ရင်တွင်းစကား

မိမိ သိသမျှသော Economics နှင့် ပတ်သက်သည့် သင်ခန်းစာ ဆောင်းပါးများ၊ Accounting, Finance နှင့်ပတ်သက်သည့် သင်ခန်းစာ ဆောင်းပါးများကို စေတနာသန့်သန့်ဖြင့် ဝေမျှထားပါသည်။ စာရေးသူသည် သိပ်တော်၊ သိပ်တတ်နေတဲ့ ပညာရှင် တစ်ယောက် လုံးဝ မဟုတ်ပါ။ ဒါကြောင့် အမှားများပါလျှင် ခွင့်လွှတ်ကြပါလို့ ….

ဖြူ ဖြူ

Thanks so much for every comment. Actually, I am not an expert on web or blog. I just made Google search of HTML codes that gives the design I want.

03 January 2013

ရင်းနှီးမြှုပ်နှံမှု ဝယ်လိုအား ပြောင်းလဲခြင်း

ဘဏ္ဍာရေး မူဝါဒ ဖြစ်တဲ့ အစိုးရ အသုံးစရိတ်နဲ့ အခွန်အခ ပြောင်းလဲမှုဟာ national saving ကို ဘယ်လို   ပြောင်းလဲစေသလဲကို အရှေ့က ဆောင်းပါးမှာ ရှင်းခဲ့ပြီးပါပြီ..။ အခုတစ်ခါ ရင်းနှီး မြှုပ်နှံမှု ဝယ်လိုအား ကို စစ်ဆေးဖို့လဲ model ကို အသုံးပြုနိုင်ပါတယ်။ ရင်းနှီးမြှုပ်နှံမှု အပြောင်းအလဲတွေရဲ့ အကြောင်းနဲ့ အကျိုးကို စစ်ဆေးကြည့်ပါမယ်။

ရင်းနှီးမြှုပ်နှံမှု ဝယ်လိုအားကို တိုးလာစေတဲ့ အကြောင်းရင်း တစ်ရပ်ကတော့ နည်းပညာ တီထွင် ဖန်တီးမှု ဘဲ ဖြစ်ပါတယ်။ ဥပမာအားဖြင့် တစ်စုံတစ်ယောက်က ရထားလမ်း၊ ကွန်ပြူတာ စတဲ့ နည်းပညာအသစ် တစ်ခု တီထွင်တယ် ဆိုပါစို့ ။ လုပ်ငန်းတစ်ခု သို့မဟုတ် အိမ်ထောင်စု တစ်ခုက တီထွင်မှုရဲ့အကျိုးကျေးဇူး ကို ရရှိ ခံစားခြင်း မပြုနိုင်ခင်မှာ ရင်းနှီး မြှုပ်နှံမှု ကုန်စည်ကို ဝယ်ယူရပါတယ်။ ရထားလမ်းကို တီထွင် လိုက်ပေမဲ့ ရထားတွေကို မထုတ်လုပ် နိုင်ခင်အထိ ဘာမှ တန်ဘိုး မရှိပါဘူး။ ကွန်ပြူတာတွေကို မထုတ်လုပ် နိုင်ခင်အထိ ကွန်ပြူတာဆိုတဲ့  အကြံအစည်တစ်ခုဟာလဲ အလကားပါဘဲ။ ဒါကြောင့် နည်းပညာ တီထွင်မှုတစ်ခု အကောင်အထည်ပေါ်နိုင်ရေး အတွက် ရင်းနှီးမြှုပ်နှံမှု ကုန်စည်တွေကို ဝယ်ယူ လုပ်ကိုင်ရသောကြောင့် ရင်းနှီးမြှုပ်နှံမှု ကုန်စည်ရဲ့ဝယ်လိုအားဟာ တက်လာပါတယ်။

