Macroeconomics
ဆိုတာ တိုင်းပြည်တစ်ခုလုံးကို ဒါမှမဟုတ် တိုင်းပြည်ရဲ့
အခြေခံစုပေါင်းယူနစ်တွေ ဖြစ်တဲ့ အစိုးရ၊ အိမ်ထောင်စုတွေ၊ လုပ်ငန်းတွေ
စတာတွေကို လေ့လာစစ်ဆေးတာ၊
အဲဒီ အဓိကကိုယ်စားလှယ်တွေကြား ဆက်နွယ်မှုတွေကို ခြုံငုံ လေ့လာတာ၊ ပြီးတော့
စီးပွားရေးဆိုင်ရာအတိုင်းအတာတွေဖြစ်တဲ့
စုစုပေါင်းထွက်ကုန်၊ စုစုပေါင်းဝင်ငွေ၊ စုစုပေါင်းအသုံးစရိတ်၊ အလုပ်လက်မဲ့၊
အထွေထွေဈေးနှုန်းအဆင့်
စတာတွေနဲ့ စီးပွားရေးဆိုင်ရာ ပြဿနာတွေကို စိစစ်တာဖြစ်ပါတယ်။ တစ်ဦးချင်း၊
တစ်ခုချင်းကို
လေ့လာတာ မဟုတ်ပါဘူး။ သို့သော်လည်း အလုပ်လက်မဲ့ပြဿနာကို macroeconomic
ခေါင်းစဉ် အနေနဲ့ လေ့လာ မယ်ဆိုရင်တော့
အလုပ် လက်မဲ့နှုန်းကို ဆုံးဖြတ်နိုင်ဖို့ အတွက် အလုပ်ရှာရတာ
ဘယ်လောက်ကြာသလဲဆိုတဲ့အပေါ်မှာ
အလုပ်သမားတစ်ယောက်ချင်း က ပြုလုပ်ထားတဲ့ ဆုံးဖြတ်ချက်တွေ ကြည့်ရမယ်။
သီးသန့်သတ်မှတ်ထားတဲ့ အလုပ်သမား ဈေးကွက် တွေက အလုပ်သမားဌားရမ်းမှုကို
အားပေးတဲ့ ပုံစံလား
သို့မဟုတ် ဟန့်တားတဲ့ပုံစံလား ဆိုတာကိုလဲ စဉ်းစား ရမယ် ဆိုတာ
စီးပွားရေးပညာရှင်တွေက လက်ခံကြတယ်....။ Microeconomics ဆိုတာကတော့
အိမ်ထောင်စု တစ်ခု၊ ကဏ္ဍတစ်ခု၊ ကို သီးသန့် လေ့လာတာပါ။
Macroeconomics နဲ့ Microeconomics ရဲ့ အဓိပ္ပါယ်ကို ဖွင့်ဆိုပြီးနောက် လူတွေရဲ့
Economizing Problem ကို ရှင်းပြချင် ပါတယ်..။ Economizing Problem ဆိုတာ စီးပွားရေးဆိုင်ရာလိုအင်ဆန္ဒတွေက
စီးပွားရေးဆိုင်ရာ သယံဇာတတွေ ထက် ကျော်လွန်နေ တဲ့အတွက် ရွေးချယ်မှုတွေ လုပ်ဖို့ လိုအပ်တာကို
ဆိုလိုတာပါ။ ပထမဦးဆုံး တစ်ဦးချင်းစီရဲ့ economizing problem အဖြစ်
microeconomic model တစ်ခုကို ဆောက်လုပ်ကြည့်ရအောင်..။
ကျွန်မတို့တတွေဟာ ဘယ်လောက်ဘဲချမ်းသာချမ်းသာ ဝင်ငွေကတော့ အကန့်အသတ်ရှိကြတယ်..။
သူဌေးကြီး Donald Trump တောင်မှ သူ့ပိုက်ဆံတွေကို ဘယ်လိုသုံးစွဲမလဲ ဆုံးဖြတ်ရတယ်။ ဝင်ငွေက
ဘယ်လို ပုံစံနဲ့ လာသလဲဆိုရင် လုပ်ခလစာ၊ အတိုး၊ ဌားရမ်းခ၊ အမြတ်ဝင်ငွေ စတဲ့ပုံစံတွေနဲ့လာတာ။
