ရင်တွင်းစကား

မိမိ သိသမျှသော Economics နှင့် ပတ်သက်သည့် သင်ခန်းစာ ဆောင်းပါးများ၊ Accounting, Finance နှင့်ပတ်သက်သည့် သင်ခန်းစာ ဆောင်းပါးများကို စေတနာသန့်သန့်ဖြင့် ဝေမျှထားပါသည်။ စာရေးသူသည် သိပ်တော်၊ သိပ်တတ်နေတဲ့ ပညာရှင် တစ်ယောက် လုံးဝ မဟုတ်ပါ။ ဒါကြောင့် အမှားများပါလျှင် ခွင့်လွှတ်ကြပါလို့ ….

ဖြူ ဖြူ


28 January 2013

စုစုပေါင်း ဝယ်လိုအားနဲ့ စုစုပေါင်း ရောင်းလိုအား ၃

စုစုပေါင်းရောင်းလိုအား ပြောင်းလဲခြင်း


တည်ရှိနှင့်ပြီးသား စုစုပေါင်း ရောင်းလိုအားမျဉ်းကွေးသည် အခြားအခြေနေတွေ တူညီနေတဲ့အခါမှာ စျေးနှုန်းအဆင့်နဲ့  အမှန် ကုန်ထွက်ကြားက ဆက်စပ်မှုကို ဖော်ညွှန်းပါတယ်။ သို့သော်လည်း ဒီအခြားအရာများထဲက တစ်ခု သို့မဟုတ် တစ်ခုထက်ပိုတာတွေ   ပြောင်းလဲတဲ့အခါမှာ မျဉ်းကွေးဟာ ဘယ်ညာရွေ့လျားသွားပါတယ်။

Changes in aggregate supply
 အထက်ပါပုံမှာ ရောင်းလိုအားမျဉ်းကွေးသည်  AS1 ကနေ AS2 ညာဘက်သို့ရွေ့တာဟာ စုစုပေါင်း ရောင်းလိုအားတိုးလာတာ ဖြစ်ပါတယ်။ လုပ်ငန်းတွေဟာ စျေးနှုန်းအဆင့်တိုင်းမှာ real output တွေကို ပိုမိုပြီး ထုတ်လုပ်လို၊ ရောင်းချလိုတာကို ညွှန်ပြပါတယ်။ မျဉ်းကွေးဟာ AS1 မှ AS3  ဘယ်ဘက်သို့ ရွေ့တာဟာ စုစုပေါင်း ရောင်းလိုအား လျော့သွားတာ ဖြစ်ပါတယ်။ စျေးနှုန်းအဆင့်တိုင်းမှာ လုပ်ငန်းများဟာ ယခင်ကထက် လျှော့ပြီး ထုတ်လုပ်ကြတာကို ညွှန်ပြပါတယ်။

စုစုပေါင်းရောင်းလိုအားမျဉ်းကွေးကို ဘယ်ညာ ရွေ့လျားစေတဲ့ အခြားသော အရာများကို စုစုပေါင်း ရောင်းလိုအား ပြောင်းလဲမှုကို သြဇာသက်ရောက်စေသော အချက်များလို့ခေါ်ပါတယ်။ အဲဒီအချက်များကတော့ အောက်ပါအတိုင်းဘဲ ဖြစ်ပါတယ်။

၁။ သွင်းကုန် စျေးနှုန်း ပြောင်းလဲခြင်း
    (က) ပြည်တွင်း သယံဇာတ သွင်းအားစု စျေးနှုန်း
    (ခ)  ပြည်ပမှ တင်သွင်းရသော သယံဇာတ သွင်းအားစု စျေးနှုန်း
၂။ ကုန်ထုတ်လုပ်မှုစွမ်းအား ပြောင်းလဲခြင်း
၃။ တရားဥပဒေ ဖွဲ့စည်းမှု အခြေအနေ ပြောင်းလဲခြင်း
    (က) စီးပွားလုပ်ငန်းအခွန်နှင့် ထောက်ပံ့ငွေ
    (ခ)   အစိုးရ၏ စည်းမျဉ်းနည်းဥပဒေများ
 အထက်ပါပုံမှာ ရောင်းလိုအားမျဉ်းကွေးသည်  AS1 ကနေ AS2 ညာဘက်သို့ရွေ့တာဟာ စုစုပေါင်း ရောင်းလိုအားတိုးလာတာ ဖြစ်ပါတယ်။ လုပ်ငန်းတွေဟာ စျေးနှုန်းအဆင့်တိုင်းမှာ real output တွေကို ပိုမိုပြီး ထုတ်လုပ်လို၊ ရောင်းချလိုတာကို ညွှန်ပြပါတယ်။ မျဉ်းကွေးဟာ AS1 မှ AS3  ဘယ်ဘက်သို့ ရွေ့တာဟာ စုစုပေါင်း ရောင်းလိုအား လျော့သွားတာ ဖြစ်ပါတယ်။ စျေးနှုန်းအဆင့်တိုင်းမှာ လုပ်ငန်းများဟာ ယခင်ကထက် လျှော့ပြီး ထုတ်လုပ်ကြတာကို ညွှန်ပြပါတယ်။

