ရင်တွင်းစကား

မိမိ သိသမျှသော Economics နှင့် ပတ်သက်သည့် သင်ခန်းစာ ဆောင်းပါးများ၊ Accounting, Finance နှင့်ပတ်သက်သည့် သင်ခန်းစာ ဆောင်းပါးများကို စေတနာသန့်သန့်ဖြင့် ဝေမျှထားပါသည်။ စာရေးသူသည် သိပ်တော်၊ သိပ်တတ်နေတဲ့ ပညာရှင် တစ်ယောက် လုံးဝ မဟုတ်ပါ။ ဒါကြောင့် အမှားများပါလျှင် ခွင့်လွှတ်ကြပါလို့ ….

ဖြူ ဖြူ

Thanks so much for every comment. Actually, I am not an expert on web or blog. I just made Google search of HTML codes that gives the design I want.

15 September 2015

ကော်ပိုရိတ်အရင်းအနှီး Corporate Capital အဆက်

Corporate Capital ရဲ့ အဆက်အနေနဲ့ စာရင်းသွင်းဖို့ ကျန်သေးတဲ့ ခေါင်းစဉ် ၃ ခုကို ဆက်လက် ရေးသား ပါမယ်။

အခြားငွေချေးစာချုပ်များနှင့် ပေါင်းစပ်လျှက်ထုတ်ဝေသည့် stock အတွက် စာရင်းရေးသွင်းခြင်း

Lump-Sum Sales


ယေဘုယျအားဖြင့်ကတော့ ကော်ပိုရေးရှင်းတွေဟာ stock အတန်းအစားများကို တစ်ခုနဲ့ တစ်ခု သီးခြားစီဘဲ ထုတ်ဝေ ရောင်းချလေ့ရှိပါတယ်။ ဒီလိုလုပ်ရတာဟာ အတန်းအစား တစ်ခုစီနဲ့ သက်ဆိုင်တဲ့   ရောင်းရငွေ proceeds ကို သိရအောင် ဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာတော့ ကော်ပိုရေးရှင်းတွေဟာ ၂ ခု သို့မဟုတ် ၂ ခုထက်ပိုတဲ့ စာချုပ်အတန်းအစားများကို တစ်စုတစ်ပေါင်းတည်း ပေးချေဖို့ ထုတ်ဝေပါတယ်။ ဥပမာအားဖြင့် အခြားကုမ္ပဏီတစ်ခုကို ရယူ၊ ဝယ်ယူတာမျိုးပေါ့။ stock တွေထုတ်ပြီး အခြားကုမ္ပဏီကို ဝယ်တာပေါ့။ Lump-sum sales မှာ ထုတ်ဝေလိုက်တဲ့ စာချုပ်အတန်းအစား များစွာအတွက် ရောင်းရငွေ ကို ဘယ်လို ခွဲဝေမလဲဆိုတဲ့ ပြဿ      နာ ရှိလာပါတယ်။ ရောင်းရငွေကို ခွဲဝေတဲ့ နည်းလမ်း ၂ခု အနက်မှာ တစ်ခုကို ကုမ္ပဏီတွေက အသုံးပြုကြပါတယ် -
(၁) the proportional method
(၂) the incremental method  တို့ဖြစ်ပါတယ်။


Proportional Method
စာချုပ်အတန်းအစားတစ်ခုစီအတွက် ကာလပေါက်ဈေး fair value ကို ရနိုင်ရင် သို့မဟုတ် အခြား နှိုင်းယှဉ်ဈေးနှုန်း ကောင်းကောင်းတစ်ခု ရနိုင်ရင် ကုမ္ပဏီက စာချုပ်အတန်းအစားများအတွက် စုပေါင်း ရရှိထားတဲ့ ငွေပမာဏကို အချိုးကျစနစ်အခြေခံနဲ့ ခွဲဝေပါတယ်။
ဥပမာအားဖြင့် ကုမ္ပဏီက stated value $10 ရှိတဲ့ common stock ရှယ်ယာ အရေအတွက် 1,000 နဲ့ par value $10 ရှိတဲ့ preferred stock ရှယ်ယာအရေအတွက် 1,000 ကို ထုတ်ဝေလိုက်တယ်။ စုစုပေါင်းရောင်းရငွေ $30,000 ရတယ်။ common stock ရဲ့ fair value ကတစ်ရှယ်ယာကို $20၊ preferred stock ရဲ့ fair value က တစ်ရှယ်ယာ ကို $12 ရှိတယ် ဆိုပါစို့။ အောက်ဖော်ပြပါအတိုင်း ခွဲဝေပါမယ်-

