ရင်တွင်းစကား

မိမိ သိသမျှသော Economics နှင့် ပတ်သက်သည့် သင်ခန်းစာ ဆောင်းပါးများ၊ Accounting, Finance နှင့်ပတ်သက်သည့် သင်ခန်းစာ ဆောင်းပါးများကို စေတနာသန့်သန့်ဖြင့် ဝေမျှထားပါသည်။ စာရေးသူသည် သိပ်တော်၊ သိပ်တတ်နေတဲ့ ပညာရှင် တစ်ယောက် လုံးဝ မဟုတ်ပါ။ ဒါကြောင့် အမှားများပါလျှင် ခွင့်လွှတ်ကြပါလို့ ….

ဖြူ ဖြူ

Thanks so much for every comment. Actually, I am not an expert on web or blog. I just made Google search of HTML codes that gives the design I want.

06 March 2014

Property, Goods, or Services များအတွက် Notes ထုတ်ခြင်း

တစ်ခါတစ်ရံမှာ ကုမ္ပဏီတွေက Notes Payable ကို ထုတ်တာဟာ ငွေသားအတွက် မဟုတ်ဘဲ property, Goods သို့မဟုတ် Services များအတွက်လဲ ထုတ်ပါတယ်။ အဲဒီလို ငွေချေးစာချုပ်ကို property, goods or services များနဲ့ လဲလှယ်တဲ့အခါမှာ arm's length transaction နဲ့ ပြုလုပ်တာဖြစ်ပါတယ်။ arm's length transaction ကို အဓိပ္ပါယ်ဖွင့်ရမယ် ဆိုရင် property, goods or services များရဲ့ စျေးကွက်ပေါက်စျေး ကို ရောင်းသူ၊ ဝယ်သူ ၂ ဦးစလုံးက ဘယ်သူ့ပယောဂမှ မပါဘဲ မိမိတို့ စိတ်ဆန္ဒအတိုင်း လွတ်လပ်စွာ ဆုံးဖြတ် နိုင်တာဖြစ်ပါတယ်။ ဥပမာ အားဖြင့် အိမ်တစ်လုံးကို အရောင်းအဝယ် လုပ်တဲ့အခါမှာ ရောင်းသူ၊ နဲ့ ဝယ်သူ သည် တစ်ဦးနဲ့ တစ်ဦး ဆက်စပ်မှုမရှိဘူး။ ၂ ဦး စလုံးက ဒီ အိမ်နဲ့ ပတ်သက်ပြီး ညီမျှတဲ့   စျေးခေါ်နိုင်တဲ့၊ စျေးဆစ်နိုင်တဲ့ အင်အား ရှိတယ်။ ညီမျှတဲ့ သတင်းအချက် အလက် ရရှိနိုင်မှု ရှိတယ်။  ၂ ဦးစလုံးက နောက်ဆုံး သဘောတူညီလိုက်တဲ့ စျေးသည် စျေးကွက်ပေါက်စျေးနဲ့ အနီးစပ်ဆုံးဖြစ်တယ်။ ဒါမျိုးကို ဆိုလိုတာပါ။ တကယ်လို့သာ ရောင်းသူနဲ့ ဝယ်သူက ဥပမာအားဖြင့် သားအဖ ဖြစ်နေမယ်။ လင်မယား   ဖြစ်နေမယ်။ ကော်ပိုရေးရှင်း တစ်ခုနဲ့ ယင်းရဲ့ လက်အောက်ခံ ဌာနခွဲ ဖြစ်နေမယ် ဆိုရင် arm's length မဖြစ်တော့ပါဘူး။ ဘာလို့လဲ ဆိုတော့ အချင်းချင်းဆိုရင် စျေးလျှော့ပေး ကြမှာ ဖြစ်တဲ့အတွက် အရောင်း အဝယ်က စျေးကွက်ပေါက်စျေး နဲ့ မဖြစ်နိုင်တော့ ပါဘူး။

Share this PostPin ThisEmail This

04 March 2014

Time Value Table များ


Time Value Table များကို အလွယ်တကူ ကြည့်ရှုနိုင်ရန် သီးသန့်တွဲပေးထားပါသည်။


Share this PostPin ThisEmail This