စုစုပေါင်းရောင်းလိုအားမျဉ်းကွေးကို ဘယ်ညာ ရွေ့လျားစေတဲ့ အခြားသော အရာများကို စုစုပေါင်း ရောင်းလိုအား ပြောင်းလဲမှုကို သြဇာသက်ရောက်စေသော အချက်များလို့ခေါ်ပါတယ်။ အဲဒီအချက်များကတော့ အောက်ပါအတိုင်းဘဲ ဖြစ်ပါတယ်။

၁။ သွင်းကုန် စျေးနှုန်း ပြောင်းလဲခြင်း
    (က) ပြည်တွင်း သယံဇာတ သွင်းအားစု စျေးနှုန်း
    (ခ)  ပြည်ပမှ တင်သွင်းရသော သယံဇာတ သွင်းအားစု စျေးနှုန်း
၂။ ကုန်ထုတ်လုပ်မှုစွမ်းအား ပြောင်းလဲခြင်း
၃။ တရားဥပဒေ ဖွဲ့စည်းမှု အခြေအနေ ပြောင်းလဲခြင်း
    (က) စီးပွားလုပ်ငန်းအခွန်နှင့် ထောက်ပံ့ငွေ
    (ခ)   အစိုးရ၏ စည်းမျဉ်းနည်းဥပဒေများ

  ဒီအချက်တွေ ပြောင်းလဲတဲ့အခါ သူတို့က စုစုပေါင်းရောင်းလိုအား မျဉ်းကွေးကို စုပေါင်းပြီး နေရာချထား လိုက်ပြီး မျဉ်းကွေးကို ရွေ့လျားပစ်လိုက်ပါတယ်။ ဒီအချက်များ ပြောင်းလဲမှုတွေဟာ စျေးနှုန်းအဆင့် တစ်ခုစီမှာ သို့မဟုတ် ထုတ်ကုန်အဆင့် တစ်ခုစီမှာ ရှိတဲ့ တစ်ယူနစ် ထုတ်လုပ်မှု ကုန်ကျစရိတ်ကို တက်စေ၊ ကျစေပါတယ်။ တစ်ယူနစ် ထုတ်လုပ်မှု ကုန်ကျစရိတ်မှာ အတက်အကျ ပြောင်းလဲမှုများဟာလဲ အမြတ်ကို အကျိုးသက်ရောက်စေတဲ့အတွက် လုပ်ငန်းတွေကို စျေးနှုန်းအဆင့် တစ်ခုစီမှာ ထုတ်လုပ်လိုတဲ့ ကုန်ထွက်ပမာဏကို ပြောင်းလဲစေအောင် လှုံ့ဆော်ပေးပါတယ်။ ဥပမာအားဖြင့် လုပ်ငန်းတွေဟာ   စျေးနှုန်းအဆင့် ၁ မှာ (စျေးဆနှုန်းကိန်း ၁၀၀) အမှန်ထုတ်ကုန် တန်ဘိုး ကျပ် သန်းပေါင်း ၈.၈ သန်းကို ထုတ်မဲ့အစား ကျပ်သန်းပေါင်း ၉ သန်း ကိုထုတ်မယ်။ သို့မဟုတ် ထုတ်ကုန် တန်ဘိုး ကျပ်သန်းပေါင်း ၈ သန်းကို ထုတ်မဲ့အစား ကျပ်သန်းပေါင်း ရ.၅ သန်း ဖိုးကို ထုတ်မယ်။

အထက်ပါအချက်များထဲက တစ်ခု ပြောင်းလဲတဲ့အခါ စုစုပေါင်း ရောင်းလိုအားမျဉ်းကွေးသည် ဘယ်ဘက် သို့မဟုတ် ညာဘက်ကို ရွေ့လျားစေတယ်။ တစ်ယူနစ်ထုတ်လုပ်မှုကုန်ကျစရိတ်ကို ကျဆင်းစေတဲ့ ပြောင်းလဲမှုသည်  စုစုပေါင်းရောင်းလိုအား မျဉ်းကွေးကို AS1 မှ AS2 သို့ ညာဘက်ကို တိုးသွားစေတယ်။ တစ်ယူနစ် ထုတ်လုပ်မှု ကုန်ကျစရိတ်ကို တက်စေတဲ့ ပြောင်းလဲမှုသည် စုစုပေါင်း ရောင်းလိုအားမျဉ်းကွေးကို AS1 မှ AS3 သို့ ဘယ်ဘက်ကို ကျဆင်းသွားစေပါတယ်။ တစ်ယူနစ် ထုတ်လုပ်မှုကုန်ကျစရိတ်သည် အမှန်ကုန်ထွက်ပမာဏ ပြောင်းလဲစေတာအပြင် အခြားသော အကြောင်းရင်းများကို ပြောင်းလဲစေတဲ့အခါမှာ စုစုပေါင်းရောင်းလိုအား မျဉ်းကွေးကို ရွေ့လျားသွားပါတယ်။


