ရင်တွင်းစကား

မိမိ သိသမျှသော Economics နှင့် ပတ်သက်သည့် သင်ခန်းစာ ဆောင်းပါးများ၊ Accounting, Finance နှင့်ပတ်သက်သည့် သင်ခန်းစာ ဆောင်းပါးများကို စေတနာသန့်သန့်ဖြင့် ဝေမျှထားပါသည်။ စာရေးသူသည် သိပ်တော်၊ သိပ်တတ်နေတဲ့ ပညာရှင် တစ်ယောက် လုံးဝ မဟုတ်ပါ။ ဒါကြောင့် အမှားများပါလျှင် ခွင့်လွှတ်ကြပါလို့ ….

ဖြူ ဖြူ

Thanks so much for every comment. Actually, I am not an expert on web or blog. I just made Google search of HTML codes that gives the design I want.

13 April 2014

Some Useful Terminologies


ဒီတစ်ခါတော့ Economics, finance နဲ့ business ဆိုင်ရာ တချို့သော ဝေါဟာရလေးတွေကို အဓိပ္ပါယ် ဖွင့်မလားလို့ စဉ်းစားမိတယ်။ ကိုယ်တတ်သလောက် ကြိုးစားပြီး ဘာသာပြန်ကြည့်ထားတာပါ။ မှားသွားရင်လဲ ခွင့်လွှတ်ကြပေါ့နော်။

Conflict of Interest

မိမိရလာတဲ့ ရာထူး၊ သြဇာအာဏာသည် မိမိ၏ ကိုယ်ပိုင် အကျိုးစီးပွားကို ဖြစ်စေသည့် လုပ်ငန်းနှင့် ဆက်စပ်နေ၍ မိမိ၏တာဝန်ကို တရားမျှတစွာ မထမ်းဆောင်နိုင်သည့် အခြေအနေကို ဆိုလိုပါတယ်။ တရားမျှတမှုကို အားပျော့သွားစေတဲ့ အလားအလာမျိုးရှိတဲ့ အခြေအနေ ဖြစ်နေတယ်။ ကိုယ်ပိုင် အကျိုးစီးပွားနဲ့ ပြည်သူ့ အကျိုးစီးပွား ထိပ်တိုက်တွေ့ရတဲ့ အနေအထားမျိုးကို ပြောတာပါ။
ဥပမာအားဖြင့် မိမိက အပြင်မှာ ကုမ္ပဏီတစ်ခုကို ပိုင်ဆိုင်တယ်။ နောက်ပြီး အဲဒီကုမ္ပဏီနဲ့ ဆက်စပ်တဲ့ ထိန်းချုပ်နိုင်တဲ့ အစိုးရပိုင်းဆိုင်ရာ ရာထူးအာဏာမျိုးကိုလဲ ရထားတယ်ဆိုရင် အဲဒီကုမ္ပဏီ အကျိုးစီးပွား ဖြစ်စေရာ ဖြစ်စေကြောင်းကို မိမိရဲ့ အခွင့်အာဏာတွေသုံးပြီး ပြုလုပ်တာမျိုး ဖြစ်ပါတယ်။


Joint and Several Liability

ဒါကတော့ ဥပဒေကြောင်းဆိုင်ရာ ဝေါဟာရလေးပါ ....
အုပ်စုတစ်ခုက ပေးရန်ရှိသည့် ပေးရန်တာဝန် သို့မဟုတ် လျော်ကြေးကို အုပ်စုတွင်းရှိ အဖွဲ့ဝင်များက တစ်ဦးချင်းအလိုက် ဖြစ်စေ၊ အားလုံးက အညီအမျှ ကျခံ၍ ဖြစ်စေ ပေးချေရန် တာဝန်ရှိတာကို ပြောတာပါ။
ဥပမာအားဖြင့် ခင်ပွန်းနဲ့ ဇနီး မှာ ဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုရဲ့ အဖွဲ့ဝင်များမှာဖြစ်စေ အစိုးရ ဝင်ငွေခွန်ကို  ပေးဆောင်ဖို့ တာဝန်ရှိတဲ့အခါမျိုးမှာ joint and several liability ဖြစ်လာပါတယ်။ အဲဒီအခါ အခွန်ဌာနကနေ တစ်ယောက်ယောက်ကိုလည်းကောင်း၊ အဖွဲ့ဝင်အားလုံးကိုလည်းကောင်း ပေးရန်ရှိ အခွန် ကို ကောက်ခံပါတယ်။

