ရင်တွင်းစကား

မိမိ သိသမျှသော Economics နှင့် ပတ်သက်သည့် သင်ခန်းစာ ဆောင်းပါးများ၊ Accounting, Finance နှင့်ပတ်သက်သည့် သင်ခန်းစာ ဆောင်းပါးများကို စေတနာသန့်သန့်ဖြင့် ဝေမျှထားပါသည်။ စာရေးသူသည် သိပ်တော်၊ သိပ်တတ်နေတဲ့ ပညာရှင် တစ်ယောက် လုံးဝ မဟုတ်ပါ။ ဒါကြောင့် အမှားများပါလျှင် ခွင့်လွှတ်ကြပါလို့ ….

ဖြူ ဖြူ

Thanks so much for every comment. Actually, I am not an expert on web or blog. I just made Google search of HTML codes that gives the design I want.

22 November 2012

ကူးသန်းရောင်းဝယ်ရေးဘဏ်တစ်ခု၏ ငွေကြေးဖန်တီးမှု လုပ်ဆောင်ချက်များ

             ဆောင်းပါးအသစ်လဲ မတင်နိုင်သေးလို့ တင်ပြီးသား   ဆောင်းပါးမှာ youtube video link ထပ်ထည့်ပေးပြီး   ပြန်တင်လိုက်တာပါ.. 
           ဒီဆောင်းပါးနဲ့ သင့်တော်တဲ့ video link ကလေးပါ.. ပိုပြီး   ပြည့်စုံသွားတာပေါ့နော်..။ click လုပ်ကြည့်နိုင်ပါ တယ်နော်..။
How Banks Create Money out of Thin Air



     
     အခုဖော်ပြမဲ့ လုပ်ဆောင်ချက် ၂ ခုကတော့ ကူးသန်း   ရောင်းဝယ်ရေးဘဏ် တွေအတွက် အလွန် အရေးကြီးပါ တယ်..။ ဘာလို့လဲဆိုတော့ (၁) ကူးသန်း ရောင်းဝယ်ရေးဘဏ် တစ်ခု ဟာ   ချေးငွေတွေ   ပြုလုပ်ခြင်းဖြင့် ဘယ်လို ငွေကြေး ဖန်တီးသလဲ (၂) ဘဏ်တွေဟာ အစိုးရ ငွေချေးစာချုပ်တွေ ဝယ်ယူခြင်းဖြင့် ဘယ်လို ငွေကြေးဖန်တီး သလဲ ဆိုတာကို ရှင်းပြထားလို့ဘဲ ဖြစ်ပါတယ်။ 


Transaction 6: Granting a Loan

          ကူးသန်းရောင်းဝယ်ရေး ဘဏ်တွေဟာ အပ်ငွေတွေ လက်ခံတဲ့ အပြင် ငွေချေးဌားသူများ Borrowers ကို ချေးငွေ တွေ ထုတ်ချေးပါတယ်။ ဒီလို ငွေချေးဌားလိုက်တာဟာ ဘဏ်တွေရဲ့ လက်ကျန်ရှင်းတမ်းပေါ်မှာ ဘယ်လို အကျိုးသက်ရောက်မှု ရှိသလဲ ကြည့်ပါမယ်။
            ABC ဘဏ်ရဲ့customer ဖြစ်တဲ့ မန္တလေး ကုမ္ပဏီဟာ လုပ်ငန်း ချဲ့ချင်လို့ ငွေ ကျပ် ၅၀,၀၀၀ လိုတယ်။ ဒီ လိုအပ်ငွေ ကျပ် ၅၀,၀၀၀ ဟာ ABC ဘဏ်ရဲ့အပိုသီးသန့်ငွေသား ကျပ် ၅၀,၀၀၀ နဲ့ ကွက်တိ တူညီနေပါတယ်။ မန္တလေး ကုမ္ပဏီဟာ ချေးငွေ ရဖို့အတွက် ABC ဘဏ်ကို သွားပါတယ်။ ABC ဘဏ်ကလဲ မန္တလေး ကုမ္ပဏီရဲ့နာမည်ကောင်းရှိမှုနဲ့ ငွေကြေးဆိုင်ရာ ခိုင်မာမှု ရှိတာကို သိတဲ့အပြင် မန္တလေး ကုမ္ပဏီဟာ ချေးငွေကို ပြန်ဆပ်နိုင်မယ်လို့ ယုံကြည်တယ်။ ဒါကြောင့် ချေးငွေကို ခွင့် ပြု လိုက်ပါတယ်။ အပြန်အလှန်အနေနဲ့ မန္တလေး ကုမ္ပဏီဟာ ABC ဘဏ်ကို ပိုက်ဆံပြန်ဆပ်မဲ့ ကတိခံဝန်ချက် စာချုပ် promissory note ပြန်ပေးရပါတယ်။ မန္တလေး ကုမ္ပဏီက သူ့ရဲ့ ချေးငွေကို ချက်လက်မှတ်နဲ့ ယူပြီး အဆင်ပြေပြေ နဲ့ လုံခြုံမှုရှိရှိ ဖြစ်ချင်ပါတယ်။ ဒါကြောင့် ဘဏ်ကနေ ငွေတွေကို အိတ်ကြီးနဲ့ ထုတ်ယူမဲ့အစား ABC ဘဏ်မှာရှိတဲ့ သူ့ရဲ့စာရင်းရှင်အပ်ငွေ စာရင်းမှာ ငွေကျပ် ၅၀,၀၀၀ တိုးစေလိုက်ပါတယ်။
            ABC ဘဏ်ကလဲ အတိုးဝင်ငွေရတဲ့ ရပိုင်ခွင့် (promissory note) ကို ရရှိသွားပြီး ငွေချေးတဲ့သူကို ပေးဖို့ စာရင်းရှင် အပ်ငွေကိုလဲ ဖန်တီးပေး လိုက်ပါတယ်။ မန္တလေး ကုမ္ပဏီဟာ ABC ဘဏ်မှာ ရှိတဲ့ သူ့ရဲ့ စာရင်းရှင်အပ်ငွေထဲကနေ နောက်ထပ် ကျပ် ၅၀,၀၀၀ တန် ချက်လက်မှတ်ကို ထုတ်ယူနိုင်တဲ့ အခွင့်အရေးကို IOU နဲ့ လဲလှယ်လိုက်ပါတယ်။ နှစ်ဦးနှစ်ဖက်လုံးက   ကျေနပ်ကြပါတယ်။   လောလော ဆယ်ကာလမှာ ချေးငွေအတွက် ကိစ္စ ပြီးပြည့်စုံသွား ပါတယ်။ ABC ဘဏ်ရဲ့ လက်ကျန် ရှင်းတမ်းမှာ ဘယ်လိုပေါ်သလဲ ကြည့်ကြပါမယ်..။ အရှေ့က  ဆောင်းပါးက transaction 5 ရဲ့အဆက် ဖြစ်ပါတယ်..။


