ရင်တွင်းစကား

မိမိ သိသမျှသော Economics နှင့် ပတ်သက်သည့် သင်ခန်းစာ ဆောင်းပါးများ၊ Accounting, Finance နှင့်ပတ်သက်သည့် သင်ခန်းစာ ဆောင်းပါးများကို စေတနာသန့်သန့်ဖြင့် ဝေမျှထားပါသည်။ စာရေးသူသည် သိပ်တော်၊ သိပ်တတ်နေတဲ့ ပညာရှင် တစ်ယောက် လုံးဝ မဟုတ်ပါ။ ဒါကြောင့် အမှားများပါလျှင် ခွင့်လွှတ်ကြပါလို့ ….

ဖြူ ဖြူ

Thanks so much for every comment. Actually, I am not an expert on web or blog. I just made Google search of HTML codes that gives the design I want.

01 August 2013

Crowding-Out Effect

ဘဏ္ဍာရေးမူဝါဒမှာ နောက်ထပ် ချို့ယွင်းချက်တစ်ခုကတော့ crowding-out လို့ခေါ်တဲ့ effect ဘဲ  ဖြစ်ပါ တယ်။ ဒီတစ်ခါလဲ crowding-out effect ကို မြန်မာလိုဘာသာပြန်ရတာ ခက်လို့ ဒီအတိုင်းဘဲ ရေးလိုက်ပါတယ်။ ဆိုလိုတာကတော့ ကောင်းကျိုးတစ်ခုရအောင်လုပ်ပေမဲ့ ဆိုးကျိုးတစ်ခုက အဲဒီ အကျိုးကိုခြေဖျက် ဖယ်ထုတ်ပစ်လိုက်တဲ့ အကျိုးသက်ရောက်မှုမျိုးပါ။ စီးပွားရေးကို တိုးချဲ့ပေးတဲ့ ဘဏ္ဍာရေးမူဝါဒ expansionary fiscal policy ဟာ စီးပွားရေးလုပ်ငန်းတွေ တိုးတက်လာအောင် အသုံးစရိတ်ကို များများသုံးတယ် သို့သော်လိုငွေကို ဖြစ်စေတယ်။ အတိုးနှုန်းကို တက်စေတယ်။ အတိုးနှုန်းတွေ တက်တော့ ရင်းနှီးမြှုပ်နှံမှုကို ကျဆင်းစေတယ်။ အဲလိုနည်းနဲ့ expansionary policy ရဲ့ ကောင်းကျိုးကို ပျက်စေ၊ အားပျော့စေပါတယ်။ မြင့်မားတဲ့အတိုးနှုန်းဟာ အတိုးနှုန်းအတက်အကျဒဏ်ကို မခံနိုင်တဲ့ စားသုံးမှုပုံစံအသုံး စရိတ်ကို ဖယ်ထုတ်ပစ်လိုက်ပါတယ်။ ဥပမာ မော်တော်ကားကို အကြွေးနဲ့ ဝယ်တာမျိုး။ အတိုးကပေးနေရတာကိုး။ သို့သော်လည်း GDP မှာ ရင်းနှီးမြှုပ်နှံမှုဟာ အတက်အကျ အများဆုံး အစိတ်အပိုင်း ဖြစ်တဲ့အတွက် ဒီ crowding-out effect ကို စားသုံးမှုပေါ် အာရုံမပြုဘဲ ရင်းနှီးမြှုပ်နှံမှု ပေါ်ကိုဘဲ အဓိက ဦးတည် အာရုံပြု ထားလိုက်ပါမယ်။ expansionary fiscal policy က ဘတ်ဂျက်လိုငွေ ဖြစ်ပေါ်စေပြီး စီးပွားရေးကို တိုးချဲ့အောင်လုပ်တယ်။ ဒါပေမဲ့ အတိုးနှုန်းတွေမြင့်တက်ပြီး  ရင်းနှီးမြှုပ်နှံမှုမှာ လျော့ကျတာနဲ့  ခြေဖျက်လိုက်ခြင်းကြောင့် စီးပွားရေးတိုးတက်မှုကို တစ်စိတ်တစ်ပိုင်း သို့မဟုတ် အပြည့်အဝ တားဆီးသလား ဆိုတာကို ကြည့်ကြည့်မယ်။

