ရင်တွင်းစကား

မိမိ သိသမျှသော Economics နှင့် ပတ်သက်သည့် သင်ခန်းစာ ဆောင်းပါးများ၊ Accounting, Finance နှင့်ပတ်သက်သည့် သင်ခန်းစာ ဆောင်းပါးများကို စေတနာသန့်သန့်ဖြင့် ဝေမျှထားပါသည်။ စာရေးသူသည် သိပ်တော်၊ သိပ်တတ်နေတဲ့ ပညာရှင် တစ်ယောက် လုံးဝ မဟုတ်ပါ။ ဒါကြောင့် အမှားများပါလျှင် ခွင့်လွှတ်ကြပါလို့ ….

ဖြူ ဖြူ

Thanks so much for every comment. Actually, I am not an expert on web or blog. I just made Google search of HTML codes that gives the design I want.

Showing posts with label Finance and Accounting. Show all posts
Showing posts with label Finance and Accounting. Show all posts

15 September 2015

ကော်ပိုရိတ်အရင်းအနှီး Corporate Capital အဆက်

Corporate Capital ရဲ့ အဆက်အနေနဲ့ စာရင်းသွင်းဖို့ ကျန်သေးတဲ့ ခေါင်းစဉ် ၃ ခုကို ဆက်လက် ရေးသား ပါမယ်။

အခြားငွေချေးစာချုပ်များနှင့် ပေါင်းစပ်လျှက်ထုတ်ဝေသည့် stock အတွက် စာရင်းရေးသွင်းခြင်း

Lump-Sum Sales


ယေဘုယျအားဖြင့်ကတော့ ကော်ပိုရေးရှင်းတွေဟာ stock အတန်းအစားများကို တစ်ခုနဲ့ တစ်ခု သီးခြားစီဘဲ ထုတ်ဝေ ရောင်းချလေ့ရှိပါတယ်။ ဒီလိုလုပ်ရတာဟာ အတန်းအစား တစ်ခုစီနဲ့ သက်ဆိုင်တဲ့   ရောင်းရငွေ proceeds ကို သိရအောင် ဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာတော့ ကော်ပိုရေးရှင်းတွေဟာ ၂ ခု သို့မဟုတ် ၂ ခုထက်ပိုတဲ့ စာချုပ်အတန်းအစားများကို တစ်စုတစ်ပေါင်းတည်း ပေးချေဖို့ ထုတ်ဝေပါတယ်။ ဥပမာအားဖြင့် အခြားကုမ္ပဏီတစ်ခုကို ရယူ၊ ဝယ်ယူတာမျိုးပေါ့။ stock တွေထုတ်ပြီး အခြားကုမ္ပဏီကို ဝယ်တာပေါ့။ Lump-sum sales မှာ ထုတ်ဝေလိုက်တဲ့ စာချုပ်အတန်းအစား များစွာအတွက် ရောင်းရငွေ ကို ဘယ်လို ခွဲဝေမလဲဆိုတဲ့ ပြဿ      နာ ရှိလာပါတယ်။ ရောင်းရငွေကို ခွဲဝေတဲ့ နည်းလမ်း ၂ခု အနက်မှာ တစ်ခုကို ကုမ္ပဏီတွေက အသုံးပြုကြပါတယ် -
(၁) the proportional method
(၂) the incremental method  တို့ဖြစ်ပါတယ်။

Share this PostPin ThisEmail This

07 September 2015

ကော်ပိုရိတ် အရင်းအနှီး Corporate Capital



ကော်ပိုရေးရှင်းတွင် ပိုင်ဆိုင်မှု အကျိုးစီးပွားကို ကိုယ်စားပြုသည့် အစုတန်ဘိုးကို stockholders' equity, shareholders' equity သို့မဟုတ် ကော်ပိုရိတ် အရင်းအနှီးဟု အဓိပ္ပါယ် ဖွင့်ဆိုပါတယ်။ စတော့ကို ပိုင်ဆိုင်သူ များ၏ ပိုင်ဆိုင်မှု တန်ဘိုး stockholders' equity ၏ အစိတ်အပိုင်းများ အဖြစ် အောက်ပါ အမျိုးအစား ၃ မျိုး ပါဝင်လေ့ရှိပါတယ်-