          အားလုံးဟာ အေးဆေးပါဘဲ။ ဒါပေမဲ့ ABC ဘဏ်ရဲ့လက်ကျန်ရှင်းတမ်းကို သေချာ စစ်ဆေးလိုက်ရင် ထုံးစံအတိုင်း မဟုတ်တဲ့ အချက်ကို ပြနေပါတယ်။ ဘဏ်တစ်ခုဟာ ချေးငွေ loans တွေ လုပ်လိုက်တဲ့အခါ ငွေကြေးဖန်တီးတာ ဖြစ်ပါတယ်။ မန္တလေး ကုမ္ပဏီရဲ့ဥက္ကဌသည် ငွေမဟုတ်တဲ့ IOU ဖြစ်တဲ့ promissory note နဲ့ ဘဏ်ကို သွားပါတယ်.. နောက် ဘဏ်ကနေ ပြန်ထွက်လာတဲ့ အခါ ငွေဖြစ်တဲ့ စာရင်းရှင်အပ်ငွေနဲ့ ပြန်ထွက်လာပါတယ်။
            Transaction 6a ဟာ အရှေ့ကဆောင်းပါးက transaction 3 နဲ့ ဆန့်ကျင်ဘက် ဖြစ်ပါတယ်။ transaction 3 မှာက စာရင်းရှင်အပ်ငွေ တွေ ဖန်တီးတာဟာ လူတွေလက်ထဲမှာ လှည့်လည်နေတဲ့ လည်ပတ်ငွေထဲက ထုတ်ယူလိုက်ပြီး ဖန်တီးတာ ဖြစ်ပါတယ်။ လူတွေက ဘဏ်မှာ ငွေလာအပ်တော့ လှည့်လည် လည်ပတ်ငွေတွေ   လျော့သွားတာပေါ့။   ငွေကြေး ပမာဏမှာ ပါဝင်နေတဲ့ ဖွဲ့စည်းမှုကို ပြောင်းလဲသွားစေပေမဲ့ စုစုပေါင်း ငွေကြေးပမာဏ မပြောင်းလဲပါဘူး။ သို့သော်လည်း transaction 6a မှာ ဘဏ်က  ငွေထုတ်ချေး lend လိုက်တဲ့အခါ ငွေကြေးဖြစ်တဲ့ စာရင်းရှင်အပ်ငွေကို ဖန်တီးလိုက်ပါတယ်။ ဘဏ်မှာ အပို သီးသန့်ငွေသား ရှိနေလို့  ငွေလာချေးသူရဲ့ စာရင်းရှင်အပ်ငွေမှာ စာရင်းထည့်လိုက်တာပါ။   ချေးငွေကို   ပြုလုပ်   ခြင်းဖြင့် IOU ဖြစ်တဲ့   ငွေချေးကတိစာချုပ် ကို  ငွေကြေးအဖြစ် ပြောင်းလဲလိုက်ပြီး ပေးလိုက်တာပါ။ လူတွေလက်ထဲ လှည့်ပတ်   နေတဲ့ ငွေတွေ တိုးလာပါတယ်။ မန္တလေး ကုမ္ပဏီနဲ့ ABC ဘဏ်တို့ ဟာ တောင်းခံပိုင်ခွင့် claims တွေကို လဲလှယ် ကြတာပေါ့။ ကုမ္ပဏီက ဖန်တီးပြီး ဘဏ်ကို   ပေးလိုက်တဲ့   တောင်းခံမှုက  ငွေသား မဟုတ်ပါဘူး။ ငွေချေးကတိစာချုပ် IOU ဘဲ ဖြစ်ပါတယ်။ လူတစ်ဦး တစ်ယောက်ရဲ့ ငွေချေးကတိစာချုပ် IOU ဟာ ငွေကြေး လုပ်ဆောင်ချက်ဖြစ်တဲ့ ဖလှယ်ရေးကိရိယာ အဖြစ်   ဆောင်ရွက် မပေးပါဘူး။ သို့သော်လည်း ဘဏ်က ဖန်တီးပြီး ကုမ္ပဏီကို   ပေးလိုက်တဲ့   တောင်းခံမှုကတော့   ငွေကြေး   ဖြစ်ပါ တယ်။ တနည်းပြောရရင် ဖလှယ်ရေး ကိရိယာ အဖြစ် လက်ခံ အသုံးပြုနိုင်တဲ့ ချက်လက်မှတ်နဲ့ ထုတ်ယူနိုင်တဲ့ စာရင်းရှင် အပ်ငွေတွေဘဲ ဖြစ်ပါတယ်။ Medium of Exchange မဟုတ်တဲ့ ငွေချေးကတိ စာချုပ်နဲ့ Medium of Exchange ဖြစ်တဲ့ စာရင်းရှင် အပ်ငွေတွေ လဲလှယ်ကြတာပေါ့။