လူတွေရဲ့ လိုအင်ဆန္ဒတွေကလဲ အတောမသတ်နိုင်ဘူး။ စား၊ဝတ်၊နေရေး ဆိုတဲ့ အခြေခံလိုအပ်ချက်ကနေ
ရေမွှေးတို့၊ air condition တို့၊ ကားလှလှလေးတို့ စတဲ့ ဇိမ်ခံပစ္စည်းတွေအထိ ကျယ်ကျယ်ပြန့်ပြန့်ကို
ချဲ့ ကားသွားကြတယ်။ အချိန် တွေကြာလာတာနဲ့အမျှ ကုန်ပစ္စည်းတွေကလဲ အသစ်အသစ်တွေ တိုးတက်၊
လိုအင်ဆန္ဒတွေ ကလဲ ပြောင်းလဲလာကြ၊ တိုးတက်ဆပွား လာကြတယ်။ မကြာသေးခင်ကဘဲ iPod, iPad,
iPhone, ဒစ်ဂျစ်တယ်ကင်မရာ၊ ကင်မရာဖုန်း စတာတွေ လိုချင် ကြပြန်တယ်။ ကုန်ပစ္စည်းတွေလိုဘဲ
ဆောင်ရွက်မှုတွေဖြစ်တဲ့ ကားပြင် workshop ၊ တရားဥပဒေ ဆိုင်ရာ ဝန်ဆောင်မှု၊ စာရင်း ဆိုင်ရာဝန်ဆောင်မှု၊
ဆံပင်ညှပ် စတာတွေကလဲ လူတွေရဲ့ လိုအင်တွေကို ဖြည့်ဆည်း ပေးတယ်။ လူအများစုအတွက် ဒီကုန်ပစ္စည်းနဲ့
ဝန်ဆောင်မှုတွေကို လိုချင်တာတွေ က ပြည့်ဘဲ မပြည့်နိုင်ဘူး။ သူဌေးကြီး Bill Gates တောင်
သူ့မှာသူလိုချင်တာတွေ အားလုံးရှိပေမဲ့ ကမ္ဘာကြီးပေါ်က ဆင်းရဲသားတွေအတွက် ပိုကောင်းတဲ့
ကျန်းမာရေးစောင့်ရှောက်မှုကို သိပ်ကိုပေးချင်နေတာ။ အလိုဆန္ဒတွေဆိုတာ တစ်ခုပြည့်ပြန်လဲ
နောက်တစ်ခုက လာပြန်ရော။ ဝင်ငွေကလဲ အကန့်အသတ်နဲ့ဆိုတော့ ကိုယ့်ရဲ့ စိတ်ကျေနပ်မှုကို အကောင်းဆုံး
ပေးနိုင်တဲ့ ကုန်စည်၊ ဆောင်ရွက်မှုတွေကို ရွေးကိုရွေးရတော့တာဘဲ..။
A Budget Line
ဒီတော့ Budget Line လေးဆွဲကြည့်ရအောင်..။ Budget constraint ပေါ့။ ဒါကဘာကိုပြသလဲဆိုရင် စားသုံးသူ တစ်ယောက်က သူ့ရဲ့ အကန့်အသတ်ဝင်ငွေနဲ့ ကုန်ပစ္စည်း ၂ ခုကို ဝယ်နိုင်တဲ့ various combinations ကို ပြတဲ့ schedule ဖြစ်တယ်။ ကိုယ့်မှာ ငွေက ၁၂၀ ရှိတယ်။ ပစ္စည်း ၂ ခုကို လိုချင်လို့ purchase decision ချရတော့မယ်။ စာအုပ်နဲ့ DVD ကိုဝယ်ချင်တာ။ DVD က တစ်ခုကို ၂၀၊ စာအုပ်က တစ်အုပ်ကို ၁၀ ဆိုပါတော့။ အောက်ကဇယားနဲ့ ပုံမှာ ဝယ်ယူနိုင်တဲ့ options တွေ ပြထားတယ်..။
The Budget Line: Combinations of DVDs
and Paperback books with income of K120
|
||
Units
of DVDs (Price = K20)
|
Units
