ရင်တွင်းစကား

မိမိ သိသမျှသော Economics နှင့် ပတ်သက်သည့် သင်ခန်းစာ ဆောင်းပါးများ၊ Accounting, Finance နှင့်ပတ်သက်သည့် သင်ခန်းစာ ဆောင်းပါးများကို စေတနာသန့်သန့်ဖြင့် ဝေမျှထားပါသည်။ စာရေးသူသည် သိပ်တော်၊ သိပ်တတ်နေတဲ့ ပညာရှင် တစ်ယောက် လုံးဝ မဟုတ်ပါ။ ဒါကြောင့် အမှားများပါလျှင် ခွင့်လွှတ်ကြပါလို့ ….

ဖြူ ဖြူ

Thanks so much for every comment. Actually, I am not an expert on web or blog. I just made Google search of HTML codes that gives the design I want.

25 February 2014

ကာလရှည်ပေးရန်တာဝန် Long-Term Notes Payable


ငွေချေးစာချုပ်တွေ အမျိုးမျိုးရှိတဲ့အနက် ထင်ရှားတဲ့ Notes Payable အကြောင်းရေးမလို့ပါ။ Notes Payable မှာ ကာလတို နဲ့ ကာလရှည် ဆိုပြီး ရှိပါတယ်။ Short-term Notes Payable ကတော့ တစ်နှစ်အတွင်း သို့မဟုတ် လုပ်ငန်းလည်ပတ်မှုကာလ ၂ ခုအနက် ပိုရှည်တဲ့ ကာလ အတွင်း အကြွေး ကို ပေးဆပ်တယ်ဆိုရင် ကာလတိုဖြစ်ပါတယ်။ Long-term Notes Payable ကတော့ Bonds နဲ့ ဘာတူ သလဲ ဆိုရင် ပုံသေ သတ်မှတ်ထားတဲ့ သက်တမ်းစေ့ရက်စွဲရယ်၊ နောက် စာချုပ်ပေါ်မှာ ဖော်ပြထားတဲ့ အတိုးနှုန်းရယ် ပါတာတွေ တူပါတယ်။ သို့သော်လည်း Notes ကတော့ Bonds လိုမျိုး securities တွေ အရောင်းအဝယ်လုပ်တဲ့ စျေးကွက်မှာတော့ အရောင်းအဝယ်မလုပ်ပါဘူး။ သူ့အတွက် ready market မရှိဘူးပေါ့နော်။ ကော်ပိုရေးရှင်းကြီးတွေက ကာလရှည် notes နဲ့ bonds တွေကို ထုတ်ကြပါတယ်။ notes နဲ့ bonds အတွက် စာရင်း သွင်းပုံခြင်းကလဲ တူတူပါဘဲ။ bond ကဲ့သို့ဘဲ note ကိုလဲ သူ့ရဲ့ အနာဂတ် အတိုး နဲ့ အရင်း cash flows ရဲ့ လက်ရှိကာလ တန်ဘိုးနဲ့ တန်ဘိုး   ဖြတ်ပါတယ်။ ကုမ္ပဏီက note ရဲ့ သက်တမ်းတစ်လျှောက် discount သို့မဟုတ် premium ကို ဖြန့်ပြီး ခွဲဝေပါတယ်။

Face Value နဲ့ ထုတ်တဲ့ Notes


Bond တုံးကလိုပါဘဲ။ face value နဲ့ထုတ်ရင် Notes ပေါ်မှာ ဖော်ပြထားတဲ့ stated rate နဲ့ စျေးကွက်ထဲက effective rate က တူတယ်။ ဒါဆိုရင် note ရဲ့ လက်ရှိတန်ဘိုး present value ဟာ note သက်တမ်းစေ့ ရင် ပြန်ပေးရမဲ့ note ပေါ်မှာ ဖော်ပြထားတဲ့ face value နဲ့ တူတယ်။ ဥပမာအားဖြင့် "AA" ကုမ္ပဏီက $10,000 တန် note ကို ထုတ်တယ်ဆိုပါတော့။ တနည်းအားဖြင့် ဘဏ်ကို အဲဒီ note ကိုပေး လိုက်ပြီး ဘဏ်ကနေ $10,000 ချေးတာပေါ့နော်။ note ပေါ်က အတိုး ၁၀% နဲ့   စျေးကွက်ထဲက အတိုး ၁၀% တူနေလို့ face value အတိုင်းဘဲ ကုမ္ပဏီက ရတာ။ ကုမ္ပဏီက ဘယ်လိုစာရင်းသွင်းသလဲဆိုရင် -


