Contractionary Fiscal Policy
တိုင်းပြည်မှာ ဝယ်လိုအားတွေ သိပ်များလာလို့ ငွေဖောင်းပွမှု ဖြစ်လာပြီ ဆိုရင် အစိုးရက တင်းကြပ်သော ဘဏ္ဍာရေး မူဝါဒကို ကျင့်သုံးလေ့ ရှိပါတယ်။
အထက်ပါပုံမှာ လုပ်သားအင်အားကို အပြည့်အဝသုံးပြီး ထုတ်လုပ်တဲ့ အမှန်ကုန်ထွက် အဆင့် full-employment level က $510 ဘီလီယံ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ စီးပွားရေး အားမျှခြေ က အမှတ် a ကနေ စတင်ပါတယ်။ အမှတ် a ဟာ ကနဦး စုစုပေါင်း ဝယ်လိုအားမျဉ်းကွေး AD3 နဲ့ စုစုပေါင်း ရောင်းလိုအား မျဉ်းကွေး AS တို့ ဆုံတဲ့ အမှတ်ဖြစ်ပါတယ်။ ဆပွားဖြစ်စဉ် multiplier process ကြောင့် ကနဦး အသုံးစရိတ် $5 ဘီလီယံ တိုးတက်မှုကနေ $20 ဘီလီယံ အထိတိုးပြီး စုစုပေါင်း ဝယ်လိုအား မျဉ်းကွေးဟာ AD3 ကနေ AD4 အထိ ညာဘက်ကို ရွေ့သွားပါတယ်။ AD4 နဲ့ AS ဆုံတဲ့အမှတ် b အထိပေါ့။ (ဒီနေရာမှာလဲ အစိမ်းရောင် dash မျဉ်းကွေးကို ခဏ မေ့ထားလိုက်ပါ) အခု case မှာ ရောင်းလိုအားမျဉ်ကွေးက short run ကာလတိုမှာ ရှိတဲ့ မျဉ်းကွေး ပုံစံပါ။ upward slope အထက်ဘက်တက်တဲ့ လျှောစောက်ရှိတဲ့ မျဉ်းကွေးပေါ့။ ရောင်းလိုအား မျဉ်းကွေးတွေရဲ့ ပုံစံအမျိုးမျိုးကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။
သို့သော်လည်း စုစုပေါင်း ရောင်းလိုအားက ပုံသေဖြစ်နေတဲ့အတွက် အားမျှခြေ စုစုပေါင်းကုန်ထွက်က $20 ဘီလီယံ အပြည့် မတက်ပါဘူး။ $12 ဘီလီယံဘဲ တက်ပြီး $510 ဘီလီယံကနေ $522 ဘီလီယံ ကိုရောက်ပါတယ်။ ဒီတော့ ငွေဖောင်းပွတဲ့ inflationary GDP gap က $12 ဘီလီယံ ဖြစ်ပါတယ်။ စုစုပေါင်း ရောင်းလိုအား မျဉ်းကွေးရဲ့ လျှောစောက် upward slope က ဘာကို ပြသလဲ ဆိုရင် စုစုပေါင်း ဝယ်လိုအား မျဉ်ကွေး ညာဘက်ကို ရွေ့တာရဲ့ တစ်ချို့တစ်ဝက်သည် ကုန်ထွက်ပမာဏ တိုးလာတာ ကြောင့်ထက် demand-pull inflation ကြောင့် ဖြစ်သွားတာကို ပြဆိုနေပါတယ်။ ရောင်းလိုအားက upward slope ဖြစ်နေလို့ စျေးနှုန်း အတက်အကျရဲ့ အကျိုးဆက်ကို ထည့်တွက်ရတော့မယ်။ ဒါကြောင့် စျေးနှုန်းက လဲ P1 ကနေ P2 ဆီကို တက်သွားပြီး အားမျှခြေက b အမှတ်ကို ရွေ့သွားပါတယ်။