of Books (Price = K10)
|
Total Expenditure
|
6
|
0
|
(K120+K0
= K120)
|
5
|
2
|
(K100+K20
= K120)
|
4
|
4
|
(K80+K40
= K120)
|
3
|
6
|
(K60+K60
= K120)
|
2
|
8
|
(K40+K80
= K120)
|
1
|
10
|
(K20+K100
= K120)
|
0
|
12
|
(K0+K120
= K120)
|
အစွန်းတစ်ဖက်မှာက
ငွေ ၁၂၀ စလုံးကို DVD ၆ ခုဝယ်မယ်.. စာအုပ်လုံးဝမဝယ်ဘူး။ တကယ်လို့ DVD ၂ခု
မဝယ်ရင် ငွေ ၄၀ ထွက် လာမယ်.. အဲဒီတော့ DVD ၄ ခု၊ စာအုပ် ၄ အုပ်
ဝယ်လို့ရမယ်။ အဲလိုနဲ့ နောက်အစွန်း တစ်ဖက်ကို ရောက်တော့ စာအုပ် ၁၂ အုပ်
ဝယ်မယ်။ DVD လုံးဝမဝယ်တော့ဘူး။ graph ကို ကြည့်ရင် ဝယ်နိုင်တဲ့ DVD နဲ့
စာအုပ် အတွဲတွေကို တွေ့ နိုင်တယ်။ graph ရဲ့ budget line က downward
ဖြစ်တဲ့အတွက် slope က negative slope ဖြစ်တယ်။
Slope = -(∆ in units of DVDs)/(∆ in units of books) = -1/2=0.5
နောက်တစ်နည်းကတော့ -
Slope= - (price of books)/(price of DVDs) = - 10/20=0.5
Slope ကိုကြည့်တဲ့အခါ DVD ၁ခုကို
စွန့်လိုက်ရင် စာအုပ် ၂ အုပ်ဝယ်နိုင်တာကို တွေ့နိုင်တယ်။
Budget Line အပေါ်နဲ့ အတွင်းထဲက DVD နဲ့စာအုပ်အတွဲတွေ အားလုံးကို ပိုက်ဆံ
၁၂၀ နဲ့ဝယ်လို့ရတယ်။ အဲဒါတွေ အားလုံးဟာ attainable ဖြစ်တယ်။ ဥပမာ DVD ၃
ခုနဲ့ စာအုပ် ၆ အုပ် ဆိုရင် လိုင်းပေါ်မှာ၊ DVD ၂ ခုနဲ့ စာအုပ် ၅ အုပ်ဆိုရင်
လိုင်းအတွင်းထဲမှာ၊ ကိုယ် လုံးဝမသုံးချင်လဲရတယ်။ ဒါပေမဲ့ အမြင့်ဆုံး
utility ရဖို့အတွက် ငွေ ၁၂၀ စလုံးသုံးလဲရတယ်။ တစ်ခါ
ဆန့်ကျင်ဘက်ပုံစံနဲ့ ကြည့်ရင် လိုင်းအပြင်ဘက်က အတွဲတွေအားလုံးဟာ
unattainable ဖြစ်တယ်။ ဥပမာ DVD ၅ ခုနဲ့ စာအုပ် ၅ အုပ်ဆိုရင် ငွေက ၁၅၀
ဖိုးဖြစ်သွားလို့ ငွေ ၁၂၀ ထက် ကျော်နေပြီ။
နောက်တစ်ခါ Trade-offs နဲ့
Opportunity cost သဘောတရားကို ပြောမယ်။ budget line ဟာ ဝင်ငွေ အကန့်
အသတ်ကြောင့်ဖြစ်လာတဲ့ Trade-offs ဆိုတဲ့ သဘောတရားကို ပြတယ်။ ဥပမာ- DVD
တစ်ခုရဖို့ စာအုပ် ၂ အုပ်ကို trade-off လုပ်ရတယ်။ အဲတော့ DVD တစ်ခုရဲ့
