ်အောင်လို့ assumptions တွေထားမယ်..
  • Full employment တိုင်းပြည်က သူ့ရဲ ရနိုင်သမျှ သယံဇာတရင်းမြစ်အားလုံးကို အသုံးပြု လုပ်ကိုင်နေတယ်။
  • Fixed resources သယံဇာတအရင်းအမြစ်တွေ တနည်းအားဖြင့် factors of production တွေရဲ့  အရေအတွက် ပမာဏနဲ့ အရည်အသွေးဟာ မပြောင်းလဲဘူး.. ပုံသေလို့ယူဆမယ်။
  • Fixed technology နည်းပညာရပ်တွေ၊ ကုန်ပစ္စည်းထုတ်လုပ်ဖို့ အသုံးပြုတဲ့ နည်းပညာတွေကိုလဲ ပုံသေထားမယ်။
  • Two goods တိုင်းပြည်ဟာကုန်စည် ၂ မျိုးဘဲ ထုတ်လုပ်တယ်လို့ ယူဆမယ်.. စာသုံးကုန်စည်နဲ့ စက်မှုကုန်စည်.. တနည်းပြောရရင် consumption goods နဲ့ capital goods ။ ပီဇာနဲ့ စက်ရုပ်..       
          ပီဇာက consumer goods - လူတွေရဲလိုအင်ဆန္ဒကို တိုက်ရိုက်ဖြည့်ဆည်းပေးတဲ့ကုန်စည်..
    စက်ရုပ်က capital goods - ထုတ်လုပ်မှုမှာ ပိုပြီးထိရောက်မှုရှိစေဖို့ အသုံးပြုတဲ့လူတွေရဲလိုအင်ဆန္ဒကို သွယ်ဝိုက်   ဖြည့်ဆည်းပေးတဲ့ကုန်စည်.. 
Share this PostPin ThisEmail This

15 July 2012

လူတစ်ဦးချင်းစီနှင့် လူ့အဖွဲ့အစည်း၏ ချွေတာစိစစ်သုံးစွဲမှုဆိုင်ရာ ပြဿ နာများ


            Macroeconomics ဆိုတာ တိုင်းပြည်တစ်ခုလုံးကို ဒါမှမဟုတ် တိုင်းပြည်ရဲ  အခြေခံစုပေါင်းယူနစ်တွေ ဖြစ်တဲ့ အစိုးရ၊ အိမ်ထောင်စုတွေ၊ လုပ်ငန်းတွေ စတာတွေကို လေ့လာစစ်ဆေးတာ၊ အဲဒီ အဓိကကိုယ်စားလှယ်တွေကြား ဆက်နွယ်မှုတွေကို ခြုံငုံ လေ့လာတာ၊ ပြီးတော့ စီးပွားရေးဆိုင်ရာအတိုင်းအတာတွေဖြစ်တဲ့ စုစုပေါင်းထွက်ကုန်၊ စုစုပေါင်းဝင်ငွေ၊ စုစုပေါင်းအသုံးစရိတ်၊ အလုပ်လက်မဲ့၊ အထွေထွေဈေးနှုန်းအဆင့် စတာတွေနဲ့ စီးပွားရေးဆိုင်ရာ ပြဿနာတွေကို စိစစ်တာဖြစ်ပါတယ်။ တစ်ဦးချင်း၊ တစ်ခုချင်းကို လေ့လာတာ မဟုတ်ပါဘူး။ သို့သော်လည်း အလုပ်လက်မဲ့ပြဿနာကို macroeconomic ခေါင်းစဉ် အနေနဲ့   လေ့လာ မယ်ဆိုရင်တော့ အလုပ် လက်မဲ့နှုန်းကို ဆုံးဖြတ်နိုင်ဖို့ အတွက် အလုပ်ရှာရတာ ဘယ်လောက်ကြာသလဲဆိုတဲ့အပေါ်မှာ အလုပ်သမားတစ်ယောက်ချင်း က ပြုလုပ်ထားတဲ့  ဆုံးဖြတ်ချက်တွေ ကြည့်ရမယ်။ သီးသန့်သတ်မှတ်ထားတဲ့ အလုပ်သမား   ဈေးကွက် တွေက အလုပ်သမားဌားရမ်းမှုကို အားပေးတဲ့ ပုံစံလား သို့မဟုတ် ဟန့်တားတဲ့ပုံစံလား ဆိုတာကိုလဲ စဉ်းစား ရမယ် ဆိုတာ စီးပွားရေးပညာရှင်တွေက လက်ခံကြတယ်....။ Microeconomics ဆိုတာကတော့ အိမ်ထောင်စု တစ်ခု၊ ကဏ္ဍတစ်ခု၊ ကို သီးသန့် လေ့လာတာပါ။ 

Share this PostPin ThisEmail This

ဘောဂဗေဒပညာရပ်ဆိုင်ရာ ရှုထောင့်



ဘောဂဗေဒ ရှုထောင့်မှာ အပြန်အလှန် ဆက်နွယ်နေတဲ့ features (၃) ခုရှိပါတယ်..။

(၁) ရှားပါးမှုနဲ့ ရွေးချယ်မှု Scarcity and Choice
         
       လူတွေရဲ့  လိုအင်ဆန္ဒတွေ၊ လိုအပ်ချက်တွေနဲ့ ကမ္ဘာကြီးမှာ တိုင်းပြည်တွေမှာရှိတဲ့ ရှားပါးတဲ့ သယံဇာတ resources တွေကို အကောင်းဆုံးဖြစ်အောင် ဘယ်လို ရွေးချယ် အသုံးချမလဲ ဆိုတာကို လေ့လာတာ Economics ပညာရပ်ပါ။ သယံဇာတတွေက အကန့်အသတ်နဲ့   ဖြစ်နေတဲ့အတွက် ရွေးချယ်မှဘဲ ရမှာပါ..။ ဒီနေရာမှာ "ရွေးချယ်" ဆိုတဲ့ စကားလုံး ဟာ အရမ်းအရေး ကြီးပါတယ်။ အားလုံးကို မရရှိနိုင်ပါဘူး။   ရွေးချယ် ရပြီ   ဖြစ်တဲ့အတွက် ဘယ်ဟာကို ရရှိဖို့ ဘယ်ဟာကို စွန့်လွှတ် မလဲဆိုတာ ထည့် စဉ်းစား ရပါပြီ။ ဒါကြောင့် Economics ရဲ့  အဓိက သဘောတရားက "There is no free lunch." ဖြစ်ပါတယ်။ ကိုယ့်ကို တစ်ယောက်ယောက်က   နေ့လည်စာနဲ့ ဧည့်ခံတဲ့အခါ ကိုယ့်အနေနဲ့ ကြည့်ရင် ဒါဟာအလကား ရတာ ထင်ရပေမဲ့ အခြား တစ်ယောက်က ပိုက်ဆံကျခံရပါတယ်..။

Share this PostPin ThisEmail This