Share this PostPin ThisEmail This

14 October 2014

စတော့ရှယ်ယာနှင့်ပတ်သက်၍



ကော်ပိုရေးရှင်းကို သက်ဆိုင်ရာ တိုင်းပြည်ရဲ့ ကော်ပိုရေးရှင်းနဲ့ ပတ်သက်သော ဥပဒေ နည်းဥပဒေတွေအရ ဖွဲ့စည်းပြီးပြီဆိုရင် ဒီကော်ပိုရေးရှင်းရဲ့ အမည်၊ ရည်ရွယ်ချက်၊ ရှယ်ယာ အရေအတွက် ဘယ်လောက်ထိ ထုတ်ခွင့်ပြုတယ်၊ ကော်ပိုရေးရှင်းကို ဖွဲ့စည်းတဲ့လူတစ်ဦးချင်းရဲ့ အမည်၊ ထိုသူများ၏ ဝယ်ယူရန် သဘောတူညီတဲ့ ရှယ်ယာ အရေအတွက် စတာတွေကို charter ဆိုတဲ့ document ထဲမှာ ဖော်ပြထားတယ်။ အဲဒီထဲမှာ ဖော်ပြထားတဲ့ ခွင့်ပြုထားတဲ့ ရှယ်ယာ အရေအတွက်ထက် ပိုထုတ်လို့ မရဘူး။ charter က ကော်ပိုရေးရှင်းဖွဲ့ခွင့်ပြုတဲ့ အာဏာပိုင်အဖွဲ့အစည်းက ထုတ်ပေးတာပါ။ ပြီးရင် ကော်ပိုရေးရှင်းအတွင်းထဲက အရေးကိစ္စတွေကို ကိုယ်တွယ်ဖို့အတွက် ကိုယ့်ဖာသာကို စည်းမျဉ်း လုပ်ထုံးလုပ်နည်းတွေကို ထုတ်ရပါတယ်။ 


17 April 2014

ကော်ပိုရေးရှင်းဖွဲ့စည်းမှုပုံစံ

 မြန်မာနှစ်ဆန်း ၁ ရက်နေ့၊ ၁၃၇၆ ခုနှစ်
နတ်၊လူ၊ သတ္တဝါအားလုံး ဘေးရန်၊ ကြောင့်ကြ၊ ဆင်းရဲကင်း၍ ကိုယ်၊စိတ် နှစ်ဖြာ ချမ်းသာကြပါစေ။ ကောင်းကျိုး လိုရာဆန္ဒ ပြည့်ဝကြပါစေ။  


စီးပွားရေးလုပ်ငန်းတွေမှာ အခြေခံကျတဲ့ ပုံစံ ၃ မျိုးရှိပါတယ်။ အဲဒါတွေကတော့ တစ်ဦးတည်းပိုင်လုပ်ငန်း (proprietorship)၊ ဖက်စပ်လုပ်ငန်း (partnership)၊ နဲ့ ကော်ပိုရေးရှင်း တို့ဘဲ ဖြစ်ပါတယ်။ အဲဒီထဲမှာ ကော်ပိုရေးရှင်းက ကြီးစိုးထားပါတယ်။ ကော်ပိုရိတ် ပုံစံက အခြား ၂ ခုထက် အကျိုးကျေးဇူးတွေ အများကြီး ရှိသလို အားနည်းချက်လေးတွေလဲ ရှိပါတယ်။ သူ့ရဲ့ အဓိက အားသာချက်ကတော့ ကြီးမား များပြားတဲ့ အရင်းအနှီးများကို ဆွဲဆောင်ခြင်းနဲ့ ထပ်ထပ်ဆင့်ပြီး တိုးပွားလာခြင်းဘဲ  ဖြစ်ပါတယ်။  စာရင်းကိုင်ပညာကို အကျိုးသက်ရောက်နေတဲ့ ကော်ပိုရိတ်ပုံစံရဲ့ အထူး လက္ခဏာရပ်များကတော့ -

