ဒီတစ်ခါတော့ Economics, finance နဲ့ business ဆိုင်ရာ တချို့သော ဝေါဟာရလေးတွေကို အဓိပ္ပါယ် ဖွင့်မလားလို့ စဉ်းစားမိတယ်။ ကိုယ်တတ်သလောက် ကြိုးစားပြီး ဘာသာပြန်ကြည့်ထားတာပါ။ မှားသွားရင်လဲ ခွင့်လွှတ်ကြပေါ့နော်။
Conflict of Interest
မိမိရလာတဲ့ ရာထူး၊ သြဇာအာဏာသည် မိမိ၏ ကိုယ်ပိုင် အကျိုးစီးပွားကို ဖြစ်စေသည့် လုပ်ငန်းနှင့် ဆက်စပ်နေ၍ မိမိ၏တာဝန်ကို တရားမျှတစွာ မထမ်းဆောင်နိုင်သည့် အခြေအနေကို ဆိုလိုပါတယ်။ တရားမျှတမှုကို အားပျော့သွားစေတဲ့ အလားအလာမျိုးရှိတဲ့ အခြေအနေ ဖြစ်နေတယ်။ ကိုယ်ပိုင် အကျိုးစီးပွားနဲ့ ပြည်သူ့ အကျိုးစီးပွား ထိပ်တိုက်တွေ့ရတဲ့ အနေအထားမျိုးကို ပြောတာပါ။ဥပမာအားဖြင့် မိမိက အပြင်မှာ ကုမ္ပဏီတစ်ခုကို ပိုင်ဆိုင်တယ်။ နောက်ပြီး အဲဒီကုမ္ပဏီနဲ့ ဆက်စပ်တဲ့ ထိန်းချုပ်နိုင်တဲ့ အစိုးရပိုင်းဆိုင်ရာ ရာထူးအာဏာမျိုးကိုလဲ ရထားတယ်ဆိုရင် အဲဒီကုမ္ပဏီ အကျိုးစီးပွား ဖြစ်စေရာ ဖြစ်စေကြောင်းကို မိမိရဲ့ အခွင့်အာဏာတွေသုံးပြီး ပြုလုပ်တာမျိုး ဖြစ်ပါတယ်။





