ရင်တွင်းစကား

မိမိ သိသမျှသော Economics နှင့် ပတ်သက်သည့် သင်ခန်းစာ ဆောင်းပါးများ၊ Accounting, Finance နှင့်ပတ်သက်သည့် သင်ခန်းစာ ဆောင်းပါးများကို စေတနာသန့်သန့်ဖြင့် ဝေမျှထားပါသည်။ စာရေးသူသည် သိပ်တော်၊ သိပ်တတ်နေတဲ့ ပညာရှင် တစ်ယောက် လုံးဝ မဟုတ်ပါ။ ဒါကြောင့် အမှားများပါလျှင် ခွင့်လွှတ်ကြပါလို့ ….

ဖြူ ဖြူ

Thanks so much for every comment. Actually, I am not an expert on web or blog. I just made Google search of HTML codes that gives the design I want.

06 March 2014

Property, Goods, or Services များအတွက် Notes ထုတ်ခြင်း

တစ်ခါတစ်ရံမှာ ကုမ္ပဏီတွေက Notes Payable ကို ထုတ်တာဟာ ငွေသားအတွက် မဟုတ်ဘဲ property, Goods သို့မဟုတ် Services များအတွက်လဲ ထုတ်ပါတယ်။ အဲဒီလို ငွေချေးစာချုပ်ကို property, goods or services များနဲ့ လဲလှယ်တဲ့အခါမှာ arm's length transaction နဲ့ ပြုလုပ်တာဖြစ်ပါတယ်။ arm's length transaction ကို အဓိပ္ပါယ်ဖွင့်ရမယ် ဆိုရင် property, goods or services များရဲ့ စျေးကွက်ပေါက်စျေး ကို ရောင်းသူ၊ ဝယ်သူ ၂ ဦးစလုံးက ဘယ်သူ့ပယောဂမှ မပါဘဲ မိမိတို့ စိတ်ဆန္ဒအတိုင်း လွတ်လပ်စွာ ဆုံးဖြတ် နိုင်တာဖြစ်ပါတယ်။ ဥပမာ အားဖြင့် အိမ်တစ်လုံးကို အရောင်းအဝယ် လုပ်တဲ့အခါမှာ ရောင်းသူ၊ နဲ့ ဝယ်သူ သည် တစ်ဦးနဲ့ တစ်ဦး ဆက်စပ်မှုမရှိဘူး။ ၂ ဦး စလုံးက ဒီ အိမ်နဲ့ ပတ်သက်ပြီး ညီမျှတဲ့   စျေးခေါ်နိုင်တဲ့၊ စျေးဆစ်နိုင်တဲ့ အင်အား ရှိတယ်။ ညီမျှတဲ့ သတင်းအချက် အလက် ရရှိနိုင်မှု ရှိတယ်။  ၂ ဦးစလုံးက နောက်ဆုံး သဘောတူညီလိုက်တဲ့ စျေးသည် စျေးကွက်ပေါက်စျေးနဲ့ အနီးစပ်ဆုံးဖြစ်တယ်။ ဒါမျိုးကို ဆိုလိုတာပါ။ တကယ်လို့သာ ရောင်းသူနဲ့ ဝယ်သူက ဥပမာအားဖြင့် သားအဖ ဖြစ်နေမယ်။ လင်မယား   ဖြစ်နေမယ်။ ကော်ပိုရေးရှင်း တစ်ခုနဲ့ ယင်းရဲ့ လက်အောက်ခံ ဌာနခွဲ ဖြစ်နေမယ် ဆိုရင် arm's length မဖြစ်တော့ပါဘူး။ ဘာလို့လဲ ဆိုတော့ အချင်းချင်းဆိုရင် စျေးလျှော့ပေး ကြမှာ ဖြစ်တဲ့အတွက် အရောင်း အဝယ်က စျေးကွက်ပေါက်စျေး နဲ့ မဖြစ်နိုင်တော့ ပါဘူး။