နှစ်ကုန်လို့ အတိုးပေးတဲ့ အခါမှာလဲ Interest Expense  မှာ  Debit $1,000  နဲ့ Cash မှာ $1,000  စာရင်းသွင်း ပါတယ်။  ဒါက အခြေခံပါ။ တကယ်တမ်းမှာ stated rate နဲ့ စျေးကွက်ထဲက effective rate တို့ တူတယ်မရှိပါဘူး။ ဒါကြောင့်လဲ Notes ကို ထုတ်တဲ့ အခါမှာ face value နဲ့ ထုတ်လေ့မရှိပါဘူး။ bond တုံးကလိုဘဲ stated rate က effective rate ထက်များရင် premium နဲ့ ထုတ်ပြီး နည်းနေရင်တော့ discount နဲ့ ထုတ်ပါတယ်။ face value နဲ့ မထုတ်တဲ့ notes များထဲကမှ Zero-Interest Bearing Notes ကို ရှင်းလင်းပါမယ်။

Zero-Interest Bearing Notes


Zero Interest ဆိုတဲ့ အမည် အတိုင်းဘဲ Interest မရှိပါဘူး။ non-interest bearing note လို့လဲ   ခေါ်ပါတယ်။ ထုတ်တဲ့အခါမှာ ကုမ္ပဏီက ငွေသားလိုအပ်လို့ ထုတ်တာဆိုရင် notes ရဲ့ present value လက်ရှိတန်ဘိုးကို ရလာတဲ့ ငွေသားနဲ့ တိုင်းတာပါတယ်။ interest rate မပါတဲ့အတွက် notes ရဲ့ present value ကို implicit rate နဲ့ တွက်ပါတယ်။ implicit rate ဆိုတာကတော့ ကုမ္ပဏီက အခုရလာတဲ့   ငွေနဲ့ အနာဂတ်မှာ ပြန်ပေးရမဲ့ ငွေပမာဏတို့ကို ညီမျှစေတဲ့ rate ဘဲ ဖြစ်ပါတယ်။ notes ကို ထုတ်တဲ့ ကုမ္ပဏီက စာချုပ်ပေါ်မှာပါတဲ့ face value တနည်းအားဖြင့် စာချုပ်ရက်စေ့တဲ့ အနာဂတ်မှာ ပြန်ပေးရမဲ့   ငွေပမာဏနဲ့ အခုကိုယ်ရလိုက်တဲ့ငွေ present value ကြားက   ခြားနား ချက်ကို discount အဖြစ် မှတ်တမ်း တင်ပြီး notes ရဲ့ကာလတစ်လျှောက် Interest Expense ထဲကို ဖြန့်ပြီး ခွဲဝေ amortize လုပ်ပါတယ်။

တစ်ခု သတိပြုရမှာက zero-interest bearing note မှာ face value ထက် လျှော့ရတာချည်းပါဘဲ။ ငွေရဲ့ တန်ဘိုးဆိုတာက အခုကာလ တန်ဘိုးနဲ့ အနာဂတ်ကာလ တန်ဘိုး ဘယ်တော့မှ မတူပါဘူး။ ယေဘေုယျ အားဖြင့်ကတော့ ငွေတန်ဘိုးဆိုတာ အမြဲကျနေတာပါဘဲ။ အခု   ငွေ ၁,၀၀၀ နဲ့   နောက်တစ်နှစ်နေပြီး   ငွေ ၁,၀၀၀ မတူတော့ဘူးလေ။ အတိုးမရှိတဲ့ note ဖြစ်တဲ့အတွက် face value နဲ့ present value ကြားက   ခြားနားချက်ကို အတိုးစရိတ်အဖြစ်နဲ့ note သက်တမ်းတစ်လျှောက် ဖြန့်ပြီးခွဲဝေ လိုက်တာပါ။ ခွဲဝေတဲ့ နည်းလမ်း ကတော့ effective-interest method ဖြစ်ပါတယ်။