Fully Diluted Shares

ကုမ္ပဏီတွင် ပေါ်လွင်နေသော သာမန် အစုရှယ်ယာများအပြင် သာမန်အစုရှယ်ယာ အဖြစ်သို့ ပြောင်းလဲနိုင် ရန် အလားအလာရှိသည့် အခြားသော ငွေကြေးဆိုင်ရာ သက်သေခံ လက်မှတ်များ (convertible bonds နှင့် stock options များကဲ့သို့သော) ကိုပါ ကုမ္ပဏီ၏ အစုရှယ်ယာ အရေအတွက်တွင် ထည့်သွင်း တွက်ချက်ထားခြင်း ဖြစ်ပါသည်။ ဤသို့ ပြုလုပ်ခြင်းဖြင့် ကုမ္ပဏီတွင် ဖြစ်နိုင်သမျှ အများဆုံးသော အစုရှယ်ယာ အရေအတွက်ကို ရရှိမည်ဖြစ်ပြီး အစုရှယ်ယာ တစ်ခုချင်း၏ တန်ဘိုးမှာ ကျဆင်းသွားပါသည်။
ဥပမာအားဖြင့် XYZ ကုမ္ပဏီမှာ ပေါ်လွင်နေတဲ့ ရှယ်ယာ အရေအတွက်က ၁ သန်း၊ option အရေအတွက်က ၁သန်း (option တစ်ခုမှာ ရှယ်ယာတစ်ခုကို ဝယ်နိုင်တဲ့ right ရှိတယ်လို့ ယူဆ ထားမယ်) ရှိတယ်ဆိုပါတော့။ ရှယ်ယာတစ်ခုရဲ့ စျေးနှုန်းက $5 ဖြစ်တယ်။ အကယ်၍ လူတိုင်းက သူတို့ရဲ့ option တွေကို ရှယ်ယာနဲ့ လဲဖို့ ဆုံးဖြတ်မယ်ဆိုရင် ကုမ္ပဏီမှာ ပေါ်လွင်တဲ့ ရှယ်ယာက အရေအတွက်က ၂သန်း ဖြစ်သွားမယ်။ ရှယ်ယာစျေးနှုန်းကလဲ တစ်ခုကို $2.5 ကို ကျသွားမယ်။

Preemption Right or Preemptive Right

ကုမ္ပဏီက အစုရှယ်ယာများထပ်မံ၍ ထုတ်တဲ့အခါ အစုရှယ်ယာများကို ပြည်သူသို့ မရောင်းသေးခင် လက်ရှိ အစုရှယ်ယာပိုင်ရှင်များကို ဦးစားပေး ဝယ်ယူနိုင်ရန် အခွင့်အရေး ဖြစ်ပါသည်။ မိမိတို့ လက်ရှိ ပိုင်ဆိုင်ထား သည့် အစုရှယ်ယာ အရေအတွက်ပေါ် အခြေခံ၍ ဝယ်ယူနိုင်ခြင်း ဖြစ်ပါသည်။ အစုရှယ်ယာများ ထပ်မံ   ဖြည့်တင်း သည့်အတွက် အစုရှယ်ယာရှင်များ၏ ပိုင်ဆိုင်မှု ရာခိုင်နှုန်း ကျဆင်းခြင်း မဖြစ်စေရန် ကာကွယ်သည့်   ပြဌာန်းချက် ဖြစ်ပါသည်။
ကုမ္ပဏီကို စတင်တည်ထောင်သည့်အခါ ကုမ္ပဏီအတွက် ငွေအရင်းအနှီးကို မတည်ပေးထားကြသည့် အစုရှယ်ယာရှင်များ က ယင်းတို့သည် ကုမ္ပဏီတွင် ကနဦး ရင်းနှီးမြှုပ်နှံသူများ ဖြစ်၍ အနာဂတ်တွင် မဲပေး နိုင်သည့် အခွင့်အရေးကို ပိုမိုရရှိရန် သေချာခြင်ကြပါသည်။ အစုရှယ်ယာရှင်များ၏ သဘောတူညီ ချက်တွင် preemption right  ကို ထည့်သွင်းထားခြင်းဖြင့် ၄င်းတို့၏ ပိုင်ဆိုင်မှု ရာခိုင်နှုန်း ကျဆင်းမည် မဟုတ်ဟု ယုံကြည်နိုင်ကြပါသည်။ subscription privilege သို့မဟုတ် subscription right ဟုလည်း   ခေါ်ဝေါ်ပါသည်။