Share this PostPin ThisEmail This

20 June 2013

ဘဏ္ဍာရေးမူဝါဒကို သုံးသပ်ခြင်း

expansionary fiscal policy ဆိုတာဟာ စီးပွားရေးကို တိုးချဲ့ပေးတယ်၊  contrationary fiscal policy က စီးပွားရေးကို ချုံ့ပစ်တယ်၊ ဆိုတာကို အရှေ့ဆောင်းပါးများမှာ ရှင်းပြခဲ့ပြီး ဖြစ်ပါတယ်။ တစ်ခါ fiscal policy neutrality ဖြစ်တယ် ဆိုတာလဲ ရှိပါတယ်။ fiscal neutrality ဆိုတာကတော့ အစိုးရရဲ့ အခွန်ရငွေ သည် ဝယ်လိုအားကို မတိုးစေသလို၊ အသုံးစရိတ်ဟာလဲ ဝယ်လိုအားကို မလျော့နည်းစေပါဘူး။ တနည်းပြောရ ရင် အစိုးရရဲ့ အရနဲ့ အသုံးဟာ ညီမျှနေတဲ့သဘောပါ။

အခု အစိုးရရဲ့ discretionary fiscal policy ဟာ စီးပွားရေးကို တိုးချဲ့တာလား (expansionary) ၊ အရ အသုံးညီနေတဲ့၊ ဝယ်လိုအား အတိုး အလျှော့ကို အကျိုးသက်ရောက်မှုမရှိတဲ့ ပေါ်လစီလား (neutral)၊ စီးပွားရေးကို ချုံ့ပစ်တာလား (contrationary) စသည်ကို ဘယ်လိုဆုံးဖြတ်မလဲ ကြည့်ကြပါမယ်။ လက်ရှိ ဆောင်ရွက်နေတဲ့ ဘဏ္ဍာရေးမူဝါဒမှာ ဘတ်ဂျက်ဟာ ပိုငွေလား၊ လိုငွေလားဆိုတာကို မစစ်ဆေးနိုင်ဘူး ဖြစ်နေတယ်။ ဘာလို့လဲဆိုတော့ GDP ပြောင်းလဲမှုတိုင်းမှာ အခွန်ရငွေ အလိုအလျှောက်   ပြောင်းလဲမှုတွေ တွဲပါနေလို့ပါဘဲ။ ဒါ့အပြင် discretionary fiscal policy ရဲ့ တိုးချဲ့ပြောင်းလဲတဲ့ အင်အား သို့မဟုတ် ချုံ့ပြီးပြောင်းလဲတဲ့ အင်အားဟာ ပြောင်းလဲမှုရဲ့ စုစုပေါင်း အရွယ်အစားပေါ် မူမတည်ဘဲ တိုင်းပြည်ရဲ့ အရွယ်အစားနဲ့ ယှဉ်ရင် ဘယ်လောက်ကြီးမားသလဲပေါ် မူတည်ပါတယ်။ ဒါကြောင့် ဘဏ္ဍာရေး မူဝါဒရဲ့ အနေအထားကို သုံးသပ်တဲ့အခါမှာ အခွန်ရငွေရဲ့ အလိုအလျှောက် ပြောင်းလဲမှုကို ဖယ်ထုတ်ဖို့ လိုငွေနဲ့ ပိုငွေကို ညှိနှိုင်းရပါမယ်။ နောက်ပြီး ညှိနှိုင်းထားတဲ့ ဘတ်ဂျက်ရဲ့ လိုငွေ ပိုငွေ အရွယ်အစားနဲ့ လျာထား-ထားတဲ့ GDP ရဲ့ အဆင့်ကို နှိုင်းယှဉ်ရပါမယ်။