Fair value of common  (1,000 x $20) =  $20,000
Fair value of preferred (1,000 x $12) =    12,000
Aggregate fair value                                        $32,000

Allocation to common:   $20,000  x  $30,000  =  $18,750
                                                  $32,000

Allocation to preferred:  $12,000  x  $30,000  =  $11,250
                                                  $32,000
Total allocation                                                                     $30,000

ရောင်းရငွေတွေကို ခွဲဝေပြီးတဲ့အခါ ထုံးစံအတိုင်း ဂျာနယ်စာရင်းရေးသွင်းရပါမယ်။

                                            Debit    Credit
                                           -------  --------
    Cash                                    18,750
       Common Stock                                   10,000
       Paid-in-Capital in Excess of
          Stated Value - Common Stock                  8,750


                                            Debit    Credit
                                           -------  --------
    Cash                                    11,250
       Preferred Stock                               10,000
       Paid-in-Capital in Excess of
          Par - Common Stock                          1,250

Incremental Method
တကယ်လို့ ကုမ္ပဏီက စာချုပ်အတန်းအစားများရဲ့ fair value ကို မဆုံးဖြတ်နိုင်ရင် incremental method ကို သုံးကြပါတယ်။ fair value ကို သိတဲ့ security အတန်းအစားကို အခြေခံအဖြစ်သုံးပြီး စုစုပေါင်းရငွေ ထဲက အကျန်ကို fair value ကို မသိတဲ့ security အတွက် ခွဲဝေပေးပါတယ်။
ဥပမာအားဖြင့် ကုမ္ပဏီက stated value $10 ရှိတဲ့ common stock ရှယ်ယာ အရေအတွက် 1,000 နဲ့ par value $10 ရှိတဲ့ preferred stock ရှယ်ယာအရေအတွက် 1,000 ကို ထုတ်ဝေလိုက်တယ်။ စုစုပေါင်းရောင်းရငွေ $30,000 ရတယ်။ common stock ရဲ့ fair value ကတစ်ရှယ်ယာကို $20 ဖြစ်ပြီး preferred stock ရဲ့ fair value ကို မသိဘူးဆိုပါတော့။ အောက်ဖော်ပြပါအတိုင်း lump-sum $30,000 ကို ခွဲဝေပါတယ်-

Lump-sum receipt                                                    $30,000
Allocated to common (1,000 x $20)                (20,000)
Balance allocated to preferred                             $10,000

                                            Debit    Credit
                                           -------  --------
    Cash                                    20,000
       Common Stock                                   10,000
       Paid-in-Capital in Excess of
          Stated Value - Common Stock                 10,000


                                            Debit    Credit
                                           -------  --------
    Cash                                    10,000
       Preferred Stock                               10,000
      


တကယ်လို့ ကုမ္ပဏီက Lump-sum sales မှာပါဝင်တဲ့ ဘယ် စာချုပ်အတန်းအစားရဲ့ fair value ကိုမှ မရနိုင်ရင်၊ မသိရင် အခြားသော နည်းလမ်းများကို သုံးရပါတယ်။ ကျွမ်းကျင်သူများရဲ့ တန်ဖိုးဖြတ်မှုပေါ်မှာ အားထားရပါတယ်။ သို့မဟုတ် ကုမ္ပဏီက ထုတ်ဝေတဲ့ stock အတန်းအစားတစ်ခုခုရဲ့ နီးကပ်တဲ့ အနာဂတ် မှာ ရှိတဲ့ ဆုံးဖြတ်နိုင်တဲ့ fair value ကို သိရင် နောင်အချိန်မှာ ညှိနှိုင်းဖို့ ရည်ရွယ်ပြီး အဲဒီ နီးကပ်တဲ့ အနာဂတ်က fair value ကိုဘဲ အကောင်းဆုံး ခန့်မှန်းခြေအဖြစ် အသုံးပြုပါတယ်။