အစိုးရက အခွန် ဥပဒေကတစ်ဆင့်  ရင်းနှီးမြှုပ်နှံမှုကို အားပေးခြင်း၊ အားမပေးခြင်း များကြောင့်လဲ ရင်းနှီးမြှုပ်နှံမှု ဝယ်လိုအားသည် ပြောင်းလဲ နိုင်ပါတယ်။ ဥပမာ အားဖြင့် အစိုးရက လူတွေရဲ့ ဝင်ငွေခွန်ကို တိုးမြှင့်  ကောက်ခံပြီး ရလာတဲ့ ငွေတွေကို ရင်းနှီး မြှုပ်နှံမဲ့သူတွေ အတွက် အခွန်အခ လျှော့ချပေးတာ အတွက် သုံးတယ် ဆိုပါစို့ ။ အဲဒီလို အခွန် ဥပဒေကို ပြင်ဆင်လိုက်တာဟာ နည်းပညာ အသစ်တီထွင်မှု ကဲ့သို့သော ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေကို အမြတ်အစွန်း ရစေပြီး ရင်းနှီးမြှုပ်နှံမှု ကုန်စည်တွေရဲ့ ဝယ်လိုအားကလဲ တက်လာပါတယ်။ 

အောက်ပါ graph ကတော့ ရင်းနှီးမြှုပ်နှံမှု ဝယ်လိုအား တက်လာခြင်းရဲ့ အကျိုးသက်ရောက်မှုကို ပြပါ တယ်။  

 ဘယ်အတိုးနှုန်းမှာမဆို ရင်းနှီး မြှုပ်နှံမှု ကုန်စည်အတွက် ဝယ်လိုအား၊ loanable funds အတွက် ဝယ်လို အား  တွေက မြင့်မားနေပါတယ်။ ဒီဝယ်လိုအား မြင့်မားမှုဟာ ရင်းနှီး မြှုပ်နှံမှု မျဉ်းကွေးကို ညာဘက် ကို   ရွေ့သွားစေပါတယ်။ စီးပွားရေး အဆောက်အအုံ ဟာ အားမျှခြေ အဟောင်း A ကနေ အားမျှခြေ အသစ် B ကို ရွေ့သွားပါတယ်။ စုဆောင်းမှု ပမာဏဟာ ပုံသေ ဖြစ်နေတဲ့ အတွက် တနည်းအားဖြင့် ပြောရရင် loanable funds ရောင်းလိုအားဟာ ပုံသေ ဖြစ်တဲ့အတွက် ရင်းနှီးမြှုပ်နှံမှု ဝယ်လိုအား တက်လာတာဟာ ရင်းနှီး မြှုပ်နှံမှု ပမာဏ မပြောင်းလဲဘဲနဲ့ အတိုးနှုန်းကို ဘဲ မြင့်တက်သွား   စေပါတယ်။ 

သို့သော်လည်း ကျွန်မတို့က စားသုံးမှု ဖန်ရှင်ကို ပြင်လိုက်မယ်ဆိုရင်၊ စားသုံးမှုကို အတိုးနှုန်းပေါ် မှီခိုတယ် လို့ ယူဆလိုက်ရင် ကွဲလွဲတဲ့ ကောက်ချက်ချမှုကို ပြုလုပ်နိုင်ပါတယ်။ (စားသုံးမှုက အသားတင်ဝင်ငွေပေါ် မှီခိုတယ် လို့ ယူဆခဲ့ပါတယ်။) တနည်းအားဖြင့် စားသုံးမှုနဲ့ စုဆောင်းမှုက ဆန့်ကျင်ဘက် ဖြစ်ပါတယ်။  အတိုးနှုန်းက စုဆောင်းမှုက ပြန်ရငွေ၊ တစ်ခါ  ငွေချေးဌားမှု စရိတ် ဖြစ်တဲ့ အတွက်ကြောင့် အတိုးနှုန်း မြင့် မားတာဟာ စားသုံးမှုကို ကျဆင်းစေပြီး စုဆောင်းမှုကို တိုးပွားစေပါတယ်။ အဲလိုဆိုရင် စုဆောင်းမှု မျဉ်းကွေးဟာ ဒေါင်လိုက် မျဉ်းမတ် မဖြစ်တော့ဘဲ upward sloping မျဉ်းကွေး   ဖြစ်သွား မှာ ဖြစ်ပါတယ်။ 