Share this PostPin ThisEmail This

04 March 2014

Time Value Table များ


Time Value Table များကို အလွယ်တကူ ကြည့်ရှုနိုင်ရန် သီးသန့်တွဲပေးထားပါသည်။


Share this PostPin ThisEmail This

28 February 2014

Interest-Bearing Notes

အခု interest ပေးရတဲ့ Note အကြောင်းကို ရေးပါမယ်။ AA ကုမ္ပဏီက $10,000 တန်၊ ၃ နှစ် နဲ့ stated interest rate 10% note ကို BB ကုမ္ပဏီကို ထုတ်ပေးပြီး ငွေချေးပါတယ်။ အဲဒီအချိန်မှာ similar risk ရှိတဲ့ note ရဲ့ market interest rate ကတော့ 12% ဖြစ်ပါတယ်။ effective interest rate 12% က stated rate 10% ထက် များနေတဲ့အတွက် note ရဲ့ present value ဟာ အနာဂတ် ၃ နှစ်သက်တမ်းစေ့ရင်   ပြန်ပေးရမဲ့ face value ထက် နည်းမှာဖြစ်ပါတယ်။ Note ကို discount နဲ့ ထုတ်တာပါ။

Share this PostPin ThisEmail This

25 February 2014

ကာလရှည်ပေးရန်တာဝန် Long-Term Notes Payable


ငွေချေးစာချုပ်တွေ အမျိုးမျိုးရှိတဲ့အနက် ထင်ရှားတဲ့ Notes Payable အကြောင်းရေးမလို့ပါ။ Notes Payable မှာ ကာလတို နဲ့ ကာလရှည် ဆိုပြီး ရှိပါတယ်။ Short-term Notes Payable ကတော့ တစ်နှစ်အတွင်း သို့မဟုတ် လုပ်ငန်းလည်ပတ်မှုကာလ ၂ ခုအနက် ပိုရှည်တဲ့ ကာလ အတွင်း အကြွေး ကို ပေးဆပ်တယ်ဆိုရင် ကာလတိုဖြစ်ပါတယ်။ Long-term Notes Payable ကတော့ Bonds နဲ့ ဘာတူ သလဲ ဆိုရင် ပုံသေ သတ်မှတ်ထားတဲ့ သက်တမ်းစေ့ရက်စွဲရယ်၊ နောက် စာချုပ်ပေါ်မှာ ဖော်ပြထားတဲ့ အတိုးနှုန်းရယ် ပါတာတွေ တူပါတယ်။ သို့သော်လည်း Notes ကတော့ Bonds လိုမျိုး securities တွေ အရောင်းအဝယ်လုပ်တဲ့ စျေးကွက်မှာတော့ အရောင်းအဝယ်မလုပ်ပါဘူး။ သူ့အတွက် ready market မရှိဘူးပေါ့နော်။ ကော်ပိုရေးရှင်းကြီးတွေက ကာလရှည် notes နဲ့ bonds တွေကို ထုတ်ကြပါတယ်။ notes နဲ့ bonds အတွက် စာရင်း သွင်းပုံခြင်းကလဲ တူတူပါဘဲ။ bond ကဲ့သို့ဘဲ note ကိုလဲ သူ့ရဲ့ အနာဂတ် အတိုး နဲ့ အရင်း cash flows ရဲ့ လက်ရှိကာလ တန်ဘိုးနဲ့ တန်ဘိုး   ဖြတ်ပါတယ်။ ကုမ္ပဏီက note ရဲ့ သက်တမ်းတစ်လျှောက် discount သို့မဟုတ် premium ကို ဖြန့်ပြီး ခွဲဝေပါတယ်။