ထုတ်ကုန်စျေးနှုန်းတွေ တက်တဲ့အတိုင်းလိုက်ပြီး သွင်းကုန်စျေးနှုန်းတွေကလဲ တက်တဲ့အတွက်ကြောင့် အစိုးရရဲ့ တုန့်ပြန်မှု မပါဘဲနဲ့ inflationary GDP gap က ငွေဖောင်းပွမှုကို ထပ်ဖြစ်စေပါတယ်။ တကယ်လို့ အစိုးရက inflationary GDP gap ကို ဖယ်ထုတ်ပစ်ဖို့ ဘဏ္ဍာရေးမူဝါဒကို ကျင့်သုံးတော့မယ် ဆိုရင် စီးပွားရေးကျဆင်းချိန်မှာ ကျင့်သုံးတဲ့ နည်းလမ်းတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ နည်းလမ်းများကို ကျင့်သုံးရမှာ ဖြစ်ပါတယ်-
(၁) အစိုးရ အသုံးစရိတ်ကို လျှော့ချနိုင်ပါတယ်
(၂) အခွန်အတုပ်တွေ တိုးမြှင့်ကောက်ခံ နိုင်ပါတယ်
(၃) နည်းလမ်း ၁ နဲ့ ၂ ကို ရောနှော ကျင့်သုံးနိုင်ပါတယ်။
တိုင်းပြည်မှာ ဝယ်လိုအားတွေ များလာလို့ ဖြစ်လာတဲ့ ငွေဖောင်းပွမှုကို ရင်ဆိုင်လာရတဲ့အခါ ဘဏ္ဍာရေး မူဝါဒကလဲ အစိုးရ ဘတ်ဂျက် ပိုငွေဆီကို ဦးတည်နေပါတယ်။ အခွန်ရငွေက အသုံးစရိတ်ထက် များအောင် လုပ်ရတာပေါ့။ အစိုးရက အစိုးရအသုံးစရိတ်ကို လျှော့တာ ဒါမှမဟုတ် အခွန်အတုပ်တွေကို တိုးမြှင့်တာတွေကနေ ဘတ်ဂျက်ပိုငွေ ဖြစ်အောင်လုပ်ပြီး ငွေဖောင်းပွမှုကို ဘယ်လို ထိန်းချုပ်သလဲ ဆိုတာကို မရှင်းခင်မှာ မှတ်ထားရမှာ တစ်ခုကတော့ စျေးနှုန်းအဆင့် ဆိုတာ ပင်နယံစက်သွားလိုဘဲ ဆိုတာကိုပါဘဲ။ တစ်ဖက်တည်းကိုဘဲ လည်တာပေါ့နော်။
full-employment အဆင့်ထက် ကျော်တဲ့ အမှန်ကုန်ထွက်ရောက်အောင် စုစုပေါင်းဝယ်လိုအားကို တိုးချဲ ့ တာဟာ စျေးနှုန်းအဆင့်ကို အထက်သို့တက်ဖို့ အလားအလာဖြစ်စေသော်လည်းဘဲ စုစုပေါင်းဝယ်လိုအားကို ကျဆင်းအောင်လုပ်တာ ကတော့ စျေးနှုန်း အဆင့်ကို အောက်သို့ ကျအောင် တွန်းအားမပေးပါဘူး။ ဒါဘာကို ဆိုလိုတာလဲဆိုရင် ငွေဖောင်းပွမှုကို ရပ်အောင် လုပ်တာဟာ စျေးနှုန်းအဆင့် တက်တာကို ရပ်အောင် လုပ်တာဖြစ်ပြီး စျေးနှုန်းအဆင့်ကို ကျအောင် လုပ်တာ မဟုတ်လို့ပါဘဲ။ ဒီတော့ အသုံးစရိတ်ကို ဘယ့်လောက်ကြီးကြီး ဖြတ်တောက်မလဲ သို့မဟုတ် အခွန်ကို ဘယ်လောက်ထိ တိုးပြီးကောက်ခံမလဲ ဆိုတာကို ဆုံးဖြတ်တဲ့အခါ အစိုးရက ပင်နယံစက်သွား အကျိုးသက်ရောက်မှု ratchet effect ကို ထည့်သွင်းစဉ်းစားကို စဉ်းစားရမှာ ဖြစ်ပါတယ်။