 စုဆောင်းမှုနဲ့ အတိုးနှုန်းက တိုက်ရိုက် ဆက်စပ်နေတဲ့အခါ ရင်းနှီး မြှုပ်နှံမှု ဝယ်လိုအား မျဉ်းကွေး ညာဘက် ကို တက်သွားတာဟာ အတိုးနှုန်းကိုလဲ မြင့်စေသလို ရင်းနှီး မြှုပ်နှံမှု ပမာဏကိုလဲ တိုးလာစေပါတယ်။ ပထမ ပုံမှာတုံးက စုဆောင်းမှုက ကိန်းသေ မျဉ်းမတ်၊ ရောင်းလိုအားက ပုံသေဖြစ်ပြီး ဝယ်လိုအား တက်လာတော့ အတိုးနှုန်းကဘဲ မြင့်တက်သွားပြီး ရင်းနှီး မြှုပ်နှံမှု ပမာဏကတော့ ဒီအတိုင်းဘဲ ဖြစ်ခဲ့တယ်။ အခုဟာက စုဆောင်းမှုက အတိုးနှုန်းပေါ် မူတည်တဲ့ အတွက် ရင်းနှီး မြှုပ်နှံမှု ဝယ်လိုအား တက်လို့ အတိုးနှုန်း တက်တာသည် စုဆောင်းမှုကို ပါ တက်လာစေတယ်။ အတိုးနှုန်းတက်တော့ လူတွေက ပိုမို စုဆောင်းကြတယ်။ စားသုံးမှုကို လျှော့ ကြတယ်။ စုဆောင်းငွေတွေ တက်လာတော့ ရင်းနှီး မြှုပ်နှံတဲ့ သူတွေ ငွေချေးဖို့ loanable funds တွေများလာ တာပေါ့။ ဒီတော့ ရင်းနှီး မြှုပ်နှံတဲ့ ပမာဏလဲ တက်လာ တာပေါ့။ 

စုဆောင်းမှုက upward sloping မျဉ်းကွေး ဖြစ်သွားတော့ ရင်းနှီး မြှုပ်နှံမှု ဝယ်လိုအား တက်တာဟာ အားမျှခြေ အတိုးနှုန်းနဲ့ အားမျှခြေ ရင်းနှီး မြှုပ်နှံမှု ပမာဏ ကို မြင့်တက်စေတယ်။ အိမ်ထောင်စုတွေက စားသုံးမှုကို လျှော့ပြီး ပိုစုကြတော့  ရင်းနှီး မြှုပ်နှံမှု အတွက် အရင်းအမြစ်တွေ များလာတာပေါ့။ 

ဒီအထိက စီးပွားရေး အဆောက်အအုံသည် အခြား တိုင်းပြည်များနဲ့ ကုန်သွယ်မှု မရှိဘူးလို့ ယူဆခဲ့တယ်။ လုပ်သားအင်အားကို အပြည့်အဝ အသုံးချ fully employed ထားတယ်။ နောက် ကုန်ထုတ်စွမ်းအားစု များဖြစ်တဲ့ capital stock နဲ့ labor ကို အကန့်အသတ် ရှိတယ်လို့  ယူဆခဲ့တယ်။ 

စီးပွားရေး အဆောက်အအုံရဲ့ ကုန်ထွက်တွေကို စားသုံးမှု၊ ရင်းနှီး မြှုပ်နှံမှုနဲ့ အစိုးရ အသုံးစရိတ် အတွက် အသုံးပြုတယ်။ စားသုံးမှုက အသားတင်ဝင်ငွေ နဲ့ တိုက်ရိုက် အချိုးကျတယ်။ ရင်းနှီး မြှုပ်နှံမှုနဲ့ အမှန် အတိုးနှုန်းက ပြောင်းပြန် ဆက်စပ်တယ်။ အစိုးရ အသုံးစရိတ် နဲ့ အခွန်အခ များသည် ဘဏ္ဍာရေး မူဝါဒရဲ့ ပြင်ပ ကိန်းရှင်များ ဖြစ်တယ်။ 

တိုင်းပြည်ကုန်ထွက်ရဲ့ ဝယ်လိုအားနဲ့ ရောင်းလိုအားကို အားမျှခြေ ဖြစ်စေဖို့ အတိုးနှုန်းက ညှိနှိုင်းပေးတယ်။ တနည်းအားဖြင့် loanable funds ရဲ့ ရောင်းလိုအား saving နဲ့ ဝယ်လိုအား investment ကို အားမျှခြေ   ရောက်စေရန် အတိုးနှုန်းက ညှိနှိုင်းပေးတယ်။ အစိုးရ အသုံးစရိတ် မြင့်လို့ national saving ကျတာ သို့မဟုတ် အခွန်အခ လျှော့ချတာဟာ ရင်းနှီး မြှုပ်နှံမှု အားမျှခြေ ပမာဏကို ကျစေပြီး အတိုးနှုန်း ကို   မြင့်မားစေတယ်။ 

