ဆောင်းပါးအသစ်လဲ မတင်နိုင်သေးလို့ တင်ပြီးသား ဆောင်းပါးမှာ youtube
video link ထပ်ထည့်ပေးပြီး ပြန်တင်လိုက်တာပါ..
ဒီဆောင်းပါးနဲ့ သင့်တော်တဲ့ video link ကလေးပါ.. ပိုပြီး
ပြည့်စုံသွားတာပေါ့နော်..။ click လုပ်ကြည့်နိုင်ပါတယ်နော်..။
How Banks Create Money out of Thin Air
Fractional
reserve banking system ရဲ
့လုပ်ဆောင်ချက်တွေကို ပုံဖော်ဖို့အတွက် commercial bank
တစ်ခုရဲ့ လက်ကျန်ရှင်းတမ်း balance sheet ကို စစ်ဆေးဖို့လိုပါတယ်။
ကူးသန်းရောင်းဝယ်ရေးတစ်ခုရဲ့ balance sheet ဆိုတာ အချိန်တစ်ချိန်ချိန်မှာရှိတဲ့
ဘဏ်ရဲ
့ ငွေရေးကြေးရေး အခြေအနေကို အကျဉ်းချုပ်ပြထားတဲ့ ရှင်းလင်းဖော်ပြချက် statement
တစ်ခုဖြစ်ပြီး ရပိုင်ခွင့် assets တွေနဲ့ အဲဒီရပိုင်ခွင့်တွေကို
တောင်းခံပိုင် ခွင့်တွေကို နှိုင်းယှဉ် ဖော်ပြ ထားပါတယ်။ balance sheet တိုင်းဟာ
ညီမျှရ ပါတယ်။ ဆိုလိုတာက assets တွေဟာ အဲဒီ assets တွေကို တောင်းခံချက်တွေနဲ့
ညီမျှရပါတယ်။ လက်ကျန်ရှင်းတမ်းမှာ ဖော်ပြထားတဲ့ တောင်းခံချက်တွေကို အုပ်စု ၂ ခုခွဲ
ထားပါတယ်......။
လုပ်ငန်းရဲ့ ပိုင်ရှင်မဟုတ်သူတွေရဲ့ လုပ်ငန်းရဲ့ ရပိုင်ခွင့်တွေအပေါ် တောင်းခံချက်တွေကို ပေးရန်တာဝန် Liabilities လို့
ခေါ်ပြီး လုပ်ငန်းရဲ့ ပိုင်ရှင်တွေက လုပ်ငန်းရဲ့ ရပိုင်ခွင့်တွေ အပေါ်မှာ
တောင်းခံချက်တွေကို net worth လို့ခေါ်ပါတယ်။ assets ဘက်မှာ ငွေ ၁ ယူနစ်
ပြောင်းလဲမှုတိုင်းကို liabilities နဲ့ net worth ဘက်မှာ ငွေ ၁ ယူနစ်
ပြောင်းလဲမှုနဲ့ ချေဖျက်ရပါ တယ်။ liabilities နဲ့ net worth ဘက်မှာ ငွေ ၁ ယူနစ်
ပြောင်းလဲမှု တိုင်းကိုလဲ assets ဘက်မှာ ငွေ ၁ ယူနစ် ပြောင်းလဲမှုနဲ့ ချေဖျက်ရပါတယ်။