အစိုးရ အသုံးစရိတ်ကို လျှော့ချလိုက်တာဟာ demand-pull inflation ကို ထိန်းချုပ်ဖို့အတွက် စုစုပေါင်း ဝယ်လိုအားမျဉ်းကွေးဟာ ဘယ်ဘက်ကို ရွှေ့သွားပါတယ်။ အစိုးရက ပင်နယံစက်သွား အကျိုး သက်ရောက်မှု ကို လစ်လျူရှုပြီး inflationary GDP gap ကို ဖယ်ထုတ်ဖို့ အသုံးစရိတ် လျှော့ချတဲ့ မူဝါဒကို အကောင်အထည်ဖော် ကြိုးပမ်းအားထုတ်ရင် ဘာဖြစ်မလဲဆိုတာ စဉ်းစားကြမယ်။ စုစုပေါင်း ဝယ်လိုအား မျဉ်းကွေးဟာ AD3 ကနေ AD4 ညာဘက်သို့ ရွေ့လျားသွားမှုကြောင့် GDP gap $12 ဘီလီယံ ဖြစ်လာ တယ်။ ဒါကြောင့် အစိုးရက စုစုပေါင်း ဝယ်လိုအားမျဉ်းကွေးကို သူ့ရဲ့နဂို နေရာ ဘယ်ဘက်သို့ $20 ဘီလီယံ ပြန်ရွှေ့လိုက်ရင် ပြဿနာက ပြေလည်သွားမယ်လို့ အတွေ့အကြုံ နည်းပါးစွာ နဲ့ စဉ်းစားမိကောင်း စဉ်းစားမိပါလိမ့်မယ်။ အဲဒီတော့ အစိုးရက အသုံးစရိတ်ကို $5 ဘီလီယံ ပြန်လျှော့ချ ပါတော့တယ်။ multiplier effect ကြောင့် ကနဦး အသုံးစရိတ် လျှော့ချမှု $5 ဘီလီယံကနေ စုစုပေါင်း ဝယ်လိုအားမှာ $20 ဘီလီယံ လျော့အောင်ပေါ့။ ရောင်းလိုအားမျဉ်းကွေးက အထက်တက်တဲ့ လျှောစောက်ရှိတဲ့ ကာလတို မျဉ်းကွေး ပုံစံဆိုတော့ multiplier effect က အပြည့်မရပါဘူး။ ဒါနဲ့ စုစုပေါင်း ဝယ်လိုအား မျဉ်းကွေးကလဲ $12 ဘီလီယံ လျော့ပြီး AD3 ဆီကို ပြန်ရောက်သွားပါတယ်။
ဒီမူဝါဒဟာ ပင်နယံစက်သွား အကျိုးဆက် မရှိရင်၊ စျေးနှုန်းတွေကလဲ ပြောင်းလဲလွယ် flexible ဖြစ်ရင် သိပ်ကောင်းပါတယ်။ တိုင်းပြည်ရဲ့ အားမျှခြေကလဲ အမှတ် b ကနေ အမှတ် a ကို ပြန်ရောက်သွားပါတယ်။ အားမျှခြေ စုစုပေါင်းကုန်ထွက် GDP ကလဲ full-employment level ဖြစ်တဲ့ $510 ဘီလီယံ ကို ပြန်ရောက်ပြီး စျေးနှုန်းကလဲ P2 ကနေ P1 ဆီကို ပြန်ရောက်သွားပါတယ်။
သို့သော်လဲဘဲ ပင်နယံ စက်သွား အကျိုးဆက်ကြောင့် အထက်ပါအခြေအနေဟာ ဖြစ်မှာမဟုတ်ပါဘူး။ ပင်နယံ စက်သွားဆိုတာ တစ်ဖက်တည်းဘဲ လည်တာလေ။ နောက်ပြန်မှ မလည်တာကိုး။ ဒီတော့ စျေးနှုန်းအဆင့် က P2 မှာဘဲ မြဲနေပြီး အဲဒီအနေအထားမှာ စုစုပေါင်း ရောင်းလိုအားဟာ အနီရောင် dash ကန့်လန့်ဖြတ် မျဉ်းဖြောင့် ဖြစ်သွားပါတော့တယ်။ ဒါဟာဘာကိုပြသလဲဆိုရင် အစိုးရက စုစုပေါင်း ဝယ်လိုအားကို AD3 ဆီ ပြန်ရောက်အောင် $5 ဘီလီယံ အသုံးစရိတ် လျှော့လိုက်တာဟာ စီးပွားကျဆင်းမှု