ရင်တွင်းစကား

မိမိ သိသမျှသော Economics နှင့် ပတ်သက်သည့် သင်ခန်းစာ ဆောင်းပါးများ၊ Accounting, Finance နှင့်ပတ်သက်သည့် သင်ခန်းစာ ဆောင်းပါးများကို စေတနာသန့်သန့်ဖြင့် ဝေမျှထားပါသည်။ စာရေးသူသည် သိပ်တော်၊ သိပ်တတ်နေတဲ့ ပညာရှင် တစ်ယောက် လုံးဝ မဟုတ်ပါ။ ဒါကြောင့် အမှားများပါလျှင် ခွင့်လွှတ်ကြပါလို့ ….

ဖြူ ဖြူ

Thanks so much for every comment. Actually, I am not an expert on web or blog. I just made Google search of HTML codes that gives the design I want.

28 February 2014

Interest-Bearing Notes

အခု interest ပေးရတဲ့ Note အကြောင်းကို ရေးပါမယ်။ AA ကုမ္ပဏီက $10,000 တန်၊ ၃ နှစ် နဲ့ stated interest rate 10% note ကို BB ကုမ္ပဏီကို ထုတ်ပေးပြီး ငွေချေးပါတယ်။ အဲဒီအချိန်မှာ similar risk ရှိတဲ့ note ရဲ့ market interest rate ကတော့ 12% ဖြစ်ပါတယ်။ effective interest rate 12% က stated rate 10% ထက် များနေတဲ့အတွက် note ရဲ့ present value ဟာ အနာဂတ် ၃ နှစ်သက်တမ်းစေ့ရင်   ပြန်ပေးရမဲ့ face value ထက် နည်းမှာဖြစ်ပါတယ်။ Note ကို discount နဲ့ ထုတ်တာပါ။

Share this PostPin ThisEmail This

25 February 2014

ကာလရှည်ပေးရန်တာဝန် Long-Term Notes Payable


ငွေချေးစာချုပ်တွေ အမျိုးမျိုးရှိတဲ့အနက် ထင်ရှားတဲ့ Notes Payable အကြောင်းရေးမလို့ပါ။ Notes Payable မှာ ကာလတို နဲ့ ကာလရှည် ဆိုပြီး ရှိပါတယ်။ Short-term Notes Payable ကတော့ တစ်နှစ်အတွင်း သို့မဟုတ် လုပ်ငန်းလည်ပတ်မှုကာလ ၂ ခုအနက် ပိုရှည်တဲ့ ကာလ အတွင်း အကြွေး ကို ပေးဆပ်တယ်ဆိုရင် ကာလတိုဖြစ်ပါတယ်။ Long-term Notes Payable ကတော့ Bonds နဲ့ ဘာတူ သလဲ ဆိုရင် ပုံသေ သတ်မှတ်ထားတဲ့ သက်တမ်းစေ့ရက်စွဲရယ်၊ နောက် စာချုပ်ပေါ်မှာ ဖော်ပြထားတဲ့ အတိုးနှုန်းရယ် ပါတာတွေ တူပါတယ်။ သို့သော်လည်း Notes ကတော့ Bonds လိုမျိုး securities တွေ အရောင်းအဝယ်လုပ်တဲ့ စျေးကွက်မှာတော့ အရောင်းအဝယ်မလုပ်ပါဘူး။ သူ့အတွက် ready market မရှိဘူးပေါ့နော်။ ကော်ပိုရေးရှင်းကြီးတွေက ကာလရှည် notes နဲ့ bonds တွေကို ထုတ်ကြပါတယ်။ notes နဲ့ bonds အတွက် စာရင်း သွင်းပုံခြင်းကလဲ တူတူပါဘဲ။ bond ကဲ့သို့ဘဲ note ကိုလဲ သူ့ရဲ့ အနာဂတ် အတိုး နဲ့ အရင်း cash flows ရဲ့ လက်ရှိကာလ တန်ဘိုးနဲ့ တန်ဘိုး   ဖြတ်ပါတယ်။ ကုမ္ပဏီက note ရဲ့ သက်တမ်းတစ်လျှောက် discount သို့မဟုတ် premium ကို ဖြန့်ပြီး ခွဲဝေပါတယ်။

Share this PostPin ThisEmail This