အခု ကုန်ထုတ်လုပ်မှုကနေ ရလာတဲ့ ကုန်ထွက်တွေကို ဘယ်လို အသုံးပြုကြမလဲ၊ အဲဒီ ထွက်ကုန်တွေရဲ့ ဝယ်လိုအားကို ဘာတွေက ဆုံးဖြတ်သလဲ ဆိုတာ စစ်ဆေး ကြည့်ကြမယ်..။ ကုန်စည်နဲ့ ဆောင်ရွက်မှု စုစုပေါင်းဖြစ်တဲ့ တိုင်းပြည်ရဲ့ စုစုပေါင်း ကုန်ထွက် GDP မှာ အစိတ်အပိုင်း ၄ ခု ပါဝင်ပါတယ်..။
- စားသုံးမှု Consumption (C)
- ရင်းနှီး မြှုပ်နှံမှု Investment (I)
- အစိုးရ ဝယ်ယူမှုများ Government purchases (G) နဲ့
- အသားတင် ပို့ကုန် Net exports (NX) တို့ဘဲ ဖြစ်ပါတယ်။