ရင်တွင်းစကား

မိမိ သိသမျှသော Economics နှင့် ပတ်သက်သည့် သင်ခန်းစာ ဆောင်းပါးများ၊ Accounting, Finance နှင့်ပတ်သက်သည့် သင်ခန်းစာ ဆောင်းပါးများကို စေတနာသန့်သန့်ဖြင့် ဝေမျှထားပါသည်။ စာရေးသူသည် သိပ်တော်၊ သိပ်တတ်နေတဲ့ ပညာရှင် တစ်ယောက် လုံးဝ မဟုတ်ပါ။ ဒါကြောင့် အမှားများပါလျှင် ခွင့်လွှတ်ကြပါလို့ ….

ဖြူ ဖြူ

Thanks so much for every comment. Actually, I am not an expert on web or blog. I just made Google search of HTML codes that gives the design I want.

07 September 2015

ကော်ပိုရိတ် အရင်းအနှီး Corporate Capital



ကော်ပိုရေးရှင်းတွင် ပိုင်ဆိုင်မှု အကျိုးစီးပွားကို ကိုယ်စားပြုသည့် အစုတန်ဘိုးကို stockholders' equity, shareholders' equity သို့မဟုတ် ကော်ပိုရိတ် အရင်းအနှီးဟု အဓိပ္ပါယ် ဖွင့်ဆိုပါတယ်။ စတော့ကို ပိုင်ဆိုင်သူ များ၏ ပိုင်ဆိုင်မှု တန်ဘိုး stockholders' equity ၏ အစိတ်အပိုင်းများ အဖြစ် အောက်ပါ အမျိုးအစား ၃ မျိုး ပါဝင်လေ့ရှိပါတယ်-


  1. Capital Stock
  2. Additional paid-in capital
  3. Retained Earnings တို့ဖြစ်ပါသည်။
ပထမ အမျိုးအစား ၂ ခုဖြစ်သည့် capital stock နှင့် additional paid-in capital တို့ ပေါင်းခြင်းဖြင့် contributed paid-in capital  ထည့်ဝင် မတည် ရင်းနှီးငွေကို ဖြစ်စေပါတယ်။ Retained Earnings ကတော့ ကုမ္ပဏီ၏ အသားတင် အမြတ်ငွေထဲမှ ရှယ်ယာရှင်များကို အမြတ်ဝေစုအဖြစ်မပေးဘဲ ကုမ္ပဏီတွင်   ပြန်လည် ရင်းနှီးမြှုပ်နှံရန် သို့မဟုတ် အကြွေးပေးချေရန် ထိန်းသိမ်းထားသည့် အသားတင် အမြတ်ငွေ၏ ရာခိုင်နှုန်း တစ်ခုဖြစ်ပါတယ်။ Retained Earnings ကို ကုမ္ပဏီ၏ earned capital လို့လည်း ခေါ်ပါတယ်။ Contributed paid-in capital မှာ လုပ်ငန်းတွင် အသုံးပြုရန်အတွက်   ကော်ပိုရေးရှင်းသို့ ရှယ်ယာရှင်များက ထည့်ဝင်ထားသည့် ပမာဏ တနည်း စတော့ အရင်းအနှီးအတွက် မတည်ထားသည့် စုစုပေါင်း ပမာဏ ဖြစ်ပါတယ်။ ၄င်းထည့်ဝင်ရင်းနှီးငွေတွင် ပေါ်လွင်နေသော စတော့များ အားလုံး၏ par value ၊  ၄င်းတို့ကို  ထုတ်ဝေစဉ်ကရှိသည့်  တက်စျေး premium နှင့်  လျှော့စျေး discount များ ပါဝင်ပါတယ်။ Retained Earning သို့မဟုတ် earned capital မှာ လုပ်ငန်း လည်ပတ်မှုမှ ရလာသည့် အမြတ်ကို ပြန်လည် ရင်းနှီးထားခြင်းဖြစ်ပါတယ်။ ယင်းကို ရှယ်ယာရှင်များသို့ အမြတ်အဖြစ်   ဖြန့်ဝေခြင်း မပြုပါ။
  