သွင်းကုန်စျေးနှုန်းပြောင်းလဲခြင်း Change in Input Prices


သွင်းကုန် သို့မဟုတ် သွင်းအားစု သယံဇာတ စျေးနှုန်းများဟာ တစ်ယူနစ် ထုတ်လုပ်မှု ကုန်ကျစရိတ်ရဲ့ အဓိက အစိတ်အပိုင်းဖြစ်ပြီး စုစုပေါင်း ရောင်းလိုအားကို အဓိက သြဇာသက်ရောက်နေတဲ့ အချက်လဲဘဲ ဖြစ်ပါတယ်။ ဒီသယံဇာတ သွင်းအားစုများကို ပြည်တွင်းက ရတာနဲ့ ပြည်ပက တင်သွင်းတာ ၂ မျိုးခွဲခြားနိုင်ပါတယ်။

ပြည်တွင်း သယံဇာတ စျေးနှုန်း Domestic Resource Prices - အရှေ့မှာ ဖော်ပြခဲ့တဲ့အတိုင်း လုပ်ငန်းရဲ့စရိတ်တွေ အားလုံးရဲ့ ရ၅% ခန့်ဟာ လုပ်ခလစာတွေ ဖြစ်ပါတယ်။ အခြားအရာများ တူညီနေတဲ့ အခါမှာ လစာတွေနိမ့်ကျတာဟာ တစ်ယူနစ်ကုန်ကျစရိတ်ကို ကျစေပါတယ်။ အဲလိုဖြစ်ရင် စုစုပေါင်း ရောင်းလိုအားမျဉ်းကွေးဟာ ညာဘက်ကို ရွေ့သွားပါတယ်။ လစာတွေ မြင့်တက်ရင် စုစုပေါင်း ရောင်းလိုအားမျဉ်းကွေးဟာ ဘယ်ဘက်ကို ရွေ့သွားပါတယ်။ ဥပမာအားဖြင့် -
  • တိုင်းပြည်ကို လူတွေဝင်ခွင့်ပြု၊ နေထိုင်ခွင့်ပြုတဲ့ ပမာဏက သိပ်ကြီးမားတဲ့အတွက်ကြောင့် လုပ်သားအင်အားပမာဏကလဲ   မြင့်တက်လာ ပါတယ်။ အဲဒီတော့ လုပ်ခတွေနဲ့ တစ်ယူနစ်ထုတ်လုပ်မှုကုန်ကျစရိတ် ကျဆင်းလာတာဟာ AS မျဉ်းကွေးဟာ ညာဘက်ကို   ရွေ့သွား ပါတယ်။
  • ပင်စင်ဝင်ငွေတွေ လျင်မြန်စွာ မြင့်တက်လာတဲ့အတွက်ကြောင့် အသက်အရွယ်ကြီးနေတဲ့ အလုပ်သမားတွေကို စောစောစီးစီး အနားယူဖို့ တွန်းအားပေးပြီး လုပ်သားအင်အားပမာဏ ကျဆင်း သွားစေပါတယ်။ လုပ်သားအရေအတွက် ကျဆင်းလို့ လုပ်ခနှုန်းထားနဲ့ တစ်ယူနစ်ထုတ်လုပ်မှု ကုန်ကျစရိတ်တွေ တက်လာတာသည် AS မျဉ်းကွေးကို ဘယ်ဘက်ကို    ရွေ့သွားစေ ပါတယ်။
      အလားတူစွာဘဲ မြေယာနဲ့ အရင်းအနှီး သွင်းအားစုစျေးနှုန်းတွေ ပြောင်းလဲသွားတဲ့အခါ စုစုပေါင်းရောင်းလိုအားမျဉ်းကွေးဟာလဲ   ရွေ့လျားသွားပါတယ်။ ဥပမာအားဖြင့် -
     