recession ဖြစ်သွားတာကိုပါဘဲ။ အစိုးရရဲ့ ရည်ရွယ်ချက်က inflationary gap ကို ပျောက်ခြင်တာ။ ဒါပေမဲ့ အဲဒီထက်ကို ကျော်ပြီး recession ထဲ ဝင်သွားတယ်။ အားမျှခြေအသစ်က ဖြစ်ချင်တဲ့ အမှတ် a မှာ မဖြစ်ဘဲနဲ့ အမှတ် d ကို ရောက်သွားပါတော့တယ်။ ဝယ်လိုအားမျဉ်းကွေးက AD3 ဆီကိုရောက်သွားပေမဲ့ Price က မပြောင်းလဲ တော့ အားမျှခြေက d အမှတ်ကို ရောက်သွား တာပေါ့။ ရောင်းလိုအားမျဉ်းကွေးဖြစ်တဲ့ အနီရောင် dash လိုင်းနဲ့ AD3 ဆုံတဲ့ နေရာပေါ့။ အမှတ် d မှာ တိုင်းပြည် စုစုပေါင်းကုန်ထွက် GDP က $502 ဘီလီယံဘဲ ရှိပါတော့တယ်။ full-employment level ထက် $8 ဘီလီယံ လျော့နည်းနေတာပေါ့နော်။
ချက်ခြင်းလက်ငင်း ကာလတို immediate short run မှာ ရောင်းလိုအားမျဉ်းကွေးက ကန့်လန့်ဖြတ် ဖြစ်ပြီး multiplier effect က အပြည့်အဝ သက်ရောက်ပါတယ်။ ရောင်းလိုအားမျဉ်းကွေး ကန့်လန့်ဖြတ် နဲ့ စျေးနှုန်း က ပုံသေဖြစ်နေတဲ့အတွက် စုစုပေါင်း ဝယ်လိုအားကို $20 ဘီလီယံ ဘယ်ဘက်ကို ရွှေ့တာဟာ GDP မှာလဲ $20 ဘီလီယံ အပြည့်အဝ လျော့ကျသွားပါတယ်။ အဲဒီတော့ အားမျှခြေ GDP ဟာ $20 ဘီလီယံ လျော့ကျပြီး $522 ဘီလီယံကနေ $502 ဘီလီယံ ဖြစ်သွားပါတယ်။ ပင်နယံ စက်သွား အကျိုးဆက်ကို ထည့်သွင်း မစဉ်းစားခြင်းဖြင့် အစိုးရက အသုံးစရိတ်ကို ပိုပြီး လျှော့ချလိုက်တာပေါ့နော်။ ပထမ GDP gap $12 ဘီလီယံ ဖောင်းပွနေတာကို GDP gap $8 ဘီလီယံ လျော့နည်းကျဆင်းမှုနဲ့ အစားထိုးလိုက်သလို ဖြစ်တာပေါ့။
အခုအဲဒီအခြေအနေကို ဘယ်လို ရှောင်ရှားမလဲ ကြည့်ကြရအောင်။ ပထမဆုံး အစိုးရက inflationary GDP gap ရဲ့ အရွယ်အစားကို ထည့်သွင်းစဉ်းစားရပါမယ်။ $12 ဘီလီယံ ရှိပါတယ်။ ဒုတိယအချက်က စျေးနှုန်းပုံသေ ဖြစ်ပြီး စုစုပေါင်း ရောင်းလိုအား မျဉ်းကွေးက ကန့်လန့်ဖြတ်မျဉ်း ဖြစ်တဲ့အခါ multiplier သည် အပြည့်အဝ အကျိုးသက်ရောက်မှု ရှိပါတယ်။ ဒါကြောင့် အစိုးရရဲ့ အသုံးစရိတ် ဘယ်လောက်ဘဲ လျှော့ချချ အဲဒီပမာဏရဲ့ ၄ဆ လျော့သွားမှာ ဖြစ်ပါတယ်။ နောက်ပြီး အစိုးရအသုံးစရိတ်ကို $5 ဘီလီယံ အစား $3 ဘီလီယံ ဘဲ လျှော့ချကြည့်မယ်။ ဘာလို့လဲ ဆိုတော့ $3 ဘီလီယံ ကနဦး လျှော့ချမှုကို ၄ နဲ့ မြှောက်ရင် စုစုပေါင်း