ရင်တွင်းစကား

မိမိ သိသမျှသော Economics နှင့် ပတ်သက်သည့် သင်ခန်းစာ ဆောင်းပါးများ၊ Accounting, Finance နှင့်ပတ်သက်သည့် သင်ခန်းစာ ဆောင်းပါးများကို စေတနာသန့်သန့်ဖြင့် ဝေမျှထားပါသည်။ စာရေးသူသည် သိပ်တော်၊ သိပ်တတ်နေတဲ့ ပညာရှင် တစ်ယောက် လုံးဝ မဟုတ်ပါ။ ဒါကြောင့် အမှားများပါလျှင် ခွင့်လွှတ်ကြပါလို့ ….

ဖြူ ဖြူ

Thanks so much for every comment. Actually, I am not an expert on web or blog. I just made Google search of HTML codes that gives the design I want.

01 January 2013

ကုန်စည်နဲ့ ဆောင်ရွက်မှု ဈေးကွက် အားမျှခြေ

Happy New Year 2013!!!!

ဆောင်းပါး မတင်ဖြစ်တာ ကြာပါပြီ။ လနဲ့ကို ချီနေပါပြီ။ 2013 Happy New Year နေ့ကလေး အမှတ်တရ ဖြစ်ရအောင် ဆောင်းပါး တစ်ပုဒ် ရအောင်ရေး၊ ဖြစ်အောင် တင်လိုက်ပါတယ်။ နှစ်သစ်မှာ မင်္ဂလာ အဖြာဖြာ ပြည့်ဝပြီး ကိုယ်ကျန်းမာ စိတ်ချမ်းသာ ကြပါစေ....

အခုတစ်ခါ စားသုံးမှု consumption ၊ ရင်းနှီးမြှုပ်နှံမှု investment နဲ့ အစိုးရ အသုံးစရိတ် government purchases တွေရဲ့ စုစုပေါင်းဟာ ထုတ်လုပ်တဲ့ ကုန်ထွက် ပမာဏနဲ့ တူညီပါတယ်လို့ သေချာပေါက် ဘယ်လို ပြောမလဲကို ဆန်းစစ် ကြည့်ပါမယ်။ ဆိုလိုတာက   ရောင်းလို အား ဖြစ်တဲ့  စုစုပေါင်း ထုတ်လုပ်တဲ့ ကုန်ထွက် GDP သို့မဟုတ် အမျိုးသား ဝင်ငွေ national income ဟာ  ဝယ်လိုအား ဖြစ်တဲ့ စားသုံးမှု consumption၊ ရင်းနှီးမြှုပ်နှံမှု investment၊ အစိုးရ အသုံးစရိတ် government purchases များနဲ့ ညီမျှမှု ရှိမရှိကို စိစစ်မှာပါ။  အတိုးနှုန်းဟာ ဝယ်လိုအားနဲ့   ရောင်းလိုအားကို ညီမျှစေတဲ့ ဈေးနှုန်းဘဲ ဖြစ်ပါတယ်။ စီးပွားရေး အဆောက်အအုံမှာ အတိုးနှုန်းရဲ့ အခန်းကဏ္ဍ နဲ့ ပတ်သက် လို့ စဉ်းစားစရာ ၂ မျိုးရှိပါတယ်။ ပထမ တစ်မျိုး က အတိုးနှုန်းဟာ ကုန်စည် သို့မဟုတ် ဆောင်ရွက်မှုရဲ့ ဝယ်လိုအားနဲ့   ရောင်းလို အားကို ဘယ်လို အကျိုးသက်ရောက်သလဲ။ နောက်တစ်မျိုးက အတိုးနှုန်းဟာ ငွေချေးလို့ရတဲ့ ငွေကြေးဈေးကွက် loanable funds market အတွက် ဝယ်လိုအားနဲ့ ရောင်းလိုအားကို ဘယ်လို အကျိုး သက်ရောက်သလဲ လို့ စဉ်းစားနိုင်ပါတယ်။ ဒီ နည်းလမ်း ၂ မျိုးစလုံးဟာ ဒင်္ဂါးပြားတစ်ခုရဲ့   ခေါင်းနဲ့ ပန်းလိုပါဘဲ။ 

စီးပွားရေး အဆောက်အအုံရဲ့ ကုန်ထွက်အတွက် ဝယ်လိုအားနဲ့ ရောင်းလိုအား ဟာ အားမျှခြေ ရှိမရှိကို အတိုးနှုန်းက ဘယ်လို ဆုံးဖြတ်ပေး  သလဲ ကြည့်ပါမယ်။ အရှေ့ဆောင်းပါးက ညီမျှခြင်းတွေကို စုပြီး ပြန်ကြည့်ကြရအောင်။ 


