expansionary fiscal policy ဆိုတာဟာ စီးပွားရေးကို တိုးချဲ့ပေးတယ်၊ contrationary fiscal policy က စီးပွားရေးကို ချုံ့ပစ်တယ်၊ ဆိုတာကို အရှေ့ဆောင်းပါးများမှာ ရှင်းပြခဲ့ပြီး ဖြစ်ပါတယ်။ တစ်ခါ fiscal policy neutrality ဖြစ်တယ် ဆိုတာလဲ ရှိပါတယ်။ fiscal neutrality ဆိုတာကတော့ အစိုးရရဲ့ အခွန်ရငွေ သည် ဝယ်လိုအားကို မတိုးစေသလို၊ အသုံးစရိတ်ဟာလဲ ဝယ်လိုအားကို မလျော့နည်းစေပါဘူး။ တနည်းပြောရ ရင် အစိုးရရဲ့ အရနဲ့ အသုံးဟာ ညီမျှနေတဲ့သဘောပါ။
အခု အစိုးရရဲ့ discretionary fiscal policy ဟာ စီးပွားရေးကို တိုးချဲ့တာလား (expansionary) ၊ အရ အသုံးညီနေတဲ့၊ ဝယ်လိုအား အတိုး အလျှော့ကို အကျိုးသက်ရောက်မှုမရှိတဲ့ ပေါ်လစီလား (neutral)၊ စီးပွားရေးကို ချုံ့ပစ်တာလား (contrationary) စသည်ကို ဘယ်လိုဆုံးဖြတ်မလဲ ကြည့်ကြပါမယ်။ လက်ရှိ ဆောင်ရွက်နေတဲ့ ဘဏ္ဍာရေးမူဝါဒမှာ ဘတ်ဂျက်ဟာ ပိုငွေလား၊ လိုငွေလားဆိုတာကို မစစ်ဆေးနိုင်ဘူး ဖြစ်နေတယ်။ ဘာလို့လဲဆိုတော့ GDP ပြောင်းလဲမှုတိုင်းမှာ အခွန်ရငွေ အလိုအလျှောက် ပြောင်းလဲမှုတွေ တွဲပါနေလို့ပါဘဲ။ ဒါ့အပြင် discretionary fiscal policy ရဲ့ တိုးချဲ့ပြောင်းလဲတဲ့ အင်အား သို့မဟုတ် ချုံ့ပြီးပြောင်းလဲတဲ့ အင်အားဟာ ပြောင်းလဲမှုရဲ့ စုစုပေါင်း အရွယ်အစားပေါ် မူမတည်ဘဲ တိုင်းပြည်ရဲ့ အရွယ်အစားနဲ့ ယှဉ်ရင် ဘယ်လောက်ကြီးမားသလဲပေါ် မူတည်ပါတယ်။ ဒါကြောင့် ဘဏ္ဍာရေး မူဝါဒရဲ့ အနေအထားကို သုံးသပ်တဲ့အခါမှာ အခွန်ရငွေရဲ့ အလိုအလျှောက် ပြောင်းလဲမှုကို ဖယ်ထုတ်ဖို့ လိုငွေနဲ့ ပိုငွေကို ညှိနှိုင်းရပါမယ်။ နောက်ပြီး ညှိနှိုင်းထားတဲ့ ဘတ်ဂျက်ရဲ့ လိုငွေ ပိုငွေ အရွယ်အစားနဲ့ လျာထား-ထားတဲ့ GDP ရဲ့ အဆင့်ကို နှိုင်းယှဉ်ရပါမယ်။
GDP ပြောင်းလဲတဲ့အခါတိုင်း အခွန်ရငွေတွေ အလိုအလျှောက်လိုက်ပြောင်းလဲတာကို ဖယ်ထုတ်ပစ်ဖို့ တိုင်းပြည်ရဲ့ ဘတ်ဂျက် လိုငွေနဲ့ ပိုငွေကို ညှိနှိုင်းပေးရန် စီးပွားရေးပညာရှင်များက စံဘတ်ဂျက် standardized budget ကို သုံးပါတယ်။ စံဘတ်ဂျက်ကို လုပ်သားအင်အား အပြည့်အဝသုံးနေတဲ့ အနေ အထားမှာရှိတဲ့ ဘတ်ဂျက် full-employment budget လို့လဲ ခေါ်ပါတယ်။ တကယ်လို့ တိုင်းပြည်ဟာ full-employment အဆင့်ရှိတဲ့ GDP ကို ရရှိထားတယ်ဆိုရင် လက်ရှိတည်ရှိနေတဲ့ အခွန်နှုန်းထားနဲ့ အစိုးရ အသုံးစရိတ်အောက်မှာ ရှိမဲ့ ဘတ်ဂျက် လိုငွေ သို့မဟုတ် ပိုငွေကို စံဘတ်ဂျက်က တိုင်းတာပါတယ်။ အလွန်အရေးကြီးတဲ့ အယူအဆကတော့ အမှန် အစိုးရ အသုံးစရိတ်နဲ့ တိုင်းပြည်သည် full-employment အဆင့်ရှိတဲ့ GDP ရှိတယ်ဆိုရင် ဖြစ်ရမဲ့ အခွန်ရငွေကို နှိုင်းယှဉ်ဖို့ဘဲ ဖြစ်ပါ တယ်။ ဒီလုပ်ငန်းစဉ်ဟာ GDP ပြောင်းလဲမှုကြောင့် ဖြစ်လာတဲ့ ဘတ်ဂျက် ပိုငွေ သို့မဟုတ် လိုငွေကို ဖယ်ထုတ်ပေးပါတယ်။ နောက်ပြီး အစိုးရရဲ့ လက်ရှိ ဘဏ္ဍာရေးမူဝါဒဟာ စီးပွားရေးကို တိုးချဲ့တဲ့မူဝါဒလား၊ ချုံ့ပစ်တဲ့ မူဝါဒလား၊ ဒါမှမဟုတ် အရအသုံး ညီမျှနေသလား ဆိုတာတွေကို ဘာမှ မပြောပါဘူး။
အောက်ပါပုံမှာ လိုင်း G ဟာ အစိုးရ အသုံးစရိတ်ကို ကိုယ်စားပြုပြီး လိုင်း T ဟာ အခွန်ရငွေကို ကိုယ်စားပြု ပါတယ်။
လုပ်သားအင်အား အပြည့်အဝ အသုံးချတဲ့ Year 1 မှာ အစိုးရအသုံးစရိတ် ၅၀၀ ဘီလီယံဒေါ်လာနဲ့ အခွန်ရငွေ ၅၀၀ ဘီလီယံဒေါ်လာ ညီမျှတဲ့ အမှတ်ကတော့ ပုံမှာ ပြထားတဲ့အတိုင်း G နဲ့ T နဲ့ ဆုံတဲ့အမှတ် a ဘဲဖြစ်ပါတယ်။ Year 1 မှာရှိတဲ့ စံဘတ်ဂျက် လိုငွေကတော့ "၀" ဖြစ်ပါတယ်။ လုပ်သားအင်အား အပြည့်အဝ သုံးတဲ့ ကုန်ထွက် GDP1 မှာ အစိုးရ အသုံးစရိတ်နဲ့ အခွန်ရငွေ တူညီပါတယ်။ အစိုးရရဲ့ ဘဏ္ဍာရေး မူဝါဒကတော့ အရအသုံးညီမျှတဲ့ မူဝါဒ neutral ဖြစ်ပါတယ်။
အခု စီးပွားရေး ကျဆင်းမှုဖြစ်လို့ GDP က GDP1 ကနေ GDP2 ဆီကို ကျဆင်းသွားတယ် ဆိုပါစို့။ အစိုးရက ဝင်ရောက်ပြုပြင်ပြောင်းလဲတဲ့ လုပ်ဆောင်ချက်မရှိဘူးလို့လဲ ယူဆထားမယ်။ ဒါကြောင့် လိုင်း G နဲ့ လိုင်း T ဟာ ပုံထဲကအတိုင်း ဆက်ရှိနေမယ်။ အခွန်ရငွေဟာ ၄၅၀ ဘီလီယံ ဒေါ်လာ ဖြစ်တဲ့ အမှတ် c ၊ GDP2 ဆီကို ကျဆင်းသွားတယ်။ အစိုးရ အသုံးစရိတ်က ၅၀၀ ဘီလီယံ ဒေါ်လာ အမှတ် b မှာဘဲ ဆက်ရှိနေတယ်။ အဲဒီတော့ ၅၀ ဘီလီယံ ဒေါ်လာ လိုငွေ bc ဆိုတဲ့ အကွာအဝေး ဖြစ်လာတယ်။ ဒီလိုငွေဟာ အစိုးရက ဘဏ္ဍာရေးမူဝါဒကို ပြုပြင်ပြောင်းလဲတဲ့ ရလာဒ်ကြောင့် မဟုတ်ဘဲ တိုင်းပြည်ဟာ စီးပွားရေးကျဆင်းမှု