ဝယ်လိုအားမှာ $12 ဘီလီယံ လျော့ကျစေမှာပါ။ အစိုးရအသုံးစရိတ် $3 ဘီလီယံ လျှော့ချတာက $12 ဘီလီယံ GDP gap ဖောင်းပွမှုကို ကွက်တိချေဖျက်နိုင်တဲ့ မှန်ကန်တဲ့ ပမာဏ ဖြစ်ပါတယ်။ အစိုးရက ဒီငွေဖောင်းပွမှုကို အဓိက ဖယ်ထုတ်ပစ်ချင်နေတာလေ။ ဆက်လက်အောင်မြင် စေဖို့ရာ ငွေဖောင်းပွမှုကို ဖြစ်စေတဲ့ စုစုပေါင်းဝယ်လိုအားကို အပြည့်အဝတိုးမြှင့်တာကို မလုပ်မိဘဲ ဖြစ်ပါတယ်။
ပုံအရပြောရမယ်ဆိုရင် AD4 နဲ့ ဘယ်ဘက်က dash မျဉ်းအစိမ်း ကြားအကွာအဝေးက အစိုးရအသုံးစရိတ် ကို $3 ဘီလီယံ လျှော့ချတာကို ကိုယ်စားပြုပါတယ်။ ဆပွားဖြစ်စဉ် ဖြစ်ပြီးနောက် ဒီအသုံးစရိတ် ဖြတ်တောက်မှုဟာ စုစုပေါင်း ဝယ်လိုအား မျဉ်းကွေးကို AD4 မှ AD5 သို့ ဘယ်ဘက်ကို $12 ဘီလီယံ ရွေ့သွားစေပါတယ်။ စျေးနှုန်းက P2 မှာ ပုံသေဖြစ်ပြီး စုစုပေါင်း ရောင်းလိုအားကလဲ ကန့်လန့်ဖြတ် dash မျဉ်း အနီရောင် ဖြစ်နေလို့ တိုင်းပြည်ရဲ့ အားမျှခြေဟာ အမှတ် c မှာ ဖြစ်သွားပါလိမ့်မယ်။ တိုင်းပြည်ဟာ သူ့ရဲ့ လုပ်သား အင်အား အပြည့်အဝနဲ့ ထုတ်လုပ်တဲ့ ထုတ်ကုန် $510 ဘီလီယံမှာ လည်ပတ်နေပါလိမ့် မယ်။ inflationary GDP gap လဲ မရှိတော့ပါဘူး။ အစိုးရက ပင်နယံ စက်သွား အကျိုးသက်ရောက်မှုကို မှန်မှန်ကန်ကန် ထည့်သွင်း စဉ်းစားတဲ့အတွက် အစိုးရက အသုံးစရိတ်ကို ကနဦးမှာ ပိုပြီးလျှော့ချမိလို့ တိုင်းပြည်ကို စီးပွားရေး ကျဆင်းမှု အခြေအနေ recession ထဲသို့ မတော်တဆ တွန်းပို့သလို မဖြစ်တော့ ပါဘူး။
အစိုးရက အခွန်အတုပ်ကို တိုးမြှင့်ကောက်ခံပြီး စားသုံးမှုကို လျော့ကျအောင် လုပ်နိုင်ပါတယ်။ တိုင်းပြည် မှာ နောက်ထပ်စားသုံးမှု အလားအလာ Marginal Propensity to Consume က 0.75 ဖြစ်တယ် ဆိုရင် အစိုးရက အခွန်ကို $4 ဘီလီယံ တိုးမြှင့်ကောက်ခံရပါမယ်။
$4 ဘီလီယံ အခွန်ကို တိုးမြှင့်ကောက်လိုက်တာဟာ စုဆောင်းမှုကို $1 ဘီလီယံ ကျဆင်းစေပါတယ်။
MPS of 0.25 x $4 billion = $1 billion

အစိုးရအသုံးစရိတ်ကို လျှော့ချခြင်း

အခွန်အတုပ်ကို တိုးမြှင့်ကောက်ခံခြင်း
အစိုးရက အခွန်အတုပ်ကို တိုးမြှင့်ကောက်ခံပြီး စားသုံးမှုကို လျော့ကျအောင် လုပ်နိုင်ပါတယ်။ တိုင်းပြည် မှာ နောက်ထပ်စားသုံးမှု အလားအလာ Marginal Propensity to Consume က 0.75 ဖြစ်တယ် ဆိုရင် အစိုးရက အခွန်ကို $4 ဘီလီယံ တိုးမြှင့်ကောက်ခံရပါမယ်။