တိုင်းပြည်ရဲ့ကုန်ထွက်တွေ အတွက် ဝယ်လိုအားဟာ စားသုံးမှု၊ ရင်းနှီး မြှုပ်နှံမှုနဲ့ အစိုးရ အသုံးစရိတ်များ ကနေ ဖြစ်လာတာပါ။ စားသုံးမှုက အသားတင် ဝင်ငွေပေါ် မူတည်နေတယ်။ ရင်းနှီး မြှုပ်နှံမှုက အမှန်အတိုးနှုန်းပေါ် မူတည်နေတယ်။ အစိုးရ အသုံးစရိတ် နဲ့ အခွန်ငွေကတော့ ဘဏ္ဍာရေး မူဝါဒကို ချမှတ်သူများက သတ်မှတ်ထားတဲ့ ပြင်ပ ကိန်းရှင် exogenous variables  များ ဖြစ် တယ်။

နောက်တစ်ခါ ကုန်စည်နဲ့ ဆောင်ရွက်မှုများရဲ့ ရောင်းလိုအားကို ကြည့်ကြပါမယ်။ တစ်နည်းအားဖြင့် ကုန်စည်နဲ့ ဆောင်ရွက်မှုများရဲ့ ထုတ်လုပ် မှု ပေါ့။ တိုင်းပြည်ရဲ့ကုန်ထွက် အရေအတွက်ကို ကုန်ထုတ်သွင်းအားစု နဲ့ production function က ဆုံးဖြတ်ပေးပါတယ်။ ဒီနေရာမှာ ကုန်စည်နဲ့   ဆောင်ရွက်မှု တွေကို ထုတ်လုပ်ဖို့ ကုန်ထုတ်သွင်းအားစု factors of production   တွေကို အရင်းအနှီး capital နဲ့ လုပ်သား labor လို့ ယူဆမယ်။ ပြီးတော့ တိုင်းပြည်မှာ အရင်းအနှီး capital နဲ့ လုပ်သား labor အကန့်အသတ် ရှိတယ်လို့ ယူဆထားပါတယ်။ 

တိုင်းပြည်ကုန်ထွက်အတွက် ဝယ်လိုအားနဲ့ ရောင်းလိုအားကို ဖော်ပြတဲ့ ညီမျှခြင်းတွေကို စုစည်းကြည့်ကြမယ်။
အခု consumption function C = C(Y - T) နဲ့ investment function I = I(r) ကို national income accounts identity ညီမျှခြင်း ထဲကို အစားထည့်လိုက်ရင်-                                  
ကိုရပါတယ်။

ဒီနေရာမှာ ကိန်းရှင် G နဲ့ T ဟာ ကိန်းသေဖြစ်တဲ့ အပြင် ကုန်ထွက်အဆင့် Y ကိုလဲ ကုန်ထုတ်သွင်းအားစုများနဲ့ production function က ကန့်သတ်ထားတဲ့ အတွက် အထက်ပါ ညီမျှခြင်းကို အခုလို ပြန်ပြင်ရေးနိုင်ပါတယ်။