ဥပမာနှင့်တကွ ရှင်းလင်းပြပါမယ်။ AA company က $10,000 ၊ ၃ နှစ် ၊ zero-interest bearing note ကို BB company သို့ ထုတ်ပါ  တယ်။ AA Co: က BB Co: ဆီက note ထုတ်ပြီး ငွေချေးတာပေါ့။ AA က ၃နှစ် သက်တမ်းစေ့ရင် BB ကိုပေးရမဲ့ စုစုပေါင်း ငွေပမာဏ $10,000 ရဲ့ present value ကို ရှာဖို့အတွက် implicit rate က 9% လို့ ယူဆမယ်။ period က ၃ နှစ်၊ rate က 9% ၊ Time value table 2 Present Value of a Single Sum မှာ ရှာလိုက်တဲ့အခါ  9% မှာရှိတဲ့ ၃ ကာလအတွက် $1 ရဲ့ present value ကတော့ $0.77218 ဖြစ်ပါတယ်။ ဒါကြောင့် $10,000 အတွက် present value ကတော့ $7,721.80 ဖြစ်ပါတယ်။ တနည်းလှည့်ပြောရင် AA က ၃နှစ် သက်တမ်းစေ့ရင် BB ကိုပေးရမဲ့ စုစုပေါင်း ငွေပမာဏ $10,000 နဲ့  အဲဒီ $10,000 ရဲ့ present value ဖြစ်တဲ့အခု note ထုတ်လိုက် တဲ့နေ့မှာ ရတဲ့ ငွေပမာဏ $7,721.80 ကို ညီမျှစေတဲ့ implicit rate ကတော့ 9% ဘဲ ဖြစ်ပါတယ်။

AA Co: က note ထုတ်ပြီး ငွေချေးတာကို အောက်ပါအတိုင်း မှတ်တမ်းတင်ပါတယ်။

  Discount on Notes Payable မှာ သွင်းထားတဲ့ $2,278.20 က ၃ နှစ်စာအတွက် နှစ်စဉ် ဖြန့်ပြီး ခွဲဝေ ရမဲ့ discount ပမာဏဘဲ   ဖြစ်ပါ  တယ်။ interest expense ထဲကို ခွဲဝေမှာပါ။ ခွဲဝေတဲ့နည်းက straight line method ဖြစ်တယ်ဆိုရင် ၃ နဲ့စားပြီး နှစ်စဉ် အညီအမျှ ခွဲဝေရ  မှာပါ။ သို့သော်လည်း effective-interest method ကို သုံးတာဖြစ်လို့ discount amortization and interest expense schedule   ပြုလုပ်ပြီး တွက်ပါမယ်။

AA Co: က ရတဲ့ငွေ $7,721.80 ကို Note ရဲ့ carrying amount မှာ တည်ထားပါတယ်။ ပြီးရင် အဲဒီ amount ကို implicit rate 9% နဲ့ မြှောက်တဲ့အခါ interest expense ကို ရပါတယ်။ interest expense က AA Co: ကပေးရတဲ့  ငွေသားအတိုးမဟုတ်ပါဘူး။ zero interest note ဖြစ်လို့ အတိုးကို ငွေသားနဲ့ မပေးရတဲ့ အတွက် Cash paid column အောက်မှာ သုညတွေ ဖြစ်ပါတယ်။ ကိုယ်က $10,000 အပြည့်မရဘဲ လျှော့ ရတဲ့အတွက် လျှော့ပေးလိုက်ရတဲ့ငွေကို interest expense ထဲမှာ ၃ နှစ်စာဖြန့်ပြီး recognize လုပ်ရတာပါ။

