အခြားငွေချေးစာချုပ်များနှင့် ပေါင်းစပ်လျှက်ထုတ်ဝေသည့် stock အတွက် စာရင်းရေးသွင်းခြင်း
Lump-Sum Sales
ယေဘုယျအားဖြင့်ကတော့ ကော်ပိုရေးရှင်းတွေဟာ stock အတန်းအစားများကို တစ်ခုနဲ့ တစ်ခု သီးခြားစီဘဲ ထုတ်ဝေ ရောင်းချလေ့ရှိပါတယ်။ ဒီလိုလုပ်ရတာဟာ အတန်းအစား တစ်ခုစီနဲ့ သက်ဆိုင်တဲ့ ရောင်းရငွေ proceeds ကို သိရအောင် ဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာတော့ ကော်ပိုရေးရှင်းတွေဟာ ၂ ခု သို့မဟုတ် ၂ ခုထက်ပိုတဲ့ စာချုပ်အတန်းအစားများကို တစ်စုတစ်ပေါင်းတည်း ပေးချေဖို့ ထုတ်ဝေပါတယ်။ ဥပမာအားဖြင့် အခြားကုမ္ပဏီတစ်ခုကို ရယူ၊ ဝယ်ယူတာမျိုးပေါ့။ stock တွေထုတ်ပြီး အခြားကုမ္ပဏီကို ဝယ်တာပေါ့။ Lump-sum sales မှာ ထုတ်ဝေလိုက်တဲ့ စာချုပ်အတန်းအစား များစွာအတွက် ရောင်းရငွေ ကို ဘယ်လို ခွဲဝေမလဲဆိုတဲ့ ပြဿ နာ ရှိလာပါတယ်။ ရောင်းရငွေကို ခွဲဝေတဲ့ နည်းလမ်း ၂ခု အနက်မှာ တစ်ခုကို ကုမ္ပဏီတွေက အသုံးပြုကြပါတယ် -
(၁) the proportional method
(၂) the incremental method တို့ဖြစ်ပါတယ်။