ဒီညီမျှခြင်းကတော့ စုစုပေါင်းကုန်ထွက်ရဲ့ ရောင်းလိုအား ဟာ ဝယ်လိုအားဖြစ်တဲ့ စားသုံးမှု၊ ရင်းနှီးမြှုပ်နှံမှုနဲ့ အစိုးရ အသုံးစရိတ် စုစုပေါင်း နဲ့ ညီမျှတာကို ပြပါတယ်။  သတိပြုရမှာက အတိုးနှုန်း r သည်သာ ကိန်းရှင်ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အတိုးနှုန်း r ကသာ တိုင်းပြည်ကုန်ထွက်ရဲ့ ဝယ်လိုအားနဲ့  ရောင်းလိုအားကို ညီမျှအောင် ညှိနှိုင်းပေးမဲ့ အဓိက ဇတ်ကောင်  ဖြစ်လို့ ပါဘဲ. .  အတိုးနှုန်း မြင့်လေလေ.. ရင်းနှီး မြှုပ်နှံမှု နိမ့်လေလေ ဖြစ်ပြီး ကုန်စည်နဲ့ ဆောင်ရွက်မှုရဲ့ ဝယ်လိုအား ဖြစ်တဲ့ C + I + G လဲ နိမ့်ကျသွားမှာပါ။ တကယ်လို့ အတိုးနှုန်းက သိပ် မြင့်လွန်းသွားရင် ရင်းနှီးမြှုပ်နှံမှု တအား နိမ့်သွားပြီး ကုန်ထွက်အတွက် ဝယ်လိုအားဟာ  ရောင်းလိုအား ထက်  နိမ့်သွားမှာ ဖြစ်ပါတယ်။ အတိုးနှုန်းက သိပ်နိမ့်သွားရင်လဲ ရင်းနှီးမြှုပ်နှံမှုက သိပ်မြင့်ပြီး ဝယ်လိုအားဟာ ရောင်းလိုအားထက်   ကျော်လွန်သွား  မှာ ဖြစ်ပါတယ်။ အားမျှခြေ အတိုးနှုန်းမှာတော့ ကုန်စည်နဲ့   ဆောင်ရွက်မှု ရဲ့ဝယ်လိုအားနဲ့ ရောင်းလိုအား ညီမျှမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ အတိုးနှုန်းက  ဝယ်လိုအားနဲ့ ရောင်းလိုအား ညီမျှစေတဲ့ အဆင့်ကို ဘယ်လို ရောက်မှာလဲလို့ ခေါင်းစားစရာ  ဖြစ်လာ ပါတယ်။ အဖြေကတော့ ငွေကြေး ဈေးကွက် financial markets  တွေဟာ ဘယ်လို ပါဝင်သလဲ ဆိုတာ ပါဘဲ။

ငွေကြေးဈေးကွက်ရဲ့ အားမျှခြေ 


အတိုးနှုန်းဟာ ငွေချေးဌားစရိတ် cost of borrowing ဖြစ်ပြီး financial market မှာ ငွေထုတ်ချေးသူအတွက် ပြန်ရငွေလဲ ဖြစ်တဲ့အတွက်   ငွေကြေးဈေးကွက်များကို ထည့်သွင်း စဉ်းစားခြင်းဖြင့်  အတိုးနှုန်းရဲ့ အခန်းကဏ္ဍကို ပိုပြီး နားလည်နိုင်ပါတယ်။  ဒါကြောင့် national income identity ကို ပြန်ရေးမယ်ဆိုရင်-


Y - C - G သည် စားသုံးသူများနဲ့ အစိုးရရဲ့ ဝယ်လိုအားတွေကို ပြည့်ဝစွာ ဖြည့်ဆည်းပြီးနောက် ကျန်တဲ့ ကုန်ထွက်ဘဲ ဖြစ်ပါတယ်။ ဒါကို national saving သို့မဟုတ် saving (S) လို့ ခေါ်ပါတယ်။ ဒီပုံစံမှာ national income accounts identity သည် saving နဲ့ investment တူညီပါတယ်။ 

ဒါကို ပိုပြီး နားလည် နိုင်ဖို့အတွက် national saving (S) ကို ၂ ပိုင်းခွဲ နိုင်ပါတယ်။ တစ်ပိုင်းကတော့ ပုဂ္ဂလိက ကဏ္ဍကို ကိုယ်စားပြုပြီး   နောက်တစ်ပိုင်းကတော့ အစိုးရကဏ္ဍကို ကိုယ်စားပြုပါတယ်။ 

Y - T - C သည် အသားတင်ဝင်ငွေ Y - T ထဲက စားသုံးမှု C ကို နှုတ်ထားတာ ဖြစ်ပါတယ်။ တနည်းအားဖြင့် ပုဂ္ဂလိက စုဆောင်းမှု private saving ဖြစ်ပါတယ်။ T - G ကတော့ အစိုးရ ရငွေထဲက အစိုးရ အသုံးစရိတ်ကို နုတ်ထားတာ ဖြစ်ပါတယ်။ အစိုးရ စုဆောင်းမှု public saving ဖြစ်ပါတယ်။ တကယ်လို့ အစိုးရ အသုံးစရိတ်က ရငွေထက် မြင့်နေရင် အစိုးရ လိုငွေ budget deficit   ဖြစ်ပြီး public saving က အနုတ် ဖြစ်သွားပါတယ်။  national saving S သည် ပုဂ္ဂလိက နဲ့ အစိုးရ စုဆောင်းမှု ၂ ခု ပေါင်း ထား တာ ဖြစ်ပါတယ်။ ဒီညီမျှခြင်းသည် ငွေကြေးဈေးကွက်ထဲသို့ ပုဂ္ဂလိက နဲ့ အစိုးရ စုဆောင်းမှု စီးဝင်ခြင်းဟာ ငွေကြေးဈေးကွက် ထဲက စီးထွက်တဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ တူညီတာကို ပြသပါတယ်။