opportunity cost က စာအုပ် ၂ အုပ်၊ နောက်ထပ် DVD တစ်ခုရဖို့ opportunity
cost ကလဲ စာအုပ် ၂ အုပ်ဘဲ။ ဒီတော့ မျဉ်းဖြောင့် budget line ရဲ့ slope က
constant ၊ opportunity cost ကလဲ constant ဘဲ။ DVD ကို
ပိုပိုဝယ်လာတာနဲ့အမျှ နောက်ထပ် DVD တစ်ခုကို ရဖို့ opportunity cost
ကအတူတူဘဲ။ ပြောင်းပြန်ပြန်ကြည့်ရင် စာအုပ်တွေ ထပ်ဝယ်လာတာနဲ့အမျှ နောက်ထပ်
စာအုပ် ၁ အုပ်ကို ရဖို့ opportunity cost က 1/2 DVD ကိန်းသေ မပြောင်းလဲ
ဘူး။
ဝင်ငွေအကန့်အသတ်ကြောင့် လူတွေက
ကိုယ့်လိုအင်ပြည့်ဝဖို့အတွက် ဘာကိုဝယ်မလဲ.. ဘာကို မဝယ်ဘူးလဲ.. ဆိုတာကို
ဆုံးဖြတ်ရတယ်။ DVD နဲ့ စာအုပ်အတွဲမှာ ကိုယ့်အတွက်အကောင်းဆုံးလို့
ထင်တဲ့အတွဲကို ရွေးဝယ်မယ်။ ဆိုလိုတာက ကိုယ့်ရဲ့ စိတ်ကျေနပ်မှုကို
အမြင့်ဆုံးဖြစ်စေတဲ့ ရွေးချယ်မှုကိုလုပ်ဖို့ marginal benefit နဲ့ marginal
cost ကို သုံးသပ်ရတာ ဖြစ်တယ်။ ဒီနေရာမှာ marginal cost
ကကုန်စည်ဈေးနှုန်း ဖြစ်တယ်..။ ဒီတော့ ငွေ ၁၂၀ ရှိတဲ့ လူတိုင်းလူတိုင်းသည်
ကွဲပြားတဲ့ ရွေးချယ် မှုတွေကို လုပ်ကြမှာ သေချာတယ်။
Budget line ရဲ့ location ကလဲ
ဝင်ငွေပြောင်းလဲမှုအရ လိုက်ပြောင်းတယ်။ ကိုယ့်ဝင်ငွေက တက်လာ ရင် budget
line က ညာဘက်ကို ရွှေ့တယ်။ ဝင်ငွေကျရင် budget line ဘယ်ဘက်ကို ရွှေ့ တယ်။
ဟုတ်မဟုတ် သိချင်ရင် ဝင်ငွေ ၂၄၀ နဲ့ ၆၀ အတွက် budget line အသစ်ကို
ဆွဲကြည့်ပါ။ ဝင်ငွေ ပိုရလာရင် budget line ကအပေါ်ကို ရွေ့ မယ်၊ ပိုပြီး
ဝယ်နိုင်မယ်။ သို့သော် ဝင်ငွေပိုရှိလာလဲ လူတွေကတော့ ရွေးချယ်မှုကို
လုပ်နေရမှာဘဲ။ trade-offs နဲ့ opportunity cost တွေကို ရင်ဆိုင်ရဦး မှာဘဲ။
Opportunity cost နဲ့ပတ်သက်ပြီး
လက်တွေ့လောက ဥပမာတစ်ခုကိုပြောချင်တယ်.. ကောလိပ် တက္ကသိုလ် ပညာရေးနဲ့
ပတ်သက်ပြီး စဉ်းစားကြည့်မယ်.. ကောလိပ်ဘွဲ့ရတွေဟာ အထက်တန်းအောင် အဆင့်
ဘဲရှိသူတွေထက် ဝင်ငွေ ၅၀% လောက် ပိုများတယ်။ ဒီတော့ တက္ကသိုလ်တက်ပြီး
ဒီဂရီရအောင် ယူဖို့က သိပ်ကိုကောင်းတဲ့ မက်လောက်စရာ အယူအဆတစ်ခု ဖြစ်နေတယ်..
