ရင်တွင်းစကား

မိမိ သိသမျှသော Economics နှင့် ပတ်သက်သည့် သင်ခန်းစာ ဆောင်းပါးများ၊ Accounting, Finance နှင့်ပတ်သက်သည့် သင်ခန်းစာ ဆောင်းပါးများကို စေတနာသန့်သန့်ဖြင့် ဝေမျှထားပါသည်။ စာရေးသူသည် သိပ်တော်၊ သိပ်တတ်နေတဲ့ ပညာရှင် တစ်ယောက် လုံးဝ မဟုတ်ပါ။ ဒါကြောင့် အမှားများပါလျှင် ခွင့်လွှတ်ကြပါလို့ ….

ဖြူ ဖြူ

Thanks so much for every comment. Actually, I am not an expert on web or blog. I just made Google search of HTML codes that gives the design I want.

17 July 2012

အလုပ်လက်မဲ့၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်နှုန်းနှင့် အနာဂတ်ကာလအခြေအနေ


အခုအလုပ်လက်မဲ့အခြေအနေနဲ့ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်တဲ့ အခြေအနေတွေမှာရှိတဲ့ production possibilities model နဲ့ လက်ရှိကာလ ရွေးချယ်မှုကြောင့် ဖြစ်လာမဲ့ အနာဂတ် production possibilities curve များ အကြောင်း ရေးသားမှာဘဲ ဖြစ်ပါတယ်....။


(၁) အလုပ်လက်မဲ့ ပြဿ    နာ
        
          ၁၉၃၀ ခုနှစ်များ တဝိုက်က စီးပွားပျက်ကပ် (Great Depression) မှာ အမေရိကန်နိုင်ငံ အပါအဝင် တိုင်းပြည် များမှာ အလုပ် လက်မဲ့ ပြဿနာကို ကြီးကြီးမားမား ရင်ဆိုင်ခဲ့ကြရတယ်။   နောက်ပိုင်း ကာလတွေမှာလဲ စီးပွားရေးကျဆင်းမှု (recession) နဲ့တကွ အလုပ်လက်မဲ့ ပြဿနာကို မကြာခဏတွေ့ ခဲ့ကြရတယ်။ အဲဒီအခါမှာ production possibilities model က ဘယ်လိုရှိမလဲကို ကြည့်ကြမယ်။ ကျွန်မတို့က ပထမတုံးက resources တွေကို fully employed လုပ်တယ်ဆိုတဲ့ assumption ကို ထားခဲ့တယ်..။ အခု အဲဒါကို   ဖြုတ်လိုက်မယ်။ အလုပ်လက်မဲ့ unemployment ဖြစ်ပြီဆိုရင် တိုင်းပြည်ရဲ့အခြေအနေဟာ production possibilities curve အတွင်းက အမှတ် U မှာ ရှိတယ်။ တိုင်းပြည်က ကုန်စည် ၂ မျိုးစလုံးကို   လျှော့ပြီး ထုတ်ရတာကို   ပြောတာပါ။  

 
တိုင်းပြည်က သူ့ရဲ့ labor တနည်းအားဖြင့် resources ၊ factors of production ထဲက တစ်ခုကို အပြည့်အဝ အသုံး မချရဘူး။ production possibilities curve ပေါ်က အမှတ်တွေဖြစ်တဲ့ ကုန်စည် ၂ မျိုး စလုံးကို အများဆုံးထုတ်လုပ်နိုင်တဲ့ အတွဲတွေထက် နိမ့်ကျနေပြီဖြစ်တယ်။ Full employment ရအောင် ပြန်လုပ်ရမယ် ဆိုတာကို အပေါ်ကပုံမှာရှိတဲ့ မြှားတွေက   ညွှန်ပြနေတယ်။ Full employment ဘက်ကို ရွှေလာခြင်းဖြင့် ကုန်စည် ၂ မျိုးလုံး သို့မဟုတ် ၁ မျိုးရဲ ထွက်ကုန်တွေဟာ တိုးလာပါတယ်။