    • သံမဏိနဲ့လျှပ်စစ်ပစ္စည်းတွေ စျေးကျလို့ စက်ကိရိယာတန်ဆာပလာတွေရဲ့ စျေးနှုန်း ကျဆင်းပါတယ်။ တစ်ယူနစ် ကုန်ထုတ်လုပ်မှုစရိတ် ကျဆင်းပြီးတော့ AS မျဉ်းကွေးဟာ ညာဘက်ကို ရွေ့သွားပါတယ်။
    • ဓာတ်သတ္တု အရင်းအမြစ်တွေ ရှာဖွေတွေ့ရှိတာ၊ ဆည်မြောင်း မြေယာတွေ၊ သို့မဟုတ် အရင်းအမြစ်မဟုတ်တာကနေ (ဥပမာ သဲကန္တာရမြေလိုမျိုး) တန်ဘိုးရှိတဲ့အရင်းအမြစ်သို့ (ထုတ်လုပ်နိုင်စွမ်းရှိတဲ့မြေ) ပြောင်းလဲနိုင်တဲ့ နည်းပညာတီထွင်မှုတွေ ကတဆင့် ရရှိနိုင်တဲ့   မြေယာသွင်းအားစု ပမာဏသည် တိုးတက်များပြားလာပါတယ်။ အဲဒီတော့ မြေယာရဲ့ စျေးနှုန်းတွေ ကျဆင်းလာပြီး တစ်ယူနစ် ထုတ်လုပ်မှုကုန်ကျစရိတ် ကျဆင်းလာတဲ့အတွက် AS မျဉ်းကွေးဟာ ညာဘက်ကို ရွေ့သွားပါတယ်။

    ပြည်ပမှ တင်သွင်းရသော သယံဇာတ သွင်းအားစု စျေးနှုန်း Prices of Imported Resources - တိုင်းပြည် ကုန်စည်အတွက် ပြည်ပဝယ်လိုအားဟာ တိုင်းပြည်ရဲ့ စုစုပေါင်းဝယ်လိုအားမှာ ပါဝင်ပါတယ်။ ရေနံတို့၊ သတ္တု၊ ကြေးနီတို့ စတဲ့ ပြည်ပက တင်သွင်းတဲ့ အရင်းအမြစ်တွေဟာ တိုင်းပြည်ရဲ့ စုစုပေါင်း ရောင်းလိုအားမှာ ပါဝင်ပါတယ်။ ပြည်တွင်းကဖြစ်ဖြစ်၊ ပြည်ပက တင်သွင်းတာဖြစ်ဖြစ် သယံဇာတ သွင်းအားစုတွေ တက်လာတာဟာ တစ်ယူနစ် ထုတ်လုပ်မှုကုန်ကျစရိတ်ကို ကျဆင်းစေပါတယ်။ တင်သွင်းတဲ့ သွင်းအားစုတွေရဲ့ စျေးနှုန်းကျဆင်းတာဟာ စုစုပေါင်းရောင်းလိုအားကို တိုးစေပါတယ်။ တင်သွင်းတဲ့ သွင်းအားစုတွေရဲ့ စျေးနှုန်းတက်လာတာဟာ စုစုပေါင်းရောင်းလိုအားကို ကျဆင်းစေပါတယ်။

     သွင်းအားစုရင်းမြစ်တွေ စျေးနှုန်းပြောင်းလဲခြင်းဟာ စုစုပေါင်းရောင်းလိုအားပေါ်မှာရှိနိုင်တဲ့ အဓိကအကျိုးသက်ရောက်မှုရဲ့ အကောင်းဆုံးဥပမာကတော့ ၁၉၇၀ ပြည့်နှစ်များမှာ ရေနံစျေး အကြီးအကျယ် မြင့်တက်သွားတာဘဲ ဖြစ်ပါတယ်။ အဲဒီအချိန်တုံးက အိုပက်အဖွဲ့ (OPEC) က ရေနံစျေးနှုန်း ကို တက်လာအောင် ရေနံထုတ်လုပ်မှုကို လျှော့ချစေဖို့ စုပေါင်းလုပ်ဆောင်ခဲ့တာပါ။ ၁၉၇၀ ပြည့်နှစ်များမှာ ရေနံစျေးနှုန်း ၁၀ ဆလောက်တက်သွားတာဟာ တစ်ယူနစ်ထုတ်လုပ်မှု ကုန်ကျစရိတ်ကို တက်သွားစေပြီး အမေရိကန်နိုင်ငံရဲ့ စုစုပေါင်း ရောင်းလိုအားမျဉ်းကွေးဟာ ဘယ်ဘက်ကို ရုတ်တရက်ကြီး ရွေ့လျားသွားပါတယ်။ ပြောင်းပြန်အနေနဲ့ ၁၉၈၀ ပြည့်နှစ်များ အလယ်လောက်မှာ ရေနံစျေးနှုန်း အကြီးအကျယ် ကျဆင်းသွားတာဟာ အမေရိကန်နိုင်ငံရဲ့ စုစုပေါင်း ရောင်းလိုအားမျဉ်းကွေးကို ညာဘက်သို့ ရွေ့လျားသွားစေပါတယ်။ ၁၉၉၉ ခုနှစ်မှာ အိုပက်က ရေနံစျေးနှုန်းတွေကို တစ်ခါမြှင့်လိုက်လို့ အမေရိကန်နိုင်ငံရဲ့ တစ်ယူနစ်ထုတ်လုပ်မှုကုန်ကျစရိတ်တွေ တက်လာပြန်ပါတယ်။ မကြာသေးခင်က   ရေနံစျေးနှုန်း   တွေတက်တာဟာ အိုပက်ကြောင့်  ရောင်းလိုအားပြောင်းတာထက် ဝယ်လိုအားမှာ ပြောင်းလဲမှုကြောင့် အများဆုံး ဖြစ်ပါတယ်။ သို့သော်လည်း ဘာအကြောင်းကြောင့်ဘဲ ဖြစ်ဖြစ် ရေနံနဲ့ အခြားသွင်းအားစု အရင်းအမြစ်တွေရဲ့ စျေးနှုန်း တက်တာဟာ ထုတ်လုပ်မှုစရိတ်ကို တက်စေပြီး စုစုပေါင်း ရောင်းလိုအားကို ကျဆင်းစေပါတယ်။