Stockholders' equity သည် ကုမ္ပဏီ၏ ရပိုင်ခွင့်နှင့် ပေးရန်တာဝန်တို့ ခြားနားချက်လည်း ဖြစ်ပါတယ်။ ဆိုလိုသည်မှာ ကုမ္ပဏီ၏ ပိုင်ရှင်များ သို့မဟုတ် အစုရှယ်ယာရှင်များ၏ အကျိုးစီးပွား (owners' interest) သည် ရပိုင်ခွင့်မှ ပေးရန်တာဝန်ကို နုတ်ပြီးနောက် ကျန်သည့် လက်ကျန် အကျိုးအမြတ် (residual interest) တစ်ခုပင် ဖြစ်ပါတယ်။ သို့ဖြစ်၍ ပိုင်ရှင်များ၏ အစုတန်ဘိုး (owners' equity or stockholders' equity) မှာ ပိုင်ရှင်များက လုပ်ငန်းသို့ အသားတင် ထည့်ဝင်သည့် အဆင့်ဆင့် တိုးပွားလာတဲ့ ရင်းနှီးငွေများ Contributed paid-in capital နဲ့ ကုမ္ပဏီက ထိန်းသိမ်းထားသည့် အမြတ်ငွေ၏ အစိတ်အပိုင်း Retained Earnings တို့  ၂ခု၏  ပေါင်းလဒ်ဖြစ်ပါတယ်။ တနည်းအားဖြင့် stockholders' equity ဟာ အသားတင် ရပိုင်ခွင့် net assets လဲဘဲ ဖြစ်ပါတယ်။ ကုမ္ပဏီဖျက်သိမ်းပြီဆိုရင် အစုရှင်များ၏ အစုတန်ဘိုး stockholders' equity သည်  စုစုပေါင်း ရပိုင်ခွင့်များ total assets ၏ တစ်စိတ်တစ်ပိုင်းကို ရရှိရန်   တောင်းခံခွင့်   ဖြစ်ပါတယ်။ stockholders' equity ၏ ပမာဏမှာ ပုံသေ သတ်မှတ် မထားပါ။ ကုမ္ပဏီ၏ အမြတ်အစွန်း ရရှိမှုပေါ် မူတည် ပါတယ်။ ကုမ္ပဏီက မြတ်ရင် stockholders' equity က တက်လာပါတယ်။ ရှုံးပြီ ဆိုရင် stockholders' equity က ကျဆင်းသွားပါတယ်။

Stock ထုတ်ဝေခြင်း


Stock ကို ထုတ်ဝေရာတွင် ကုမ္ပဏီများက အောက်ပါ နည်းလမ်းများအတိုင်း လိုက်နာရပါမယ်-

  • မိမိက ကော်ပိုရေးရှင်းကို မှတ်ပုံတင်ပြီး တည်ထောင်လိုက်တဲ့ State က ကော်ပိုရေးရှင်းကို ဖွဲ့စည်း တည်ထောင်ခွင့်ပြုတဲ့  စည်းမျဉ်း၊ တာဝန်၊ ရည်ရွယ်ချက်များ ပါဝင်တဲ့ တရားဝင် စာချုပ်မှာ စတော့ပမာဏကို တရားဝင် ခွင့်ပြုချက်ပေးရပါမယ်။
  • ထို့နောက် ကော်ပိုရေးရှင်းက စတော့ကို ရောင်းချရန် စာချုပ်များ ချုပ်ဆိုပြီး ရှယ်ယာများကို ကမ်းလှမ်းပါတယ်။
  • စတော့အတွက် ပမာဏများကို လက်ခံရရှိပြီးနောက် ကော်ပိုရေးရှင်းက ရှယ်ယာများကို ထုတ်ဝေ ပါတယ်။
ကော်ပိုရေးရှင်း ဖွဲ့စည်းတည်ထောင်ခွင့်ပြုတဲ့ State ကနေ stock ပမာဏ ခွင့်ပြုချက်ကို ရရှိတဲ့အခါ  ကော်ပိုရေးရှင်းအနေနဲ့ အထွေထွေဂျာနယ်မှာ ဘာစာရင်း သွင်းချက်မှ မလုပ်ပါဘူး။

Stock ထုတ်ဝေတဲ့အခါမှာမှ အောက်ဖော်ပြပါ ခေါင်းစဉ် ၅ မျိုးနဲ့ စာရင်းသွင်းကြပါတယ်။
၁။ par value stock အတွက် စာရင်းသွင်းခြင်း
၂။ no-par stock အတွက် စာရင်းသွင်းခြင်း
၃။ အခြား ငွေချေးစာချုပ်များများနှင့် ပေါင်းစပ်လျှက် ထုတ်ဝေသည့် stock အတွက် စာရင်းသွင်းခြင်း
၄။ ငွေသားမဟုတ်သည့် လုပ်ဆောင်ချက်များနှင့် ထုတ်ဝေသည့် stock အတွက် စာရင်းသွင်းခြင်း
၅။ stock ထုတ်ဝေမှု ကုန်ကျစရိတ်အတွက် စာရင်းသွင်းခြင်း