Share this PostPin ThisEmail This

21 January 2014

လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှုအကြောင်းသိကောင်းစရာများ

Economics နဲ့ Accounting ဆိုင်ရာ ဆောင်းပါးလေးတွေ မတင်နိုင်သေးခင် အခြား ဗဟုသုတဖြစ်ဖွယ် ဆောင်းပါးကို တင်ပေးထားတာပါ .. ကိုယ်တိုင်ရေးထားတာ မဟုတ်ပါ။



လျှပ်စစ်ဓာတ်အားကို နိုင်ငံတကာတွင် သုံးစွဲနေကြပြီး နိုင်ငံတစ်နိုင်ငံ၏ တိုးတက်ဖွံ့ဖြိုးမှုတွင် လျှပ်စစ်ဓာတ်အားသည် အရေးကြီးသော ကဏ္ဍ အဖြစ်ပါ၀င်  ပါသည်။ ဖွံ့ဖြိုးပြီးနိုင်ငံကြီးများသည် ၄င်းတို့ နိုင်ငံ၏ သယံဇာတအရင်းအမြစ်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကို  ခြိုးခြံချွေတာပြီး အခြားသော ပြည့်ဖြိုး စွမ်းအင် (Renewable  Energy)   ဖြစ်သည့်   နေရောင်ခြည်နှင့်   လေတိုက်   နှုန်းတို့မှ လျှပ်စစ် ထုတ်လုပ်ခြင်း၊ စွန့်ပစ်ပစ္စည်းများမှ လျှပ်စစ်ထုတ်လုပ်ခြင်း (Waste to Energy) စသည့် လျှပ်စစ် ထုတ်လုပ်မှု နည်းလမ်းများကို စူးစမ်းလေ့လာဆောင်ရွက်နေကြပြီဖြစ်ပါသည်။

Share this PostPin ThisEmail This

အစွမ်းထက်သော ကာကွယ်မှု

 လောကီလူသားတွေအတွက်
တကယ့်အစွမ်းထက်တဲ့ ကာကွယ်မှုတွေကတော့ မေတ္တာ သစ္စာ ဘုရားဂုဏ် တရားဂုဏ်တော်တွေပဲ ဖြစ်တယ်...

