Society က
ရှားပါးတဲ့ သယံဇာတ အရင်းအမြစ်တွေကို ကုန်စည်နဲ့ ဆောင်ရွက်မှုတွေ ထုတ်လုပ်ဖို့
အကောင်းဆုံးရွေးချယ် အသုံးပြုတာကို Production Possibilities နဲ့ ရှင်းပြပါမယ်။
ပထမ လွယ်အောင်လို့ assumptions တွေထားမယ်..
- Full employment တိုင်းပြည်က သူ့ရဲ့ ရနိုင်သမျှ သယံဇာတရင်းမြစ်အားလုံးကို အသုံးပြု လုပ်ကိုင်နေတယ်။
- Fixed resources သယံဇာတအရင်းအမြစ်တွေ တနည်းအားဖြင့် factors of production တွေရဲ့ အရေအတွက် ပမာဏနဲ့ အရည်အသွေးဟာ မပြောင်းလဲဘူး.. ပုံသေလို့ယူဆမယ်။
- Fixed technology နည်းပညာရပ်တွေ၊ ကုန်ပစ္စည်းထုတ်လုပ်ဖို့ အသုံးပြုတဲ့ နည်းပညာတွေကိုလဲ ပုံသေထားမယ်။
- Two goods တိုင်းပြည်ဟာကုန်စည် ၂ မျိုးဘဲ ထုတ်လုပ်တယ်လို့ ယူဆမယ်.. စာသုံးကုန်စည်နဲ့ စက်မှုကုန်စည်.. တနည်းပြောရရင် consumption goods နဲ့ capital goods ။ ပီဇာနဲ့ စက်ရုပ်..
ပီဇာက
consumer goods - လူတွေရဲ့လိုအင်ဆန္ဒကို တိုက်ရိုက်ဖြည့်ဆည်းပေးတဲ့ကုန်စည်..
စက်ရုပ်က
capital goods - ထုတ်လုပ်မှုမှာ ပိုပြီးထိရောက်မှုရှိစေဖို့
အသုံးပြုတဲ့လူတွေရဲ့လိုအင်ဆန္ဒကို သွယ်ဝိုက် ဖြည့်ဆည်းပေးတဲ့ကုန်စည်..
Production Possibilities Table
Production
Possibilities Model မှာ ပုံသေသယံဇာတရင်းမြစ်အစုတွေနဲ့ ထုတ်လုပ်နိုင်တဲ့ products
၂ ခုရဲ့ ကွဲပြားတဲ့ အတွဲတွေကို ပြထားပါတယ်။ data တွေကတော့ ယူဆထားတာပါ။
Type of Product
|
Production
Alternatives
|
||||
A
|
B
|
C
|
D
|
E
|
|
Pizzas (in
hundred thousands)
|
0
|
1
|
2
|
3
|
4
|
Robots (in
thousands)
|
10
|
9
|
7
|
4
|
0
|
Alternatives
A မှာ တိုင်းပြည်က သူ့ရဲ့ရနိုင်သမျှ သယံဇာတရင်းမြစ်နဲ့ စက်ရုပ် (capital goods) ကိုဘဲ ထုတ်မယ်။ Alternatives E မှာ
resources တွေအားလုံးကို ပီဇာ (consumer goods) ထုတ်ဖို့ဘဲ သုံးမယ်။ ဒီ
alternatives ၂ ခု ကတော့ သဘာဝမကျတဲ့ အစွန်း၂ဖက်ဖြစ်ပါတယ်။ တကယ်တမ်းမှာ တိုင်းပြည်က
B, C, D အစရှိတဲ့ alternatives တွေက ပီဇာနဲ့ စက်ရုပ်အတွဲတွေကိုဘဲ ထုတ်တာ ပေါ့။ A
ကနေ E ကို ရွှေ့လာရင် ပီဇာထုတ်တာကို တိုး-တိုးလာပြီး စက်ရုပ်ထုတ်တာကိုလျှော့လျှော့
လာတာကို ပြတယ်။
consumer
goods ဆိုတာက လူတွေရဲ့လိုအင်ဆန္ဒတွေကို တိုက်ရိုက် ဖြည့်ပေးတာဖြစ်တဲ့အတွက် E
ဘက်ကို ရွှေ့ရွှေ့လာတာဟာ society ကို ပိုပြီး ဆွဲဆောင်မှုရှိတယ်။ ပီဇာကို