(၂) စီးပွားရေးတိုးတက်မှုနှုန်း

တကယ်လို့ တိုင်းပြည်က စီးပွားရေးအခြေအနေ ဖွံ့ဖြိုးတိုးတက်နေတယ်ဆိုရင် resources တွေရဲ အရည်အသွေးနဲ့ အရေအတွက် ပမာဏကို ပုံသေထား ထားတဲ့ assumption ကို ဖယ်ထုတ်လိုက်မယ်။ အဲလိုဆိုရင် production possibilities curve ရဲအနေအထားက ရွေသွားမယ်။ တိုင်းပြည်ရဲ အများဆုံးကုန်ထွက် အလား အလာဟာလဲ ပြောင်းလဲသွားမယ်။
တိုင်းပြည်တစ်ခုမှာ ရနိုင်တဲ့ သယံဇာတအရင်းအမြစ်တွေဆိုတာ အချိန်နဲ့အမျှ ပြောင်းလဲနေတယ်။ ဥပမာအားဖြင့် တိုင်းပြည်မှာ လူဦးရေ တိုးလာတာဟာ labor ပမာဏနဲ့ entrepreneurial ability ကိုတိုး လာစေတယ်။ labor တွေရဲ အရည်အသွေးဟာလဲ ပညာထပ်သင်တာတို့၊ သင်တန်းစတာတွေ ကတစ်ဆင့် အချိန်နဲ့အမျှ တိုးတက်နေတယ်.. တိုင်းပြည်ရဲ့ capital ပမာဏဟာလဲ တည်ငြိမ်မှု မရှိပေမဲ့ တိုးတက်နေတယ်.. တချိုသာ စွမ်းအင်နဲ့ ဓာတ်သတ္တု သယံဇာတတွေ ကုန်ခမ်းပြုန်းတီး သွားလဲ နောက်ထပ် အသစ်အသစ် သယံဇာတတွေကို ရှာတွေ့ ပြန်တယ်။ ဥပမာ ဆည်မြောင်းတာတမံတွေ တည်ဆောက် တာဟာ သီးနှံစိုက်ပျိုးဖို့ ဆည်ရေသောက်   မြေဧရိယာတွေ တိုးတက်လာတယ်..
အဲဒီလို factors of production တွေတိုးတက်လာခြင်းရဲအကျိုအမြတ်ကတော့ consumer goods ရော၊ capital goods ၂ မျိုးစလုံးကို ပိုမိုထုတ်လုပ်လာနိုင်တယ်။ ဒါကြောင့် အခုကနေ နောင်အနှစ် ၂၀ အကြာမှာ တိုင်းပြည်ရဲ production possibilities ဟာ အောက်ပါဇယားထဲက အတိုင်း   ဖြစ်လာနိုင်တယ်..

Type of Product
Production Alternatives
A'
B'
C'
D'
E'
Pizzas (in hundred thousands)
0
2
4
6
8
Robots (in thousands)
14
12
9
5
0
      
တိုင်းပြည်ရဲသယံဇာတတွေ ကြွယ်ဝလာတာဟာ alternative တစ်ခုစီမှာရှိတဲ့ ကုန်စည် ၂ ခုလုံး သို့မဟုတ် ၁ ခုရဲ ထွက်ကုန်အလားအလာကို ပိုမိုတိုးတက်လာစေတယ်။ တိုင်းပြည်ဟာ ထွက်ကုန်တွေ တိုးတက်လာ တဲ့အတွက် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို ရရှိတယ်။ အဲဒီလို တိုင်းပြည်ရဲ  resources တွေရဲ အရည်အသွေး၊ အရေအတွက် တိုးတက်လာတဲ့အခါ production possibilities curve ဟာ အပြင်ဘက်၊ ညာဘက် ကို ရေသွားတယ်။ အောက်ကပုံမှာ တွေ့နိုင်ပါတယ်။ 