http://www.youtube.com/watch?v=nJYp4YIRvew&feature=youtu.be



တရားတော်ကို share ခြင်းဖြစ်ပါသည်။

ဖြူ ဖြူ
Share this PostPin ThisEmail This

01 August 2013

Crowding-Out Effect

ဘဏ္ဍာရေးမူဝါဒမှာ နောက်ထပ် ချို့ယွင်းချက်တစ်ခုကတော့ crowding-out လို့ခေါ်တဲ့ effect ဘဲ  ဖြစ်ပါ တယ်။ ဒီတစ်ခါလဲ crowding-out effect ကို မြန်မာလိုဘာသာပြန်ရတာ ခက်လို့ ဒီအတိုင်းဘဲ ရေးလိုက်ပါတယ်။ ဆိုလိုတာကတော့ ကောင်းကျိုးတစ်ခုရအောင်လုပ်ပေမဲ့ ဆိုးကျိုးတစ်ခုက အဲဒီ အကျိုးကိုခြေဖျက် ဖယ်ထုတ်ပစ်လိုက်တဲ့ အကျိုးသက်ရောက်မှုမျိုးပါ။ စီးပွားရေးကို တိုးချဲ့ပေးတဲ့ ဘဏ္ဍာရေးမူဝါဒ expansionary fiscal policy ဟာ စီးပွားရေးလုပ်ငန်းတွေ တိုးတက်လာအောင် အသုံးစရိတ်ကို များများသုံးတယ် သို့သော်လိုငွေကို ဖြစ်စေတယ်။ အတိုးနှုန်းကို တက်စေတယ်။ အတိုးနှုန်းတွေ တက်တော့ ရင်းနှီးမြှုပ်နှံမှုကို ကျဆင်းစေတယ်။ အဲလိုနည်းနဲ့ expansionary policy ရဲ့ ကောင်းကျိုးကို ပျက်စေ၊ အားပျော့စေပါတယ်။ မြင့်မားတဲ့အတိုးနှုန်းဟာ အတိုးနှုန်းအတက်အကျဒဏ်ကို မခံနိုင်တဲ့ စားသုံးမှုပုံစံအသုံး စရိတ်ကို ဖယ်ထုတ်ပစ်လိုက်ပါတယ်။ ဥပမာ မော်တော်ကားကို အကြွေးနဲ့ ဝယ်တာမျိုး။ အတိုးကပေးနေရတာကိုး။ သို့သော်လည်း GDP မှာ ရင်းနှီးမြှုပ်နှံမှုဟာ အတက်အကျ အများဆုံး အစိတ်အပိုင်း ဖြစ်တဲ့အတွက် ဒီ crowding-out effect ကို စားသုံးမှုပေါ် အာရုံမပြုဘဲ ရင်းနှီးမြှုပ်နှံမှု ပေါ်ကိုဘဲ အဓိက ဦးတည် အာရုံပြု ထားလိုက်ပါမယ်။ expansionary fiscal policy က ဘတ်ဂျက်လိုငွေ ဖြစ်ပေါ်စေပြီး စီးပွားရေးကို တိုးချဲ့အောင်လုပ်တယ်။ ဒါပေမဲ့ အတိုးနှုန်းတွေမြင့်တက်ပြီး  ရင်းနှီးမြှုပ်နှံမှုမှာ လျော့ကျတာနဲ့  ခြေဖျက်လိုက်ခြင်းကြောင့် စီးပွားရေးတိုးတက်မှုကို တစ်စိတ်တစ်ပိုင်း သို့မဟုတ် အပြည့်အဝ တားဆီးသလား ဆိုတာကို ကြည့်ကြည့်မယ်။

Share this PostPin ThisEmail This

20 June 2013

ဘဏ္ဍာရေးမူဝါဒကို သုံးသပ်ခြင်း

expansionary fiscal policy ဆိုတာဟာ စီးပွားရေးကို တိုးချဲ့ပေးတယ်၊  contrationary fiscal policy က စီးပွားရေးကို ချုံ့ပစ်တယ်၊ ဆိုတာကို အရှေ့ဆောင်းပါးများမှာ ရှင်းပြခဲ့ပြီး ဖြစ်ပါတယ်။ တစ်ခါ fiscal policy neutrality ဖြစ်တယ် ဆိုတာလဲ ရှိပါတယ်။ fiscal neutrality ဆိုတာကတော့ အစိုးရရဲ့ အခွန်ရငွေ သည် ဝယ်လိုအားကို မတိုးစေသလို၊ အသုံးစရိတ်ဟာလဲ ဝယ်လိုအားကို မလျော့နည်းစေပါဘူး။ တနည်းပြောရ ရင် အစိုးရရဲ့ အရနဲ့ အသုံးဟာ ညီမျှနေတဲ့သဘောပါ။

