ရင်တွင်းစကား

မိမိ သိသမျှသော Economics နှင့် ပတ်သက်သည့် သင်ခန်းစာ ဆောင်းပါးများ၊ Accounting, Finance နှင့်ပတ်သက်သည့် သင်ခန်းစာ ဆောင်းပါးများကို စေတနာသန့်သန့်ဖြင့် ဝေမျှထားပါသည်။ စာရေးသူသည် သိပ်တော်၊ သိပ်တတ်နေတဲ့ ပညာရှင် တစ်ယောက် လုံးဝ မဟုတ်ပါ။ ဒါကြောင့် အမှားများပါလျှင် ခွင့်လွှတ်ကြပါလို့ ….

ဖြူ ဖြူ

Thanks so much for every comment. Actually, I am not an expert on web or blog. I just made Google search of HTML codes that gives the design I want.

30 May 2013

စီးပွားရေးကို အလိုအလျောက် ထိန်းညှိတည်ငြိမ်စေမှု Built-In Stability

Built-In Stability ကို မြန်မာလို ဆီလျော်အောင် ဘာသာပြန်ရတာခက်လို့ စီးပွားရေးကို အလိုအလျောက် ထိန်းညှိ တည်ငြိမ်စေမှုလို့ဘဲ ရေးလိုက်တယ်။ ဘဝင်မကျရင် ခွင့်လွှတ်ကြပါ။
ရှေ့မှာ အစိုးရက လွှတ်တော်အဆုံးအဖြတ်နဲ့ ဘဏ္ဍာရေးမူဝါဒကို လိုသလို ပြုပြင်ပြောင်းလဲတဲ့ discretionary fiscal policy ကို ရေးခဲ့ပါတယ်။ အခု စီးပွားရေးကို အလိုအလျောက် ပြုပြင်ပြောင်းလဲပေးတဲ့ ဘဏ္ဍာရေး မူဝါဒ non-discretionary fiscal policy ကို ရေးပါမယ်။ အတိုင်းအတာတစ်ခုအထိ အစိုးရရဲ့ အခွန်ရငွေဟာ  စီးပွားရေးသံသရာ ဖြစ်စဉ်အတွင်း အလိုအလျောက် ပြောင်းလဲပြီး စီးပွားရေးကို တည်ငြိမ်   စေပါတယ်။ ဒီလို အလိုအလျောက် ပြန်လည်တုန့်ပြန်မှု  သို့မဟုတ် built-in stability က non-discretionary (passive or automatic) fiscal policy  ကို ဖြစ်စေပါတယ်။

Share this PostPin ThisEmail This

29 May 2013

စီးပွားရေးကို တင်းကြပ်ပေးသော ဘဏ္ဍာရေးမူဝါဒ

Contractionary Fiscal Policy


တိုင်းပြည်မှာ ဝယ်လိုအားတွေ သိပ်များလာလို့ ငွေဖောင်းပွမှု ဖြစ်လာပြီ ဆိုရင် အစိုးရက တင်းကြပ်သော ဘဏ္ဍာရေး မူဝါဒကို ကျင့်သုံးလေ့ ရှိပါတယ်။




Share this PostPin ThisEmail This

27 May 2013

စီးပွားရေးကို တိုးချဲ့ပေးသော ဘဏ္ဍာရေးမူဝါဒ

တိုင်းပြည်တစ်ပြည်မှာ အရ၊ အသုံးနဲ့ ပတ်သက်တဲ့ ဘဏ္ဍာရေး မူဝါဒ fiscal policy အပြောင်းအလဲကို အစိုးရက စိတ်ကြိုက် ပြုလုပ် တာကို active or discretionary လို့ခေါ်ပါတယ်။ အဲလို fiscal policy အပြောင်းအလဲက အလို အလျှောက် မဖြစ်ပါဘူး။ လွှတ်တော်ရဲ့ လုပ်ဆောင်ချက် မပါဘဲ ဘဏ္ဍာရေး မူဝါဒမှာ သူ့အလိုလို   ပြောင်းလဲမှု ဖြစ်တာကို   တော့  non-discretionary လို့ခေါ်ပါတယ်။




Share this PostPin ThisEmail This