MPC = Change in consumption / Change in income
0.75 = Change in consumption / $3 billion
Change in consumption = $3 billion / 0.75
Change in consumption = $4 billion
$4 ဘီလီယံ အခွန်ကို တိုးမြှင့်ကောက်လိုက်တာဟာ စုဆောင်းမှုကို $1 ဘီလီယံ ကျဆင်းစေပါတယ်။
MPS of 0.25 x $4 billion = $1 billion
MPS = Marginal Propensity to Save
$4 ဘီလီယံ အခွန်တိုးကောက်လိုက်တာဟာ ကနဦးစားသုံးမှုကို $3 ဘီလီယံ လျော့စေတယ်။ AD4 ကနေ ဘယ်ဘက်က အစိမ်းရောင် dash မျဉ်းကွေးကြား အကွာအဝေး ဖြစ်တယ်။ multiplier process ပြီးသွားပြီး နောက် စားသုံးမှုမှာ ကနဦး $3 ဘီလီယံ လျော့တာဟာ စုစုပေါင်း ဝယ်လိုအား မျဉ်းကွေးကို ဘယ်ဘက် သို့ $12 ဘီလီယံ ကျဆင်းသွားစေပါတယ်။ တိုင်းပြည်ဟာ အားမျှခြေ အမှတ် c သို့ ရောက်ရှိပြီး inflationary GDP gap ပပျောက်သွားပါတယ်။
Change in GDP = Multiplier x initial change in spending
Change in GDP = 4 x $3 billion
Change in GDP = $12 billion
အသုံးစရိတ်လျှော့ချမှုနဲ့ အခွန်တိုးမြှင့်မှုကို ရောနှောကျင့်သုံးခြင်း
စုစုပေါင်း ဝယ်လိုအားကို လျှော့ချဖို့အတွက် အစိုးရက အသုံးစရိတ် လျှော့တာနဲ့ အခွန်တိုးမြှင့်တာကို ရောနှော ကျင့်သုံးနိုင်ပါတယ်။ အစိုးရ အသုံးစရိတ်ကို $1.5 ဘီလီယံ လျှော့ချပြီး အခွန်ကို $2 ဘီလီယံ တိုးကောက်တာဟာ စုစုပေါင်း ဝယ်လိုအား မျဉ်းကွေးကို AD4 မှ AD5 သို့ ရွေ့သွားစေပါတယ်။ ဟုတ်မဟုတ် စစ်ဆေးကြည့်ရအောင်။
Change in GDP = Multiplier x initial change in spending
Change in GDP = 4 x $1.5 billion
Change in GDP = $6 billion
အသုံးစရိတ်ကို ကနဦး $1.5 ဘီလီယံ လျှော့ချလိုက်တာဟာ multiplier process ပြီးနောက်မှာ စားသုံးမှုမှာ၊ တိုင်းပြည်စုစုပေါင်း ကုန်ထွက်မှာ $6 ဘီလီယံ ကျဆင်းသွားပါတယ်။ ဒီတော့ ရည်မှန်းထားတဲ့ $12 ဘီလီယံ ကျဆင်းစေရန်မှာ ကနဦး အသုံးစရိတ်က $1.5 ဘီလီယံ ထပ်လျှော့ဖို့ လိုပါသေးတယ်။
ကဲ အခွန်ကို ဘယ်လောက်တိုးကောက်မလဲ?