    ငွေလဲလှယ်နှုန်း အတက်အကျများဟာလဲ တင်သွင်းတဲ့ သွင်းအားစုရဲ့စျေးနှုန်းကို ပြောင်းလဲစေတဲ့ အချက်တစ်ခုဘဲ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ပြည်တွင်းသုံးငွေကြေး တန်ဘိုးတက်လာတာဟာ ပြည်တွင်း လုပ်ငန်းများအနေနဲ့   ပြည်တွင်းသုံးငွေတစ်ယူနစ် အတွက် နိုင်ငံခြားငွေပိုမိုရရှိစေပါတယ်။ တနည်းအားဖြင့် ပြည်တွင်းထုတ်လုပ်သူများဟာ ပြည်ပကတင်သွင်းရတဲ့ သွင်းအားစုကို   စျေးနိမ့်နိမ့်နဲ့ရပါတယ်။ ဒီတော့ ပြည်တွင်းလုပ်ငန်းတွေက ပြည်ပက အရင်းအမြစ်တွေကို ပိုပြီး တင်သွင်းတယ်။ အဲဒီအခါမှာ ထုတ်ကုန်အဆင့်တစ်ခုစီမှာ တစ်ယူနစ် ထုတ်လုပ်မှုကုန်ကျစရိတ် ကျလာပါတယ်။ တစ်ယူနစ်ထုတ်လုပ်မှု ကုန်ကျစရိတ် ကျဆင်းတာဟာ ပြည်တွင်း စုစုပေါင်းရောင်းလိုအား မျဉ်းကွေးကို ညာဘက်သို့ ရွေ့လျားသွားစေပါတယ်။ ပြည်တွင်းသုံးငွေကြေး တန်ဘိုးကျလာတာဟာ ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုကို ဖြစ်စေပြီး စုစုပေါင်း ဝယ်လိုအားမျဉ်ကွေးကို ဘယ်ဘက်သို့ ရွေ့စေပါတယ်။

    ကုန်ထုတ်လုပ်မှုစွမ်းအားပြောင်းလဲခြင်း Change in Productivity


    စုစုပေါင်းရောင်းလိုအားရဲ့ အဓိက အစိတ်အပိုင်းနောက်တစ်ခုကတော့ productivity ဖြစ်ပါတယ်။ productivity ကတော့ တိုင်းပြည်ရဲ့ အမှန်ကုန်ထွက် အဆင့်နဲ့ အဲဒီကုန်ထွက်ကို ထုတ်လုပ်ဖို့ အသုံးပြုတဲ့ သွင်းအားစုအရင်းအမြစ် ပမာဏကြားက ဆက်သွယ်မှု အတိုင်းအတာဘဲ ဖြစ်ပါတယ်။

     ကုန်ထုတ်လုပ်မှုစွမ်းအား တက်လာတာဟာ စီးပွားရေးအဆောက်အအုံရဲ့ အကန့်အသတ်ရှိတဲ့ သွင်းအားစုတွေကနေ အမှန်ကုန်ထွက် real output တွေပိုမို ရရှိစေပါတယ်။ တစ်ယူနစ် ကုန်ထုတ်လုပ်မှု စရိတ် ကျဆင်းသွားပါတယ်။ ဥပမာအားဖြင့် အမှန်ကုန်ထွက်က ၁၀ ယူနစ်၊ အဲဒီ ကုန်ထွက် အရေအတွက်ကို ထုတ်လုပ်ဖို့ လိုအပ်တဲ့သွင်းအားစုက ၅ ယူနစ်၊ သွင်းကုန်တစ်ယူနစ်ရဲ့ စျေးနှုန်းက ၂၀၀ ကျပ် ဆိုပါတော့။ အဲဒါဆိုရင်

