လျှပ်စစ်ဓာတ်အားကို နိုင်ငံတကာတွင် သုံးစွဲနေကြပြီး နိုင်ငံတစ်နိုင်ငံ၏ တိုးတက်ဖွံ့ဖြိုးမှုတွင် လျှပ်စစ်ဓာတ်အားသည် အရေးကြီးသော ကဏ္ဍ အဖြစ်ပါ၀င် ပါသည်။ ဖွံ့ဖြိုးပြီးနိုင်ငံကြီးများသည် ၄င်းတို့ နိုင်ငံ၏ သယံဇာတအရင်းအမြစ်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကို ခြိုးခြံချွေတာပြီး အခြားသော ပြည့်ဖြိုး စွမ်းအင် (Renewable Energy) ဖြစ်သည့် နေရောင်ခြည်နှင့် လေတိုက် နှုန်းတို့မှ လျှပ်စစ် ထုတ်လုပ်ခြင်း၊ စွန့်ပစ်ပစ္စည်းများမှ လျှပ်စစ်ထုတ်လုပ်ခြင်း (Waste to Energy) စသည့် လျှပ်စစ် ထုတ်လုပ်မှု နည်းလမ်းများကို စူးစမ်းလေ့လာဆောင်ရွက်နေကြပြီဖြစ်ပါသည်။
Pages
ရင်တွင်းစကား
မိမိ သိသမျှသော Economics နှင့် ပတ်သက်သည့် သင်ခန်းစာ ဆောင်းပါးများ၊ Accounting, Finance နှင့်ပတ်သက်သည့် သင်ခန်းစာ ဆောင်းပါးများကို စေတနာသန့်သန့်ဖြင့် ဝေမျှထားပါသည်။ စာရေးသူသည် သိပ်တော်၊ သိပ်တတ်နေတဲ့ ပညာရှင် တစ်ယောက် လုံးဝ မဟုတ်ပါ။ ဒါကြောင့် အမှားများပါလျှင် ခွင့်လွှတ်ကြပါလို့ ….
ဖြူ ဖြူ
Thanks so much for every comment. Actually, I am not an expert on web or blog. I just made Google search of HTML codes that gives the design I want.
21 January 2014
လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှုအကြောင်းသိကောင်းစရာများ
Labels:
အျခား
Economics နဲ့ Accounting ဆိုင်ရာ ဆောင်းပါးလေးတွေ မတင်နိုင်သေးခင် အခြား ဗဟုသုတဖြစ်ဖွယ် ဆောင်းပါးကို တင်ပေးထားတာပါ .. ကိုယ်တိုင်ရေးထားတာ မဟုတ်ပါ။
အစွမ်းထက်သော ကာကွယ်မှု
Labels:
အျခား
လောကီလူသားတွေအတွက်
တကယ့်အစွမ်းထက်တဲ့ ကာကွယ်မှုတွေကတော့ မေတ္တာ သစ္စာ ဘုရားဂုဏ် တရားဂုဏ်တော်တွေပဲ ဖြစ်တယ်...
http://www.youtube.com/watch?v=nJYp4YIRvew&feature=youtu.be
တရားတော်ကို share ခြင်းဖြစ်ပါသည်။
ဖြူ ဖြူ
တကယ့်အစွမ်းထက်တဲ့ ကာကွယ်မှုတွေကတော့ မေတ္တာ သစ္စာ ဘုရားဂုဏ် တရားဂုဏ်တော်တွေပဲ ဖြစ်တယ်...