Par Value Stock အတွက် စာရင်းရေးသွင်းခြင်း


စတော့ရဲ့ Par Value ဆိုတာ စျေးကွက်ပေါက်စျေးနဲ့ ဘာမှ မပတ်သက်ပါဘူး။ အခုအချိန်မှာ စတော့ အရင်းအနှီး အများစုကို ထုတ်ဝေကြရာမှာ Par Value ဟာ အင်မတန်ကို နိမ့်ပါတယ်။ ဥပမာအားဖြင့် PepsiCo ရဲ့ par value က $1.67 ၊ Kellogg ရဲ့ par value က $0.25 ၊ Hershey က $1 စသည်ဖြင့်   ဖြစ်ပါတယ်။ ကုမ္ပဏီများအနေဖြင့် par value နိမ့်နိမ့်နဲ့ ထုတ်ဝေခြင်းဖြင့် par value ထက် နိမ့် ပြီး စတော့များကို ရောင်းချခြင်းကြောင့် ဖြစ်လာသည့် contingent liability ကို ရှောင်ရှားနိုင်ပါတယ်။

contingent liability ဆိုတာကတော့ လက်ရှိ မသေချာတဲ့ အခြေအနေကြောင့် အဲဒီက ဖြစ်လာမဲ့ အနာဂတ် ရလာဒ်ပေါ် မူတည်ပြီး အလားအလာရှိတဲ့   ပေးရန်တာဝန်ဘဲ ဖြစ်ပါတယ်။ အနာဂတ်မှာ မကောင်းတဲ့ အခြေအနေ တစ်ရပ်ကလဲ ဖြစ်နိုင်ချေရှိတယ်။ နောက်ပြီး ပေးရန်တာဝန် ပမာဏကိုလဲ ခန့်မှန်းနိုင်တယ် ဆိုရင် contingent liability ကို စာရင်း ရေးသွင်းရပါတယ်။ ဥပမာအားဖြင့် ကုမ္ပဏီက သူ့ရဲ့ ပြိုင်ဘက် ကုမ္ပဏီနဲ့ မူပိုင်ခွင့် ပြဿနာနဲ့ တရားရင်ဆိုင်နေရတယ် ဆိုပါတော့။ ကုမ္ပဏီရဲ့ ဥပဒေရေးရာဌာနက ပြိုင်ဘက် ကုမ္ပဏီကသာ နိုင်ရင် ကိုယ့်ကုမ္ပဏီက ဒေါ်လာ ၂ သန်း ပေးရမယ်လို့ ခန့်မှန်းတယ် ဆိုရင် အဲဒီ ဒေါ်လာ ၂ သန်းကို contingent liability အဖြစ်နဲ့ balance sheet ပေါ်မှာ တင်ရပါတယ်။ တနည်းအားဖြင့် ပြိုင်ဘက် ကုမ္ပဏီက မနိုင်-နိုင်လို့ ဥပဒေရေးရာဌာနက ယူဆရင် contingent liability ကို စာရင်းသွင်းစရာ မလိုပါဘူး။

par value stock ကို ထုတ်ပြီဆိုရင် ကော်ပိုရေးရှင်းက စတော့ အတန်းအစား တစ်ခုစီအတွက် စာရင်း မှတ်တမ်းများ ရေးသွင်း ထိန်းသိမ်းရပါတယ်။

၁။ အထူးစတော့ သို့မဟုတ် သာမန်စတော့ Preferred Stock or Common Stock

ဒီ stock ၂ ခုဟာ ကုမ္ပဏီက ထုတ်လိုက်တဲ့ ရှယ်ယာများရဲ့ par value ဘဲ ဖြစ်ပါတယ်။ ရှယ်ယာတွေကို စထုတ်တဲ့ အချိန်မှာ ကုမ္ပဏီက ဒီစာရင်းများကို credit ရေးသွင်းရပါတယ်။ ရှယ်ယာများကို ထပ်မထုတ်လျှင် သို့မဟုတ် ရှယ်ယာများကို ရပ်တန့်လိုက်တာ မလုပ်လျှင် နောက်ထပ် ဘာမှ စာရင်း ထပ်သွင်းစရာ မလိုပါဘူး။

၂။ Par တန်ဘိုးထက်ပိုသော မတည်ရင်းနှီးငွေ Paid-in Capital in Excess of Par (or) Additional Paid-in Capital