Tag Along Rights

 ကုမ္ပဏီတွင် အစုရှယ်ယာ အများစုကို ပိုင်ဆိုင်သူများက ၄င်းတို့၏ ပိုင်ဆိုင်မှုကို ရောင်းချသည့်အခါ အစုရှယ်ယာအနည်းစုကို ပိုင်ဆိုင်သူများ၏ ပိုင်ဆိုင်မှုများကိုပါ တူညီသော ပြဌာန်းချက်ဖြင့် တွဲဖက် ရောင်းချ နိုင်သည့် အခွင့်အရေး ဖြစ်ပါသည်။ co-sale rights ဟုလည်း ခေါ်ပါသည်။

 Due Diligence

  • ရင်းနှီးမြှုပ်နှံမှု မပြုလုပ်မီ ဖြစ်နိုင်ခြေရှိသည့် စွန့်စားရမှု အန ္တရာယ်များနှင့် ပတ်သက်သည့် သတင်း အချက်အလက်များ ကို စုဆောင်း၊ စစ်ဆေးခြင်း၊
  • လုပ်ငန်းတစ်ခု၏ လုပ်ဆောင်ချက်များနှင့် ဆက်နွယ်နေသည့် စွန့်စားရမှု အန ္တရာယ်များ ကို စေ့စပ်သေချာစွာ လေ့လာသုံးသပ်ခြင်း၊
  • သဘောတူစာချုပ် တစ်ရပ် မချုပ်ဆိုမီ သေချာစွာ စစ်ဆေးမှု ပြုလုပ်ခြင်း၊
  • လုပ်ဆောင်ချက်တစ်ခုတွင် ပါဝင်သည့် အဖွဲ့အစည်းတစ်ခုစီမှာ မလိုလားအပ်သော အန ္တရာယ်များကို ကာကွယ်ရန် ပြုလုပ်သည့် လုပ်ဆောင်ချက်

 

 Stock Split

ကုမ္ပဏီက ၄င်းတွင်ရှိသော ရှယ်ယာများကို ထပ်မံစိတ်ပိုင်းသည့် လုပ်ရပ်ကို ခေါ်ဆိုပါသည်။ ကုမ္ပဏီ၏ ပေါ်လွင်နေသော ရှယ်ယာအရေအတွက်မှာ အဆပွား၍ တိုးလာသော်လည်း စုစုပေါင်း ရှယ်ယာတန်ဘိုးမှာမူ ရှယ်ယာကို မစိတ်ပိုင်းမီကအတိုင်း အတူတူပင်ဖြစ်ပါသည်။ split ပြုလုပ်လေ့ရှိသည့် အချိုးမှာ 2 for 1 သို့မဟုတ် 3 for 1 ဖြစ်ပါသည်။ ဆိုလိုသည်မှာ ရှယ်ယာပိုင်ရှင်တစ်ဦးက ယင်းပိုင်ဆိုင်သည့် ရှယ်ယာ အရေအတွက်၏ ၂ ဆ သို့မဟုတ် ၃ ဆ တက်လာသည်ကို ဆိုလိုပါသည်။ ရှယ်ယာတန်ဘိုးမှာမူ အတူတူ ဖြစ်၍ ရှယ်ယာတစ်ခုစီ၏ တန်ဘိုးမှာ ကျသွားပါသည်။
အင်္ဂလန်နိုင်ငံတွင် stock split ကို scrip issue, bonus issue, capitalization issue သို့မဟုတ် free issue ဟုခေါ်ပါသည်။