          စီးပွားရေး အဆောက်အအုံမှာ အသုံးပြုနေကြတဲ့ ပိုက်ဆံအများစုဟာ ကူးသန်း ရောင်းဝယ်ရေး ဘဏ်တွေက   ချေးငွေတွေကို တိုးချဲ့ ခြင်းအားဖြင့် ဖန်တီးထားတာဘဲ ဖြစ်ပါတယ်။ ဒီ စာရင်းရှင်အပ်ငွေ checkable deposits တွေကို ဘဏ်တွေက အကြွေး debts အဖြစ် သတ်မှတ်ထားပါတယ်။ စာရင်းရှင်အပ်ငွေတွေဟာ တောင်းခံလာရင် ပေးကို ပေးရမဲ့ အကြွေးတွေဘဲ ဖြစ်ပါတယ်။
          ဒါပေမဲ့ တချို့သော အချက်တွေကတော့ ကူးသန်း ရောင်းဝယ်ရေး ဘဏ်တစ်ခုရဲ့ငွေချေးပြီး စာရင်းရှင်အပ်ငွေ ဖန်တီးနိုင်တဲ့ စွမ်းရည်ကို ကန့်သတ်ထားပါတယ်။
            မန္တလေး ကုမ္ပဏီက သူ့ ကုမ္ပဏီချဲ့ဖို့ ကျပ် ၅၀,၀၀၀ တန် အဆောက်အဦ ကန်ထရိုက်ကို ရန်ကုန် ဆောက်လုပ်ရေး ကုမ္ပဏီ ကို  ပေးလိုက်တယ် ဆိုပါစို့။ မန္တလေး ကုမ္ပဏီက ABC ဘဏ်မှာရှိတဲ့ သူရဲ့ စာရင်းရှင်အပ်ငွေမှ ကျပ် ၅၀,၀၀၀ ချက် လက်မှတ်ကို ရန်ကုန် ဆောက်လုပ်ရေးကို ပေးလိုက်ပါတယ်။ သို့သော်လည်း ရန်ကုန် ဆောက်လုပ်ရေး ကုမ္ပဏီသည် ရလာတဲ့ ချက်လက်မှတ်ကို ABC ဘဏ်မှာ မသွင်းပါဘဲနဲ့ XYZ ဘဏ်ကို သွင်းလိုက်ပါတယ်။ အဲဒီတော့ XYZ ဘဏ်က ABC ဘဏ်ကို ကျပ် ၅၀,၀၀၀ တောင်းခံဖို့ ရှိလာပါပြီ။ transaction 5 မှာ ပြထားတဲ့ ပုံစံအတိုင်း ချက်လက်မှတ်ကို ကောက်ခံရမှာ ဖြစ်ပါတယ်။ အဲဒီအခါမှာ ABC ဘဏ်သည် ချက်တန်ဖိုး ပမာဏအတိုင်း သီးသန့်ငွေသား reserves မှာရော၊ စာရင်းရှင် အပ်ငွေ checkable deposits မှာရော လျော့သွားပြီး XYZ ဘဏ်ကတော့ reserves နဲ့ checkable deposits မှာ ကျပ် ၅၀,၀၀၀ တိုးလာမှာ ဖြစ်ပါတယ်။
            အချုပ်ပြောရရင် ငွေချေးဌားသူ borrower က သူချေးယူတဲ့ ငွေ ကျပ် ၅၀,၀၀၀ စလုံးကို ထုတ်ယူလိုက်ပြီး အဲဒီ ချက်လက်မှတ်ကို ရတဲ့ လုပ်ငန်း (ရန်ကုန် ဆောက်လုပ်ရေး) က အခြားဘဏ်တစ်ခုမှာ သွင်းလိုက်တယ်ဆိုရင် ချက်လက်မှတ်ကို ရှင်းလင်းပြီးနောက် ABC ဘဏ်ရဲ့လက်ကျန်ရှင်းတမ်းဟာ အောက်ပါအတိုင်းဖြစ်ပါမယ်..။