       
ပုံထဲမှာ အတွင်း curve ကနေ A' B' C' D' E' curve ကို ရွေသွားတာကို ပြထားပါတယ်.. ဒီလိုမျိုးရွေသွားတာဟာ စီးပွားရေးလုပ်ဆောင်နိုင်မှုစွမ်းအား တိုးတက်နှုန်းကို ပြပါတယ်။ တနည်းအားဖြင့် ထွက်ကုန် တွေတိုးလာတာ.. economic growth ကိုရရှိတာဖြစ်ပါတယ်။
နောက်တစ်ခါ နည်းပညာရပ်တွေ ဖွံ့ဖြိုးတိုးတက်လာတာဟာ ကုန်စည်အသစ်တွေ၊ ပိုကောင်းတဲ့ ကုန်စည်တွေနဲ့ အဲဒီ ကုန်စည်တွေကို ထုတ်လုပ်တဲ့အခါမှာ အသုံးပြုတဲ့ ပိုမိုကောင်းမွန်တဲ့ နည်းလမ်းတွေ ကို ဖြစ်စေပါတယ်.. တနည်းပြောရရင် နည်းပညာ တိုးတက်မှုကြောင့် ကုန်စည်ထုတ်လုပ်မှု နည်းလမ်း တိုးတက်ပြီး ထွက်ကုန်တွေတိုးတက်ကောင်းမွန်ပြီး စီးပွားရေးဖွံ့ ဖြိုးမှုနှုန်းကို ရရှိစေပါတယ်။ ဥပမာအားဖြင့် ထုတ်လုပ်မှု စီမံကိန်းရေးဆွဲဖို့နဲ့ ကုန်လက်ကျန်ကို စီမံခန့်ခွဲဖို့ computerized system ကို စတင် မိတ်ဆက် လိုက်တယ်ဆိုပါစို့။ ဒီလိုလုပ်ခြင်းဖြင့် အရှေက   ဆောင်းပါးတွေမှာ ရေးသားခဲ့တဲ့ အတိုင်း society သည် ရရှိနိုင်သမျှ သော resources တွေနဲ့ ကုန်စည်အများဆုံး ထုတ်လုပ်နိုင်ရန် ရွေးချယ်ရတဲ့ economizing problem ကို ပြောင်းလဲသွားစေတယ်။ resources တွေ တိုးတက်လာတာ၊ နည်းပညာတွေ တိုးတက် လာတာဟာ ပီဇာကိုရော၊ စက်ရုပ်ကိုရော များများ ထုတ်လုပ်လာနိုင်ပါတယ်။
လက်တွေ့ ဥပမာပြရရင် ကွန်ပြူတာတွေ၊ ဆက်သွယ်ရေး၊ biotechnology နဲ့ပတ်သက်တဲ့ နည်းပညာတွေ အရမ်းကို တိုးတက်လာတဲ့အတွက် ကွန်ပြူတာဈေးနှုန်းတွေကျသွားသလို ကွန်ပြူတာ   တွေရဲ့ speed ကလဲ အရမ်းကောင်းလာတယ်။ တိုးတက်လာတဲ့ software တွေကလဲ ကွန်ပြူတာကို   နေ့စဉ် အသုံးပြုမှုကို ပိုမိုတိုးတက်စေတယ်။ ဆယ်လူလာဖုန်းတွေ၊ အင်တာနက် စတာတွေကလဲ ဆက်သွယ်ရေးဆိုင်ရာ လုပ်ဆောင်နိုင်မှုတွေကို တိုးတက်လာစေတယ်.. ဈေးကွက်တွေရဲ ထိရောက်   မြန်ဆန်မှုတွေ၊ ထုတ်လုပ်မှုတွေ တိုးတက် လာတယ်.. biotechnology မှာတိုးတက်မှုသည်လဲ အရေးကြီး တဲ့ စိုက်ပျိုးရေးဆိုင်ရာ၊ ဆေးပညာဆိုင်ရာ ရှာဖွေတွေ့ရှိ မှုတွေ ကို ဖြစ်စေတယ်။
အချုပ်ပြောရရင် စီးပွားရေးဖွံ့ဖြိုးတိုးတက်နှုန်းသည် (၁) resources ပမာဏတွေ တိုးတက်လာခြင်း၊ (၂) resources တွေ ရဲ  အရည်အသွေးတွေ တိုးတက်လာခြင်း၊ (၃) နည်းပညာတွေတိုးတက်လာခြင်း တို့ကြောင့်   ဖြစ်တယ်။ ဖွံဖြိုးတိုးတက်မှုရဲ အကျိုးဆက်ကတော့ full employment ရှိတဲ့ တိုင်းပြည်တွေ သည် consumption goods ရော၊ capital goods ရော ၂ မျိုးစလုံး ကို ပိုမိုပြီးထုတ်လုပ်လာနိုင်ပါတယ်။ ဖွံ့ဖြိုးတိုးတက်မှု မရှိတဲ့ တိုင်းပြည်တွေကတော့ ကုန်စည်တစ်ခုကို ပိုလိုချင်ရင် ကျန်တစ်ခုကို ပိုပြီးစွန့်လွှတ် ရပါတယ်။