Share this PostPin ThisEmail This

06 March 2014

Property, Goods, or Services များအတွက် Notes ထုတ်ခြင်း

တစ်ခါတစ်ရံမှာ ကုမ္ပဏီတွေက Notes Payable ကို ထုတ်တာဟာ ငွေသားအတွက် မဟုတ်ဘဲ property, Goods သို့မဟုတ် Services များအတွက်လဲ ထုတ်ပါတယ်။ အဲဒီလို ငွေချေးစာချုပ်ကို property, goods or services များနဲ့ လဲလှယ်တဲ့အခါမှာ arm's length transaction နဲ့ ပြုလုပ်တာဖြစ်ပါတယ်။ arm's length transaction ကို အဓိပ္ပါယ်ဖွင့်ရမယ် ဆိုရင် property, goods or services များရဲ့ စျေးကွက်ပေါက်စျေး ကို ရောင်းသူ၊ ဝယ်သူ ၂ ဦးစလုံးက ဘယ်သူ့ပယောဂမှ မပါဘဲ မိမိတို့ စိတ်ဆန္ဒအတိုင်း လွတ်လပ်စွာ ဆုံးဖြတ် နိုင်တာဖြစ်ပါတယ်။ ဥပမာ အားဖြင့် အိမ်တစ်လုံးကို အရောင်းအဝယ် လုပ်တဲ့အခါမှာ ရောင်းသူ၊ နဲ့ ဝယ်သူ သည် တစ်ဦးနဲ့ တစ်ဦး ဆက်စပ်မှုမရှိဘူး။ ၂ ဦး စလုံးက ဒီ အိမ်နဲ့ ပတ်သက်ပြီး ညီမျှတဲ့   စျေးခေါ်နိုင်တဲ့၊ စျေးဆစ်နိုင်တဲ့ အင်အား ရှိတယ်။ ညီမျှတဲ့ သတင်းအချက် အလက် ရရှိနိုင်မှု ရှိတယ်။  ၂ ဦးစလုံးက နောက်ဆုံး သဘောတူညီလိုက်တဲ့ စျေးသည် စျေးကွက်ပေါက်စျေးနဲ့ အနီးစပ်ဆုံးဖြစ်တယ်။ ဒါမျိုးကို ဆိုလိုတာပါ။ တကယ်လို့သာ ရောင်းသူနဲ့ ဝယ်သူက ဥပမာအားဖြင့် သားအဖ ဖြစ်နေမယ်။ လင်မယား   ဖြစ်နေမယ်။ ကော်ပိုရေးရှင်း တစ်ခုနဲ့ ယင်းရဲ့ လက်အောက်ခံ ဌာနခွဲ ဖြစ်နေမယ် ဆိုရင် arm's length မဖြစ်တော့ပါဘူး။ ဘာလို့လဲ ဆိုတော့ အချင်းချင်းဆိုရင် စျေးလျှော့ပေး ကြမှာ ဖြစ်တဲ့အတွက် အရောင်း အဝယ်က စျေးကွက်ပေါက်စျေး နဲ့ မဖြစ်နိုင်တော့ ပါဘူး။

Share this PostPin ThisEmail This

04 March 2014

Time Value Table များ


Time Value Table များကို အလွယ်တကူ ကြည့်ရှုနိုင်ရန် သီးသန့်တွဲပေးထားပါသည်။


Share this PostPin ThisEmail This

28 February 2014

Interest-Bearing Notes

အခု interest ပေးရတဲ့ Note အကြောင်းကို ရေးပါမယ်။ AA ကုမ္ပဏီက $10,000 တန်၊ ၃ နှစ် နဲ့ stated interest rate 10% note ကို BB ကုမ္ပဏီကို ထုတ်ပေးပြီး ငွေချေးပါတယ်။ အဲဒီအချိန်မှာ similar risk ရှိတဲ့ note ရဲ့ market interest rate ကတော့ 12% ဖြစ်ပါတယ်။ effective interest rate 12% က stated rate 10% ထက် များနေတဲ့အတွက် note ရဲ့ present value ဟာ အနာဂတ် ၃ နှစ်သက်တမ်းစေ့ရင်   ပြန်ပေးရမဲ့ face value ထက် နည်းမှာဖြစ်ပါတယ်။ Note ကို discount နဲ့ ထုတ်တာပါ။