recession ထဲကို ဝင်သွားလို့ ရလာတဲ့ အကျိုးဆက်သာ ဖြစ်တယ်။ ဒါကို အစိုးရက စီးပွားရေးကို တိုးချဲ့ပေးတဲ့ expansionary fiscal policy သုံးလို့ လိုငွေဖြစ်တာလို့ ကောက်ချက်ချလိုက်ရင် မှားယွင်းသွား မှာ ဖြစ်ပါတယ်။ အစိုးရရဲ့ ဘဏ္ဍာရေးမူဝါဒက မပြောင်းလဲဘဲ အရနဲ့ အသုံး ညီမျှတဲ့ neutral ဘဲ ဖြစ်နေဆဲ ပါဘဲ။
ပုံမှာ Year 2 အတွက် စံဘတ်ဂျက်လိုငွေကို စဉ်းစားတဲ့အခါ ဒီအချက်က ပေါ်လွင်ထင်ရှားပါတယ်။ Year 2 မှာ အစိုးရရဲ့ အသုံးစရိတ် ၅၀၀ ဘီလီယံ ဒေါ်လာက လိုင်း G ပေါ်က အမှတ် b ဘဲ ဖြစ်ပါတယ်။ အဲလိုဘဲ တိုင်းပြည်ဟာ လုပ်သားအင်အား အပြည့်အဝ ထုတ်လုပ်တဲ့ GDP ကို ရထားရင် လိုင်း T ပေါ်မှာရှိတဲ့ အမှတ် a ရှိ အခွန်ရငွေ ၅၀၀ ဘီလီယံဒေါ်လာ ကိုရရှိမှာ ဖြစ်တယ်။ အမှတ် a ရော၊ အမှတ် b ရော ၂ ခုစလုံးက ၅၀၀ ဘီလီယံဒေါ်လာကို ကိုယ်စားပြုတဲ့အတွက် Year 2 မှာရှိတဲ့ စံဘတ်ဂျက် လိုငွေက "၀" ဘဲ ဖြစ်ပါတယ်။ လိုငွေကို လျာထား GDP ရဲ့ ရာခိုင်နှုန်း အဖြစ်နဲ့ပြရင်လဲ "၀" ဘဲ ဖြစ်ပါတယ်။ ဒီတော့ စံဘတ်ဂျက် လိုငွေက နှစ် ၂ နှစ်စလုံးမှာ "၀" ဖြစ်တဲ့အတွက် အစိုးရဟာ ဒီ discretionary fiscal policy ကို ပြောင်းလဲမှု မလုပ်ခဲ့ဘူးဆိုတာ သိနိုင်ပါတယ်။ စီးပွားရေးကျဆင်းမှု recession ကြောင့် အမှန်တကယ် လိုငွေက ၅၀ ဘီလီယံ ဒေါ်လာ ဖြစ်ပါတယ်။
အခုနောက်ထပ် အခြေအနေတစ်ခုကို ထပ်စဉ်းစားပါမယ်။ အောက်ပါပုံကို ကြည့်ပါ။ မူလ အနေအထားက အမှတ် d မှာရှိပါတယ်။
အမှန်ကုန်ထွက်ဟာ full-employment အဆင့် GDP3 ကနေ GDP4 ဆီကို recession ကြောင့် ကျဆင်း သွားတယ် ဆိုပါစို့။ အခု အစိုးရက စီးပွားရေးကျဆင်းမှု recession ကို တုန့်ပြန် တဲ့အနေနဲ့ Year 4 မှာ အခွန်နှုန်းထားကို လျှော့ချလိုက်တယ်လို့ ယူဆပါမယ်။ ပုံထဲမှာ အခွန်လိုင်းဟာ T1 ကနေ T2 သို့ အောက်ဖက်ကို ရွေ့သွား ပါတယ်။ T2 မှာရှိတဲ့ အမှတ် h သည် full-employment level မှာရှိတဲ့ အခွန်ရငွေကို ညွှန်ပြပါတယ်။ အဲလိုဆို စံဘတ်ဂျက်လိုငွေ အရွယ်အစားက ဘယ်လောက်ဖြစ်သွားမလဲ။ Year 4 မှာ အစိုးရ အသုံးစရိတ်က ၅၀၀ ဘီလီယံ ဒေါ်လာ အမှတ် e မှာ ဖြစ်ပါတယ်။ တိုင်းပြည်ဟာ full-employment အဆင့်မှာ ရရှိနေတယ် ဆိုရင် ဖြစ်မဲ့ အခွန်ရငွေ ၄၇၅ ဘီလီယံဒေါ်လာ နဲ့ အသုံးစရိတ် ၅၀၀ ဘီလီယံ ဒေါ်လာကို နှိုင်းယှဉ်ပါမယ်။ ဆိုလိုတာကတော့ လိုင်း G ပေါ်မှာရှိတဲ့ အမှတ် e နဲ့ လိုင်း T2 ပေါ်မှာ ရှိတဲ့ အမှတ် h ကို နှိုင်းယှဉ်မှာ ဖြစ်ပါတယ်။ Year 4 အတွက် စံဘတ်ဂျက်လိုငွေ ကတော့ အမှတ် e က အမှတ် h ထက် ပိုများတဲ့ပမာဏ ၂၅ ဘီလီယံ ဒေါ်လာဘဲ ဖြစ်ပါတယ်။ GDP ရဲ့ ရာခိုင်နှုန်း အဖြစ်နဲ့့့ပြရင် စံဘတ်ဂျက်လိုငွေသည် (အစိုးရက အခွန်ငွေကို ဖြတ်တောက်မှု မလုပ်ခင်) Year 3 မှာ "၀" ကနေ Year 4 မှာ အပေါင်း ရာခိုင်နှုန်းတစ်ခုကို မြင့်တက်သွားပါတယ်။
နှစ် ၂ နှစ်ကြားမှာရှိတဲ့ ဒီလိုငွေ နှိုင်းယှဉ် မြင့်တက်မှုဟာ ဘဏ္ဍာရေးမူဝါဒသည် စီးပွားရေးကို တိုးချဲ့ပေးတဲ့ ဘဏ္ဍာရေးမူဝါဒ (expansionary) ဖြစ်တယ်ဆိုတာကို ထင်ဟပ်ပြနေပါတယ်။
ဆန့်ကျင်ဘက်အားဖြင့် ပထမတစ်နှစ်မှာ လျာထား GDP ရဲ့ ရာခိုင်နှုန်းအဖြစ်ရှိတဲ့ စံဘတ်ဂျက် လိုငွေသည် "၀" ဖြစ်မယ်။ နောက်တစ်နှစ်မှာ စံဘတ်ဂျက်က ပိုငွေ ဖြစ်တယ်ဆိုရင် ဘဏ္ဍာရေးမူဝါဒသည် အရအသုံး ညီမျှနေတဲ့ neutral ကနေ စီးပွားရေးကို ချုံ့ပစ်တဲ့ ဘဏ္ဍာရေးမူဝါဒ contractionary fiscal policy ကို ပြောင်းလဲသွားတယ်လို့ သုံးသပ်နိုင်ပါတယ်။ အခွန်ရငွေမှာ အလိုအလျှောက်ပြောင်းလဲမှုကို စံဘတ်ဂျက်ကို ညှိနှိုင်းပေးတဲ့အတွက် စံဘတ်ဂျက် ပိုငွေတိုးလာတာဟာ အစိုးရက အသုံးစရိတ် G ကို လျှော့ချတာဖြစ်စေ၊ အခွန်နှုန်းကို တိုးပြီး အခွန်ရငွေ T တိုးလာတာဖြစ်စေ ကို ထင်ဟပ်ပြနေပါတယ်။ G နဲ့ T မှာ ဒီလိုအပြောင်းအလဲတွေ လုပ်တာဟာ အစိုးရက ပြုပြင်ပြောင်းလဲမှု လုပ်တဲ့ discretionary action တွေ ဖြစ်ပြီး စီးပွားရေးကို ချုံ့ပစ်တဲ့ ဘဏ္ဍာရေးမူဝါဒရဲ့ အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။
အောက်ပါဥပမာကိုကြည့်ပါ။

စံဘတ်ဂျက်

some positive percentage = ($25 billion/ GDP3 ) x 100

Federal Deficits (-) and Surpluses (+) as Percentages of GDP, 1992-2007
Year | Actual Deficit – or Surplus + | Standard Deficit – or Surplus + * |
---|---|---|
*As a percentage of potential GDP.