အခု အစိုးရရဲ့ discretionary fiscal policy ဟာ စီးပွားရေးကို တိုးချဲ့တာလား (expansionary) ၊ အရ အသုံးညီနေတဲ့၊ ဝယ်လိုအား အတိုး အလျှော့ကို အကျိုးသက်ရောက်မှုမရှိတဲ့ ပေါ်လစီလား (neutral)၊ စီးပွားရေးကို ချုံ့ပစ်တာလား (contrationary) စသည်ကို ဘယ်လိုဆုံးဖြတ်မလဲ ကြည့်ကြပါမယ်။ လက်ရှိ ဆောင်ရွက်နေတဲ့ ဘဏ္ဍာရေးမူဝါဒမှာ ဘတ်ဂျက်ဟာ ပိုငွေလား၊ လိုငွေလားဆိုတာကို မစစ်ဆေးနိုင်ဘူး ဖြစ်နေတယ်။ ဘာလို့လဲဆိုတော့ GDP ပြောင်းလဲမှုတိုင်းမှာ အခွန်ရငွေ အလိုအလျှောက်   ပြောင်းလဲမှုတွေ တွဲပါနေလို့ပါဘဲ။ ဒါ့အပြင် discretionary fiscal policy ရဲ့ တိုးချဲ့ပြောင်းလဲတဲ့ အင်အား သို့မဟုတ် ချုံ့ပြီးပြောင်းလဲတဲ့ အင်အားဟာ ပြောင်းလဲမှုရဲ့ စုစုပေါင်း အရွယ်အစားပေါ် မူမတည်ဘဲ တိုင်းပြည်ရဲ့ အရွယ်အစားနဲ့ ယှဉ်ရင် ဘယ်လောက်ကြီးမားသလဲပေါ် မူတည်ပါတယ်။ ဒါကြောင့် ဘဏ္ဍာရေး မူဝါဒရဲ့ အနေအထားကို သုံးသပ်တဲ့အခါမှာ အခွန်ရငွေရဲ့ အလိုအလျှောက် ပြောင်းလဲမှုကို ဖယ်ထုတ်ဖို့ လိုငွေနဲ့ ပိုငွေကို ညှိနှိုင်းရပါမယ်။ နောက်ပြီး ညှိနှိုင်းထားတဲ့ ဘတ်ဂျက်ရဲ့ လိုငွေ ပိုငွေ အရွယ်အစားနဲ့ လျာထား-ထားတဲ့ GDP ရဲ့ အဆင့်ကို နှိုင်းယှဉ်ရပါမယ်။

Share this PostPin ThisEmail This

30 May 2013

စီးပွားရေးကို အလိုအလျောက် ထိန်းညှိတည်ငြိမ်စေမှု Built-In Stability

Built-In Stability ကို မြန်မာလို ဆီလျော်အောင် ဘာသာပြန်ရတာခက်လို့ စီးပွားရေးကို အလိုအလျောက် ထိန်းညှိ တည်ငြိမ်စေမှုလို့ဘဲ ရေးလိုက်တယ်။ ဘဝင်မကျရင် ခွင့်လွှတ်ကြပါ။
ရှေ့မှာ အစိုးရက လွှတ်တော်အဆုံးအဖြတ်နဲ့ ဘဏ္ဍာရေးမူဝါဒကို လိုသလို ပြုပြင်ပြောင်းလဲတဲ့ discretionary fiscal policy ကို ရေးခဲ့ပါတယ်။ အခု စီးပွားရေးကို အလိုအလျောက် ပြုပြင်ပြောင်းလဲပေးတဲ့ ဘဏ္ဍာရေး မူဝါဒ non-discretionary fiscal policy ကို ရေးပါမယ်။ အတိုင်းအတာတစ်ခုအထိ အစိုးရရဲ့ အခွန်ရငွေဟာ  စီးပွားရေးသံသရာ ဖြစ်စဉ်အတွင်း အလိုအလျောက် ပြောင်းလဲပြီး စီးပွားရေးကို တည်ငြိမ်   စေပါတယ်။ ဒီလို အလိုအလျောက် ပြန်လည်တုန့်ပြန်မှု  သို့မဟုတ် built-in stability က non-discretionary (passive or automatic) fiscal policy  ကို ဖြစ်စေပါတယ်။

Share this PostPin ThisEmail This

29 May 2013

စီးပွားရေးကို တင်းကြပ်ပေးသော ဘဏ္ဍာရေးမူဝါဒ

Contractionary Fiscal Policy


တိုင်းပြည်မှာ ဝယ်လိုအားတွေ သိပ်များလာလို့ ငွေဖောင်းပွမှု ဖြစ်လာပြီ ဆိုရင် အစိုးရက တင်းကြပ်သော ဘဏ္ဍာရေး မူဝါဒကို ကျင့်သုံးလေ့ ရှိပါတယ်။




Share this PostPin ThisEmail This