ပိုထုတ်တာဟာ society ရဲ့ လိုအင်ဆန္ဒ စိတ်ကျေနပ်မှုကို ပိုတက် လာစေတယ်။ ဒါပေမဲ့
အဲဒီအတွက် စရိတ်စကကတော့ စက်ရုပ်ထုတ်လုပ်မှု လျော့လာတာဘဲ ဖြစ်တယ်။ capital goods
အရေအတွက်ကို လက်ရှိနှုန်းထားနဲ့ ထပ်မချဲ့ နိုင်တော့တဲ့အတွက်
အချိန်တွေကြာလာတာနဲ့အမျှ resources တွေကို ပီဇာထုတ်လုပ်မှု ဘက်ကို ပိုသုံးတာ ကိုဘဲ
society ကလုပ်ချင်တယ်။ ရလာဒ်ကတော့ အနာဂတ်ထုတ်လုပ်မှု အလားအလား လျော့လာတာပါဘဲ။
E ဘက်ကို
ရွှေ့လာတာဟာ society သည် နောင်ကာလမှာ ပို၍ပို၍ရမှာကို စွန့်လွှတ်ပြီး ယခုကာလ
ပိုရတာကို ရွေးချယ် တာဖြစ်တယ်။ "more now at the expense of much more
later"
A ဘက်ကို
ရွှေ့လာတာဟာ society သည် ယခုလက်ရှိ စားသုံးမှုကို လျှော့ချပြီး capital goods
ထုတ်လုပ်မှုတိုးစေဖို့ resources တွေကို သုံးတာဘဲဖြစ်တယ်။ အဲဒီလိုလုပ်ခြင်းဖြင့်
society သည် နောင်ကာလမှာ ကြီးမားတဲ့ ထုတ်လုပ်မှု၊ ကြီးမားတဲ့ စားသုံးမှုကို
ရမှာဖြစ်တယ်။ A ဘက်ကိုရွှေ့ လာခြင်းဖြင့် "more later at the cost of less
now" ဖြစ်တယ်။
ယေဘုယျခြုံငုံပြောရင်
fully employed တိုင်းပြည်တစ်ခုသည် ကုန်စည်တစ်ခုကို ပိုရဖို့ တခြား ကုန်စည်တစ်ခုရဲ့တချို့တဝက်ကို စွန့်လွှတ်ရမှာဖြစ်တယ်။ သယံဇာတတွေရှားပါးတာဟာ ကုန်စည် ၂ မျိုး စလုံး
များများရအောင်လုပ်ဖို့ကို ဟန့်တားထားတယ်။ society က alternatives တွေ အများကြီး ထဲက
ရွေးချယ်ရမယ်။ ပီဇာလဲအလကားမရဘူး။ စက်ရုပ်လဲ အလကားမရဘူး။ တစ်ခုခုကို ပိုလိုချင်ရင်
တခြားတစ်ခုကို လျှော့ရမှာဘဲဖြစ်တယ်..။
Production Possibilities Curve
Production possibilities model က data တွေကို production possibilities curve နဲ့ပြနိုင် တယ်။ ရှေ့ မှာ ပြောခဲ့တဲ့ assumptions ၄ ခုကို ထားထားပြီး society က ထုတ်လုပ်နိုင်တဲ့ ကုန်စည်နဲ့ ဆောင်ရွက်မှု အတွဲတွေ ကို ပြတာဘဲဖြစ်တယ်။ vertical axis မှာ capital goods ရဲ့ထွက်ကုန် အရေအတွက်ကို ထားမယ်။ horizontal axis မှာ consumer goods ရဲ့ထွက်ကုန် အရေအတွက်ကို ထားမယ်။
Production
possibilities curve ပေါ်မှာရှိသမျှ အမှတ်တိုင်းသည် အဲဒီကုန်စည် ၂ ခုရဲ့
အမြင့်ဆုံးထုတ်လုပ်နိုင်တဲ့ ကုန်ထွက်တွေကို ပြတာဖြစ်တယ်။ အဲဒီ curve သည်
ရရှိနိုင်တဲ့ ကုန်ထွက် အကန့်အသတ်ကို ပြထားတာဖြစ်လို့ constraint လို့လဲ
ပြောလို့ရတယ်။ curve ပေါ်က အမှတ်တွေဟာ တိုင်းပြည်သည် ရနိုင်သမျှသော resources