ချက်လက်မှတ်ကို ကောက်ခံပြီးနောက်မှာ ABC ဘဏ်ရဲ့အနိမ့်ဆုံး သီးသန့်ငွေသားအချိုး လိုအပ်ချက် ၂၀% ဟာ ပြည့်မီရုံဘဲ ရှိပါတော့တယ်။ (K 50,000 × 20% = K 10,000) ဘဏ်မှာ အပိုသီးသန့်ငွေသား မရှိတော့ ပါဘူး။ ဒီနေရာမှာ မေးခွန်း တစ်ခု ပေါ်လာပါတယ်။ ABC ဘဏ်ဟာ သူ့ရဲ့အပိုသီးသန့် ငွေသား ကျပ် ၅၀,၀၀၀ (transaction 6a ကိုကြည့်ပါ) ထက် ပိုချေးနိုင်သလား၊  ပိုချေးလိုက်လို့ ချေးငွေ အားလုံးကို ထုတ်ယူသွားပြီး ချေးငွေပမာဏ အပြည့်ရှိတဲ့ ချက်လက်မှတ်ကို ရှင်းလင်း clear လိုက်ရတဲ့အခါ အနိမ့်ဆုံး သီးသန့်ငွေသား လိုအပ်ချက် ၂၀% ကို ပြည့်မီသေးသလား ဆိုတာပါဘဲ။ အဖြေကတော့ “No”  ဖြစ်ပါတယ်။ ဘဏ်သည် ရှိသမျှငွေ အားလုံးကို ချေးလိုက် သလို ဖြစ်သွားပါမယ်။
            ဥပမာ- ABC ဘဏ်က မန္တလေး ကုမ္ပဏီကို ကျပ် ၅၅,၀၀၀ ချေးလိုက်မယ် ဆိုပါတော့။ မန္တလေး ကုမ္ပဏီကလဲ ချက်လက်မှတ် တန်ဘိုး ကျပ် ၅၅,၀၀၀ စလုံးကို ချက်ရေးပြီး၊ ရန်ကုန် ဆောက်လုပ်ရေး ကုမ္ပဏီကို ပေးပြီး အကုန် သုံးလိုက်မယ် ဆိုပါတော့။ ချက်လက်မှတ် ကို ကောက်ခံပြီ ဆိုရင် ABC ဘဏ်ရဲ့သီးသန့်ငွေသားဟာ ကျပ် ၅,၀၀၀ ဘဲ ရှိတော့မှာ ဖြစ်ပါတယ်..။
Reserves        =   K 60,000
Loans  (-)      =   K 55,000
Reserves left  =   K   5,000 < K 10,000 
            ဘဏ်ရဲ့ checkable deposits က ကျပ် ၁၀၅,၀၀၀ (မူလ K 50,000 + ချေးငွေ K 55,000) ကနေ ကျပ် ၅၀,၀၀၀ ဘဲ   ပြန်ဖြစ်သွား ပါမယ်..။
Checkable deposits        = K 105,000
Loans   (-)                   = K   55,000
Checkable deposits left  = K   50,000
            အဲဒီတော့ ချက်လက်မှတ် ကောက်ခံတဲ့ အချိန်မှာ အမှန် တကယ်ရှိတဲ့ သီးသန့်ငွေသား အချိုးက ၁၀ % (K 5,000 ÷ K 50,000) ဘဲ ရှိပါတော့တယ်။ အနိမ့်ဆုံး သီးသန့်ငွေသား လိုအပ်ချက်က ၂၀ % ဖြစ်တဲ့အတွက် ABC ဘဏ်သည် ကျပ် ၅၅,၀၀၀ ကို ချေးလို့ မရပါဘူး။ ABC ဘဏ်က ချေးနိုင်တဲ့ အမြင့်ဆုံး ချေးငွေ ပမာဏသည် ကျပ် ၅၀,၀၀၀ ဘဲ ဖြစ်ပါတယ်။ ဒီပမာဏဟာ အပိုသီးသန့် ငွေသား ပမာဏနဲ့ အတူတူ ဘဲ ဖြစ်ပါတယ်။
            ဘဏ်တွေ အများကြီးနဲ့ လည်ပတ်နေတဲ့ ဘဏ်စံနစ်မှာ ကူးသန်းရောင်းဝယ်ရေး ဘဏ်တစ်ခုသည် ကနဦး ချေးငွေကို သူရဲ့ အပို သီးသန့် ငွေသား ပမာဏနဲ့ ညီမျှတဲ့ ပမာဏကိုသာ ထုတ်ချေးနိုင်ပါတယ်။ ချေးတဲ့ အခါမှာလဲ ချေးငွေပမာဏ အားလုံး ရှိတဲ့ ချက်လက်မှတ်ကို ထုတ်ယူမှာ၊ စာရင်းရှင်းလင်း ပေးရမှာ ဆိုတဲ့ ဖြစ်နိုင်ချေ တွေကို ချေးလိုက်တဲ့ ဘဏ်သည် ရင်ဆိုင်ရမှာ ဘဲ ဖြစ်ပါတယ်။ အဲဒီလို ဖြစ်ပြီ ဆိုရင် ချေးလိုက်တဲ့ ငွေနဲ့ ညီမျှတဲ့ ပမာဏအတိုင်း သီးသန့်ငွေသားမှာ လျော့သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် လုံခြုံမှု ရှိစေရန် သူ့ရဲ့အပို သီးသန့် ငွေသားပမာဏထက် မပိုဘဲ ထုတ်ချေးဖို့ ကန့်သတ်ထားရမှာ ဖြစ်ပါတယ်။
            ဘဏ်တွေရဲ့ ငွေကြေးဖန်တီးမှုဟာ စိတ်ဝင်စားဖွယ် မေးခွန်းတစ်ခု ဖြစ်လာပါတယ်။ အကယ်၍ ဘဏ်တွေဟာ သူတို့ရဲ့ အပိုသီးသန့်   ငွေသားတွေကို ချေးပြီး checkable-deposit money ကို ဖန်တီးတယ်ဆိုရင် ငွေချေးယူတဲ့သူတွေ borrowers က ချေးငွေ တွေကို ပြန်ဆပ်တဲ့အခါ ငွေကြေးဟာ ပျက်စီးသွားသလား။ အဖြေက “Yes” ဖြစ်ပါတယ်။   ချေးငွေတွေကို   ပြန်ဆပ်တဲ့အခါ Loans ကျပ် ၅၀,၀၀၀ မရှိတော့ သလို ပြန်ဆပ်တဲ့ ချေးငွေ ပမာဏအတိုင်း checkable deposits က ကျဆင်းသွားမှာ ဖြစ်ပါတယ်။