    ကုန်ထုတ်စွမ်းအားစု Productivity = 10/5 = 2

                      
     တစ်ယူနစ်ထုတ်လုပ်မှု ကုန်ကျစရိတ်  Per-unit production cost = K200 x 5/10 = K100

    အခု သုံးရတဲ့ သွင်းကုန်ယူနစ်နဲ့ သွင်းကုန်အရေအတွက်က မပြောင်းလဲဘဲ ထုတ်လုပ်တဲ့ အမှန်ကုန်ထွက်က ၂၀ ယူနစ်သို့ တက်သွားတဲ့အခါ ကုန်ထုတ်လုပ်မှုစွမ်းအားက တက်လာတယ်လို့ ယူဆလိုက်မယ်။ ကုန်ထုတ် စွမ်းအားစု Productivity = 20/5 = 4 ကိုတက်သွားတယ်။ တစ်ယူနစ် ထုတ်လုပ်မှု ကုန်ကျစရိတ် Per-unit production cost = K200 x 5 /20 = K50 ကို ကျဆင်းသွားပါတယ်။ ကုန်ထုတ်လုပ်မှုစွမ်းအား က ၂ဆတက်သွားလို့ တစ်ယူနစ်ထုတ်လုပ်မှုကုန်ကျစရိတ်က ထက်ဝက် ကျဆင်းသွားပါတယ်။

    တစ်ယူနစ်ထုတ်လုပ်မှု ကုန်ကျစရိတ်ကျဆင်းလာပြီး ကုန်ထုတ်လုပ်မှုစွမ်းအားတက်လာတာဟာ စုစုပေါင်း ရောင်းလိုအားမျဉ်းကွေးကို ညာဘက်သို့ တွန်းပို့လိုက်ပါတယ်။ ကုန်ထုတ်လုပ်မှုစွမ်းအား တိုးတက်တဲ့ အဓိကအကြောင်းရင်းကတော့ ကုန်ထုတ်လုပ်မှု နည်းပညာ တိုးတက်မှုကြောင့် ဖြစ်ပါတယ်။ ကုန်ထုတ်လုပ်မှုစွမ်းအားတိုးတက်တဲ့ အခြားအကြောင်းရင်းတွေကတော့ ပိုပြီး ပညာတတ်တဲ့၊ ပိုပြီး ကျွမ်းကျင်တဲ့ အလုပ်သမားတွေကြောင့်၊ စီးပွားရေးလုပ်ငန်းတွေ ပိုပြီးခေတ်မီတဲ့ပုံစံကြောင့်၊ အလုပ်သမား အရင်းအမြစ်တွေကို ကုန်ထုတ်စွမ်းအားစုအနိမ့်ကနေ ကုန်ထုတ်စွမ်းအားစုအမြင့် သုံးစွဲမှုသို့ ပြန်လည်ခွဲဝေ နေရာချထားလို့ စတာတွေဘဲ ဖြစ်ပါတယ်။

    ကုန်ထုတ်လုပ်မှုစွမ်းအားကျဆင်းတာကတော့ တစ်ယူနစ်ကုန်ထုတ်လုပ်မှုစရိတ်ကို တက်စေပြီး စုစုပေါင်း ရောင်းလိုအား မျဉ်းကွေးကို ဘယ်ဘက်သို့ ရွေ့လျားကျဆင်းသွားစေပါတယ်။ 

      တရားဥပဒေ ဖွဲ့စည်းမှုဆိုင်ရာ အခြေအနေ ပြောင်းလဲခြင်း Change in legal-institutional environmentသွားစေပါတယ်။


     လုပ်ငန်းစီးပွားတွေ လည်ပတ်လုပ်ကိုင်တဲ့ တရားဥပဒေ ဖွဲ့စည်းမှုဆိုင်ရာတွေ ပြောင်းလဲမှုဟာ စုစုပေါင်း ရောင်းလိုအားရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ အဲဒီလို အပြောင်းအလဲဟာ တစ်ယူနစ် ထုတ်လုပ်မှုကုန်ကျစရိတ်ကို ပြောင်းလဲစေပြီး စုစုပေါင်းရောင်းလိုအားမျဉ်းကွေးကို ရွေ့လျားစေပါတယ်။ အပြောင်းအလဲ နှစ်မျိုးနှစ်စားကတော့ (က) အခွန်နဲ့ ထောက်ပံ့ငွေမှာ ပြောင်းလဲမှု (ခ) အစိုးရရဲ့ စည်းမျဉ်း နည်းဥပဒေများ ပြောင်းလဲမှုတို့ဘဲ ဖြစ်ပါတယ်။

      စီးပွားလုပ်ငန်းအခွန်နဲ့ ထောက်ပံ့ငွေ ပြောင်းလဲမှု Changes in Business Taxes and Subsidies  -  sales tax, excise tax, payroll tax တို့ကဲ့သို့သော မြင့်မားတဲ့စီးပွားလုပ်ငန်းခွန်များဟာ တစ်ယူနစ် ထုတ်လုပ်မှုစရိတ် ကို မြင့်တက်စေပြီး စုစုပေါင်းရောင်းလိုအားကို ကျဆင်းစေပါတယ်။ အလားတူစွာဘဲ အစိုးရကနေ ထုတ်လုပ်သူများသို့ပေးတဲ့ အခွန်ငွေကင်းလွတ်ခွင့်တွေ၊ အခွန်လျှော့ပေါ့ပေး တာတွေကလဲ ထောက်ပ့ံငွေ သဘောမျိုး ဖြစ်ပြီး ထုတ်လုပ်မှုစရိတ်ကို နိမ့်ကျစေပါတယ်။ အဲဒီအခါမှာ စုစုပေါင်းရောင်းလိုအားမျဉ်ကွေး ဟာတက်သွားပါတယ်။ ဥပမာ - အမေရိကန်နိုင်ငံမှာ  ပြောင်းကနေရလာတဲ့ အီသနောကို ဓာတ်ဆီနဲ့ရောပြီး blended gasoline ထုတ်လုပ်တဲ့ လုပ်ငန်းတွေကို ဖက်ဒရယ်အစိုးရက ထောက်ပံ့ပေးတာဟာ ဓာတ်ဆီရောင်းလိုအားကို တက်စေပါတယ်။ blended gasoline ပြုလုပ်ရတဲ့ တစ်ယူနစ် ထုတ်လုပ်မှု ကုန်ကျစရိတ်ကိုလဲ ကျဆင်းစေပါတယ်။ အတိုင်းအတာ တစ်ခုအထိ အစိုးရရဲ့ ထောက်ပံ့ငွေများဟာ အောင်မြင်ပြီး စုစုပေါင်း ရောင်းလိုအား မျဉ်းကွေးကို  ညာဘက်သို့ ရွေ့လျားစေပါတယ်။

    အစိုးရရဲ့စည်းမျဉ်းနည်းဥပဒေများ ပြောင်းလဲမှု Changes in Government regulations - အစိုးရရဲ့ စည်းမျဉ်းများကို လိုက်နာရတာဟာ လုပ်ငန်းတွေအတွက် စရိတ်စကကုန်ကျပါတယ်။ များပြားတဲ့ စည်းမျဉ်း နည်းဥပဒေတွေဟာ တစ်ယူနစ်ထုတ်လုပ်မှုစရိတ်ကို တက်စေပြီး စုစုပေါင်းရောင်းလိုအားမျဉ်းကွေးကို ဘယ်ဘက်သို့ကျဆင်းစေပါတယ်။ စီးပွားရေးအဆောက်အအုံမှာ   ရောင်းလိုအားဘက် အခြမ်းကို  ထောက်ခံသူများက ရှုပ်ထွေးနေတဲ့စည်းမျဉ်းဥပဒေတွေအရ လုပ်နေတဲ့ စာရွက်အလုပ် paperwork တွေကို    လျှော့ချပစ်တာ၊ ထိရောက်မှုကို တိုးမြှင့်တာတွေလုပ်ပြီး စည်းမျဉ်းဥပဒေတွေကို လျှော့ချဖို့ အငြင်းပွားကြ ပါတယ်။ စည်းမျဉ်းနည်းဥပဒေတွေ ကို လျှော့ချပစ်တဲ့အတွက် တစ်ယူနစ်ထုတ်လုပ်မှုစရိတ်ကို လျှော့ချပြီး စုစုပေါင်းရောင်းလိုအားမျဉ်းကွေးက ညာဘက်ကို ရွေ့သွားပါတယ်။ အချို့သော စီးပွားရေးပညာရှင်များကလဲ စည်းမျဉ်းနည်းဥပဒေတွေကို လျှော့ချတာဟာ စာရင်းအင်းဆိုင်ရာ လှည့်စားမှုတွေ၊ စီးပွားရေးလုပ်ငန်း လက်ဝါးကြီးအုပ်မှုတွေ၊ စျေးကွက်လက်ဝါးကြီးအုပ်မှုတွေ၊ စီးပွားလုပ်ငန်းပျက်ယွင်းမှု တွေကို   ဖြစ်စေတယ်လို့ စောဒက တက်ကြပြီး စည်းမျဉ်းဥပဒေတွေကို လျှော့ချတာဟာ AS မျဉ်းကွေးကို ညာဘက်ကို  ရွေ့ရမဲ့အစား ဘယ်ဘက်ကို ရွေ့စေ တယ်လို့လဲ ဆိုကြပါတယ်။