ငွေသားမဟုတ်သည့် လုပ်ဆောင်ချက်များနှင့် ထုတ်ဝေသည့် stock အတွက် စာရင်းသွင်းခြင်း


ကုမ္ပဏီက stock ထုတ်ဝေရာမှာ property သို့မဟုတ် services ဝန်ဆောင်မှုများနဲ့ ထုတ်ဝေတဲ့အခါ တန်ဖိုးဖြတ်ရတဲ့ ပြဿနာ  ပါဝင်လာပါတယ်။ အခြေခံ စည်းမျဉ်းကတော့ - ကုမ္ပဏီများသည် ငွေသားနဲ့ မဟုတ်တဲ့ services သို့မဟုတ် property တို့နဲ့ ထုတ်တဲ့ stock ကို စာရင်းမှတ်တမ်းတင်တဲ့အခါ stock ရဲ့ fair value နဲ့ဖြစ်စေ သို့မဟုတ် ရရှိလိုက်တဲ့ ငွေသားမဟုတ်တဲ့ ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုရဲ့ fair value ဖြစ်စေ၊ ၂ ခုအနက် ပို၍ ရှင်းရှင်းလင်းလင်း ဆုံးဖြတ်နိုင်တဲ့ တန်ဘိုးကို စာရင်းမှတ်တမ်းတင် ရမှာ ဖြစ်ပါတယ်။

တကယ်လို့ ကုမ္ပဏီက ၂ ခုစလုံးရဲ့ တန်ဘိုးကို အဆင်သင့် ဆုံးဖြတ်နိုင်ရင်၊ arm's length transaction လဲ ဖြစ်တယ်ဆိုရင် အဲဒီ ၂ ခုရဲ့ fair value က အနည်းငယ်တော့ ကွာခြားပါမယ်။ အဲလိုမျိုးမှာ ဘယ်တန်ဘိုးကိုဘဲ သုံးသုံး ကိစ္စ မရှိပါဘူး။

တကယ်လို့ ကုမ္ပဏီက ထုတ်တဲ့ stock ရဲ့ fair value ကိုလဲ အဆင်သင့် မဆုံးဖြတ်နိုင်ဘူး၊ ရလိုက်တဲ့ ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုရဲ့ fair value ကိုလဲ မဆုံးဖြတ်နိုင်ဘူးဆိုရင် သင့်တော်တဲ့ တန်ဖိုးဖြတ် နည်းလမ်းကို သုံးရမှာ ဖြစ်ပါတယ်။ ရရှိနိုင်တဲ့ အချက်အလက်များပေါ် မူတည်ပြီး နှိုင်းယှဉ်နိုင်တဲ့ property ပစ္စည်းတွေ ပါဝင်တဲ့ ဈေးကွက်လုပ်ဆောင်ချက်များပေါ်မှာလဲ အခြေခံနိုင်တယ် သို့မဟုတ် တန်ဘိုးလျှော့ မျှော်မှန်း အနာဂတ် ငွေသားစီးဆင်းမှု discounted expected future cash flows ကို အသုံးပြုတာလဲ ဖြစ်နိုင်တယ်။ သို့သော်လည်း ကုမ္ပဏီများဟာ တန်ဘိုးဖြတ်တဲ့နေရာမှာ book value, par value, stated value စတာတွေကို အခြေခံပြီး သုံးတာကိုတော့ လုံးဝ ရှောင်ရမှာ ဖြစ်ပါတယ်။
အောက်ဖော်ပြပါ ဥပမာများမှာ patent မူပိုင်ခွင့် အတွက် stock ထုတ်တာကို စာရင်းရေးသွင်းပါမယ်။
Marlowe company က par value $10 ရှိတဲ့ common stock ရှယ်ယာအရေအတွက် 10,000 ကို patent တစ်ခုရဖို့ ထုတ်ပါတယ်။ အခြေအနေ အမျိုးမျိုးမှာ ရှိတဲ့ စာရင်းသွင်းချက်များကို ကြည့်ပါ-

၁။ Marlowe company က patent ရဲ့ fair value ကို မဆုံးဖြတ်နိုင်ဘူး။ ဒါပေမဲ့ သူ့ကုမ္ပဏီ stock ရဲ့ fair value က $140,000 လို့ သိတယ်။
                                             Debit    Credit
                                           -------  --------
    Patent                                 140,000
       Common Stock (10,000 shares x $10)            100,000
       Paid-in-Capital in Excess of
          Par - Common Stock                          40,000

၂။ Marlowe company က stock ရဲ့ fair value ကို မဆုံးဖြတ်နိုင်ဘူး။ သို့သော် patent ရဲ့ fair value က $150,000 လို့ ဆုံးဖြတ်နိုင်တယ်။
                                            Debit    Credit
                                           -------  --------
    Patent                                 150,000
       Common Stock (10,000 shares x $10)            100,000
       Paid-in-Capital in Excess of
          Par - Common Stock                          50,000