ဒါပေမဲ့ Microsoft ကို တည်ထောင်သူ Bill Gates နဲ့ talk show တွေကို စီစဉ်သူ
Oprah Winfrey တို့ဟာ ကောလိပ်ကိုပြီးအောင် မတက်ခဲ့ကြဘူး။ သူတို့
ဘယ်လိုတွေးခဲ့ကြသလဲ။ ကျောင်းသားအများစုလိုမဟုတ်ဘဲ Bill Gates အတွက်တော့
ကောလိပ်မှာ ကျောင်း တက်ရတာဟာ opportunity cost ကြီးကြီးမားမားဖြစ်စေတယ်..
သူ့ကုမ္ပဏီအတွက် သူ့မှာ လုပ်စရာ ရည်ရွယ်ချက်တွေ အမြင်တွေ ရှိနေခဲ့တယ်..
သူအသက်ငယ်ငယ်လေးနဲ့ အလုပ်လုပ်ခဲ့တာဟာ Microsoft ရဲ့ အောင်မြင်မှုကို
ဖြစ်စေခဲ့တယ်။ Oprah Winfrey ကလဲ ဆယ်ကျော်သက် အရွယ်ကတည်းက တယ်လီဗွီးရှင်း
သတင်းဌာနမှာ အခြေချတယ်.. အသက် ၃၂ နှစ်အရွယ်မှာ Oprah Winfrey ရှိုးကို
တည်ထောင်သူ သရုပ် ဆောင်ဖြစ်နေပြီ.. အသက် ၂၀ မပြည့်ခင်မှာ
ကောလိပ်ဒီဂရီရအောင် လုပ်နေရင် သူ့ရဲ့ အောင်မြင် ကျော်ကြား တဲ့ talk show
ဖြစ်လာဖို့အတွက် အဟန့်အတား ဖြစ်ခဲ့မှာ အမှန်ဘဲ။ သူတို့ဟာ opportunity cost
ကို နားလည်ခဲ့ ပြီး ရွေးချယ်မှုတွေ လုပ်ခဲ့ကြတယ်။ လူတစ်ယောက်ချင်းစီအနေနဲ့
ဆုံးဖြတ်ချက် ချမှတ်ရာမှာလဲ opportunity cost ဟာ အရမ်းကိုအရေးပါ-ပါတယ်။
အခု တစ်ယောက်ချင်းစီရဲ့
economizing problem ကို တင်ပြပြီးတဲ့နောက် society ရဲ့ economizing
problem ကိုကြည့် ရအောင်။ society ကလဲရှားပါးမှုတွေနဲ့ဘဲ
ရွေးချယ်မှုတွေလုပ်ရတယ်။ limited resources တွေကို ပြည်ထဲရေး၊ တရားရေး
ဘက်ဖြစ်တဲ့ ရဲ၊ တရားရုံး၊ အကျဉ်းထောင် စတာတွေဘက်ကို ပိုပေးမလား.. ဒါမှမဟုတ်
ဆရာ/ဆရာမ၊ စာအုပ်၊ ကျောင်း စတဲ့ ပညာရေးဘက်ကို ပိုပေးမလား.. ၂ ခုစလုံး
ကိုပေးမယ်ဆိုရင် တခြား ဘယ်ကုန်စည်နဲ့ဆောင်ရွက်မှုတွေကို စွန့်လွှတ်မလဲ..