    ဖတ်ရှုအကျိုးများပါစေ။ 

    McConnell. Brue Flynn တို့ ရေးသားသော eighteenth edition. "Economics: Principles, Problems, and Policies" မှ ကိုးကား ဘာသာပြန်ပါသည်။

    ဖြူ ဖြူ

    Share this PostPin ThisEmail This

    19 comments:

    1. Hey very nice blog!

      Also visit my website :: weight loss diet - ,

      ReplyDelete
    2. It's amazing in support of me to have a site, which is helpful designed for my know-how.
      thanks admin

      My homepage :: best dating sites

      ReplyDelete
    3. Good day! This is my 1st comment here so I just
      wanted to give a quick shout out and say I genuinely enjoy reading through your posts.
      Can you recommend any other blogs/websites/forums that
      deal with the same subjects? Thank you so much!



      Also visit my weblog :: best Dating Sites

      ReplyDelete
    4. Thank you for the auspicious writeup. It in fact used to be a enjoyment account
      it. Glance complex to far introduced agreeable from you! By
      the way, how could we keep in touch?

      Feel free to visit my page: Best Dating Sites

      ReplyDelete
    5. Thanks very nice blog!

      my weblog :: best dating sites

      ReplyDelete
    6. My developer is trying to persuade me to move to .net
      from PHP. I have always disliked the idea because of the costs.
      But he's tryiong none the less. I've been using Movable-type on several websites for about a
      year and am anxious about switching to another platform.
      I have heard fantastic things about blogengine.net.
      Is there a way I can transfer all my wordpress content into
      it? Any kind of help would be really appreciated!

      Also visit my web site ... best dating sites

      ReplyDelete
    7. Hі all, here еνery person iѕ sharing theѕe kinds of ҡnoѡ-how, sօ it's nice to read this webpage, аnd I used to visit this web site everyday.


      Alѕo visit my web page - sell annuity payments

      ReplyDelete
    8. I do not know if it's just me or if everyone else encountering problems with your blog.
      It looks like some of the text within your posts are running off the screen. Can somebody else please comment and let me know if this
      is happening to them as well? This might be a problem with my web
      browser because I've had this happen previously. Cheers

      Feel free to surf to my web page - cuisinart pressure cooker review

      ReplyDelete
    9. Fastidious response in return of this matter with real arguments and describing all regarding that.


      My page - minecraft.net

      ReplyDelete
    10. My programmer is trying to persuade me to move to .net from PHP.
      I have always disliked the idea because of the
      expenses. But he's tryiong none the less. I've been using Movable-type on a number of websites for about a year and am concerned about
      switching to another platform. I have heard great things
      about blogengine.net. Is there a way I can transfer all my
      wordpress content into it? Any kind of help would be really appreciated!



      Also visit my website minecraft.net

      ReplyDelete
    11. Hi it's me, I am also visiting this site on a regular basis, this
      site is genuinely pleasant and the users are actually sharing nice thoughts.


      Here is my web site TimothyZMcinally

      ReplyDelete
    12. Thanks very interesting blog!

      Here is my website CarleeSVanmeter

      ReplyDelete
    13. I loved as much as you'll receive carried out right here. The sketch
      is attractive, your authored material stylish.
      nonetheless, you command get got an edginess over that
      you wish be delivering the following. unwell unquestionably come further formerly
      again since exactly the same nearly a lot often inside case you shield this increase.


      my page - PhillipNRosenquist

      ReplyDelete
    14. What's up to all, the contents existing at this web site are truly amazing for people
      experience, well, keep up the nice work fellows.

      Feel free to visit my site :: ArronTLingardo

      ReplyDelete
    15. Howdy! I could have sworn I've visited this blog before but after looking at many of the posts I realized it's new
      to me. Nonetheless, I'm definitely pleased I stumbled upon it and I'll be
      bookmarking it and checking back often!

      Here is my blog ... ChetPGesselli

      ReplyDelete
    16. Hey there! I've been following your weblog for a while now and
      finally got the bravery to go ahead and give you a shout out from Kingwood Tx!
      Just wanted to say keep up the good work!

      Here is my website ... KaraOFriedly

      ReplyDelete
    17. I love it when individuals get together and share views.
      Great site, keep it up!

      Feel free to surf to my site; FaustoBCoonley

      ReplyDelete
    18. Thanks so much for every comment. Actually, I am not an expert on web or blog. I just made Google search of HTML codes that gives the design I want.

      ReplyDelete
    19. Appreciate this post. Will try it out.

      Take a look at my webpage ... WillardRMcausland

      ReplyDelete