အတိုးနှုန်းက ငွေကြေးဈေးကွက် အားမျှခြေကို ဘယ်လို ရောက်စေသလဲ ဆိုတာ မြင်ဖို့ consumption function C = C(Y - T)  နဲ့ investment function I = I(r) ကို national income accounts identity ကို ပြန်ပြင်ရေးထားတဲ့ ညီမျှခြင်းထဲသို့ ထည့် ကြည့် ပါမယ်။
နောက်ပြီး အစိုးရ အသုံးစရိတ် G နဲ့ အခွန်အခ T ဟာ ပေါ်လစီအရ ကိန်းသေ ဖြစ်ပြီး တိုင်းပြည်ကုန်ထွက် Y ဟာ ကုန်ထုတ် သွင်းအားစုများနဲ့  production function အရ ကိန်းသေ ဖြစ်ပါတယ်။ 

ညီမျှခြင်းရဲ့ ဘယ်ဘက်ခြမ်းက national saving သည် ဝင်ငွေ Y ၊ ဘဏ္ဍာရေး မူဝါဒ ကိန်းရှင် အစိုးရ အသုံးစရိတ် G နဲ့ အခွန်အခ T ပေါ်မှာ မူတည်တာကို ပြပါတယ်။ Y ရယ်၊ G ရယ်.. T ရယ်ဟာ ကိန်းသေတွေ ဖြစ်လို့ S ကလဲ ကိန်းသေ ဖြစ်ပါတယ်။ ညီမျှခြင်းရဲ့ ညာဘက်ခြမ်း က ရင်းနှီးမြှုပ်နှံမှုကတော့ အတိုးနှုန်း r ပေါ်မူတည်တာကို ပြပါတယ်။ 

အောက်ပါ graph ကတော့ saving နဲ့ investment သည် အတိုးနှုန်း r ရဲ့ function အဖြစ်နဲ့ ဖော်ပြထားပါတယ်။ saving က အတိုးနှုန်း r   ပေါ်မှာ မူမတည်ဘူးလို့ ယူဆထားတဲ့ အတွက် saving function က ဒေါင်လိုက်မျဉ်းမတ် ဖြစ်ပါတယ်။ investment function ရဲ့   လျှောစောက် slope ကတော့ downward ဖြစ်ပါတယ်။ အတိုးနှုန်းမြင့်လေ ရင်းနှီးမြှုပ်နှံမှုက နိမ့်လေ ဖြစ်ပါတယ်။ saving က   ငွေချေးဌား   နိုင်တဲ့   ဈေးကွက်မှာ  ရောင်းလိုအား ဖြစ်ပြီး investment ကတော့ ဝယ်လိုအား ဖြစ်ပါတယ်။ ဒီမျဉ်း ၂ ခုရဲ့  ဆုံမှတ်ကတော့ အားမျှခြေ အတိုးနှုန်း ကို ဆုံးဖြတ်ပေးပါတယ်။


 အထက်ပါပုံကို ကုန်စည်တစ်ခုရဲ့ဝယ်လိုအား၊ ရောင်းလိုအားနဲ့ နှိုင်းယှဉ်နိုင်ပါတယ်။ loanable funds က ကုန်စည်၊ ရောင်းလိုအား နဲ့ ဝယ်လိုအားက saving နဲ့ investment ၊ price က အတိုးနှုန်း စသည်ဖြင့် ယှဉ် နိုင်ပါတယ်။ saving က loanable funds ရဲ့   ရောင်းလို  အား ဖြစ်တော့ အိမ်ထောင်စုတွေက သူတို့ရဲ့ စုငွေတွေကို ရင်းနှီးမြှုပ်နှံသူတွေဆီ ထုတ်ချေးပါတယ်။ သို့မဟုတ် ဘဏ်တွေမှာ အပ်ငွေတွေ အဖြစ် အပ်ပါတယ်။ investment က loanable funds ရဲ့ဝယ်လိုအား ဖြစ်တော့ ရင်းနှီးမြှုပ်နှံသူတွေ က ငွေတိုက်စာချုပ် bonds တွေကို အိမ်ထောင်စုတွေဆီ တိုက်ရိုက်ရောင်းပြီး ငွေချေးသလို သွယ်ဝိုက်သော အားဖြင့်လဲ ဘဏ်တွေ ဆီက ငွေချေးပါတယ်။ investment က အတိုးနှုန်းပေါ် မူတည်တဲ့ အတွက်ကြောင့် ဝယ်လိုအား အရေအတွက်ကလဲ အတိုးနှုန်းပေါ် မူတည်ပါတယ်။ 