Paid-in Capital in Excess of Par ကတော့ အစုရှယ်ယာဝင်များက ပေးတဲ့၊ တနည်း ဝယ်လိုက်တဲ့ par value ထက်ပိုတဲ့ ပမာဏကို ပြောတာပါ။ အစုရှယ်ယာဝင်များက ရှယ်ယာတွေဝယ်တဲ့ တန်ဘိုးသည် par value ထက်ပိုပါတယ်။ အဲဒီ ပိုတဲ့ပမာဏဟာ ကော်ပိုရေးရှင်းက ထပ်မံ ရရှိသော ပမာဏ၊ မတည်ရင်းနှီးငွေ ရဲ့ တစ်စိတ်တစ်ပိုင်း    ဖြစ်သွားပါတယ်။
ဥပမာအားဖြင့် -
  ABC Inc. issued 1,000 shares of $10 par stock at $14 per share.

                                            Debit    Credit
                                           -------  --------
    Cash                                    14,000
       Common Stock                                  10,000
       Paid-in-Capital in Excess 
       of Par - Common Stock                          4,000


No-Par Stock အတွက် စာရင်းရေးသွင်းခြင်း


Par value မရှိဘဲ stock ကို ထုတ်ဝေတာကို no-par stock လို့ခေါ်ပါတယ်။ no-par stock ကို ထုတ်ရတဲ့ အကြောင်းရင်း ၂ ရပ်ရှိပါတယ်။

  • တကယ်လို့သာ ကော်ပိုရေးရှင်းက par value stock ကို discount နဲ့သာ ထုတ်ခဲ့ရင် ဖြစ်လာနိုင်တဲ့ contingent liability ကို ရှောင်ရှားနိုင်ပါတယ်။
  • Par value နဲ့ Fair Value ကြားထဲက ဆက်နွယ်ချက်ကြောင့်ဖြစ်တဲ့ ရှုပ်ထွေးမှုများကိုလဲ ရှောင်ရှား   နိုင်ပါတယ်။ Fair value ကတော့ စျေးကွက်ပေါက်စျေးကို   ပြောတာပါ။   စျေးကွက်ပေါက်စျေးက အရမ်းမြင့်ပြီး par value က နည်းနည်းလေး  ဖြစ်ပါတယ်။ တကယ်လို့သာ ရှယ်ယာက no-par value ဆိုရင် fair value အတွက် par value ကို အခြေခံ အဖြစ် သုံးတဲ့ ကိစ္စရပ်မျိုး မပေါ်ပေါက်နိုင် ပါဘူး။

 ဒါကတော့ ငွေသားနဲ့မဟုတ်ဘဲ intangible သို့မဟုတ် tangible ပုံသေရပိုင်ခွင့်များနဲ့ ထုတ်တဲ့ stock ထုတ်တဲ့အခါတိုင်း ရရှိနိုင်တဲ့ အားသာချက်ဘဲ ဖြစ်ပါတယ်။
 
No-par stock ရဲ့ အဓိက အားနည်းချက်ကတော့ အချို့သော state တွေက no-par stock ထုတ်ဝေမှုပေါ် မှာ အခွန် မြင့်မြင့် ကောက်ခံတာဘဲ ဖြစ်ပါတယ်။ ဒါ့အပြင် တချို့သော state တွေက no-par stock ကို ထုတ်ဝေတဲ့ စုစုပေါင်း စျေးနှုန်းကို legal capital အဖြစ် သတ်မှတ်ပါတယ်။ အဲဒီတော့ အမြတ်ဝေစု ပေးဖို့က နည်းသွားပါတယ်။ legal capital က အကြွေးပြန်ဆပ်ဖို့၊ ပြန်ရင်းနှီးဖို့ ဖယ်ထားတဲ့ ငွေဖြစ်တဲ့အတွက်ပါ။

ကော်ပိုရေးရှင်းတွေက no-par share တွေကိုလဲ ရောင်းကြတယ်။ သို့သော် par value share နဲ့ မတူတာကတော့ ကော်ပိုရေးရှင်းတွေက သူတို့ကို ထုတ်တဲ့အခါမှာ တက်စျေး premium နဲ့ လျှော့စျေး discount များနဲ့ မထုတ်ပါဘူး။ ရလာတဲ့ ပမာဏ အတိအကျကို common stock သို့မဟုတ် preferred stock မှာ credit သွင်းပါတယ်။
ဥပမာအားဖြင့် -
Video Electronics Corporation က no-par value နဲ့  common share အရေအတွက် ၁၀,၀၀၀ ထုတ်ဖို့ အခွင့်ရထားတယ်။ ရှယ်ယာ အရေအတွက် ၁၀,၀၀၀ ကို ဂျာနယ်စာရင်း မသွင်းဘူး။ တကယ်လို့ Video Electronics Corporation က ရှယ်ယာတစ်ခုကို $10 နဲ့ ရှယ်ယာ ၅၀၀ ထုတ်မယ်၊ ရောင်းမယ် ဆိုရင် အောက်ပါအတိုင်း စာရင်းသွင်းပါမယ် -