http://www.youtube.com/watch?v=nJYp4YIRvew&feature=youtu.be
တရားတော်ကို share ခြင်းဖြစ်ပါသည်။
ဖြူ ဖြူ
01 August 2013
Crowding-Out Effect
Labels:
Macroeconomics
ဘဏ္ဍာရေးမူဝါဒမှာ နောက်ထပ် ချို့ယွင်းချက်တစ်ခုကတော့ crowding-out လို့ခေါ်တဲ့ effect ဘဲ ဖြစ်ပါ တယ်။ ဒီတစ်ခါလဲ crowding-out effect ကို မြန်မာလိုဘာသာပြန်ရတာ ခက်လို့ ဒီအတိုင်းဘဲ ရေးလိုက်ပါတယ်။ ဆိုလိုတာကတော့ ကောင်းကျိုးတစ်ခုရအောင်လုပ်ပေမဲ့ ဆိုးကျိုးတစ်ခုက အဲဒီ အကျိုးကိုခြေဖျက် ဖယ်ထုတ်ပစ်လိုက်တဲ့ အကျိုးသက်ရောက်မှုမျိုးပါ။ စီးပွားရေးကို တိုးချဲ့ပေးတဲ့ ဘဏ္ဍာရေးမူဝါဒ expansionary fiscal policy ဟာ စီးပွားရေးလုပ်ငန်းတွေ တိုးတက်လာအောင် အသုံးစရိတ်ကို များများသုံးတယ် သို့သော်လိုငွေကို ဖြစ်စေတယ်။ အတိုးနှုန်းကို တက်စေတယ်။ အတိုးနှုန်းတွေ တက်တော့ ရင်းနှီးမြှုပ်နှံမှုကို ကျဆင်းစေတယ်။ အဲလိုနည်းနဲ့ expansionary policy ရဲ့ ကောင်းကျိုးကို ပျက်စေ၊ အားပျော့စေပါတယ်။ မြင့်မားတဲ့အတိုးနှုန်းဟာ အတိုးနှုန်းအတက်အကျဒဏ်ကို မခံနိုင်တဲ့ စားသုံးမှုပုံစံအသုံး စရိတ်ကို ဖယ်ထုတ်ပစ်လိုက်ပါတယ်။ ဥပမာ မော်တော်ကားကို အကြွေးနဲ့ ဝယ်တာမျိုး။ အတိုးကပေးနေရတာကိုး။ သို့သော်လည်း GDP မှာ ရင်းနှီးမြှုပ်နှံမှုဟာ အတက်အကျ အများဆုံး အစိတ်အပိုင်း ဖြစ်တဲ့အတွက် ဒီ crowding-out effect ကို စားသုံးမှုပေါ် အာရုံမပြုဘဲ ရင်းနှီးမြှုပ်နှံမှု ပေါ်ကိုဘဲ အဓိက ဦးတည် အာရုံပြု ထားလိုက်ပါမယ်။ expansionary fiscal policy က ဘတ်ဂျက်လိုငွေ ဖြစ်ပေါ်စေပြီး စီးပွားရေးကို တိုးချဲ့အောင်လုပ်တယ်။ ဒါပေမဲ့ အတိုးနှုန်းတွေမြင့်တက်ပြီး ရင်းနှီးမြှုပ်နှံမှုမှာ လျော့ကျတာနဲ့ ခြေဖျက်လိုက်ခြင်းကြောင့် စီးပွားရေးတိုးတက်မှုကို တစ်စိတ်တစ်ပိုင်း သို့မဟုတ် အပြည့်အဝ တားဆီးသလား ဆိုတာကို ကြည့်ကြည့်မယ်။
Yangon
Yangon Region, Burma
20 June 2013
ဘဏ္ဍာရေးမူဝါဒကို သုံးသပ်ခြင်း
Labels:
Macroeconomics
expansionary fiscal policy ဆိုတာဟာ စီးပွားရေးကို တိုးချဲ့ပေးတယ်၊ contrationary fiscal policy က စီးပွားရေးကို ချုံ့ပစ်တယ်၊ ဆိုတာကို အရှေ့ဆောင်းပါးများမှာ ရှင်းပြခဲ့ပြီး ဖြစ်ပါတယ်။ တစ်ခါ fiscal policy neutrality ဖြစ်တယ် ဆိုတာလဲ ရှိပါတယ်။ fiscal neutrality ဆိုတာကတော့ အစိုးရရဲ့ အခွန်ရငွေ သည် ဝယ်လိုအားကို မတိုးစေသလို၊ အသုံးစရိတ်ဟာလဲ ဝယ်လိုအားကို မလျော့နည်းစေပါဘူး။ တနည်းပြောရ ရင် အစိုးရရဲ့ အရနဲ့ အသုံးဟာ ညီမျှနေတဲ့သဘောပါ။