လုပ်ငန်းတွေက ရင်းနှီးမြှုပ်နှံချင်တဲ့ ပမာဏနဲ့ အိမ်ထောင်စုတွေက စုဆောင်းချင်တဲ့ ပမာဏ တူညီတဲ့အထိ အတိုးနှုန်းက ညှိနှိုင်း   ပေးပါတယ်။ အတိုးနှုန်းက သိပ်နိမ့်နေရင် ရင်းနှီးမြှုပ်နှံသူတွေက ရင်းနှီးမြှုပ်နှံလိုတာဟာ အိမ်ထောင်စုတွေက စုဆောင်းချင် တာထက် များနေမယ်။ loanable funds ဝယ်လိုအား အရေအတွက် က ရောင်းလိုအား အရေအတွက်ထက် များနေမယ်။ အဲလို ဖြစ်လာရင် အတိုးနှုန်းက တက်လာ  မယ်။ ဆန့်ကျင်ဘက် အားဖြင့် အတိုးနှုန်းက သိပ်မြင့်နေရင် အိမ်ထောင်စုတွေက စုဆောင်းချင်တာဟာ ရင်းနှီးမြှုပ်နှံချင်တာထက် များမှာ   ဖြစ်ပါတယ်။ loanable funds ရောင်းလိုအား အရေအတွက်က ဝယ်လိုအား အရေအတွက်ထက် များနေတာကြောင့် အတိုးနှုန်းက ကျလာမှာပါ။ မျဉ်း၂ ခု ဆုံတဲ့ နေရာမှာ အားမျှခြေ အတိုးနှုန်း ကို ရပါတယ်။ 

အားမျှခြေ အတိုနှုန်းမှာ အိမ်ထောင်စုတွေရဲ့ စုဆောင်းချင်တဲ့ ပမာဏနဲ့ လုပ်ငန်းတွေရဲ့ ရင်းနှီးမြှုပ်နှံလိုတဲ့ ပမာဏ ညီပါတယ်။ loanable funds ဝယ်လိုအားနဲ့ ရောင်းလိုအား ညီမျှပါတယ်။ နောက်ဆောင်းပါးများမှာ saving ပြောင်းရင် ဘယ်လို အကျိုး သက်ရောက်မယ်.. investment ပြောင်းရင် ဘယ်လို အကျိုးသက်ရောက်မယ်ကို ရေးသားပါမယ်..

ဖတ်ရှု အကျိုးများပါစေ..။

N. Gregory Mankiw ရေးသားသော "Macroeconomics" 6th edition မှ ဆီလျော်အောင် ထုတ်နုတ် ဘာသာ ပြန်ဆိုပါသည်။

ဖြူ ဖြူ
Share this PostPin ThisEmail This

9 comments:

  1. good article and we can get a lot of knowledge.

    ReplyDelete
  2. I was recommended this web site by my cousin. I am not sure whether this post is written by him as no one else know such detailed about my trouble.
    You are wonderful! Thanks!

    Feel free to surf to my homepage; minecraft.net

    ReplyDelete
  3. It's remarkable to visit this web page and reading the views of
    all colleagues about this paragraph, while
    I am also eager of getting know-how.

    My site: MariluSMckiddy

    ReplyDelete
  4. These are genuinely impressive ideas in about blogging.

    You have touched some nice points here. Any way keep up
    wrinting.

    my web site DanialRRolfs

    ReplyDelete
  5. Thank you for the good writeup. It in fact was a amusement account it.

    Look advanced to more added agreeable from you!

    However, how can we communicate?

    Feel free to visit my web-site ... TannerLSchlecter

    ReplyDelete
  6. Great post but I was wondering if you could write a litte more on this topic?

    I'd be very grateful if you could elaborate a little
    bit further. Kudos!

    my homepage ChristoperJFret

    ReplyDelete
  7. When I originally commented I clicked the
    "Notify me when new comments are added" checkbox and now each time
    a comment is added I get four emails with the same comment.
    Is there any way you can remove me from that service?
    Appreciate it!

    Also visit my weblog; CarlottaWFiwck

    ReplyDelete