(၃)ခုကာလရွေးချယ်မှုနှင့် အနာဂတ်ကာလ ဖစ်နိုင်ချေ အခွင်အလမ်းများ

production possibilities curve ပေါ်မှာရှိတဲ့ တိုင်းပြည်တစ်ခုရဲ့ လက်ရှိကာလ ရွေးချယ်မှု အနေအထားသည် အနာဂတ် ကာလမှာရှိမဲ့ curve ရဲအနေအထားကို ဆုံးဖြတ်ပေးပါတယ်။ production possibilities curve ရဲဝင်ရိုး ၂ ခုမှာ goods for the future နဲ့ goods for the present ကို ထားကြည့်ရအောင်။ အနာဂတ်အတွက် ကုန်စည်တွေကို capital goods တွေ၊ သုတေသနနဲ့ပညာရေး၊ တီထွင်ထုတ်လုပ်ထားတဲ့ဆေးဝါး အဲလိုမျိုးကုန်စည်တွေထားမယ်.. လက်ရှိကာလအတွက်ကို အစားအစာ၊ အဝတ်အထည်၊ ဖျော်ဖြေမှု ဆိုင်ရာပစ္စည်း စတာတွေ ထားပါမယ်။ အနာဂတ်အတွက်ကုန်စည်တွေသည် resources တွေရဲအရည်အသွေး၊ အရေအတွက်ကို တိုးပွားစေတယ်။ နည်းပညာဆိုင်ရာ အချက် အလက်တွေ ရဲပမာဏကို တိုးပွားစေတယ်။ လူသားအရင်း အမြစ်တွေရဲ စွမ်းရည်ကိုလဲ တိုးတက်စေ တယ်.. အရှေမှာ သိခဲ့တဲ့အတိုင်း အနာဂတ် ကုန်စည်တွေဟာ economic growth ကို ဖြစ်စေတဲ့ ပစ္စည်းတွေဘဲ ဖြစ်ပါတယ်။
အခု Presentville နဲ့ Futureville ဆိုတဲ့ တိုင်းပြည် ၂ ခုကို စိတ်ကူးနဲ့ တည်ဆောက်ကြည့်မယ်။ သူတို့ ၂ခုဟာ အစ ပထမမှာ အတူတူဘဲ။ ဘာပဲကွာသလဲဆိုရင် Presentville ရဲလက်ရှိကာလ   ရွေးချယ်မှုက future goods ထက် present goods တွေကို ဦးစားပေးရွေးချယ်တယ်။ X ဝင်ရိုးပေါ်မှာ present goods နဲ့ Y ဝင်ရိုး   ပေါ်မှာ future goods တွေ ရှိတယ်။ 