                                            Debit    Credit
                                           -------  --------
    Cash                                    5,000
       Common Stock (no-par value)                    5,000
        


 အကယ်၍ နောက်ထပ် ရှယ်ယာ ၅၀၀ ကို တစ်ခုလျှင် $11 နဲ့ ထပ်ထုတ်မယ်ဆိုရင် အောက်ပါအတိုင်း စာရင်း သွင်းပါမယ်-
                                            Debit    Credit
                                           -------  --------
    Cash                                    5,500
       Common Stock (no-par value)                    5,500
       

တစ်ချို့ State တွေကျတော့လဲ no-par value stock ကို stated value နဲ့ ထုတ်ဖို့ ပြဌာန်းကြပြန်တယ်။ stated value ကတော့ ကုမ္ပဏီက ရှယ်ယာကို မထုတ်နိုင်တဲ့တန်ဘိုး ထက် နိမ့်တဲ့ အနည်းဆုံး တန်ဘိုး ဖြစ်ပါတယ်။ ဒါကြောင့် no-par stock အစား stated value နဲ့ stock ထုတ်ကြတယ်။ stated value နဲ့ stock က အရမ်းနိမ့်တဲ့ par value နဲ့ ထုတ်တဲ့ stock ပုံစံမျိုး ဖြစ်သွားပါတယ်။

အကယ်၍ No-par stock မှာ stated value က ရှယ်ယာတစ်ခုကို $5 ရှိပြီး $11 နဲ့ ပြန်ရောင်းတယ် ဆိုရင် $5 ထက်ပိုတဲ့ ပမာဏကို additional paid-in capital (par တန်ဘိုးထက်ပိုသော မတည်ရင်းနှီးငွေ) ထဲမှာ စာရင်းသွင်းမယ်။ ဒါကို အမြတ်ဝေစုအတွက် ပေးနိုင်တယ်။ ဒါကြောင့် stated value နိမ့်နိမ့်ရှိတဲ့ No-par stock က အသစ်စတည်ထောင်တဲ့ ကော်ပိုရေးရှင်းအတွက် သူ့ရဲ့ လုပ်ငန်း လည်ပတ်မှုကို စတင်တဲ့အခါမှာ additional paid-in capital ကို ရရှိစေပါတယ်။ ဥပမာအားဖြင့် -
ကုမ္ပဏီက ရှယ်ယာတစ်ခုကို stated value $5 ရှိတဲ့ ရှယ်ယာ ၁,၀၀၀ ခု ထုတ်တယ်ဆိုပါတော့။ ပြီးတော့ ရှယ်ယာတစ်ခုကို $15 နဲ့ ရောင်းတယ်ဆိုရင် အောက်ပါအတိုင်း စာရင်းသွင်းပါမယ်-


                                            Debit    Credit
                                           -------  --------
    Cash                                    15,000
       Common Stock                                   5,000
       Paid-in-Capital in Excess of
          Stated Value - Common Stock                10,000


အရပ်က နားလည်အောင် ပြောရရင် stock ကို ရောင်းလို့ ရလိုက်တဲ့ငွေက $15,000၊ အမြတ်က $10,000၊ အရင်းက $5,000 ပေါ့။

ကော်ပိုရေးရှင်းအများစုကတော့ stated value နဲ့ပြဌာန်းထားတဲ့ no-par stock ကို စာရင်းသွင်းတဲ့အခါမှာ par value stock မှာ par ကို stated value နဲ့ ညီတယ်လို့ သဘောထားပြီး စာရင်းသွင်းသကဲ့သို့ စာရင်းသွင်းကြပါတယ်။

ကျန်တဲ့ ခေါင်းစဉ် ၃ ခုအတွက် စာရင်းသွင်းချက်တွေကိုတော့ နောက်ဆောင်းပါးမှာ ဆက်လက် ရေးပါမည်။

Kimmel, Weygandt, နှင့် Kieso တို့ရေးသားသော Accounting, Tools for Business Decision Making မှ ဘာသာ ပြန်ဆိုပါသည်။


ဖြူ ဖြူ 





Share this PostPin ThisEmail This

No comments:

Post a Comment