MPC = Change in consumption / Change in income
0.75 = Change in consumption / $1.5 billion
Change in consumption = $1.5 billion / 0.75
Change in consumption = $2 billion
အခွန်အတုပ်ကို $2 ဘီလီယံ တိုးမြှင့်ကောက်ခံ ခြင်းဖြင့် ကနဦးအသုံးစရိတ်က ထပ်ပြီး $1.5 ဘီလီယံ လျော့သွားပါတယ်။ ဒီတော့ စုစုပေါင်း ကနဦး အသုံးစရိတ် လျှော့ချတာက $3 ဘီလီယံ ဖြစ်ပါတယ်။ multiplier effect ကြောင့် စုစုပေါင်း ဝယ်လိုအားဟာ $12 ဘီလီယံ လျော့ကျပြီး တိုင်းပြည်ဟာ လုပ်သား အင်အား အပြည့်အဝ သုံးပြီး ထုတ်လုပ်တဲ့ အားမျှခြေအဆင့် c ကို ရောက်သွားပါတယ်။
ငွေဖောင်းပွမှုကို ဖယ်ချင်လို့ စီးပွားရေးကို ချုံ့ပစ်တဲ့ ဘဏ္ဍာရေးမူဝါဒကို သုံးပြီဆိုရင် မှန်မှန်ကန်ကန် အကောင်အထည် ဖော်နိုင်ဖို့က ပင်နယံစက်သွား အကျိုးသက်ရောက်မှု ratchet effect ကို ထည့်ကို စဉ်းစားတွက်ချက်ရပါမယ်။ အစိုးရက စုစုပေါင်း ဝယ်လိုအားကို ဘယ်ဘက်ကို ရွှေ့ပစ်သော်လည်း စျေးနှုန်း တွေက ကျဆင်းမသွားပါဘူး။
အစိုးရက အသုံးစရိတ်အတိုး အလျှော့ မူဝါဒနဲ့ အခွန် အတိုးအလျှော့ မူဝါဒ ဘယ်ဟာကို ပိုကြိုက်သလဲ?