Transaction 7: Buying Government Securities
       
       ကူးသန်းရောင်းဝယ်ရေး ဘဏ်တွေဟာ ပြည်သူတွေဆီက အစိုးရ ငွေချေးစာချုပ်များကို ဝယ်တဲ့အခါမှာ အကျိုး သက်ရောက်မှု ကတော့ ငွေချေးတဲ့ လုပ်ငန်းစဉ်နဲ့ တော်တော်လေး တူပါတယ်။ ငွေကြေးအသစ် ဖန်တီးလိုက်တာပါဘဲ။
            ABC ဘဏ်ရဲ လက်ကျန် ရှင်းတမ်းကို အရှေ့ဆာင်းပါးက transaction 5 မှာ ရှိတဲ့အတိုင်း ယူဆလိုက်ရအောင်။ ကျပ် ၅၀,၀၀၀ ကို ချေးမဲ့အစား ဘဏ်က အစိုးရ ငွေချေးစာချုပ် ကျပ် ၅၀,၀၀၀ ကို ဝယ်လိုက်ပါတယ်။ ဘဏ်က အတိုးရတဲ့ bonds တွေ ရလိုက်ပါပြီ။ သူ့ရဲ့လက်ကျန် ရှင်းတမ်းမှာ ရပိုင်ခွင့်အောက်မှာ ငွေချေးစာချုပ်များ ဆိုပြီး ပေါ်ပါမယ်။ bond ရောင်းတဲ့သူကို ပေးလိုက်ရတာသည် အဲဒီသူရဲ့ စာရင်းမှာ သွင်းပေးလိုက်တာ ဖြစ်လို့ checkable deposits မှာ တိုးသွားပါမယ်။ ABC ဘဏ်ရဲ့ လက်ကျန်ရှင်းတမ်းသည်   အောက်ပါ အတိုင်း ဖြစ်ပါမယ်။
  