တွေကို သုံးသ၍ ကာလပတ်လုံး attainable ဖြစ်တာ ကိုပြတယ်။ curve ရဲ့အတွင်းထဲက
အမှတ်တွေဟာလဲ attainable ဖြစ်တယ်။ သို့သော် ထွက်ကုန် ပမာဏ နည်းသွားပြီ။ curve
ပေါ်ကအမှတ်တွေလောက် မကောင်းဘူး။ တိုင်းပြည်က resources တွေကို အပြည့်အဝ အသုံးချ
မယ်ဆိုရင် curve ပေါ်က အမှတ်တွေသည် curve အတွင်းထဲက အမှတ်တွေထက် ကုန်စည် ၂
မျိုးစလုံးကို ပိုထုတ်နိုင်တယ်.. production possibilities curve အပြင်ဘက်ကို
ရောက်နေတဲ့ အမှတ်တွေ ဥပမာ W သည် curve ပေါ်ကထွက်ကုန်တွေထက် ကျော်လွန်သွား ပြီ။
အခုလက်ရှိ သယံဇာတ၊ နည်းပညာနဲ့ အဲဒီအမှတ်တွေရဲ့ထွက်ကုန်ပမဏကို မရနိုင်ဘူး။
unattainable ဖြစ်တယ်။
Law of Increasing Opportunity Costs
ပီဇာကို ပိုလိုချင်ရင် စက်ရုပ်ကို လျှော့ရမယ်။ ပီဇာနောက်တစ်ခုကို
ထုတ်လုပ်ဖို့အတွက် စွန့်လွှတ်လိုက်ရတဲ့ စက်ရုပ် အရေ အတွက်သည် အဲဒီပီဇာရဲ့ opportunity cost ဖြစ်တယ်။ ဇယားကို ကြည့်ရင် A ကနေ B
ကို ရွှေ့ရင် ပီဇာ ၁ ယူနစ်ရဖို့အတွက် စက်ရုပ် ၁ ယူနစ် လျှော့လိုက်ရတယ်။ B ကနေ C ၊ C
ကနေ D ၊ D ကနေ E ကို ရွှေ့သွားတဲ့အခါ အရေးကြီးတဲ့ economic principle တစ်ခုကို
တွေ့ရတယ်..။
society
အတွက် ပီဇာ နောက်တစ်ယူနစ်ရဲ့ opportunity cost သည် ရှေ့ကတစ်ခုထက် ပိုပြီး ကြီး
ကြီးလာတယ်။ A ကနေ B မှာ ပီဇာ ၁ယူနစ်အတွက် စက်ရုပ် ၁ယူနစ်စွန့်လွှတ်ရတယ်.. B ကနေ C
မှာ ပီဇာ နောက် ၁ယူနစ်အတွက် စက်ရုပ် ၂ ယူနစ်၊ ပြီးတော့ စက်ရုပ် ၃ ယူနစ်၊ နောက်ဆုံး
၎ ယူနစ် စွန့်လွှတ်ရတယ်.. စက်ရုပ်လျော့ လျော့သွားတဲ့အရေအတွက်ကို ပြောတာ.. ပြောင်းပြန် ပြန်ကြည့်ရင် E ကနေ A ကို
ရွှေ့မယ်ဆိုရင် စက်ရုပ် နောက်ထပ် ၁ ယူနစ် ထပ်ထုတ်ဖို့ စရိတ်က ပီဇာ ၁/၄၊ ၁/၃၊ ၁/၂
နဲ့ ၁ ယူနစ် အသီးသီးဖြစ်တယ်။
ဒီဥပမာသည် opportunity cost တိုးလာတဲ့ ဥပဒေသကို ပြတာဖြစ်တယ်။ ကုန်စည် ၁ ခုကို
တိုးပြီး ထုတ်လုပ်လာတာနဲ့ အမျှ အဲဒီကုန်စည် အပို ၁ ယူနစ်ကို ထုတ်ရတဲ့ opportunity
cost ကလဲ တိုးတိုးလာတယ်။ curve ရဲ့ ပုံစံက graph ရဲ့ origin ကနေ အပြင်ဘက်ကို
ခုန်းတက်သွားတယ်။ A ကနေ E ကို ရွှေ့ရင် တူညီတဲ့ ပီဇာ ၁ ယူနစ်စီ ရဖို့အတွက်
စွန့်လွှတ်ရတဲ့ စက်ရုပ် ယူနစ်က ဆက်တိုက်တိုး သွားတယ်။ budget line မှာလို ပုံသေမဟုတ်တော့ဘူး။ ဒါကြောင့်
production possibilities curve ရဲ့ slope က မတ်စောက် (steep) လာတယ်။ ကြီးလာတယ်။
constant မဟုတ်တော့ ဘူး။ curve ကတော့ downward ဖြစ်လို့ negative slope ဘဲဖြစ်မယ်။
Law of
increasing opportunity cost အတွက် ဘောဂဗေဒဆိုင်ရာ အကြောင်းရင်းခံ စည်းမျဉ်းသည်
သယံဇာတ အရင်းအမြစ်တွေဟာ အမျိုးမျိုးသော အသုံးပြုမှုတွေအတွက် အံဝင်ဂွင်ကျမရှိ ဘူးဆိုတာကို
ပြနေတယ်။ ဆိုလိုတာက သယံဇာတ အရင်းအမြစ်တွေသည် ကုန်စည်တစ်မျိုးမျိုးကို
ထုတ်လုပ်ဖို့အတွက် ပိုကောင်းပိုသင့်တော်တာကို ပြောတာဖြစ်ပါတယ်။ ဥပမာ-
တချို့မြေတွေက စိုက်ပျိုးဖို့ အတွက် မြေဆီသြဇာ ကြွယ်ဝတယ်.. အဲတော့ consumer goods
ထုတ်ဖို့ သင့်တော်တယ်။ ဒါပေမဲ့ စားသုံးကုန်စည်ထုတ်လုပ်မှုကို တိုးချဲ့လာတာနဲ့အမျှ
society သည် လယ်ယာ စိုက်ပျိုးမှု အတွက် မြေဆီသြဇာမရှိတဲ့ မြေတွေကိုလဲ
စတင်အသုံးပြုရတော့တယ်။ အဲဒီလိုဘဲ တချို့မြေတွေက ဓာတ်သတ္တု ကြွယ်ဝတယ်။ ဒီတော့
စက်ရုပ်ထုတ်လုပ်ဖို့လိုအပ်တဲ့ သတ္တုတွေ ထုတ်ဖို့ ပိုသင့်တော်တယ်။ society သည်
စက်ရုပ် ထုတ်လုပ်မှုကို တိုးချဲ့လာတာနဲ့အမျှ စက်ရုပ်ထုတ်ဖို့ အံဝင်ဂွင်ကျ မရှိတဲ့
မြေတွေကိုလဲ စတင်အသုံးပြုရတော့တယ်။
ပထမ A ကနေ B ကို ရွှေ့တဲ့အခါ စက်ရုပ်ထုတ်လုပ်မှုနဲ့စာရင် ပီဇာထုတ်လုပ်မှုမှာ ပိုပြီး ထုတ်လုပ်မှုစွမ်းအား ကောင်းတဲ့ သယံဇာတအရင်းအမြစ်တွေကို ရွှေ့တာဖြစ်နိုင်တယ်။ ဒါပေမဲ့ B ကနေ C ၊ C ကနေ D ကို ရွှေ့လာတာနဲ့အမျှ ပီဇာအတွက် ထုတ်လုပ်မှု စွမ်းအားမြင့်တဲ့ သယံဇာတတွေဟာ ရှားပါး လာတယ်။ ပီဇာတွေ ပိုရဖို့ စက်ရုပ်အတွက် ထုတ်လုပ်မှု စွမ်းအားကောင်းတဲ့ resources တွေကို ပိုပြီးသုံးလာရတယ်။ အဲဒီလို ပီဇာအတွက် အံဝင်ဂွင်ကျမရှိတဲ့ resources တွေကို ပိုသုံးရလေလေ၊ ပီဇာ ၁ ယူနစ် တိုးထုတ်ဖို့အတွက် စက်ရုပ်ယူနစ်တွေကို ပိုပြီးစွန့်လွှတ်ရလေ ဖြစ်လာတယ်။ ဒီလို သယံဇာတ တွေကို အပြည့်အဝ ရွှေ့ပြောင်း ပြီး သုံးလို့မရတာဟာ society အတွက် opportunity cost တွေတိုး လာခြင်းရဲ့ အကြောင်းရင်းခံစည်းမျဉ်းဘဲ ဖြစ်တယ်။
ပထမ A ကနေ B ကို ရွှေ့တဲ့အခါ စက်ရုပ်ထုတ်လုပ်မှုနဲ့စာရင် ပီဇာထုတ်လုပ်မှုမှာ ပိုပြီး ထုတ်လုပ်မှုစွမ်းအား ကောင်းတဲ့ သယံဇာတအရင်းအမြစ်တွေကို ရွှေ့တာဖြစ်နိုင်တယ်။ ဒါပေမဲ့ B ကနေ C ၊ C ကနေ D ကို ရွှေ့လာတာနဲ့အမျှ ပီဇာအတွက် ထုတ်လုပ်မှု စွမ်းအားမြင့်တဲ့ သယံဇာတတွေဟာ ရှားပါး လာတယ်။ ပီဇာတွေ ပိုရဖို့ စက်ရုပ်အတွက် ထုတ်လုပ်မှု စွမ်းအားကောင်းတဲ့ resources တွေကို ပိုပြီးသုံးလာရတယ်။ အဲဒီလို ပီဇာအတွက် အံဝင်ဂွင်ကျမရှိတဲ့ resources တွေကို ပိုသုံးရလေလေ၊ ပီဇာ ၁ ယူနစ် တိုးထုတ်ဖို့အတွက် စက်ရုပ်ယူနစ်တွေကို ပိုပြီးစွန့်လွှတ်ရလေ ဖြစ်လာတယ်။ ဒီလို သယံဇာတ တွေကို အပြည့်အဝ ရွှေ့ပြောင်း ပြီး သုံးလို့မရတာဟာ society အတွက် opportunity cost တွေတိုး လာခြင်းရဲ့ အကြောင်းရင်းခံစည်းမျဉ်းဘဲ ဖြစ်တယ်။