Grey Market

ငွေကြေးဆိုင်ရာ သက်သေခံလက်မှတ်များ (securities) ကို ရောင်းဝယ်ကြသည့် တရားမဝင် စျေးကွက်   ဖြစ်ပါသည်။ ငွေကြေးဆိုင်ရာ သက်သေခံလက်မှတ် အသစ်များကို တရားဝင် ရောင်းဝယ်မှု စတင်ခြင်း မပြုလုပ်မီ grey market ရောင်းဝယ်မှု ဖြစ်လေ့ရှိပါသည်။ grey market သည် securities များကို ထုတ်ဝေသူများနှင့် အာမခံသူများက security အသစ် ထုတ်ဝေသည့်အခါ ရှိမည့် ဝယ်လိုအားကို အကဲဖြတ် နိုင်စေပါသည်။ ဆိုလိုသည်မှာ grey market သည် မကြာခင်တွင် ထုတ်ဝေတော့မည့် securities များကို အရောင်းအဝယ်ပြုလုပ်ခြင်း ဖြစ်ပါသည်။ grey market သည် တရားမဝင် (unofficial) စျေးကွက် ဖြစ်သော်လည်း ဥပဒေကြောင်းအရ ခွင့်မပြုသည့် (illegal) စျေးကွက် မဟုတ်ပါ။ grey market တွင် အရောင်းအဝယ် ပြုလုပ်သည့်အခါ မရိုးသားသူများက ကတိကဝတ် ပျက်ကွက်ခြင်းများ  ပြုလုပ်နိုင်ပါသည်။

Leveraged Buyback
 ကုမ္ပဏီက bond သို့မဟုတ် note များ ထုတ်ဝေပြီး ရသည့် ငွေဖြင့် မိမိ ထုတ်ဝေထားသည့် ရှယ်ယာများကို  ပြန်လည် ဝယ်ယူခြင်း ဖြစ်ပါသည်။ ကုမ္ပဏီသည် မိမိ၏ ရှယ်ယာစျေးနှုန်းများကို တက်စေရန် leveraged buyback ကို ပြုလုပ်လေ့ရှိသည်။ ဤသို့ ပြုလုပ်ခြင်းဖြင့် ကုမ္ပဏီကို ငွေအရင်းအနှီး အလွန်အကျွံ    ဖြည့်ဆည်းခြင်းမှလည်း ရှောင်ရှားနိုင်သည်။ အင်အားကြီး ကုမ္ပဏီက အင်အားငယ် ကုမ္ပဏီ ကို ထိန်းချုပ် လွှမ်းမိုးခြင်းမှ ကာကွယ်နိုင်သည်။

Freeze Out
 လုပ်ငန်းတစ်ခု၏ အဓိက အစုရှယ်ယာရှင်များက အစုရှယ်ယာ အနည်းငယ်သာ ပိုင်ဆိုင်သူများကို  ၄င်းတို့၏ လုပ်ငန်းတွင် ထည့်ဝင်ထားသော အရင်းအနှီးကို ရောင်းချရန် ဖိအားပေးခြင်း ဖြစ်ပါသည်။ squeeze out ဟုလည်း ခေါ်ဝေါ်ပါသည်။ ကုမ္ပဏီအတွက် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် အစုရှယ်ယာ အများကို ပိုင်ဆိုင်သူများက ရှယ်ယာအနည်းကို ပိုင်ဆိုင်သူများကို ဖယ်ထုတ်ရန် ကြိုးပမ်းအားထုတ် ကြပါသည်။ ဤကဲ့သို့သော အပြုအမူမှာ တရားဥပဒေကြောင်းအရ တရားမဝင် ဖြစ်ပါသည်။

Mark Down
 ရောင်းချသည့် ကုန်ပစ္စည်းကို ဝယ်လိုအား တက်လာစေရန်အတွက် ခေတ္တယာယီ ရောင်းစျေးကို လျှော့ချ   ပေးခြင်း  ဖြစ်ပါသည်။ ရောင်းချသည့် ကုန်စည်များ  တွင် ရောင်းအားနှေးနေသည့် ကုန်စည်များ အတွက်မူ permanent mark down များကို ပြုလုပ် ဖန်တီးကြပါသည်။