Share this PostPin ThisEmail This

30 May 2013

စီးပွားရေးကို အလိုအလျောက် ထိန်းညှိတည်ငြိမ်စေမှု Built-In Stability

Built-In Stability ကို မြန်မာလို ဆီလျော်အောင် ဘာသာပြန်ရတာခက်လို့ စီးပွားရေးကို အလိုအလျောက် ထိန်းညှိ တည်ငြိမ်စေမှုလို့ဘဲ ရေးလိုက်တယ်။ ဘဝင်မကျရင် ခွင့်လွှတ်ကြပါ။
ရှေ့မှာ အစိုးရက လွှတ်တော်အဆုံးအဖြတ်နဲ့ ဘဏ္ဍာရေးမူဝါဒကို လိုသလို ပြုပြင်ပြောင်းလဲတဲ့ discretionary fiscal policy ကို ရေးခဲ့ပါတယ်။ အခု စီးပွားရေးကို အလိုအလျောက် ပြုပြင်ပြောင်းလဲပေးတဲ့ ဘဏ္ဍာရေး မူဝါဒ non-discretionary fiscal policy ကို ရေးပါမယ်။ အတိုင်းအတာတစ်ခုအထိ အစိုးရရဲ့ အခွန်ရငွေဟာ  စီးပွားရေးသံသရာ ဖြစ်စဉ်အတွင်း အလိုအလျောက် ပြောင်းလဲပြီး စီးပွားရေးကို တည်ငြိမ်   စေပါတယ်။ ဒီလို အလိုအလျောက် ပြန်လည်တုန့်ပြန်မှု  သို့မဟုတ် built-in stability က non-discretionary (passive or automatic) fiscal policy  ကို ဖြစ်စေပါတယ်။

Share this PostPin ThisEmail This

29 May 2013

စီးပွားရေးကို တင်းကြပ်ပေးသော ဘဏ္ဍာရေးမူဝါဒ

Contractionary Fiscal Policy


တိုင်းပြည်မှာ ဝယ်လိုအားတွေ သိပ်များလာလို့ ငွေဖောင်းပွမှု ဖြစ်လာပြီ ဆိုရင် အစိုးရက တင်းကြပ်သော ဘဏ္ဍာရေး မူဝါဒကို ကျင့်သုံးလေ့ ရှိပါတယ်။




Share this PostPin ThisEmail This

27 May 2013

စီးပွားရေးကို တိုးချဲ့ပေးသော ဘဏ္ဍာရေးမူဝါဒ

တိုင်းပြည်တစ်ပြည်မှာ အရ၊ အသုံးနဲ့ ပတ်သက်တဲ့ ဘဏ္ဍာရေး မူဝါဒ fiscal policy အပြောင်းအလဲကို အစိုးရက စိတ်ကြိုက် ပြုလုပ် တာကို active or discretionary လို့ခေါ်ပါတယ်။ အဲလို fiscal policy အပြောင်းအလဲက အလို အလျှောက် မဖြစ်ပါဘူး။ လွှတ်တော်ရဲ့ လုပ်ဆောင်ချက် မပါဘဲ ဘဏ္ဍာရေး မူဝါဒမှာ သူ့အလိုလို   ပြောင်းလဲမှု ဖြစ်တာကို   တော့  non-discretionary လို့ခေါ်ပါတယ်။




Share this PostPin ThisEmail This

28 January 2013

စုစုပေါင်း ဝယ်လိုအားနဲ့ စုစုပေါင်း ရောင်းလိုအား ၃

စုစုပေါင်းရောင်းလိုအား ပြောင်းလဲခြင်း


တည်ရှိနှင့်ပြီးသား စုစုပေါင်း ရောင်းလိုအားမျဉ်းကွေးသည် အခြားအခြေနေတွေ တူညီနေတဲ့အခါမှာ စျေးနှုန်းအဆင့်နဲ့  အမှန် ကုန်ထွက်ကြားက ဆက်စပ်မှုကို ဖော်ညွှန်းပါတယ်။ သို့သော်လည်း ဒီအခြားအရာများထဲက တစ်ခု သို့မဟုတ် တစ်ခုထက်ပိုတာတွေ   ပြောင်းလဲတဲ့အခါမှာ မျဉ်းကွေးဟာ ဘယ်ညာရွေ့လျားသွားပါတယ်။
Share this PostPin ThisEmail This

24 January 2013

စုစုပေါင်း ဝယ်လိုအားနဲ့ စုစုပေါင်း ရောင်းလိုအား ၂



စုစုပေါင်း ရောင်းလိုအား ဆိုတာကတော့ ဈေးနှုန်းအဆင့်နဲ့ တိုင်းပြည်က ထုတ်လုပ်လိုက်တဲ့ အမှန်   ပြည်တွင်း ထုတ်ကုန် ပမာဏကြားက ဆက်စပ်မှုကို ပြတဲ့ မျဉ်းကွေး သို့မဟုတ် ဇယားဘဲ ဖြစ်ပါတယ်။ ဒီဆက်စပ်မှုကတော့ အချိန်အတိုင်းအတာ နဲ့ ထွက်ကုန် ဈေးနှုန်းနဲ့ သွင်းကုန် ဈေးနှုန်းတွေ ဘယ်လောက် ထိ မြန်မြန် ပြောင်းလဲသလဲ ဆိုတာပေါ်မှာ မူတည်နေပါတယ်။