             ငွေကြေးပမာဏ money supply မှာပါတဲ့ စာရင်းရှင်အပ်ငွေသည် transaction 6 မှာလိုဘဲ ကျပ် ၅၀,၀၀၀ တိုးပါ မယ်။ ကူးသန်းရောင်းဝယ်ရေးဘဏ် တွေသည် လူတွေဆီက bond တွေ ဝယ်လိုက်တာဟာ လူတွေကို   ငွေချေးလိုက်သလို ဘဲ ငွေကြေး ပမာဏကို တိုးစေပါတယ်။ ဘဏ်တွေက ပိုက်ဆံမဟုတ်တဲ့ အစိုးရ ငွေချေးစာချုပ် တွေကို လက်ခံလိုက်ပြီး ပိုက်ဆံဖြစ် တဲ့ စာရင်းရှင် အပ်ငွေတွေကို bond ရောင်းသူများထံ ပေးလိုက်ပါတယ်။
            Bond ရောင်းသူတွေသည် ABC ဘဏ်က ချက်လက်မှတ်ကို ထုတ်ယူပြီး ပေးစရာရှိတာ ပေးလိုက်လို့ နောက် စာရင်း ရှင်းလင်းတဲ့ အခါမှာ ဘဏ်ဟာ reserves မှာရော၊ checkable deposits မှာရော လျော့နည်းမှု ဖြစ်ပါတယ်။ အနိမ့်ဆုံး သီးသန့်ငွေသားကို ပြည့်မီရုံဘဲ ရှိပါတော့တယ်။ ဘဏ်ရဲ့လက်ကျန်ရှင်းတမ်းဟာ transaction 6b က ရပိုင်ခွင့်ဘက်မှာ ရှိတဲ့ loans ရဲ့နရာမှာ securities ဆိုတာက လွဲလို့ အားလုံး တူတူဘဲ ဖြစ်ပါတယ်။
            နိဂုံးချုပ်ရရင် ကူးသန်းရောင်းဝယ်ရေး ဘဏ်တွေက အစိုးရငွေချေး စာချုပ်တွေကို   ပြည်သူတွေဆီကို  ရောင်းတာဟာ   ချေးငွေ   ပြန်ဆပ်သလိုဘဲ  ငွေကြေးပမာဏ money supply ကို လျော့စေပါတယ်။ securities တွေကို ဝယ်သူတွေက ချက်နဲ့   ပေးချေပါတယ်။ securities နဲ့ checkable  deposits မှာ ရောင်းလိုက်တဲ့ ပမာဏ အတိုင်း လျော့ကျ သွားပါတယ်။
            ကူးသန်းရောင်းဝယ်ရေး ဘဏ်တစ်ခုရဲ့ လက်ကျန်ရှင်းတမ်းပေါ်က ရပိုင်ခွင့်ဘက်က items များဟာ ဘဏ်လုပ်ငန်းရှင် များရဲ့ ဆန့်ကျင်ဘက် ရည်မှန်းချက် ၂ ခုကို ရရှိရန် ကြိုးပမ်းမှုကို ထင်ဟပ်ပြနေပါတယ်။
            ပထမ ရည်မှန်းချက်ကတော့ အမြတ် profit ဖြစ်ပါတယ်။ အခြားသော စီးပွားရေးလုပ်ငန်းများ ကဲ့သို့ဘဲ ကူးသန်း   ရောင်းဝယ်ရေး  ဘဏ်တွေဟာ အမြတ်ကို ရှာရပါတယ်။ ဒါကြောင့် ချေးငွေတွေ ဖန်တီးတယ်။ ငွေချေးစာချုပ်တွေ ဝယ်ပါတယ်။ ဒီ ၂ ခုက ကူးသန်းရောင်းဝယ်ရေးဘဏ် တွေရဲ့ အဓိက ငွေဝင်ပေါက် ရပိုင်ခွင့်တွေပါ။
            ဒုတိယ ရည်မှန်းချက်ကတော့ ငွေဖြစ်လွယ်မှု liquidity တနည်း လုံခြုံမှုဘဲ ဖြစ်ပါတယ်။ ဘဏ်တစ်ခုအတွက် လုံခြုံမှုဟာ   ငွေဖြစ် လွယ်မှု အပေါ်မှာ တည်နေပါတယ်။ အထူးအားဖြင့် ငွေသားနဲ့ အပိုသီးသန့် ငွေသားလိုမျိုး ငွေဖြစ်လွယ်တဲ့ ရပိုင်ခွင့် တွေ အပေါ်မှာ တည်နေပါတယ်။ ဘဏ်တစ်ခုဟာ စာရင်းရှင် အပ်ငွေတွေကို ငွေသား အဖြစ်သို့ ပြောင်းလဲ ချင်တဲ့   ငွေလာအပ်သူများ ကို စောင့်ရှောက်ပေးဖို့ တာဝန်ရှိကို ရှိပါတယ်။ အလားတူစွာဘဲ ချက်လက်မှတ်ကို စာရင်းရှင်းလင်းတာကို သက်ဆိုင်ရာဘဏ်မှာ တိုက်ရိုက်လုပ်တာထက် အခြားဘဏ်က တစ်ဆင့် လုပ်တာက များမနေအောင်လဲ စောင့်ရှောက်ကာကွယ် ရပါမယ်။ ချက်လက်မှတ် စာရင်းရှင်းတာကို ကိုယ့်ဘဏ်မှာ တိုက်ရိုက်လုပ်ရင် ကိုယ့်ရဲ့ သီးသန့်ငွေသားရော၊ စာရင်းရှင်အပ်ငွေ ရော မဆုံးရှုံးတော့ပါဘူး။ ဥပမာ- မန္တလေး ကုမ္ပဏီရဲ့ စာရင်းကနေ ရန်ကုန် ဆောက်လုပ်ရေးရဲ့စာရင်းထဲကို ပြောင်းထည့်လိုက်ရုံဘဲ ဖြစ်လို့ပါ။ ဒါကြောင့် ဘဏ်လုပ်ငန်းရှင်များဟာ  လုံခြုံမှုရှိစေရန် ဂရုတစိုက်  စောင့်ရှောက်မှုနဲ့ အမြတ်ရရှိမှု ၂ ခုကြားမှာ ဘက်ညီမျှမှု ရှိအောင် ရှာဖွေရပါ တယ်။ ပြန်ရချက် မရှိတဲ့ ငွေဖြစ်လွယ်မှု မြင့်မားတဲ့ ရပိုင်ခွင့်တွေနဲ့ ပြန်ရချက်ကြီးမားတဲ့ ရပိုင်ခွင့် တွေ ကြားက တူညီချက်ကို ရှာဖွေရပါတယ်။
           အမြတ်နဲ့ ငွေဖြစ်လွယ်မှု ရည်မှန်းချက် ၂ ခုကို တစ်စိတ်တစ်ပိုင်း ကိုက်ညီနိုင်တဲ့ စိတ်ဝင်စားစရာ နည်းလမ်း တစ်ခုကတော့ ဗဟိုဘဏ်မှာ အပ်ထားတဲ့ ယာယီ အပို သီးသန့် ငွေသားအား အခြားသော ကူးသန်းရောင်းဝယ်ရေး ဘဏ်များ ကို   ချေးတာဘဲ ဖြစ်ပါတယ်။ ပုံမှန် နေ့စဉ် ဘဏ်တွေရဲ့ ငွေ စီးဝင် စီးထွက်မှုတွေဟာ သူတို့ရဲ့သီးသန့်ငွေသား လိုအပ်ချက် အဆင့်ကို အတိအကျ ဖြစ်စေဖို့ ခဲယဉ်းပါတယ်။ ဘဏ်တွေက ဗဟိုဘဏ်မှာ ထားထားတဲ့ သီးသန့်ငွေသား တွေကတော့ သိပ်ကို    ငွေဖြစ်လွယ်မှု မြင့်မားပြီး ဘာအတိုးမှတော့ မရပါဘူး။ ဒီတော့ ဘဏ်တွေဟာ ဒီအပို သီးသန့် ငွေသားတွေကို အခြားဘဏ်များသို့ တစ်ညတာ overnight basis ချေးငွေ အဖြစ် ထုတ်ချေးပါတယ်။ အဲဒီလို လုပ်ခြင်းဖြင့် ကာလရှည် ငွေဖြစ်လွယ်မှုလဲ မဆုံရှုံးသလို အတိုးဝင်ငွေလဲ ရရှိပါတယ်။ ယာယီအားဖြင့် သီးသန့်ငွေသား လိုအပ်ချက် လျော့နည်းသွားတဲ့ ဘဏ်တွေက ဗဟိုဘဏ် သီးသန့်ငွေသား ဈေးကွက်မှာ ချေးဌား borrow ရပါတယ်။ တစ်ညတာချေးငွေ overnight loans တွေ အပေါ်မှာ ပေးရတဲ့ အတိုးနှုန်းကို ဗဟိုဘဏ် နှုန်း (အမေရိကန် နိုင်ငံမှာ Fedearal funds rate) လို့ ခေါ်ပါတယ်။
          သီးသန့် ငွေသား လိုအပ်နေတဲ့ ဘဏ်က သီးသန့်ငွေသား ပိုနေတဲ့ ဘဏ်ဆီမှ တစ်ညတာ ငွေချေးတာဟာ လိုနေတဲ့ ဘဏ်မှာ သီးသန့် ငွေသားတက်လာပြီး ပိုနေတဲ့ ဘဏ်ရဲ့ သီးသန့်ငွေသား လျော့သွားပါတယ်။ ဗဟိုဘဏ်က ကိုင်ထားတဲ့ သီးသန့် ငွေသားတွေမှာ ပိုင်ဆိုင်မှု ပြောင်းလဲ သွားပြီး စုစုပေါင်း သီးသန့်ငွေသား ပမာဏ ကတော့ မပြောင်းလဲပါဘူး..။
            ရေးရတာ တော်တော်လဲ လက်ညောင်းသွားလို့ ရပ်လိုက်ပါဦးမယ်..။ ဖတ်ရှု အကျိုးများပါစေ။