    Presentville တိုင်းပြည်ရဲ Production possibilities curve ပေါ်မှာရှိတဲ့အမှတ် P ဟာ လက်ရှိကာလ ကုန်စည်   တွေကို ဦးစားပေး ရွေးချယ်တဲ့အတွက် curve ရဲ ညာဘက် အောက်ဖက် နားမှာရှိတယ်။ သူက အနာဂတ် ကုန်စည်တွေ   ကို နဲနဲဘဲ ထုတ်မယ်။ တစ်ခါ Futureville တိုင်းပြည်မှာ   တော့ လက်ရှိကာလ ရွေးချယ်မှုက အနာဂတ် ကုန်စည်   တွေကို များများရွေး ထုတ်လုပ်ပြီး လက်ရှိကာလ ကုန်စည်  တွေကို နည်းနည်းဘဲ ထုတ်လုပ် မယ်။ သူရဲ production possibilities curve ပေါ်မှာ ရှိတဲ့ အမှတ် F ဟာ curve ရဲ အပေါ်ဖက် ဘယ်ဘက်နား မှာရှိတယ်။
အခု other things equal လို့ယူဆရင် Futureville တိုင်းပြည်ရဲ အနာဂတ် production possibilities curve ဟာ Presentville တိုင်းပြည်ရဲ့ အနာဂတ် production possibilities curve ထက် အများကြီး ပိုကျယ်သွားတာကို   တွေ့ရတယ်။ အခု လက်ရှိကာလမှာ နည်းပညာတိုးတက် မှုကို အားပေးတဲ့၊ resources တွေရဲ  ပမာဏနဲ့ အရည် အသွေးကို တိုးတက် ပွားများစေတဲ့ ကုန်စည်တွေကို   ရွေးချယ် ထုတ်လုပ်ခြင်းဖြင့် Futureville တိုင်းပြည်သည် Presentville တိုင်းပြည်ထက် economic growth ကို ပိုမိုရရှိပါတယ်။ တနည်းပြောရရင် Futureville တိုင်းပြည် သည် Presentville တိုင်းပြည်ထက် capital goods ထွက်ကုန်တွေ ပိုရအောင် ရင်းနှီးမြှုပ်နှံထားတယ်။ Futureville တိုင်းပြည်က ဒီလိုမျိုးရွေးချယ်တဲ့အတွက် အနာဂတ်ကာလမှာ ပိုမိုများတဲ့ ထွက်ကုန်နဲ့ economic growth ကိုရရှိတာဖြစ်ပါတယ်။ လက်ရှိကာလမှာ opportunity cost အနေနဲ့ စားသုံး ကုန်စည်တွေ နဲနဲဘဲ ထုတ်ပါတယ်။ ဘယ်တိုင်းပြည်က ပိုကောင်းသလဲ ဆိုတာတော့ ပြောလို့မရပါဘူး။ ကွဲပြားတဲ့ ရလာဒ် ၂ ခု သည် တိုင်းပြည် ၂ ပြည်ရဲ့ ကွဲပြားတဲ့ နှစ်သက်မှု ၊ ကွဲပြားတဲ့   ရွေးချယ်မှု ကို ပြပါတယ်။ သို့သော် တိုင်းပြည်တစ်ခုစီ ကတော့ သူတို့ရွေးချယ် လိုက်တဲ့ စီးပွားရေးဆိုင်ရာ အကျိုး ဆက်အတိုင်းဘဲ နေထိုင် သွားရမှာ  ဖြစ်ပါတယ်။