အချိန်အတိုင်းအတာကို ၃ မျိုးခွဲခြားနိုင်ပါတယ် - 
  • သွင်းကုန်ဈေးနှုန်းရော ထုတ်ကုန်ဈေးနှုန်းပါ ပုံသေဖြစ်နေတဲ့ ချက်ခြင်းလက်ငင်း ကာလတို immediate short run
  • သွင်းကုန်ဈေးနှုန်း ပုံသေဖြစ်ပြီး ထုတ်ကုန်ဈေးနှုန်း ပြောင်းလဲတဲ့ ကာလတို short run
  • သွင်းကုန် ဈေးနှုန်းရော ထုတ်ကုန်ဈေးနှုန်းပါ ပြောင်းလဲတဲ့ ကာလရှည် long run တို့ဘဲ ဖြစ်ပါတယ်။ 


14 January 2013

စုစုပေါင်း ဝယ်လိုအားနဲ့ စုစုပေါင်း ရောင်းလိုအား ၁

စုစုပေါင်း ဝယ်လိုအား


စုစုပေါင်း ဝယ်လိုအား ဆိုတာ ဈေးနှုန်း အဆင့်ဆင့်တိုင်းမှာ ဝယ်ယူသူများက စုပေါင်း ဝယ်ယူလိုတဲ့ အမှန် ကုန်ထွက် ပမာဏ (real GDP) ကိုပြတဲ့မျဉ်းကွေး သို့မဟုတ် ဇယားဘဲဖြစ်ပါတယ်။ ဈေးနှုန်းအဆင့်နဲ့ real GDP ပမာဏရဲ့ ဆက်စပ်မှုကတော့   ပြောင်းပြန်ဘဲ   ဖြစ်ပါ တယ်။ ဈေးနှုန်းတက်ရင် ကုန်ထွက်ကို ဝယ်လိုအား က ကျဆင်းမယ်။ ဈေးနှုန်းကျရင်တော့ ကုန်ထွက် ဝယ်လိုအားက တက်လာ မှာဘဲ ဖြစ်ပါတယ်။
အောက်ဖော်ပြပါ ပုံကတော့ ဈေးနှုန်းအဆင့်နဲ့  real GDP ရဲ့ဆက်စပ်မှုကို  ပြတဲ့ မျဉ်းကွေးဘဲ   ဖြစ်ပါ တယ်။ စုစုပေါင်း ဝယ်လိုအား မျဉ်းကွေး aggregate demand curve ရဲ့လျောစောက် slope ကတော့   အောက်ကို ဆင်းနေတဲ့ ပုံစံ downward ဖြစ်ပါတယ်။

03 January 2013

ရင်းနှီးမြှုပ်နှံမှု ဝယ်လိုအား ပြောင်းလဲခြင်း

ဘဏ္ဍာရေး မူဝါဒ ဖြစ်တဲ့ အစိုးရ အသုံးစရိတ်နဲ့ အခွန်အခ ပြောင်းလဲမှုဟာ national saving ကို ဘယ်လို   ပြောင်းလဲစေသလဲကို အရှေ့က ဆောင်းပါးမှာ ရှင်းခဲ့ပြီးပါပြီ..။ အခုတစ်ခါ ရင်းနှီး မြှုပ်နှံမှု ဝယ်လိုအား ကို စစ်ဆေးဖို့လဲ model ကို အသုံးပြုနိုင်ပါတယ်။ ရင်းနှီးမြှုပ်နှံမှု အပြောင်းအလဲတွေရဲ့ အကြောင်းနဲ့ အကျိုးကို စစ်ဆေးကြည့်ပါမယ်။