Optimal Allocation
ဒါဆိုရင်
production possibilities curve ပေါ်က ရနိုင်တဲ့ ပီဇာနဲ့စက်ရုပ်အတွဲတွေမှာ ဘယ်ဟာက
အကောင်းဆုံးလဲ ဆိုတာကို ကြည့်မယ်။ ဆိုလိုတာက စိတ်ကျေနပ်မှု အမြင့်ဆုံးရစေဖို့
သယံဇာတအရင်းအမြစ် ပမာဏ ဘယ်လောက်ကို ပီဇာ အတွက် ပေးပြီး ဘယ်လောက်ကို စက်ရုပ် အတွက်
ပေးမလဲဆိုတာကို ကြည့်မယ်။ အရင် ဆောင်းပါးမှာပြောခဲ့တဲ့ marginal benefit (MB) နဲ့ marginal cost (MC) နှိုင်းယှဉ်တာကို ပြန်ကြည့်မယ်။
MB က MC ထက်ကြီးနေသ၍ ကာလပတ်လုံး စီးပွားရေး လုပ်ဆောင်ချက်မှန်သမျှကို
တိုးချဲ့သင့်တယ်။ MC က MB ထက် ကြီးရင်တော့ လျှော့ချမယ်။ MB နဲ့ MC ညီတဲ့နေရာကတော့
အကောင်းဆုံး အသင့်တော်ဆုံး စီးပွားရေးဆောင်ရွက် ချက်ပမာဏဖြစ်တယ်။ အခု
ထုတ်လုပ်မှုဆိုင်ရာ ဆုံးဖြတ်ချက်ချဖို့အတွက် အဲလို အကဲဖြတ်မှုလုပ်ဖို့ လိုအပ်တယ်။
ပီဇာကိုစဉ်းစားရင်
Law of increasing opportunity cost အရ ပီဇာနောက်ထပ်ယူနစ်တွေ ထုတ်ဖို့အတွက် MC က
များများလာတယ်။ တစ်ချိန်တည်းမှာဘဲ ထပ်တိုးလာတဲ့ ပီဇာယူနစ်တိုင်းအတွက် ပီဇာကို
ထုတ်လုပ်မှုနဲ့ စားသုံးမှုက ရလာတဲ့ MB ကလဲ ကျဆင်းလာတယ်။ အဲတော့ ထပ်တိုးလာတဲ့ ပီဇာ
ယူနစ်တစ်ခုစီအတွက် MC ကတိုးလာပြီး MB ကလျော့သွားတယ်။ အကောင်းဆုံး ပီဇာထုတ်လုပ်မှု
အရေအတွက်ကတော့ MB curve နဲ့ MC curve တို့ ဆုံတဲ့ အမှတ်ဘဲဖြစ်တယ်။ အောက်က ပုံထဲက
အရေအတွက်တွေ ကတော့ ယူဆထားတာဖြစ်ပါတယ်..။
MB
နဲ့ MC တို့ ဆုံတဲ့အမှတ် e မှာရှိတဲ့ ပီဇာ ၂၀၀,၀၀၀ ယူနစ်သည် ထုတ်လုပ်ရန် အသင့်တော် ဆုံးဖြစ်တယ်။
တကယ်လို့ ၁၀၀,၀၀၀ ယူနစ်ဘဲထုတ်ရင် MB (အမှတ် a) သည် MC (အမှတ် b) ထက်များနေတယ်။ ပိုက်ဆံ
အနေနဲ့ ပြောရင် MB = 15, MC = 5 ဖြစ်တဲ့အတွက် ၁၀ မြတ်တယ်။ မြတ်တော့ society က ပီဇာအရေအတွက်ကို
တိုးထုတ်မယ်။ ဘယ်အထိလဲ....။
MB = MC ဖြစ်တဲ့အထိ၊ ၂၀၀,၀၀၀ ယူနစ်ဖြစ်တဲ့အချိန်မှာ MB နဲ့ MC ညီမယ်။ ဒါကြောင့် ၂၀၀,၀၀၀ ယူနစ်က အသင့်တော် ဆုံးဖြစ်တယ်။ ပီဇာ ၃၀၀,၀၀၀ ယူနစ်မှာကတော့ ပိုသွားပြန်တယ်။ MC = 15, MB = 5 ဖြစ်နေတယ်။ ပီဇာ ၁ ယူနစ် အတွက် တန်ကြေးက ၅ ကျပ်၊ စရိတ်က ၁၅ ကျပ် ဖြစ်နေတယ်။