McConnell, Brue နှင့် Flynn တို့ရေးသားသော eighteenth edition, "Economics, Principles, Problems, and Policies" မှ ကိုးကားဘာသာပြန်ပါသည်။

ဖြူ ဖြူ

Share this PostPin ThisEmail This

14 comments:

  1. Excellent article! We will be linking to this particularly great article on our website.
    Keep up the good writing.

    Look at my blog - best dating sites

    ReplyDelete
  2. I think what you said made a bunch of sense.
    However, think on this, suppose you were
    to write a killer title? I ain't saying your content
    isn't good., however suppose you added a title to possibly get people's attention? I
    mean "ကူးသန်းရောင်းဝယ်ရေးဘဏ်တစ်ခု၏ ငွေကြေးဖန်တီးမှု လုပ်ဆောင်ချက်များ"
    is kinda plain. You should peek at Yahoo's home page and see how
    they write news headlines to get viewers interested. You might add a video or a pic or two to grab
    people interested about everything've got to say.
    Just my opinion, it would bring your blog a little livelier.


    My web site - best dating sites

    ReplyDelete
  3. I was wondering if you ever thought of changing the layout of your blog?
    Its very well written; I love what youve got to say.
    But maybe you could a little more in the way of content so people could connect with it better.
    Youve got an awful lot of text for only having one or
    2 pictures. Maybe you could space it out better?



    Here is my web site best dating sites

    ReplyDelete
  4. Hello there, I discovered your site by the use
    of Google at the same time as searching for a comparable
    matter, your website came up, it appears great. I have bookmarked
    it in my google bookmarks.
    Hi there, just become aware of your blog thru Google, and found that it's really informative.

    I am gonna watch out for brussels. I'll be grateful should you continue this
    in future. Many people will probably be benefited from your writing.

    Cheers!

    Stop by my page; best dating sites

    ReplyDelete
  5. Hey! I know this is kinda off topic however , I'd figured I'd ask.
    Would you be interested in trading links or maybe guest writing a
    blog post or vice-versa? My blog goes over a
    lot of the same topics as yours and I think we could greatly
    benefit from each other. If you're interested feel free to shoot
    me an e-mail. I look forward to hearing from you!

    Awesome blog by the way!

    Here is my homepage - Best Dating Sites

    ReplyDelete
  6. Eѵerything іs very oplen with a precise clarification оf the challenges.
    ӏt was rеally informative. Youг website іѕ սseful.
    Thanks for sharing!

    Feel free tօ visit my web blog; structured settlement

    ReplyDelete
  7. I constantly spent my half an hour to read this blog's content every day along with a mug of coffee.


    Also visit my blog: minecraft.net

    ReplyDelete
  8. I do not even know how I stopped up here, however I thought this submit was once good.
    I don't understand who you're however certainly you're going
    to a famous blogger if you are not already. Cheers!

    Feel free to visit my webpage minecraft.net

    ReplyDelete
  9. Greetings from Florida! I'm bored to tears at work so I decided to browse your website on my iphone during
    lunch break. I love the information you provide here and can't wait to take a look when I get home.

    I'm amazed at how quick your blog loaded on my phone ..
    I'm not even using WIFI, just 3G .. Anyhow, good site!

    Also visit my blog post ... AracelyGLetze

    ReplyDelete
  10. This is really interesting, You're a very skilled blogger.
    I've joined your rss feed and look forward to seeking more of your great post.
    Also, I have shared your site in my social networks!


    Have a look at my site MaryjaneMBebout

    ReplyDelete
  11. This blog was... how do I say it? Relevant!! Finally
    I have found something that helped me. Thanks a lot!


    my weblog ... MistiYFriou

    ReplyDelete
  12. It's very easy to find out any matter on web as compared to books, as I found
    this paragraph at this web site.

    Feel free to visit my site ... MozelleSProvenzo

    ReplyDelete
  13. I was recommended this blog by my cousin. I'm not sure whether
    this post is written by him as no one else know such detailed about my trouble.
    You are wonderful! Thanks!

    my webpage ChongNStoebner

    ReplyDelete
  14. Thank you, I've just been searching for info approximately this topic for ages and yours is the best I have came upon till now.
    However, what in regards to the bottom line?
    Are you certain concerning the source?

    my page :: MarenUGranade

    ReplyDelete