02 January 2013

စုဆောင်းမှုပြောင်းလဲခြင်း - ဘဏ္ဍာရေးမူဝါဒ အကျိုးသက်ရောက်မှု

ပြီးခဲ့တဲ့ ဆောင်းပါးက model ကို သုံးပြီး ဘဏ္ဍာရေး မူဝါဒက စီးပွားရေး အဆောက်အအုံကို ဘယ်လို အကျိုးသက်ရောက်မှု ရှိသလဲ ကြည့်နိုင်ပါတယ်။ ဘဏ္ဍာရေး မူဝါဒ ဆိုတာ အသုံးစရိတ်နဲ့ အခွန်အခ ကို ပြောတာပေါ့။ အစိုးရက သူ့ရဲ့ အသုံးစရိတ် သို့မဟုတ် အခွန်အခရငွေ ကို အတိုး အလျှော့ လုပ်တဲ့ အခါမှာ တိုင်းပြည်ရဲ့ ကုန်စည်နဲ့ ဆောင်ရွက်မှု ကုန်ထွက်တွေရဲ့ဝယ်လိုအားကို အကျိုးသက်ရောက်မှု ရှိပါတယ်။ နောက်ပြီး စုဆောင်းမှု national saving ၊ ရင်းနှီးမြှပ်နှံမှု investment နဲ့ အားမျှခြေ အတိုးနှုန်း equilibrium interest rate တို့ကိုပါ ပြောင်းလဲ သွားစေပါတယ်..။

01 January 2013

ကုန်စည်နဲ့ ဆောင်ရွက်မှု ဈေးကွက် အားမျှခြေ

Happy New Year 2013!!!!

ဆောင်းပါး မတင်ဖြစ်တာ ကြာပါပြီ။ လနဲ့ကို ချီနေပါပြီ။ 2013 Happy New Year နေ့ကလေး အမှတ်တရ ဖြစ်ရအောင် ဆောင်းပါး တစ်ပုဒ် ရအောင်ရေး၊ ဖြစ်အောင် တင်လိုက်ပါတယ်။ နှစ်သစ်မှာ မင်္ဂလာ အဖြာဖြာ ပြည့်ဝပြီး ကိုယ်ကျန်းမာ စိတ်ချမ်းသာ ကြပါစေ....

အခုတစ်ခါ စားသုံးမှု consumption ၊ ရင်းနှီးမြှုပ်နှံမှု investment နဲ့ အစိုးရ အသုံးစရိတ် government purchases တွေရဲ့ စုစုပေါင်းဟာ ထုတ်လုပ်တဲ့ ကုန်ထွက် ပမာဏနဲ့ တူညီပါတယ်လို့ သေချာပေါက် ဘယ်လို ပြောမလဲကို ဆန်းစစ် ကြည့်ပါမယ်။ ဆိုလိုတာက   ရောင်းလို အား ဖြစ်တဲ့  စုစုပေါင်း ထုတ်လုပ်တဲ့ ကုန်ထွက် GDP သို့မဟုတ် အမျိုးသား ဝင်ငွေ national income ဟာ  ဝယ်လိုအား ဖြစ်တဲ့ စားသုံးမှု consumption၊ ရင်းနှီးမြှုပ်နှံမှု investment၊ အစိုးရ အသုံးစရိတ် government purchases များနဲ့ ညီမျှမှု ရှိမရှိကို စိစစ်မှာပါ။  အတိုးနှုန်းဟာ ဝယ်လိုအားနဲ့   ရောင်းလိုအားကို ညီမျှစေတဲ့ ဈေးနှုန်းဘဲ ဖြစ်ပါတယ်။ စီးပွားရေး အဆောက်အအုံမှာ အတိုးနှုန်းရဲ့ အခန်းကဏ္ဍ နဲ့ ပတ်သက် လို့ စဉ်းစားစရာ ၂ မျိုးရှိပါတယ်။ ပထမ တစ်မျိုး က အတိုးနှုန်းဟာ ကုန်စည် သို့မဟုတ် ဆောင်ရွက်မှုရဲ့ ဝယ်လိုအားနဲ့   ရောင်းလို အားကို ဘယ်လို အကျိုးသက်ရောက်သလဲ။ နောက်တစ်မျိုးက အတိုးနှုန်းဟာ ငွေချေးလို့ရတဲ့ ငွေကြေးဈေးကွက် loanable funds market အတွက် ဝယ်လိုအားနဲ့ ရောင်းလိုအားကို ဘယ်လို အကျိုး သက်ရောက်သလဲ လို့ စဉ်းစားနိုင်ပါတယ်။ ဒီ နည်းလမ်း ၂ မျိုးစလုံးဟာ ဒင်္ဂါးပြားတစ်ခုရဲ့   ခေါင်းနဲ့ ပန်းလိုပါဘဲ။ 