ကျန်းမာရေး စောင့်ရှောက် မှုပိုင်းလား.. စွမ်းအင်ပိုင်းလား စသည်
ဖြင့်ပေါ့။ ရှားပါးတဲ့ သယံဇာတတွေ ဆိုတာမှာ ကုန်စည်နဲ့ ဆောင်ရွက်မှုတွေကို
ထုတ်လုပ်ဖို့ အသုံးပြုတဲ့ သယံဇာတ မျိုးစုံပါဝင်တယ်။ စီးပွားရေး ပညာရှင်တွေက
သယံဇာတရင်းမြစ်တွေကို ၄ မျိုးခွဲတယ်။ အဲဒါတွေကတော့ Land, Labor, Capital
နဲ့ Entrepreneurial ability တို့ဘဲ ဖြစ်တယ်။
Land ဆိုတာမှာ ထုတ်လုပ်မှုဖြစ်စဉ်မှာ
သုံးတဲ့ သဘာဝသယံဇာတ အားလုံး ပါဝင် တယ်။ မြေပေါ်မြေအောက် သယံဇာတ တွေပေါ့။
မြေ၊ ရေ၊ သစ်တော၊ တွင်းထွက် သတ္တု၊ ရေနံသဘာဝ ဓာတ်ငွေ့ စတာတွေဖြစ်တယ်။
Labor ထဲမှာ ကုန်စည်နဲ့
ဆောင်ရွက်မှုတွေကို ထုတ်လုပ်ဖို့ သုံးတဲ့ လူတစ်ဦးချင်းစီရဲ့ ကိုယ်ကာယ
ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ သဘာဝအရည်အသွေးတွေ အားလုံးပါတယ်။ သစ်ခုတ်သမား၊
လက်လီ အရောင်းစာရေး၊ ကားပြင်ဆရာ၊ ကျောင်းဆရာ၊ ဘောလုံး သမား၊
နျူကလီးယားရူပဗေဒ ပညာရှင် အားလုံးရဲ့ လုပ်ဆောင်မှုတွေဟာ labor ထဲမှာ
အကျုံးဝင်တယ်။
Capital ထဲမှာ စာသုံးမှုကုန်စည်နဲ့
ဆောင်ရွက်မှုတွေ ထုတ်လုပ်ရာမှာ သုံးတဲ့ ထုတ်လုပ်မှု အထောက်အကူတွေအားလုံး
ပါတယ်။ စက်ရုံ၊ ဂိုဒေါင်၊ လမ်းပန်းဆက်သွယ်ရေး၊ ကုန်စည်ဖြန့်ဖြူးရေးဆိုင်ရာ
ပစ္စည်းတွေ၊ စက်နဲ့စက်ကိရိယာပစ္စည်းတွေ ပါတယ်။ အဲဒီ capital goods တွေကို
ဝယ်ယူတာဟာ investment ဖြစ်ပါတယ်။ capital goods နဲ့ consumer goods
မတူပါဘူး။ consumer goods က လူတွေရဲ့ လိုအင်ကို တိုက်ရိုက်ဖြည့်ပေးတာ၊
capital goods က consumer goods ထုတ်လုပ်ဖို့ အထောက်အကူပြုပြီး
လူတွေရဲ့ လိုအင်ကို သွယ်ဝိုက်ဖြည့် ပေးတာ..။ ဒီနေရာမှာ capital ဆိုတဲ့
အသုံးအနှုန်းက ငွေအရင်းအနှီး ပိုက်ဆံကို ပြောတာ မဟုတ်။ capital
မှာစက်ရုံတွေ၊ စက်ကိရိယာတွေ၊ ထုတ်လုပ်မှု တပ်ဆင်ပစ္စည်းတွေ ပါတယ်။ ပိုက်ဆံက
ဘာမှ ထုတ်လုပ်မပေးဘူး။ ဒါကြောင့် ပိုက်ဆံက economic resources ထဲမှာမပါဘူး။
ပိုက်ဆံ သို့မဟုတ် ငွေအရင်းအနှီးက capital goods တွေ ဝယ်တဲ့ နေရာမှာ
သုံးတယ်။
Entrepreneurial ability ကတော့
လုပ်သားနဲ့မတူဘူး။ entrepreneur သည် ကုန်စည်နဲ့ ဆောင်ရွက် မှုတွေ
ထုတ်ဖို့ အတွက် land, labor, capital စတဲ့ အရင်းအမြစ် တွေကို ပေါင်းစပ်ပြီး
ပထမဆုံး စတင်လုပ်ဆောင်တယ်။ သူက ထုတ်လုပ်မှုတွေ ရဲ့ နောက်က တွန်းအား ဖြစ်တယ်။
အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်း ဖြစ်လာဖို့အတွက် သယံဇာတတွေကို
ပေါင်းစပ် ပေးတဲ့ ကိုယ်စားလှယ် လဲဖြစ်တယ်.. entrepreneur က
လုပ်ငန်းနဲ့ပတ်သက်တဲ့ နည်းဗျူဟာဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ချမှတ်တယ်။
အစအဦး တီထွင်တယ်.. ကုန်စည်အသစ်၊ ထုတ်လုပ်မှု နည်းလမ်း အသစ်၊
လုပ်ငန်းဖွဲ့စည်းမှု ပုံစံအသစ်တွေကို စတင် မိတ်ဆက် ရောင်းချတယ်။ သူက
စွန့်စားမှု risk ကို ယူရဲတယ်။ အမြတ်ရဖို့ဆိုတာ အာမခံချက်မရှိဘူး။