Present Value of Notes Payable = Present Value of Face Amount + Present Value of Cash Interest Payments
                                            = $7,721.80 + $0
                                            = $7,721.80

Interest Expense = Present Value of Note at the beginning of the period x Effective Interest Rate for the period
                             = $7,721.80 x 9%
                             = $694.96
Amortization of Discount on Note = Interest Expense - Cash Interest Paid
                                                = $694.96 - $0
                                                = $694.96
Carrying Amount of Note at the end of Year 2 = Carrying Amount of Note at Year 1 + Discount Amortized
                                                               = $7,721.80 + $694.96
                                                               = $8,416.76
 Amortization Schedule ထဲက တွက်ချက်မှုများကို ရှင်းပြထားတာဖြစ်ပါတယ်။ တစ်နှစ်ပြီး တစ်နှစ် အဲဒီ အတိုင်း တွက်သွားရပါတယ်။ တစ်နှစ်ကုန်ရင် တစ်ခါ journal entry သွင်းပါတယ်။
ပထမနှစ် ကုန်ဆုံးတဲ့အခါ AA Co: က သွင်းမဲ့ journal entry ကို ကြည့်ပါ။

ဒုတိယနှစ်ကုန်ဆုံးတဲ့အခါ သွင်းမဲ့ journal entry ကိုကြည့်ပါ။


တတိယနှစ် ကုန်တဲ့အခါမှာ discount amortized ရော၊ ချေးထားတဲ့ငွေကို ပြန်ပေးတာရော ၂ မျိုးစလုံးကို စာရင်းသွင်းပါမယ်။
Journal Entry များမှ Interest Expense က သက်ဆိုင်ရာနှစ်အလိုက် Income Statement များကို သွား ပါတယ်။ Discount on Notes Payable နဲ့ Carrying Amount က Balance Sheet ကို သွားပါတယ်။ စုစုပေါင်း discount ပမာဏ $2,278.20 သည်  AA ကုမ္ပဏီက ၃ နှစ်ကာလတစ်လျှောက်မှာ note ပေါ်မှာ ကျခံရတဲ့ စရိတ်ဘဲ ဖြစ်ပါတယ်။

Time Value Table များကို Attach လုပ်ပေးထားပါတယ်။


Interest-Bearing Notes အကြောင်းကို နောက်ဆောင်းပါးမှာ ရေးပါမယ်။

Kieso, Weygandt, နှင့် Warfield တို့ရေးသားသော Intermediate Accounting  14th edition ကို မှီငြမ်း ဘာသာပြန်ဆိုပါသည်။

ဖြူ ဖြူ


Share this PostPin ThisEmail This

24 comments:

  1. Enhance my knowledge by reading this article.

    ReplyDelete
  2. စာထဲမှာပဲ သင်ဖူးသေးတယ်မမ။ လက်တွေ့တော့ transaction မသွင်းဖူးသေးဘူး

    ReplyDelete
    Replies
    1. တူတူပါဘဲ ညီမရေ .. ညီမလေး သိချင်တဲ့ topic က ဘာလဲ မသိဘူးနော် ..

      Delete
  3. This comment has been removed by a blog administrator.

    ReplyDelete
  4. Helpo just wanged to gice you a qick heads up.
    The words iin your article seeem to bbe running off the screen in Safari.
    I'm not sure if this is a format issue or something to do with internet browser compatibility but I
    figured I'd post to let you know. The style and design look great though!
    Hope you get the issue sopved soon. Cheers

    Also visit my web page; Free TOEIC Test - -

    ReplyDelete
  5. Aside from real tragedies which, fortunately, are rare most vacation hassles are about inconvenience, bad
    weather and minor mishaps -- all temporary, none life-changing capital one plastic surgery financing granted this was not our loi, actually it
    wasn't anyone loi it was a financing spreadsheet that the "client" treated as an loi.