၃။ Marlowe company က stock ရဲ့ fair value ရော၊ patent ရဲ့ fair value ရော အဆင်သင့် မဆုံးဖြတ် နိုင်ဘူး။ အဲဒီတော့ ပြင်ပက အကြံပေး တန်ဘိုးဖြတ်သူက patent ရဲ့ တန်ဘိုးကို discounted expected future cash flows ပေါ် အခြေခံပြီး $125,000 လို့ တန်ဘိုးဖြတ်ပေးတယ်။
                                            Debit    Credit
                                           -------  --------
    Patent                                 125,000
       Common Stock (10,000 shares x $10)            100,000
       Paid-in-Capital in Excess of
          Par - Common Stock                          25,000

ကော်ပိုရိတ်ဥပဒေအရ ဒါရိုက်တာဘုတ်အဖွဲ့ဝင်များ (BOD) တွေမှာ ငွေသားနဲ့ မဟုတ်တဲ့ လုပ်ဆောင်ချက်များရဲ့ တန်ဘိုးကို ချမှတ်ရန် အခွင့်အာဏာရှိပါတယ်။ သို့သော်လဲ BOD က ဒီပါဝါကို အလွဲသုံးစား လုပ်တတ်ပါတယ်။ ရရှိတဲ့ property သို့မဟုတ် services များကို တမင်တကာ တန်ဘိုးပိုဖြတ်ပြီး ကော်ပိုရေးရှင်းရဲ့ အရင်းအနှီးကို ပိုအောင် (overstated capital) လုပ်ကြပါတယ်။ property assets များရဲ့ပိုပြထားတဲ့ တန်ဘိုးကြောင့် အစုရှယ်ယာပိုင်ရှင်များရဲ့ အစုတန်ဘိုးကလဲ ပိုများနေပြီး ဒါဟာ watered stock ကို ဖြစ်စေပါတယ်။ ကုမ္ပဏီက over value ဖြစ်နေတဲ့ assets တွေကို write down ပယ်ဖျက်ပြီး "water" ကို ဖယ်ပစ်သင့်ပါတယ်။

တကယ်လို့ ကော်ပိုရေးရှင်းက property သို့မဟုတ် services များအတွက် stock ထုတ်တဲ့အခါမှာ assets တွေရဲ့ တန်ဘိုးဟာ နိမ့်နေရင် (undervalue) ကော်ပိုရေးရှင်းက secret reserves တွေကို ဖန်တီးတာဘဲ ဖြစ်ပါတယ်။ secret reserves တွေကို အခြားနည်းလမ်းတွေနဲ့လဲ ဖန်တီးနိုင်ပါတယ်။ တန်ဘိုးလျှော့တွေကို ပိုလျှော့တာ၊ ငွေလုံးငွေရင်းအသုံးစရိတ်တွေ ကို သာမန်အသုံးစရိတ်အဖြစ် expense လုပ်ပစ်တာ၊ ကုန်လက်ကျန်နဲ့ ရရန်ရှိများကို ပိုပြီး ပယ်ဖျက်ပစ်တာ၊ အခြား ရရန်ပိုင်ခွင့် assets များကို တန်ဘိုးလျှော့ပြပြီး ပေးရန်တာဝန် liabilities များကို တန်ဘိုးပိုပြတာ စသည်တို့ပါဘဲ။

stock ထုတ်ဝေမှု ကုန်ကျစရိတ်အတွက် စာရင်းသွင်းခြင်း

ကုမ္ပဏီက stock ကိုထုတ်တဲ့အခါမှာ ထုတ်လို့ကုန်ကျတဲ့ တိုက်ရိုက် စရိတ်များကို စာရင်းသွင်းရပါတယ်။ underwriting costs, accounting and legal fees, printing costs, အခွန်အခများ၊ စသည်တို့ဘဲ ဖြစ်ပါတယ်။ အဲဒါတွေကို Paid-in Capital in Excess of Par - Common Stock မှာ debit မြီစား ရေးသွင်းရပါမယ်။ ဘာလို့လဲ ဆိုတော့ သူတို့ဟာ ကော်ပိုရေးရှင်းရဲ့ လည်ပတ်မှုနဲ့ မဆိုင်တဲ့ အတွက် ဖြစ်ပါတယ်။ နောက်ပြီး issue costs တွေဟာ cost of financing လဲ ဖြစ်ပါတယ်။ stock ကို ရောင်းလို့ ရတဲ့ငွေကို လျော့နည်းစေပါတယ်။

Kimmel, Weygandt, နှင့် Kieso တို့ရေးသားသော Accounting, Tools for Business Decision Making မှ ဘာသာ ပြန်ဆိုပါသည်။


ဖြူ ဖြူ 





Share this PostPin ThisEmail This

No comments:

Post a Comment