လုပ်ငန်းရှင်တစ်ယောက်ရဲ့ အချိန်၊ အားစိုက်ထုတ်မှု၊ စွမ်းရည် တွေရဲ့ ပြန်ရတဲ့ ဆုလာဘ်ကတော့ အမြတ် သို့မဟုတ် အရှုံးဘဲ။ စဦးတီထွင်လုပ်ငန်းရှင်သည်
သူ့ရဲ့မြှုပ်နှံထားတဲ့ ငွေတွေတင်မက သူနဲ့တွဲလုပ်သူတွေ၊ သူ့လုပ်ငန်းရဲ့
stockholder တွေရဲ့ ငွေတွေကိုပါ risk ယူထားရတယ်။
land, labor, capital နဲ့
entrepreneurial ability တွေကို စုပေါင်းပြီး ကုန်စည်နဲ့ ဆောင်ရွက်မှုတွေ
ထုတ်လုပ် တယ်။ အဲဒါတွေ ကို factors of production သို့မဟုတ် သွင်းအားစု
inputs တွေလို့ခေါ် တယ်။
နောက်တစ်ခါမှ production possibilities model ကို ရေးသားပါမယ်။ ဖတ်ရှုပြီး
အကျိုးများနိုင်ပါစေ..။
McConnel, Brue, and Flynn တို့ရေးတဲ့ Eighteenth Edition "Economics" မှ ကိုးကားဘာသာပြန်ပါသည်။
ဖြူ ဖြူ ဖြူ
I have learn some excellent stuff here. Definitely price bookmarking for revisiting.
ReplyDeleteI wonder how a lot attempt you set to create the sort of magnificent informative
site.
my web site :: best dating sites
I am in fact grateful to the holder of this web page who has shared this fantastic piece of writing
ReplyDeleteat here.
Take a look at my weblog - minecraft.net
Oh my goodness! Impressive article dude! Thank you, However I am having problems with your
ReplyDeleteRSS. I don't know the reason why I can't subscribe to it. Is there anybody getting
identical RSS problems? Anyone who knows
the answer can you kindly respond? Thanks!!
Feel free to surf to my website LeeanneKChalkley
Can you tell us more about this? I'd like to find out some additional information.
ReplyDeleteAlso visit my website :: EmmittVConry
We stumbled over here coming from a different web page and thought I might as well check things out.
ReplyDeleteI like what I see so i am just following you.
Look forward to finding out about your web page repeatedly.
my blog post - AngeloSSwinny
Greetings from Los angeles! I'm bored to tears at work so I decided to
ReplyDeletecheck out your site on my iphone during lunch break.
I love the knowledge you provide here and can't wait to take a look when I get home.
I'm surprised at how quick your blog loaded on my mobile ..
I'm not even using WIFI, just 3G .. Anyways,
wonderful blog!
my web-site - DamionXSolimini
Thanks to my father who shared with me regarding
ReplyDeletethis web site, this website is genuinely remarkable.
My web blog :: MadalynKGarity