နည်းပညာ တီထွင်မှုကြောင့် ၊ ရင်းနှီး မြှုပ်နှံမှု အတွက် အခွန်အခ လျှော့ပေါ့ပေးမှု ဆွဲဆောင်ချက်ကြောင့် ရင်းနှီး မြှုပ်နှံမှု ဝယ်လိုအား တက်လာတာဟာ အတိုးနှုန်းကို တက်လာစေတယ်။ ရင်းနှီးမှု ပမာဏကတော့ မပြောင်းလဲဘူး။ အတိုးနှုန်းက စုဆောင်းမှုကို တွန်းအားပေးတယ် ဆိုရင်တော့ ရင်းနှီး မြှုပ်နှံမှု ဝယ်လိုအား တက်လာတာဟာ ရင်းနှီးမှု ပမာဏကိုပါ တိုးစေတယ်။ 

ဖတ်ရှု အကျိုးများပါစေ။

N. Gregory Mankiw ရေးသားသော "Macroeconomics" 6th edition မှ ဆီလျော်အောင် ထုတ်နုတ် ဘာသာ ပြန်ဆိုပါသည်။

ဖြူ ဖြူ


Share this PostPin ThisEmail This

25 comments:

  1. It's a good idea.

    ReplyDelete
  2. အမရေ လေ့လာသွားပါတယ်နော်

    ReplyDelete
  3. ကျေးဇူး အထူး.. စုတို့ဘဲ အားပေးတဲ့သူရှိတယ်.. :(

    ReplyDelete
  4. Good morning how are you?

    My name is Emilio, I am a Spanish boy and I live in a town near to Madrid. I am a very interested person in knowing things so different as the culture, the way of life of the inhabitants of our planet, the fauna, the flora, and the landscapes of all the countries of the world etc. in summary, I am a person that enjoys traveling, learning and respecting people's diversity from all over the world.

    I would love to travel and meet in person all the aspects above mentioned, but unfortunately as this is very expensive and my purchasing power is quite small, so I devised a way to travel with the imagination in every corner of our planet. A few years ago I started a collection of used stamps because trough them, you can see pictures about fauna, flora, monuments, landscapes etc. from all the countries. As every day is more and more difficult to get stamps, some years ago I started a new collection in order to get traditional letters addressed to me in which my goal was to get at least 1 letter from each country in the world. This modest goal is feasible to reach in the most part of countries, but unfortunately it’s impossible to achieve in other various territories for several reasons, either because they are countries at war, either because they are countries with extreme poverty or because for whatever reason the postal system is not functioning properly.

    For all this I would ask you one small favor:
    Would you be so kind as to send me a letter by traditional mail from Myanmar? I understand perfectly that you think that your blog is not the appropriate place to ask this, and even, is very probably that you ignore my letter, but I would call your attention to the difficulty involved in getting a letter from that country, and also I don’t know anyone neither where to write in Myanmar in order to increase my collection. a letter for me is like a little souvenir, like if I have had visited that territory with my imagination and at same time, the arrival of the letters from a country is a sign of peace and normality and an original way to promote a country in the world. My postal address is the following one:

    Emilio Fernandez Esteban
    Calle Valencia, 39
    28903 Getafe (Madrid)
    Spain

    If you wish, you can visit my blog www.cartasenmibuzon.blogspot.com where you can see the pictures of all the letters that I have received from whole World.

    Finally I would like to thank the attention given to this letter, and whether you can help me or not, I send my best wishes for peace, health and happiness for you, your family and all your dear beings.

    Yours Sincerely

    Emilio Fernandez

    ReplyDelete
  5. Do you have a spam problem on this site; I also am a blogger,
    and I was wanting to know your situation; we have created some nice practices and
    we are looking to swap solutions with others, why not shoot me an e-mail if interested.


    my blog post: best dating sites

    ReplyDelete
  6. GooԀ way of explaining, and pleasant piece of writing
    too tаke data onn tɦе topic οf my presentation subject, ԝhich і am gօing
    to deliver іn academy.