Source: Congressional Budget Office, www.cbo.gov
အထက်ပါဇယားမှာ အမှန် ဖက်ဒရယ်အစိုးရဘတ်ဂျက် လိုငွေနဲ့ ပိုငွေ၊ GDP ရဲ့ ရာခိုင်နှုန်း အဖြစ်နဲ့ စံလိုငွေနဲ့ ပိုငွေတွေကို ပြထားပါတယ်။ လေ့လာတွေ့ရှိရတာကတော့ စံဘတ်ဂျက် လိုငွေဟာ အမှန် ဘတ်ဂျက် လိုငွေ ထက် ယေဘုံယျအားဖြင့် ငယ်နေပါတယ်။ ဘာလို့လဲ ဆိုတော့ အမှန် လိုငွေထဲမှာ recession လို စီးပွားသံသရာ ကြောင့်ဖြစ်တဲ့ cyclical deficits တွေပါဝင်နေလို့ဖြစ်ပါတယ်။ စံဘတ်ဂျက် လိုငွေကတော့ discretionary fiscal policy ကို အကဲဖြတ်ဖို့ လိုအပ်တဲ့ အချက်အလက်တွေ ကို ပေးပါတယ်။ ဘဏ္ဍာရေး မူဝါဒဟာ စီးပွားရေးကို တိုးချဲ့ပေးတဲ့ expansionary မူဝါဒလား၊ စီးပွားရေးကို ချုံ့ပစ်တဲ့ contractionary မူဝါဒလား၊ သို့မဟုတ် အရအသုံး ညီမျှတဲ့ neutral မူဝါဒလား ဆိုတာကို ဆုံးဖြတ်နိုင်ပါတယ်။ ဖတ်ရှု အကျိုးများပါစေ။
McConnell. Brue Flynn တို့ ရေးသားသော eighteenth edition. "Economics: Principles, Problems, and Policies" မှ ကိုးကား ဘာသာပြန်ပါသည်။
ဖြူ ဖြူ
Achieve knowledge
ReplyDelete^_^ ^_^ ^_^
DeleteHiya! Quick question that's entirely off topic. Do you know how to
ReplyDeletemake your site mobile friendly? My website looks weird when viewing from my
iphone4. I'm trying to find a theme or plugin that might be able to fix this issue.
If you have any recommendations, please share. Thank you!
Also visit my webpage: best dating sites
We stumbled over here from a different web address and thought I should check things out.
ReplyDeleteI like what I see so i am just following you.
Look forward to looking at your web page for a
second time.
Here is my page: best dating sites
Hello There. I found your blog using msn. This is a really well written article.
ReplyDeleteI'll make sure to bookmark it and come back to read more of your
useful information. Thanks for the post. I will certainly comeback.
my blog - best dating sites
Heya i am for the primary time here. I found this board and I to find It truly
ReplyDeletehelpful & it helped me out a lot. I am hoping to offer one thing back and help others such as you helped me.
Here is my site: best dating sites
I am regular visitor, how are you everybody? This article posted at this web
ReplyDeletesite is actually fastidious.
Here is my homepage best dating sites
I am in fact grateful to the owner of this web
ReplyDeletesite who has shared this fantastic piece of writing at
at this place.
my homepage ... bankruptcy ()
This paragraph is genuinely a good one it assists new net users, who are wishing for blogging.
ReplyDeleteLook at my web page ... bankruptcies
Every weekend i used to pay a visit this web ρage, for
ReplyDeletethе reason tҺat i wiѕh fοr enjoyment, аs
tҺіs this website conations actսally gօod funny data tоo.
Ηere iss my blog post - videos about structured settlements
My brother recommended I might like this website.
ReplyDeleteHe was entirely right. This post truly made my
day. You can not imagine just how much time I had spent for this information! Thanks!
Feel free to surf to my website Grizzly Bear Plays With Bale Of Hay
Hey there! Would you mind if I share your blog with my twitter group?
ReplyDeleteThere's a lot of folks that I think would really appreciate
your content. Please let me know. Thanks
My web page - minecraft.net
Your style is really unique in comparison to other people
ReplyDeleteI've read stuff from. Thank you for posting when you have the
opportunity, Guess I will just book mark this site.
my blog ... minecraft.net