အဖြေကတော့ အစိုးရ အရွယ်အစားက သိပ်ကြီးသလား သို့မဟုတ် သိပ်ငယ်သလား ဆိုတာပေါ် မူတည်နေပါတယ်။ တိုင်းပြည်က လူမှုအခြေခံ အဆောက်အအုံတွေ နိမ့်ကျနေတယ်၊ အစိုးရအရွယ်အစား ဟာ သေးငယ်တယ် လို့ ထင်ရင် စီးပွားရေးကျဆင်းချိန် recession မှာ စီးပွားရေး ပညာရှင်တွေကတော့ အစိုးရ အသုံးစရိတ်ကို တိုးမြှင့်တဲ့ မူဝါဒကို သုံးဖို့ လိုအပ်တယ်လို့ ယုံကြည်ကြ ပါတယ်။ ဝယ်လိုအား ဆွဲအားကြောင့် ငွေဖောင်းပွရင်တော့ အခွန်တိုးမြှင့်တာကို အကြံပြုလေ့ ရှိကြပါတယ်။ ၂ မျိုးစလုံးကတော့ အစိုးရရဲ့ အရွယ်အစားကို ချဲ့တာ သို့မဟုတ် ဆက်လက် ထိန်းတာ လုပ်ပေးပါတယ်။
အစိုးရအရွယ်အစားက ကြီးမားတယ်လို့ ယူဆရင်တော့ စီးပွားရေးပညာရှင်တွေက စီးပွားရေးကျဆင်းချိန် recession မှာ အခွန်ကို လျှော့ချတာကို အကြံပြုကြပြီး ဝယ်လိုအား ဆွဲအားကြောင့် ငွေဖောင်းပွတဲ့ အချိန်မှာ အစိုးရအသုံးစရိတ်ကို ဖြတ်တောက်ဖို့ အကြံပြုကြပါတယ်။ ၂ မျိုးစလုံးက အစိုးရ အရွယ်အစားကို ထိန်းထားတာ သို့မဟုတ် လျှော့ချတာကို ဖြစ်စေပါတယ်။
တိုင်းပြည်စီးပွားရေး တည်ငြိမ်စေဖို့ အစိုးရက ပြုပြင်ပေးသော ဘဏ္ဍာရေးမူဝါဒ discretionary fiscal policy သည် အစိုးရရဲ့အရွယ်အစား အကြီး အငယ်နဲ့ ဆက်နွယ်နေပါတယ်။
ဖတ်ရှု အကျိုးများပါစေ။
McConnell. Brue Flynn တို့ ရေးသားသော eighteenth edition. "Economics: Principles, Problems, and Policies" မှ ကိုးကား ဘာသာပြန်ပါသည်။
ဖြူ ဖြူ
Thanks for enhancement
ReplyDeleteThanks for reading my article .... ^_^
DeleteI think this is among the most significant information for me.
ReplyDeleteAnd i am glad reading your article. But want to
remark on few general things, The website style is wonderful, the articles is
really great : D. Good job, cheers
Also visit my web site: Best dating sites
Wow, wonderful blog layout! How long have you been blogging cheapest price for quest protein bars?
ReplyDeleteyou made blogging look easy. The overall look of
your web site is wonderful, as well as the content!
blogesaurus.com quest bars
I have read so many articles about the blogger lovers however this paragraph is
ReplyDeletegenuinely a nice piece of writing, keep it up.
www.blogesaurus.com cheapest place to Buy quest bars online protein bars
Your way of telling everything in this paragraph is really nice, all be capable of simply know it, Thanks
ReplyDeletea lot. blogesaurus.com quest protein Bars uk protein bars
Hey very nice blog! blogesaurus.com cheapest place to buy quest bars bars
ReplyDeleteGreetings from Florida! I'm bored to tears at work so I decided to browse your site on my iphone during lunch
ReplyDeletebreak. I love the information you provide here and can't wait
to take a look when I get home. I'm shocked at how quick your blog loaded on my phone ..
I'm not even using WIFI, just 3G .. Anyhow, wonderful site!
blogesaurus.com buy quest protein bars online australia bars
Hi to all, the contents present at this web site are genuinely amazing for people experience, well, keep up the good work fellows.
ReplyDeleteStop by my weblog - proextender warning
Thanks in support of sharing such a fastidious thought,
ReplyDeleteparagraph is good, thats why i have read it fully
My web site ... minecraft.net
Good day I am so excited I found your site, I really
ReplyDeletefound you by accident, while I was browsing on Digg for something else, Nonetheless I am here now
and would just like to say kudos for a remarkable post and
a all round thrilling blog (I also love the theme/design), I don't have time to go through it all
at the minute but I have book-marked it and also included your RSS feeds, so when I have
time I will be back to read a lot more, Please do keep up the
superb job.
Also visit my blog ... High Arched Feet
It's awesome in favor of me to have a web site, which is
ReplyDeletegood for my experience. thanks admin
Here is my web-site - Toe Pain causes
Hello there! I know this is somewhat off topic but I was wondering if you knew where
ReplyDeleteI could get a captcha plugin for my comment form? I'm using the same blog platform as yours
and I'm having difficulty finding one? Thanks a lot!
my webpage ... Mallet Toe