Arm's Length Transaction
 property, goods or services များရဲ့ စျေးကွက်ပေါက်စျေး ကို ရောင်းသူ၊ ဝယ်သူ ၂ ဦးစလုံးက ဘယ်သူ့ပယောဂမှ မပါဘဲ မိမိတို့ စိတ်ဆန္ဒအတိုင်း လွတ်လပ်စွာ ဆုံးဖြတ် နိုင်ခြင်း ဖြစ်ပါသည်။
ဥပမာအားဖြင့် အိမ်တစ်လုံးကို အရောင်းအဝယ် လုပ်တဲ့အခါမှာ ရောင်းသူ၊ နဲ့ ဝယ်သူ သည် တစ်ဦးနဲ့ တစ်ဦး ဆက်စပ်မှုမရှိဘူး။ ၂ ဦး စလုံးက ဒီ အိမ်နဲ့ ပတ်သက်ပြီး ညီမျှတဲ့   စျေးခေါ်နိုင်တဲ့၊ စျေးဆစ်နိုင်တဲ့ အင်အား ရှိတယ်။ ညီမျှတဲ့ သတင်းအချက် အလက် ရရှိနိုင်မှု ရှိတယ်။  ၂ ဦးစလုံးက နောက်ဆုံး သဘောတူညီလိုက်တဲ့ စျေးသည် စျေးကွက်ပေါက်စျေးနဲ့ အနီးစပ်ဆုံးဖြစ်တယ်။ ဒါမျိုးကို ဆိုလိုတာပါ။ တကယ်လို့သာ ရောင်းသူနဲ့ ဝယ်သူက ဥပမာအားဖြင့် သားအဖ ဖြစ်နေမယ်။ လင်မယား   ဖြစ်နေမယ်။ ကော်ပိုရေးရှင်း တစ်ခုနဲ့ ယင်းရဲ့ လက်အောက်ခံ ဌာနခွဲ ဖြစ်နေမယ် ဆိုရင် arm's length မဖြစ်တော့ပါဘူး။ ဘာလို့လဲ ဆိုတော့ အချင်းချင်းဆိုရင် စျေးလျှော့ပေး ကြမှာ ဖြစ်တဲ့အတွက် အရောင်း အဝယ်က စျေးကွက်ပေါက်စျေး နဲ့ မဖြစ်နိုင်တော့ ပါဘူး။

 Contingent Liability
 contingent liability ဆိုတာကတော့ လက်ရှိ မသေချာတဲ့ အခြေအနေကြောင့် အဲဒီက ဖြစ်လာမဲ့ အနာဂတ် ရလာဒ်ပေါ် မူတည်ပြီး အလားအလာရှိတဲ့   ပေးရန်တာဝန်ဘဲ ဖြစ်ပါတယ်။ အနာဂတ်မှာ မကောင်းတဲ့ အခြေအနေ တစ်ရပ်ကလဲ ဖြစ်နိုင်ချေရှိတယ်။ နောက်ပြီး ပေးရန်တာဝန် ပမာဏကိုလဲ ခန့်မှန်းနိုင်တယ် ဆိုရင် contingent liability ကို စာရင်း ရေးသွင်းရပါတယ်။
ဥပမာအားဖြင့် ကုမ္ပဏီက သူ့ရဲ့ ပြိုင်ဘက် ကုမ္ပဏီနဲ့ မူပိုင်ခွင့် ပြဿနာနဲ့ တရားရင်ဆိုင်နေရတယ် ဆိုပါတော့။ ကုမ္ပဏီရဲ့ ဥပဒေရေးရာဌာနက ပြိုင်ဘက် ကုမ္ပဏီကသာ နိုင်ရင် ကိုယ့်ကုမ္ပဏီက ဒေါ်လာ ၂ သန်း ပေးရမယ်လို့ ခန့်မှန်းတယ် ဆိုရင် အဲဒီ ဒေါ်လာ ၂ သန်းကို contingent liability အဖြစ်နဲ့ balance sheet ပေါ်မှာ တင်ရပါတယ်။ တနည်းအားဖြင့် ပြိုင်ဘက် ကုမ္ပဏီက မနိုင်-နိုင်လို့ ဥပဒေရေးရာဌာနက ယူဆရင် contingent liability ကို စာရင်းသွင်းစရာ မလိုပါဘူး။

ဝေါဟာရတွေအများကြီး ရှိပေမဲ့ အခုတော့ ဒီလောက်နဲ့ဘဲ ရပ်လိုက်တော့မယ်နော်။

www.BusinessDictionary.com နှင့် www.ivestopedia.com မှ မှီငြမ်း ပြန်ဆိုပါသည်။

ဖြူ ဖြူ



Share this PostPin ThisEmail This

19 comments:

  1. I was recommended this website by my cousin. I'm not
    sure whether this post is written by him as nobody else know such detailed about my difficulty.
    You are wonderful! Thanks!