အခု အစိုးရရဲ့ discretionary fiscal policy ဟာ စီးပွားရေးကို တိုးချဲ့တာလား (expansionary) ၊ အရ အသုံးညီနေတဲ့၊ ဝယ်လိုအား အတိုး အလျှော့ကို အကျိုးသက်ရောက်မှုမရှိတဲ့ ပေါ်လစီလား (neutral)၊ စီးပွားရေးကို ချုံ့ပစ်တာလား (contrationary) စသည်ကို ဘယ်လိုဆုံးဖြတ်မလဲ ကြည့်ကြပါမယ်။ လက်ရှိ ဆောင်ရွက်နေတဲ့ ဘဏ္ဍာရေးမူဝါဒမှာ ဘတ်ဂျက်ဟာ ပိုငွေလား၊ လိုငွေလားဆိုတာကို မစစ်ဆေးနိုင်ဘူး ဖြစ်နေတယ်။ ဘာလို့လဲဆိုတော့ GDP ပြောင်းလဲမှုတိုင်းမှာ အခွန်ရငွေ အလိုအလျှောက် ပြောင်းလဲမှုတွေ တွဲပါနေလို့ပါဘဲ။ ဒါ့အပြင် discretionary fiscal policy ရဲ့ တိုးချဲ့ပြောင်းလဲတဲ့ အင်အား သို့မဟုတ် ချုံ့ပြီးပြောင်းလဲတဲ့ အင်အားဟာ ပြောင်းလဲမှုရဲ့ စုစုပေါင်း အရွယ်အစားပေါ် မူမတည်ဘဲ တိုင်းပြည်ရဲ့ အရွယ်အစားနဲ့ ယှဉ်ရင် ဘယ်လောက်ကြီးမားသလဲပေါ် မူတည်ပါတယ်။ ဒါကြောင့် ဘဏ္ဍာရေး မူဝါဒရဲ့ အနေအထားကို သုံးသပ်တဲ့အခါမှာ အခွန်ရငွေရဲ့ အလိုအလျှောက် ပြောင်းလဲမှုကို ဖယ်ထုတ်ဖို့ လိုငွေနဲ့ ပိုငွေကို ညှိနှိုင်းရပါမယ်။ နောက်ပြီး ညှိနှိုင်းထားတဲ့ ဘတ်ဂျက်ရဲ့ လိုငွေ ပိုငွေ အရွယ်အစားနဲ့ လျာထား-ထားတဲ့ GDP ရဲ့ အဆင့်ကို နှိုင်းယှဉ်ရပါမယ်။

Yangon, Burma
30 May 2013
စီးပွားရေးကို အလိုအလျောက် ထိန်းညှိတည်ငြိမ်စေမှု Built-In Stability
Labels:
Macroeconomics
Built-In Stability ကို မြန်မာလို ဆီလျော်အောင် ဘာသာပြန်ရတာခက်လို့ စီးပွားရေးကို အလိုအလျောက် ထိန်းညှိ တည်ငြိမ်စေမှုလို့ဘဲ ရေးလိုက်တယ်။ ဘဝင်မကျရင် ခွင့်လွှတ်ကြပါ။
ရှေ့မှာ အစိုးရက လွှတ်တော်အဆုံးအဖြတ်နဲ့ ဘဏ္ဍာရေးမူဝါဒကို လိုသလို ပြုပြင်ပြောင်းလဲတဲ့ discretionary fiscal policy ကို ရေးခဲ့ပါတယ်။ အခု စီးပွားရေးကို အလိုအလျောက် ပြုပြင်ပြောင်းလဲပေးတဲ့ ဘဏ္ဍာရေး မူဝါဒ non-discretionary fiscal policy ကို ရေးပါမယ်။ အတိုင်းအတာတစ်ခုအထိ အစိုးရရဲ့ အခွန်ရငွေဟာ စီးပွားရေးသံသရာ ဖြစ်စဉ်အတွင်း အလိုအလျောက် ပြောင်းလဲပြီး စီးပွားရေးကို တည်ငြိမ် စေပါတယ်။ ဒီလို အလိုအလျောက် ပြန်လည်တုန့်ပြန်မှု သို့မဟုတ် built-in stability က non-discretionary (passive or automatic) fiscal policy ကို ဖြစ်စေပါတယ်။

29 May 2013
စီးပွားရေးကို တင်းကြပ်ပေးသော ဘဏ္ဍာရေးမူဝါဒ
Labels:
Macroeconomics
Contractionary Fiscal Policy
တိုင်းပြည်မှာ ဝယ်လိုအားတွေ သိပ်များလာလို့ ငွေဖောင်းပွမှု ဖြစ်လာပြီ ဆိုရင် အစိုးရက တင်းကြပ်သော ဘဏ္ဍာရေး မူဝါဒကို ကျင့်သုံးလေ့ ရှိပါတယ်။
27 May 2013
စီးပွားရေးကို တိုးချဲ့ပေးသော ဘဏ္ဍာရေးမူဝါဒ
Labels:
Macroeconomics