Share this PostPin ThisEmail This

25 February 2014

ကာလရှည်ပေးရန်တာဝန် Long-Term Notes Payable


ငွေချေးစာချုပ်တွေ အမျိုးမျိုးရှိတဲ့အနက် ထင်ရှားတဲ့ Notes Payable အကြောင်းရေးမလို့ပါ။ Notes Payable မှာ ကာလတို နဲ့ ကာလရှည် ဆိုပြီး ရှိပါတယ်။ Short-term Notes Payable ကတော့ တစ်နှစ်အတွင်း သို့မဟုတ် လုပ်ငန်းလည်ပတ်မှုကာလ ၂ ခုအနက် ပိုရှည်တဲ့ ကာလ အတွင်း အကြွေး ကို ပေးဆပ်တယ်ဆိုရင် ကာလတိုဖြစ်ပါတယ်။ Long-term Notes Payable ကတော့ Bonds နဲ့ ဘာတူ သလဲ ဆိုရင် ပုံသေ သတ်မှတ်ထားတဲ့ သက်တမ်းစေ့ရက်စွဲရယ်၊ နောက် စာချုပ်ပေါ်မှာ ဖော်ပြထားတဲ့ အတိုးနှုန်းရယ် ပါတာတွေ တူပါတယ်။ သို့သော်လည်း Notes ကတော့ Bonds လိုမျိုး securities တွေ အရောင်းအဝယ်လုပ်တဲ့ စျေးကွက်မှာတော့ အရောင်းအဝယ်မလုပ်ပါဘူး။ သူ့အတွက် ready market မရှိဘူးပေါ့နော်။ ကော်ပိုရေးရှင်းကြီးတွေက ကာလရှည် notes နဲ့ bonds တွေကို ထုတ်ကြပါတယ်။ notes နဲ့ bonds အတွက် စာရင်း သွင်းပုံခြင်းကလဲ တူတူပါဘဲ။ bond ကဲ့သို့ဘဲ note ကိုလဲ သူ့ရဲ့ အနာဂတ် အတိုး နဲ့ အရင်း cash flows ရဲ့ လက်ရှိကာလ တန်ဘိုးနဲ့ တန်ဘိုး   ဖြတ်ပါတယ်။ ကုမ္ပဏီက note ရဲ့ သက်တမ်းတစ်လျှောက် discount သို့မဟုတ် premium ကို ဖြန့်ပြီး ခွဲဝေပါတယ်။

Share this PostPin ThisEmail This

28 July 2012

ကာလရှည်ငွေချေးစာချုပ် ကို တက်ဈေး (Premium) ဖြင့်ရောင်းခြင်း




ယခု ဆောင်းပါးမှာ စာချုပ်ပါ အတိုးနှုန်းက ဈေးကွက် အတိုးနှုန်းထက် မြင့်နေရင် Bonds ကို face value ထက်မြင့်တဲ့ premium နဲ့ ရောင်းတဲ့ အခါ ဘယ်လို စာရင်းသွင်းသလဲ ဆိုတာ ဖော်ပြပါမယ်။ 






27 July 2012

ကာလရှည်ငွေချေးစာချုပ် ကို လျှော့ဈေး (Discount) ဖြင့်ရောင်းခြင်း



ပထမ ဆောင်းပါးမှာ Bonds ကို ထုတ်ဝေတဲ့ အခါ Bonds စာမျက်နှာပေါ်က face value အတိုင်း ထုတ်တာ၊ face value ထက် လျှော့ထုတ်တာ (discount)၊ face value ထက် ပိုထုတ်တာ (premium) ဆိုပြီး ၃ မျိုးရှိကြောင်း၊ စာချုပ်ပါအတိုးနှုန်း contractural interest rate က ဈေးကွက် အတိုးနှုန်းနဲ့ တူရင် face value နဲ့ ရောင်းကြောင်း၊ စာချုပ်ပါ အတိုးနှုန်းက  ဈေးကွက်အတိုးနှုန်းထက် နိမ့်နေရင် face value ထက်နိမ့်တဲ့ discount နဲ့ရောင်းကြောင်း၊ စာချုပ်ပါ အတိုးနှုန်းက ဈေးကွက် အတိုးနှုန်းထက် မြင့်နေရင် face value ထက်မြင့်တဲ့ premium နဲ့ ရောင်းကြောင်း ဖော်ပြခဲ့ပါတယ်။ 

24 July 2012

ကာလရှည် ငွေချေးစာချုပ် Bonds: Long-Term Liabilities



      ပြည်ထောင်စု မြန်မာနိုင်ငံကြီးမှာ အပြောင်းအလဲ တွေကလဲ ဖြစ်နေပြီ ဆိုတော့  ငွေကြေးဈေးကွက် ပေါ်ထွန်းလာဖို့ ကို မျှော်လင့်ရင်း Bonds နဲ့ ပတ်သက်ပြီး သိတာလေးတွေ ရေးချင်ပါတယ်။ သိပြီး တော်ပြီး တတ်ပြီး သူများအတွက် အသုံးမဝင်ပေမဲ့ မသိသေး မတတ်သေးသူများ အတွက် တော့ ကောင်းကောင်း အသုံးဝင်မယ်လို့   မျှော်လင့်ပါတယ်။







