ရင်တွင်းစကား

မိမိ သိသမျှသော Economics နှင့် ပတ်သက်သည့် သင်ခန်းစာ ဆောင်းပါးများ၊ Accounting, Finance နှင့်ပတ်သက်သည့် သင်ခန်းစာ ဆောင်းပါးများကို စေတနာသန့်သန့်ဖြင့် ဝေမျှထားပါသည်။ စာရေးသူသည် သိပ်တော်၊ သိပ်တတ်နေတဲ့ ပညာရှင် တစ်ယောက် လုံးဝ မဟုတ်ပါ။ ဒါကြောင့် အမှားများပါလျှင် ခွင့်လွှတ်ကြပါလို့ ….

ဖြူ ဖြူ

Thanks so much for every comment. Actually, I am not an expert on web or blog. I just made Google search of HTML codes that gives the design I want.

22 November 2012

ကူးသန်းရောင်းဝယ်ရေးဘဏ်တစ်ခု၏ ငွေကြေးဖန်တီးမှု လုပ်ဆောင်ချက်များ

             ဆောင်းပါးအသစ်လဲ မတင်နိုင်သေးလို့ တင်ပြီးသား   ဆောင်းပါးမှာ youtube video link ထပ်ထည့်ပေးပြီး   ပြန်တင်လိုက်တာပါ.. 
           ဒီဆောင်းပါးနဲ့ သင့်တော်တဲ့ video link ကလေးပါ.. ပိုပြီး   ပြည့်စုံသွားတာပေါ့နော်..။ click လုပ်ကြည့်နိုင်ပါ တယ်နော်..။
How Banks Create Money out of Thin Air



     
     အခုဖော်ပြမဲ့ လုပ်ဆောင်ချက် ၂ ခုကတော့ ကူးသန်း   ရောင်းဝယ်ရေးဘဏ် တွေအတွက် အလွန် အရေးကြီးပါ တယ်..။ ဘာလို့လဲဆိုတော့ (၁) ကူးသန်း ရောင်းဝယ်ရေးဘဏ် တစ်ခု ဟာ   ချေးငွေတွေ   ပြုလုပ်ခြင်းဖြင့် ဘယ်လို ငွေကြေး ဖန်တီးသလဲ (၂) ဘဏ်တွေဟာ အစိုးရ ငွေချေးစာချုပ်တွေ ဝယ်ယူခြင်းဖြင့် ဘယ်လို ငွေကြေးဖန်တီး သလဲ ဆိုတာကို ရှင်းပြထားလို့ဘဲ ဖြစ်ပါတယ်။ 

Share this PostPin ThisEmail This

ကူးသန်းရောင်းဝယ်ရေးဘဏ်တစ်ခု

ဆောင်းပါးအသစ်လဲ မတင်နိုင်သေးလို့ တင်ပြီးသား   ဆောင်းပါးမှာ youtube video link ထပ်ထည့်ပေးပြီး   ပြန်တင်လိုက်တာပါ.. 

ဒီဆောင်းပါးနဲ့ သင့်တော်တဲ့ video link ကလေးပါ.. ပိုပြီး   ပြည့်စုံသွားတာပေါ့နော်..။ click လုပ်ကြည့်နိုင်ပါတယ်နော်..။

How Banks Create Money out of Thin Air
     Fractional reserve banking system ရဲလုပ်ဆောင်ချက်တွေကို ပုံဖော်ဖို့အတွက် commercial bank တစ်ခုရဲ လက်ကျန်ရှင်းတမ်း balance sheet ကို စစ်ဆေးဖို့လိုပါတယ်။ ကူးသန်းရောင်းဝယ်ရေးတစ်ခုရဲ့ balance sheet ဆိုတာ အချိန်တစ်ချိန်ချိန်မှာရှိတဲ့ ဘဏ်ရဲ   ငွေရေးကြေးရေး အခြေအနေကို အကျဉ်းချုပ်ပြထားတဲ့ ရှင်းလင်းဖော်ပြချက် statement တစ်ခုဖြစ်ပြီး ရပိုင်ခွင့် assets တွေနဲ့ အဲဒီရပိုင်ခွင့်တွေကို   တောင်းခံပိုင်  ခွင့်တွေကို နှိုင်းယှဉ် ဖော်ပြ ထားပါတယ်။ balance sheet တိုင်းဟာ ညီမျှရ ပါတယ်။ ဆိုလိုတာက assets တွေဟာ အဲဒီ assets တွေကို တောင်းခံချက်တွေနဲ့ ညီမျှရပါတယ်။ လက်ကျန်ရှင်းတမ်းမှာ   ဖော်ပြထားတဲ့   တောင်းခံချက်တွေကို အုပ်စု ၂ ခုခွဲ ထားပါတယ်......။
   လုပ်ငန်းရဲ ပိုင်ရှင်မဟုတ်သူတွေရဲလုပ်ငန်းရဲ ရပိုင်ခွင့်တွေအပေါ်   တောင်းခံချက်တွေကို   ပေးရန်တာဝန် Liabilities လို့ ခေါ်ပြီး လုပ်ငန်းရဲ ပိုင်ရှင်တွေက လုပ်ငန်းရဲ ရပိုင်ခွင့်တွေ အပေါ်မှာ   တောင်းခံချက်တွေကို net worth လို့ခေါ်ပါတယ်။ assets ဘက်မှာ ငွေ ၁ ယူနစ် ပြောင်းလဲမှုတိုင်းကို liabilities နဲ့ net worth ဘက်မှာ ငွေ ၁ ယူနစ် ပြောင်းလဲမှုနဲ့ ချေဖျက်ရပါ တယ်။ liabilities နဲ့ net worth ဘက်မှာ ငွေ ၁ ယူနစ်   ပြောင်းလဲမှု တိုင်းကိုလဲ assets ဘက်မှာ ငွေ ၁ ယူနစ်   ပြောင်းလဲမှုနဲ့ ချေဖျက်ရပါတယ်။

Share this PostPin ThisEmail This