          production possibilities analysis ဟာ တိုင်းပြည်တစ်ခုစီကို production possibilities curve က ညွှန်ပြထား တဲ့ ထွက်ကုန်အတွဲတွေနဲ့ ကန့်သတ်ထား တာကို ပြပါတယ်။ ဒါပေမဲ့ ဒီလို ကန့်သတ်ထား တာကို International specialization နဲ့ trade တို့က ပြင်ဆင်ပေးပါတယ်။
International specialization ဆိုတာကတော့  ပြည်တွင်း သယံ ဇာတ  တွေကို သုံးပြီး တိုင်းပြည်က ပိုပြီး ထိထိရောက်ရောက် ထုတ်လုပ်နိုင်တဲ့ ကုန်စည် ကို  ဇောက်ချ ထုတ်လုပ်တာပါ။ အဲလို အထူးပြုထုတ်ထားတဲ့ ကုန်စည် ကို  ပြည်ပနိုင်ငံက  ဇောက်ချ ထုတ်လုပ်ထားတဲ့ ကုန်စည်တွေနဲ့ လဲလှယ်ကြ တာဟာ အပြည်ပြည် ဆိုင်ရာ ကုန်သွယ်ရေး International trade ဖြစ်ပါတယ်။ ဇောက်ချထုတ်လုပ်မှုနဲ့ ကုန်သွယ်ရေးဟာ တိုင်းပြည်တစ်ပြည် အနေနဲ့ အခြား ကုန်စည်တစ်ခုကို နည်းနည်းဘဲ စွန့်လွှတ် ရပြီးတော့ ကိုယ်လိုချင်တဲ့ ကုန်စည်ကို များများရစေ ပါတယ်။ ပီဇာ ၃ ယူနစ် ရဖို့ စက်ရုပ် ၃ ယူနစ်ကို စွန့်လွှတ်ရမဲ့အစား ကုန်သွယ်လိုက်ခြင်းဖြင့် စက်ရုပ် ၂ ယူနစ်ကို ရရှိနိုင်ပါတယ်။ specialization နဲ့ trade ဟာ resources   တွေများပြား ကောင်းမွန် လာတာနဲ့ နည်းပညာတွေ တိုးတက်လာတာလိုဘဲ တူညီတဲ့ အကျိုး သက်ရောက်မှု ရှိပါတယ်။ society အတွက် consumer goods ရော၊ capital goods ပါ ၂ မျိုးစလုံး တိုးတက်ရရှိစေပါတယ်.. ပြည်တွင်း production possibilities ကို ကြီးမားအောင်၊ တိုးချဲအာင်လုပ် တာရယ်၊ အခုပြောတဲ့ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးရယ်ဟာ တိုင်းပြည်ထွက်ကုန် တိုးပွားစေတဲ့ လမ်းကြောင်း ၂ မျိုး ဘဲ ဖြစ်ပါတယ်.. နောင်အခါမှဘဲ international trade ကို ရေးသားပါမယ်..။

McConnell, Brue နှင့် Flynn တို့ရေးသားသော eighteenth edition, "Economics, Principles, Problems, and Policies" ကို ကိုးကားဘာသာပြန်ပါသည်။

ဖြူ ဖြူ

Share this PostPin ThisEmail This

5 comments:

  1. ကေျးဇူးအများကြီးတင်ပါတယ်ခင်ဗျာ နားမလည်တာတွေကို ရှင်းရှင်းလင်းလင်းသိရအောင် ပြုလုပ်ပေးတဲ့အတွက် အများကြီး ကျေးဇူးတင်မိပါတယ်ခင်ဗျာ.

    ReplyDelete
  2. လာရောက်လည်ပတ်ပြီး ဆောင်းပါးကို ဖတ်ရှုတဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်ရှင့် .... ^__^

    ReplyDelete
  3. you're truly a good webmaster. The web site loading velocity
    is incredible. It sort of feels that you're doing any unique
    trick. Moreover, The contents are masterpiece. you've performed a excellent
    job on this subject!

    My weblog best dating sites

    ReplyDelete
  4. Thank you for the good writeup. It in truth was a entertainment account it.
    Look complex to more added agreeable from you! However, how could
    we keep up a correspondence?

    My site minecraft.net

    ReplyDelete
  5. Whats up are using Wordpress for your blog platform?
    I'm new to the blog world but I'm trying to get started and create my
    own. Do you need any coding knowledge to make your own blog?
    Any help would be really appreciated!

    my web-site: Minecraft.Net

    ReplyDelete