MB = MC ဖြစ်တဲ့အထိ၊ ၂၀၀,၀၀၀ ယူနစ်ဖြစ်တဲ့အချိန်မှာ MB နဲ့ MC ညီမယ်။ ဒါကြောင့် ၂၀၀,၀၀၀ ယူနစ်က အသင့်တော် ဆုံးဖြစ်တယ်။ ပီဇာ ၃၀၀,၀၀၀ ယူနစ်မှာကတော့ ပိုသွားပြန်တယ်။ MC = 15, MB = 5 ဖြစ်နေတယ်။ ပီဇာ ၁ ယူနစ် အတွက် တန်ကြေးက ၅ ကျပ်၊ စရိတ်က ၁၅ ကျပ် ဖြစ်နေတယ်။
ဒါကြောင့် output တွေရဲ့ MB နဲ့ MC ညီသွားတဲ့အခါ
resources တွေကို ထိထိရောက်ရောက် ခွဲဝေတာ (efficient allocation) ဖြစ်တယ်။ စက်ရုပ်ကို
ထုတ်လုပ်တာအတွက်လဲ အတူတူဘဲဖြစ်တယ်။ ဇယားမှာပြန်ကြည့်လိုက်ရင် ပီဇာ အရေအတွက် ၂၀၀,၀၀၀
ထုတ်တဲ့အချိန်မှာ စက်ရုပ်အရေအတွက် ၇,၀၀၀ ဖြစ်တယ်။ MB နဲ့ MC ညီတဲ့ နေရာမှာ စက်ရုပ်အရေအတွက်က
၇,၀၀၀ ဖြစ်တယ်။ ဒါကြောင့် alternative C က အတွဲသည် ထုတ်လုပ်ရန် အသင့်တော်ဆုံးအတွဲ ဖြစ်တယ်။
အောက်က Quiz ကို ဖြေကြည့်ပါ။
1. Production possibilities curve ABCDE is
bowed out from the origin because:
a. the marginal benefit of pizzas declines as
more pizzas are consumed.
b. the curve gets steeper as we move from E to
A.
c. it reflects the law of increasing
opportunity costs.
d. resources are scarce.
d. resources are scarce.
2. The marginal opportunity cost of the second
unit of pizza is:
a. 2 units of robots.
b. 3 units of robots.
c. 7 units of robots.
d. 9 units of robots.
3. The total opportunity cost of 7 units of
robots is:
a. 1 unit of pizza.
b. 2 units of pizza.
c. 3 units of pizza.
d. 4 units of pizza.
4. All points on this production possibilities
curve necessarily represent:
a. society's optimal choice.
b. less than full use of resources.
c. unattainable level of output.
d. full employment.
McConnell, Brue နှင့် Flynn တို့ရေးသားသော eighteenth edition, "Economics, Principles, Problems, and Policies" ကို ကိုးကားဘာသာပြန်ပါသည်။
ဖြူ ဖြူ ဖြူ
Answers:
1. c; 2. a; 3 .b; 4. d
Hello! Do you know if they make any plugins to safeguard against hackers?
ReplyDeleteI'm kinda paranoid about losing everything I've worked hard on. Any tips?
Have a look at my blog: Minecraft.Net