    Μy site :: Cash for annuity

    ReplyDelete
  7. After I initially commented I seem to have clicked on the
    -Notify me when new comments are added- checkbox and now each time a comment
    is added I get 4 emails with the same comment.
    Is there a way you are able to remove me from that service?
    Cheers!

    Also visit my blog post; best carpet cleaner

    ReplyDelete
  8. What's up colleagues, fastidious article and fastidious urging
    commented here, I am genuinely enjoying by these.

    Also visit my page :: web site ()

    ReplyDelete
  9. Hi, this weekend is good for me, because this occasion i
    am reading this enormous educational piece of writing here at my home.


    Visit my website wine cooler reviews

    ReplyDelete
  10. Hi would you mind letting me know which webhost you're working with?
    I've loaded your blog in 3 different web browsers and I must say this blog loads a lot quicker then most.
    Can you suggest a good hosting provider at a honest price?
    Kudos, I appreciate it!

    My webpage: affiliate.realpassiveprofits.com ()

    ReplyDelete
  11. Every weekend i used to pay a quick visit this site, as i want enjoyment, since this this site
    conations actually nice funny stuff too.

    Feel free to surf to my weblog - best humidifier

    ReplyDelete
  12. Hi, I would like to subscribe for this website to get most up-to-date updates, so where can i do
    it please assist.

    My web page best digital camera under 200

    ReplyDelete
  13. Thankfulness to my father who stated to me about this weblog, this web site is
    genuinely remarkable.

    Here is my web page ... range hood reviews

    ReplyDelete
  14. Hello There. I found your blog using msn. This is a very well written article.
    I will make sure to bookmark it and come back to read more
    of your useful information. Thanks for the post.
    I will certainly return.

    Here is my page: spring air mattress reviews

    ReplyDelete
  15. magnificent publish, very informative. I ponder why the other specialists of this sector don't notice this.
    You must proceed your writing. I'm sure, you have a great readers' base
    already!

    Here is my website hostgator promo codeImage_Comment The Hostgator Coupon Codes will be worthwhile for you if your work is said to web site advertising.

    ReplyDelete
  16. Excellent way of describing, and nice article to take information on the topic of my presentation subject matter, which i am going to convey
    in school.

    Also visit my web site :: spray gun for painting

    ReplyDelete
  17. Its such as you learn my mind! You seem to know so much about this, like you wrote
    the ebook in it or something. I believe that you can do
    with a few p.c. to drive the message home a bit,
    however instead of that, that is fantastic blog.
    A fantastic read. I will certainly be back.

    Also visit my blog post ... best vacuum for hardwood floors

    ReplyDelete
  18. Just want to say your article is as astounding.
    The clearness in your post is just nice and i can assume you are
    an expert on this subject. Fine with your permission allow me to grab
    your RSS feed to keep up to date with forthcoming post.
    Thanks a million and please keep up the rewarding work.


    Here is my site: minecraft.Net

    ReplyDelete
  19. It's awesome in support of me to have a web site, which is helpful for my know-how.
    thanks admin

    Feel free to surf to my site: AlbertoJScheule

    ReplyDelete
  20. Hey! I know this is kinda off topic but I was wondering if you
    knew where I could locate a captcha plugin for my comment form?

    I'm using the same blog platform as yours and I'm having trouble finding one?

    Thanks a lot!

    Here is my web site :: TerranceJBleggi

    ReplyDelete
  21. I am regular reader, how are you everybody? This piece of writing posted
    at this web site is actually pleasant.

    Also visit my blog post :: NathanialBYanko

    ReplyDelete
  22. It's going to be finish of mine day, except before ending I am reading this enormous paragraph to increase my experience.


    Also visit my page ElzaKSudar

    ReplyDelete
  23. My brother suggested I might like this blog. He was entirely right.
    This post truly made my day. You cann't imagine simply how much time I
    had spent for this information! Thanks!

    Here is my web site :: EnriquetaSNeil

    ReplyDelete
  24. It's actually very difficult in this full of activity life to listen news on Television,
    therefore I just use world wide web for that purpose,
    and get the latest information.

    My web site ... CierraSWojnaroski

    ReplyDelete