တိုင်းပြည်တစ်ပြည်မှာ အရ၊ အသုံးနဲ့ ပတ်သက်တဲ့ ဘဏ္ဍာရေး မူဝါဒ fiscal policy အပြောင်းအလဲကို အစိုးရက စိတ်ကြိုက် ပြုလုပ် တာကို active or discretionary လို့ခေါ်ပါတယ်။ အဲလို fiscal policy အပြောင်းအလဲက အလို အလျှောက် မဖြစ်ပါဘူး။ လွှတ်တော်ရဲ့ လုပ်ဆောင်ချက် မပါဘဲ ဘဏ္ဍာရေး မူဝါဒမှာ သူ့အလိုလို ပြောင်းလဲမှု ဖြစ်တာကို တော့ non-discretionary လို့ခေါ်ပါတယ်။
Yangon
Yangon, Burma
28 January 2013
စုစုပေါင်း ဝယ်လိုအားနဲ့ စုစုပေါင်း ရောင်းလိုအား ၃
Labels:
Macroeconomics
စုစုပေါင်းရောင်းလိုအား ပြောင်းလဲခြင်း
တည်ရှိနှင့်ပြီးသား စုစုပေါင်း ရောင်းလိုအားမျဉ်းကွေးသည် အခြားအခြေနေတွေ တူညီနေတဲ့အခါမှာ စျေးနှုန်းအဆင့်နဲ့ အမှန် ကုန်ထွက်ကြားက ဆက်စပ်မှုကို ဖော်ညွှန်းပါတယ်။ သို့သော်လည်း ဒီအခြားအရာများထဲက တစ်ခု သို့မဟုတ် တစ်ခုထက်ပိုတာတွေ ပြောင်းလဲတဲ့အခါမှာ မျဉ်းကွေးဟာ ဘယ်ညာရွေ့လျားသွားပါတယ်။
24 January 2013
စုစုပေါင်း ဝယ်လိုအားနဲ့ စုစုပေါင်း ရောင်းလိုအား ၂
Labels:
Macroeconomics
စုစုပေါင်း ရောင်းလိုအား ဆိုတာကတော့ ဈေးနှုန်းအဆင့်နဲ့ တိုင်းပြည်က ထုတ်လုပ်လိုက်တဲ့ အမှန် ပြည်တွင်း ထုတ်ကုန် ပမာဏကြားက ဆက်စပ်မှုကို ပြတဲ့ မျဉ်းကွေး သို့မဟုတ် ဇယားဘဲ ဖြစ်ပါတယ်။ ဒီဆက်စပ်မှုကတော့ အချိန်အတိုင်းအတာ နဲ့ ထွက်ကုန် ဈေးနှုန်းနဲ့ သွင်းကုန် ဈေးနှုန်းတွေ ဘယ်လောက် ထိ မြန်မြန် ပြောင်းလဲသလဲ ဆိုတာပေါ်မှာ မူတည်နေပါတယ်။
အချိန်အတိုင်းအတာကို ၃ မျိုးခွဲခြားနိုင်ပါတယ် -
- သွင်းကုန်ဈေးနှုန်းရော ထုတ်ကုန်ဈေးနှုန်းပါ ပုံသေဖြစ်နေတဲ့ ချက်ခြင်းလက်ငင်း ကာလတို immediate short run
- သွင်းကုန်ဈေးနှုန်း ပုံသေဖြစ်ပြီး ထုတ်ကုန်ဈေးနှုန်း ပြောင်းလဲတဲ့ ကာလတို short run
- သွင်းကုန် ဈေးနှုန်းရော ထုတ်ကုန်ဈေးနှုန်းပါ ပြောင်းလဲတဲ့ ကာလရှည် long run တို့ဘဲ ဖြစ်ပါတယ်။
14 January 2013
စုစုပေါင်း ဝယ်လိုအားနဲ့ စုစုပေါင်း ရောင်းလိုအား ၁
Labels:
Macroeconomics
စုစုပေါင်း ဝယ်လိုအား
စုစုပေါင်း ဝယ်လိုအား ဆိုတာ ဈေးနှုန်း အဆင့်ဆင့်တိုင်းမှာ ဝယ်ယူသူများက စုပေါင်း ဝယ်ယူလိုတဲ့ အမှန် ကုန်ထွက် ပမာဏ (real GDP) ကိုပြတဲ့မျဉ်းကွေး သို့မဟုတ် ဇယားဘဲဖြစ်ပါတယ်။ ဈေးနှုန်းအဆင့်နဲ့ real GDP ပမာဏရဲ့ ဆက်စပ်မှုကတော့ ပြောင်းပြန်ဘဲ ဖြစ်ပါ တယ်။ ဈေးနှုန်းတက်ရင် ကုန်ထွက်ကို ဝယ်လိုအား က ကျဆင်းမယ်။ ဈေးနှုန်းကျရင်တော့ ကုန်ထွက် ဝယ်လိုအားက တက်လာ မှာဘဲ ဖြစ်ပါတယ်။
အောက်ဖော်ပြပါ ပုံကတော့ ဈေးနှုန်းအဆင့်နဲ့ real GDP ရဲ့ဆက်စပ်မှုကို ပြတဲ့ မျဉ်းကွေးဘဲ ဖြစ်ပါ တယ်။ စုစုပေါင်း ဝယ်လိုအား မျဉ်းကွေး aggregate demand curve ရဲ့လျောစောက် slope ကတော့ အောက်ကို ဆင်းနေတဲ့ ပုံစံ downward ဖြစ်ပါတယ်။
Subscribe to:
Posts (Atom)