    ReplyDelete
  6. In this case, the customer needs to save all the finance as possible overseas property Investment you should also possess a regular job as well as a checking account.

    ReplyDelete
  7. Remarkable things here. I'm very glad to see your article.
    Thanks so much and I am taking a look ahead to
    contact you. Will you please drop me a mail?

    Here is my blog post; minecraft.net

    ReplyDelete
  8. Bad credit borrowers could also take payday advances since
    no credit assessment is carried out approving these loans loan places that accept bad credit department of education's loan servicers are nelnet, fed - loan servicing, sallie mae, and great lakes
    educational loan services, inc.

    ReplyDelete
  9. I am truly glad to read this web site posts which carries tons of helpful facts, thanks for providing these kinds of information.

    Feel free to visit my weblog :: HoytHCornelious

    ReplyDelete
  10. Excellent post. I was checking continuously this blog and I'm impressed!
    Extremely useful info specifically the closing phase :) I care
    for such information much. I was seeking this certain info for a very
    lengthy time. Thanks and good luck.

    Here is my web site - CecilaGCrout

    ReplyDelete
  11. Oh my goodness! Amazing article dude! Thank you so much,
    However I am going through troubles with your RSS.
    I don't know why I am unable to subscribe to it. Is there anybody having
    the same RSS problems? Anyone that knows the answer can you
    kindly respond? Thanx!!

    my site ... CarrolRMalecki

    ReplyDelete
  12. I have been exploring for a little for any high-quality
    articles or weblog posts on this kind of area . Exploring in Yahoo I eventually stumbled upon this site.
    Reading this info So i am glad to convey that I have
    a very just right uncanny feeling I found out
    just what I needed. I such a lot indisputably will make certain to don?t overlook this web site
    and provides it a glance regularly.

    Stop by my web page :: MckinleyVLadell

    ReplyDelete
  13. I have been browsing on-line more than 3 hours these days, but I never discovered any interesting article like
    yours. It is pretty worth sufficient for me. In my view, if all website owners and bloggers made just right content material as you did, the web will probably be a lot more useful than ever before.


    Here is my homepage; DanaPDonlyuk

    ReplyDelete
  14. Why viewers still make use of to read news papers when in this technological globe the whole thing
    is accessible on net?

    Here is my web blog :: CedrickDBerger

    ReplyDelete
  15. Hi! Would you mind if I share your blog with my zynga
    group? There's a lot of folks that I think would really appreciate your content.
    Please let me know. Many thanks

    Feel free to visit my web page; YolondaILitano

    ReplyDelete
  16. Remarkable! Its truly awesome piece of writing, I have
    got much clear idea concerning from this paragraph.


    Here is my website - BobbieVBrotherton

    ReplyDelete
  17. I don't even know how I finished up right here, however I thought this put up used to be good.

    I do not recognise who you are but certainly you are going to a famous blogger if you aren't already.

    Cheers!

    Look into my blog post :: StaciKHalt

    ReplyDelete
  18. Paragraph writing is also a fun, if you know then you can write if
    not it is complex to write.

    Stop by my webpage ... BuenaYDickenson

    ReplyDelete
  19. Appreciate the recommendation. Will try it out.

    Here is my weblog :: ShemekaQStocke

    ReplyDelete
  20. I think the admin of this web site is truly working
    hard in favor of his web site, because here every stuff is
    quality based information.

    Feel free to surf to my web blog ... EstebanTFrasher

    ReplyDelete
  21. Have you ever considered about adding a little bit more than just
    your articles? I mean, what you say is valuable and everything.
    However imagine if you added some great pictures or videos to give your posts more, "pop"!
    Your content is excellent but with images and video
    clips, this site could undeniably be one of the best
    in its field. Superb blog!

    my webpage; BookerNWaldrep

    ReplyDelete
  22. Great web site you've got here.. It's difficult to find high-quality writing like yours these days.

    I honestly appreciate people like you! Take care!!

    Also visit my site ... MarguriteMSamas

    ReplyDelete