    Also visit my site: minecraft.net

    ReplyDelete
  2. If some one wants to be updated with most recent technologies afterward he must be pay a visit this web site and be up to date everyday.


    My web blog; minecraft.net

    ReplyDelete
  3. Hello my loved one! I wish to say that this article is amazing, great written and come with almost all important infos.
    I'd like to see extra posts like this .

    Also visit my weblog - BonnyGLiley

    ReplyDelete
  4. I'm truly enjoying the design and layout of your website.

    It's a very easy on the eyes which makes it much more pleasant for me to come here and visit more often. Did you hire out a designer to create your theme?
    Outstanding work!

    Feel free to surf to my web site: AlphonseVWerkhoven

    ReplyDelete
  5. What's Taking place i'm new to this, I stumbled upon this I have discovered It positively useful and
    it has aided me out loads. I hope to contribute & aid other customers like its aided me.
    Good job.

    Here is my weblog - KandyCEmpie

    ReplyDelete
  6. Wonderful blog! I found it while searching on Yahoo News.
    Do you have any suggestions on how to get listed in Yahoo
    News? I've been trying for a while but I never seem to get
    there! Thank you

    My homepage - WillardTWisinski

    ReplyDelete
  7. Hi to every , as I am really keen of reading this
    web site's post to be updated daily. It
    carries nice material.

    Take a look at my web site ... FeliceYWeirick

    ReplyDelete
  8. Hello, Neat post. There's a problem with your site in internet explorer, would test this?
    IE nonetheless is the marketplace chief and a big
    section of other folks will omit your great writing because of this problem.



    Here is my homepage ... AlysaKPentz

    ReplyDelete
  9. Hello my friend! I wish to say that this post is amazing, nice written and
    include almost all important infos. I would like to peer extra posts like this .


    my webpage - AlfrediaOAffelt

    ReplyDelete
  10. Good replies in return of this difficulty with
    genuine arguments and telling the whole thing on the topic of that.


    Here is my web blog; LuciusRBenston

    ReplyDelete
  11. I blog frequently and I truly thank you for your information. The article has
    truly peaked my interest. I'm going to bookmark your website and keep checking
    for new information about once a week. I subscribed to your Feed as well.


    Also visit my site: CelenaKLamberti

    ReplyDelete
  12. I like what you guys tend to be up too. This kind
    of clever work and exposure! Keep up the wonderful works guys I've included you
    guys to our blogroll.

    My homepage ... AleshiaCLudlam

    ReplyDelete
  13. Very nice post. I simply stumbled upon your blog and
    wished to say that I've really loved surfing around your weblog posts.

    After all I will be subscribing for your rss feed and I hope you
    write once more soon!

    Feel free to surf to my website :: AnnikaQOshaughnessy

    ReplyDelete
  14. This post is truly a nice one it helps new the web visitors,
    who are wishing for blogging.

    Review my web-site ... BerneiceSAnzaldua

    ReplyDelete
  15. Hi there! Would you mind if I share your blog with my myspace group?
    There's a lot of folks that I think would really
    appreciate your content. Please let me know.

    Thank you

    Feel free to visit my website CyndyGCourtoy

    ReplyDelete
  16. Thanks everyone who comments on my articles.

    ReplyDelete
  17. Greetings! This is my 1st comment here so I just
    wanted to give a quick shout out and say I genuinely enjoy reading your blog posts.
    Can you recommend any other blogs/websites/forums that cover the same topics?
    Thanks a ton!

    Here is my webpage ColbyICortwright

    ReplyDelete
  18. It's an amazing piece of writing in favor of all the online people; they will get advantage from it I am sure.


    Feel free to surf to my blog: BradlyDPadon

    ReplyDelete
  19. My family all the time say that I am killing my time here at web, except I know I am getting
    experience every day by reading thes fastidious articles or reviews.


    Review my page - CarenOKurek

    ReplyDelete